အောင်သပြေရွာ ပဋိပက္ခ နောက်ဆုံးအခြေအနေ

    မန္တလေး ၊ မေ – ၁၆ – ၂၀၁၉ ဖြူဖြူ (VOM)   မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး ဘိလပ်မြေစက်ရုံတည်ဆောက်မှု ကန့်ကွက်တာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ မနေ့က ပဋိပက္ခဖြစ်ပွားခဲ့တဲ့အပြင် လက်ရှိအချိန်အထိ သတင်းထောက်တစ်ဦးနဲ့ ဒေသခံ လေးဦးကို ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။   မနေ့က ရဲအင်အား တစ်ရာကျော်နဲ့ ဒေသခံတွေ အပြန်အလှန် သေနတ်ပစ်ခတ်မှု၊ ခဲပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့သလို ကုမ္ပဏီက ပစ္စည်းတချို့ မီးရှို့ဖျက်စီးခံခဲ့ရပြီး  သတင်းရယူနေတဲ့ သတင်းထောက်တစ်ဦးနဲ့ ဒေသခံနှစ်ဦးကိုဖမ်းဆီးသွားခဲ့ပါတယ်။   ဒီနေ့မှာ အောင်သပြေကျေးရွာ ရာအိမ်မှူးနဲ့ ဒေသခံတစ်ဦး ကိုထပ်မံဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။   “ကုမ္ပဏီကို ကားတွေ ၀င်ထွက်နေတာမဟန့်တားရဲအောင် တောင်တွေပေါ်ကနေ ဗီဒီယိုတွေ၊ဓာတ်ပုံတွေရိုက်တယ်၊ ပြီးတော့ရွာပတ်ပတ်လည်ဟုတ်မဟုတ်တော့ မသိဘူး၊ ရဲအင်အားအလုံးအရင်းနဲ့ ၀ိုင်းထားတယ်၊ညဘက်ကို…

Read More

အမြန်ရေယာဉ်ပေါ်က ပြုတ်ကျတဲ့ခရီးသည်နှစ်ဦး ရှာမတွေ့သေး

ရန်ကုန် ၊ မေ – ၁၆ – ၂၀၁၉ သိင်္ဂီ (VOM)   ဒီနေ့မနက်ပိုင်း ခန္တီးကနေ မုံရွာကို စုန်ဆင်းလာတဲ့  အမြန်ရေယာဉ်ပေါ်ကနေ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ပြုတ်ကျခဲ့ပြီး ညနေပိုင်းအထိ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။   မင်းသီဟကျော်အမြန်ရေယာဉ်ပေါ်က ပြုတ်ကျတာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီးမှာ မနက် ၆ နာရီလောက်ကတည်းက ချင်းတွင်းမြစ်ထဲ ပြုတ်ကျခဲ့တာလို့ သိရပါတယ်။   “ခရီးသည်အမျိုးသမီးတစ်ဦးက အိမ်သက်တက်ဖို့ သွားရာကနေ ဟန်ချက်ပျက်ပြီး ပြုတ်ကျတဲ့အချိန်မှာ အမျိုးသားတစ်ဦးက ဆင်းဆယ်ရင်းနဲ့ နှစ်ဦးစလုံး နစ်မြုပ်သွားတယ်။” လို့ မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့ဝင် ဦးမြင့်လွင်ကပြောပါတယ်။   လက်ရှိမှာ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့နဲ့ မောက္ကတော်နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။   ပြုတ်ကျခဲ့သူတွေဟာ…

Read More

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် CNG ဆိုင်တွေမှာ ကားတွေအချိန်အကြာကြီး တန်းစီစောင့်ဆိုင်းရခြင်းဖြစ်

ရန်ကုန် ၊ မေ ၁၆ – ၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်မြို့မှာရှိတဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာဟာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။   “ဒီဆိုင်တွေမှာရှိတဲ့ ပန့်တွေ စနစ်တွေက လျှပ်စစ်ပေါ်ကိုအခြေခံတာဖြစ်တယ်။ဒါကြောင့်အရံအနေနဲ့ မီးစက်တွေ ထားရှိရမယ်။ မီးစက်ပါဝါက လျှပ်စစ်ပါဝါလောက် ပြည့်ပြည့်ဝဝမရတော့ အဲ့မှာ ကားတွေကြန့်ကြာကုန်တယ်။ မီးပြတ်တာနဲ့ စက်တွေနှိုးလုပ်တာက နာရီဝက်လောက်ကြာတယ်။ ဒါပေမယ့် ကားအစီးရေလည်းများရော အချိန်တွေက ငါးနာရီ၊ ခုနစ်နာရီလောက်ကြာသွားတယ်။”လို့ ဦးလှအောင်က ပြောပါတယ်။   ဒါကြောင့်  ရန်ကုန်မြို့ရဲ့ CNG ဆိုင်တွေမှာ ကားတွေ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရတဲ့ကိစ္စကို ဖြေရှင်းဖို့  မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနနဲ့  ညှိနှိုင်းပြီး CNG ဆိုင်အားလုံးမှာ…

Read More

TNLA အထွေထွေအတွင်းရေးမှူးနဲ့တွေ့ဆုံမေးမြန်းခန်း အပိုင်း (၂)

အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ဘယ်ဟာက အဖုအထစ်ဖြစ်နေသလဲ၊ စစ်ရေးနဲ့နိုင်ငံရေး ဘယ်ဟာကို အရေးကြီးဆွေးနွေးရမလဲ၊ NRPC ရဲ့အခန်းကဏ္ဍကရော ဘယ်လောက်အရေးပါသလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။   #VoiceofMyanmar #TNLA #PSLF #NCA

Read More

မြောက်ကိုရီးယားနိုင်ငံသား လေးဆယ်ရာခိုင်နှုန်း စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ပြုံးယမ်း၊ မေ-၁၆ – ၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီး မိုးခေါင်တာကြောင့် ကောက်ပဲသီးနှံပျက်စီးတာတွေကို ထိန်းသိမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။     မြောက်ကိုရီးယားနိုင်ငံသား ၁၀ သန်းကျော်ဟာ စားနပ်ရိက္ခာ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြီး မကြာခင်မှာဘဲ ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေပျက်စီးတာနဲ့ပတ်သက်တဲ့ မြောက်ကိုရီးယားရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။   မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး တစ်နေ့တာစားသုံးတဲ့အစားအစာပမာဏဟာ ၁၀ ဒသမ ၅ အောင်စလောက်သာ စားသုံးပြီး အသက်ရှင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။   ၁၉၉၀ ပြည့်နှစ်တွေအတွင်းကလည်း အစာရေစာအကြီးအကျယ် ခေါင်းပါးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံသား သိန်းချီသေဆုံးခဲ့ရပြီး ဒီနှစ်မှာလည်း ကောက်ပဲသီးနှံအထွက်နည်းသလို ပျက်ဆီးမှုတွေက နိုင်ငံအနှံဖြစ်ပွားနေပါတယ်။   မြောက်ကိုရီးယားရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းဟာ…

Read More

ကုလအရာရှိ မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခွင့် မရရှိတဲ့အပေါ် အစိုးရကိုဝေဖန်

စစ်တွေ၊ မေ ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM)   ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာတို့ကို စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်လေ့လာခွင့်မပေးတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက အစိုးရကိုဝေဖန်မှုတွေ ရှိနေပါတယ်။   အခုလိုမျိုး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဖုံးကွယ်ထားချင်တဲ့ သဘောနဲ့ ကုလသမဂ္ဂရဲ့အကြီးအကဲကို ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ဖို့အတွက် လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုပေးတာသာဖြစ်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။   “သူတို့သတင်းတွေကို ဖုံးဖိထားချင်တယ်လို့ မြင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့ဧရိယာကို သွားတာလည်းမဟုတ်ဘူး။ စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ နေရာကို သွားတာပေါ့။ အနီးစပ်ဆုံးနေရာတစ်ခုကိုတော့ သွားခွင့်ပြုသင့်တယ်လို့ မြင်တယ်။” လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောပါတယ်။   ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း…

Read More

ဒီနှစ် ဘဏ္ဍာနှစ် ခုနစ်လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်ကျော်ရှိ

ရန်ကုန် ၊မေ ၁၆ – ၂၀၁၉ သိင်္ဂီ (VOM)   ဒီနှစ် ဘဏ္ဍာနှစ်ရဲ့ ၇ လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်းအမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောပါတယ်။   ဒီရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက်အနေ့အထိ အသစ်ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့  ရှိပြီးသားရင်းနှီးမြှုပ်နှံမှုအပေါ်ထပ်တိုးတဲ့ ပမာဏတွေဖြစ်ပါတယ်။   “အထူးစီးပွားရေးဇုန်ရော ၊ထပ်တိုးရင်းနှီးမြှုပ်နှံမှုရော၊ အသစ်ဝင်လာတာရောဆိုရင် အမေရိကန်ဒေါ်လာ ၂၅၆၈.၆၃၃ ရှိပြီ။” လို့ ဒေါ်တင်အေးဟန်က ပြောပါတယ်။   ကာလတူနှိုင်းယှဉ်ချက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာကနေ ၂၀၁၈ ခုနှစ် မေလအထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် အမေရိကန်ဒေါ်လာ သန်း  ၁၀၀၀…

Read More

မိုးသက်​လေပြင်းကြောင့်​ ဒုက္ခသည်​စခန်း ပျက်​စီးမှုဖြစ်

မြောက်​ဦး၊ မေ ၁၆ -၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​၊ မြောက်​ဦးမြို့နယ်​အတွင်းမှာ မနေ့က (မေ ၁၅ ရက်) မိုးသက်​လေပြင်းကျရောက်​ခဲ့တဲ့အတွက်​ စင်္ဘောကိုင်း ဒုက္ခသည်​စခန်းက တဲအိမ်​တွေပျက်​စီးသွားခဲ့ပါတယ်​။   “ညနေပိုင်းမှာ ရုတ်​တရက်​မိုးတွေရွာပြီးတော့ လေတိုက်​တယ်​။ လေကတော်​တော်​လေးကို ပြင်းပါတယ်​။ ဒါကြောင့်​ ဒုက္ခသည်​တွေနေတဲ့ တဲတွေပျက်​စီးသွားပါတယ်​။ စခန်းတစ်​ခုလုံးပါပဲ။”လို့ ဒေသခံတစ်​ဦးက ပြောပါတယ်​။     အဲ့ဒီ ဒုက္ခသည်​စခန်းဟာ မြောက်​ဦးမြို့ရဲ့ အရှေ့မြောက်​ဘက်​ လေးမြို့မြစ်​အထက်​ပိုင်းမှာရှိပြီး လူဦးရေ ၃၀၀၀ ကျော်​နေထိုင်​တဲ့စခန်းတစ်​ခုဖြစ်​ပါတယ်​။ ယာယီတဲအိမ်​ပေါင်း ၃၅၀ ခန့်​ရှိပြီး အားလုံးပျက်​စီးသွားခဲ့တာပါ။   ” လေတိုက်​ပြီးတော့ ခေါင်​မိုးတွေလန်​သွားတယ်​။ အကာနံရံတွေကွာကျသွားတယ်​။ ပြင်​လို့ရတဲ့ဟာတွေကိုတော့ ပြင်​ထားပါပြီ။ လောလောဆယ်​ နေထိုင်​လို့ရအောင်​အတွက်​ပါ။ လုံးဝပျက်စီးသွားတာကတော့  ၃၅ ဆောင်​ဖြစ်​ပါတယ်​။”လို့ စခန်းတာဝန်​ခံ မြတန်​ဆောင်းဆရာတော်​ကပြောပါတယ်​။   လုံးဝပျက်​စီးသွားတဲ့ တဲအိမ်​ ၃၅…

Read More
VOM News

FREE
VIEW