လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဆိုင်တွေမှာ ကားတွေအချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရခြင်းဖြစ်

ရန်ကုန် ၊ မေ ၁၆ – ၂၀၁၉

သိင်္ဂီ (VOM)

 

ရန်ကုန်မြို့မှာရှိတဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာဟာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။

 

“ဒီဆိုင်တွေမှာရှိတဲ့ ပန့်တွေ စနစ်တွေက လျှပ်စစ်ပေါ်ကိုအခြေခံတာဖြစ်တယ်။ဒါကြောင့်အရံအနေနဲ့ မီးစက်တွေ ထားရှိရမယ်။ မီးစက်ပါဝါက လျှပ်စစ်ပါဝါလောက် ပြည့်ပြည့်ဝဝမရတော့ အဲ့မှာ ကားတွေကြန့်ကြာကုန်တယ်။ မီးပြတ်တာနဲ့ စက်တွေနှိုးလုပ်တာက နာရီဝက်လောက်ကြာတယ်။ ဒါပေမယ့် ကားအစီးရေလည်းများရော အချိန်တွေက ငါးနာရီ၊ ခုနစ်နာရီလောက်ကြာသွားတယ်။”လို့ ဦးလှအောင်က ပြောပါတယ်။

 

ဒါကြောင့်  ရန်ကုန်မြို့ရဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတဲ့ကိစ္စကို ဖြေရှင်းဖို့  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနဲ့  ညှိနှိုင်းပြီး CNG ဆိုင်အားလုံးမှာ ၂၄ နာရီမီးလင်းရေး မီးစက်တွေထားရှိပေးဖို့စီစဉ်သွားမယ်လို့သိရပါတယ်။

 

လက်ရှိ ရန်ကုန်မြို့မှာက စွမ်းအင်ဝန်ကြီးဌာန (MOGE) လက်အောက်၊ ရန်ကုန်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနက ဖွင့်လှစ်ထားတဲ့ CNG ဆိုင် ၄၁ ဆိုင်ရှိပါတယ်။

 

အဲဒီထဲက  ဆိုင်၂၀လောက်ဟာ CNG အပြည့်အဝရောင်းချပေးနိုင်ရေးအတွက် မီးစက်မောင်းပြီး လုပ်ဆောင်နေရတယ်လို့သိရပါတယ်။

 

 

#voiceofmyanmar #လျှပ်စစ်မီးပြတ် #CNG ဆိုင်ကားကြပ် #ရန်ကုန်

 

Related posts

Leave a Comment

VOM News

FREE
VIEW