လူနာ ၁၇ ဦးကို အဆိပ်ခပ်မှုဖြင့် ပြင်သစ်ဆရာဝန်တစ်ဦး တရားစွဲခံရ

ပါရီ ၊ မေ-၁၇-၂၀၁၉

မျိုးဆက် (VOM)

 

ပြင်သစ်နိုင်ငံမှာ လူနာ ၁၇ ဦးကို အဆိပ်ခပ်မှုနဲ့ ပတ်သက်လို့  ပြင်သစ်ဆရာဝန်တစ်ဦးကို ပြစ်မှုကြောင်းအရ တရားစွဲဆိုပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 

တရားစွဲခံရသူ ဖရက်ဒီရစ်ပန်ချီရာဟာ မေ့ဆေးဆရာဝန်တစ်ဦးဖြစ်ပြီး စုစုပေါင်း လူကိုးဦးသေဆုံးစေခဲ့တဲ့  အခြား အဆိပ်ခပ်မှု ခုနစ်မှုအတွက်လည်း

စုံစမ်းစစ်ဆေးခံနေရသူ ဖြစ်ပါတယ်။

 

သူဟာ  လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေရဲ့ မေ့ဆေးအိတ်တွေကို စနစ်တကျ လျှို့ဝှက်လဲလှယ်ကာ အရေးပေါ်ကေ့စ် တစ်ခုဖန်တီးပြီး သူ့ရဲ့ ပါရမီထူးကဲမှုတွေကို ပြသဖို့ လုပ်ဆောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲပြောဆိုထားပါတယ်။

 

ဒီစွပ်စွဲချက်များအားလုံးကို မစ္စတာပန်ချီရာက ငြင်းဆိုထားပါတယ်။

 

တကယ်လို့ သူ့မှာအပြစ်ရှိကြောင်း တွေ့ရှိခဲ့ရင်တော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်စီရင်ချက်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

 

သူရဲ့ ရှေ့နေကတော့ စုံစမ်းစစ်ဆေးမှုမှာ သက်သေအထောက်အထား ဘာမှမတွေ့ရဘူးလို့  အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

 

Ref: BBC

Photo : AFP

#voiceofmyanmar # လူနာများအဆိပ်ခပ်ခံရ #ပြင်သစ်ဆရာဝန် #ပြင်သစ်

Related posts

✕
VOM News

FREE
VIEW