မိုးသက်​လေပြင်းကြောင့်​ ဒုက္ခသည်​စခန်း ပျက်​စီးမှုဖြစ်

မြောက်​ဦး၊ မေ ၁၆ -၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​၊ မြောက်​ဦးမြို့နယ်​အတွင်းမှာ မနေ့က (မေ ၁၅ ရက်) မိုးသက်​လေပြင်းကျရောက်​ခဲ့တဲ့အတွက်​ စင်္ဘောကိုင်း ဒုက္ခသည်​စခန်းက တဲအိမ်​တွေပျက်​စီးသွားခဲ့ပါတယ်​။

 

“ညနေပိုင်းမှာ ရုတ်​တရက်​မိုးတွေရွာပြီးတော့ လေတိုက်​တယ်​။ လေကတော်​တော်​လေးကို ပြင်းပါတယ်​။ ဒါကြောင့်​ ဒုက္ခသည်​တွေနေတဲ့ တဲတွေပျက်​စီးသွားပါတယ်​။ စခန်းတစ်​ခုလုံးပါပဲ။”လို့ ဒေသခံတစ်​ဦးက ပြောပါတယ်​။

 

 

အဲ့ဒီ ဒုက္ခသည်​စခန်းဟာ မြောက်​ဦးမြို့ရဲ့ အရှေ့မြောက်​ဘက်​ လေးမြို့မြစ်​အထက်​ပိုင်းမှာရှိပြီး လူဦးရေ ၃၀၀၀ ကျော်​နေထိုင်​တဲ့စခန်းတစ်​ခုဖြစ်​ပါတယ်​။ ယာယီတဲအိမ်​ပေါင်း ၃၅၀ ခန့်​ရှိပြီး အားလုံးပျက်​စီးသွားခဲ့တာပါ။

 

” လေတိုက်​ပြီးတော့ ခေါင်​မိုးတွေလန်​သွားတယ်​။ အကာနံရံတွေကွာကျသွားတယ်​။ ပြင်​လို့ရတဲ့ဟာတွေကိုတော့ ပြင်​ထားပါပြီ။ လောလောဆယ်​ နေထိုင်​လို့ရအောင်​အတွက်​ပါ။ လုံးဝပျက်စီးသွားတာကတော့  ၃၅ ဆောင်​ဖြစ်​ပါတယ်​။”လို့ စခန်းတာဝန်​ခံ မြတန်​ဆောင်းဆရာတော်​ကပြောပါတယ်​။

 

လုံးဝပျက်​စီးသွားတဲ့ တဲအိမ်​ ၃၅ လုံးကိုတော့ သစ်​ဝါးတွေစုဆောင်းပြီး ပြန်​လည်​ဆောက်​လုပ်​ရမှာဖြစ်​တဲအတွက်​ အကူအညီတွေလိုအပ်​နေတာဖြစ်​ပါတယ်​။

 

#voiceofmyanmar #လေပြင်းကြောင့် ဒုက္ခသည်စခန်းပျက်စီး #မြောက်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW