မြောက်ကိုရီးယားနိုင်ငံသား လေးဆယ်ရာခိုင်နှုန်း စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ပြုံးယမ်း၊ မေ-၁၆ – ၂၀၁၉

မျိုးဆက် (VOM)

 

မြောက်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီး မိုးခေါင်တာကြောင့် ကောက်ပဲသီးနှံပျက်စီးတာတွေကို ထိန်းသိမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

 

 

မြောက်ကိုရီးယားနိုင်ငံသား ၁၀ သန်းကျော်ဟာ စားနပ်ရိက္ခာ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြီး မကြာခင်မှာဘဲ ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေပျက်စီးတာနဲ့ပတ်သက်တဲ့ မြောက်ကိုရီးယားရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး တစ်နေ့တာစားသုံးတဲ့အစားအစာပမာဏဟာ ၁၀ ဒသမ ၅ အောင်စလောက်သာ စားသုံးပြီး အသက်ရှင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

၁၉၉၀ ပြည့်နှစ်တွေအတွင်းကလည်း အစာရေစာအကြီးအကျယ် ခေါင်းပါးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံသား သိန်းချီသေဆုံးခဲ့ရပြီး ဒီနှစ်မှာလည်း ကောက်ပဲသီးနှံအထွက်နည်းသလို ပျက်ဆီးမှုတွေက နိုင်ငံအနှံဖြစ်ပွားနေပါတယ်။

 

မြောက်ကိုရီးယားရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းဟာ ၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ အဆိုးရွားဆုံးကျဆင်းနေပြီး နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းဟာ အစားအစာ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

Ref : BBC Photo : WFP

#voiceofmyanmar #စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေ #မြောက်ကိုရီးယား

 

 

Related posts

Leave a Comment

VOM News

FREE
VIEW