အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA မှာ ဘယ်ဟာက အဖုအထစ်ဖြစ်နေသလဲ၊ စစ်ရေးနဲ့နိုင်ငံရေး ဘယ်ဟာကို အရေးကြီးဆွေးနွေးရမလဲ၊ NRPC ရဲ့အခန်းကဏ္ဍကရော ဘယ်လောက်အရေးပါသလဲဆိုတာ သိရနိုင်ဖို့ PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်ကို VOM သတင်းဌာနက ကိုနေလင်းကနေ တွေ့ဆုံ မေးမြန်းထားပါတယ်။ #VoiceofMyanmar #TNLA #PSLF #NCA
Read MoreAuthor: Editor Thet Thet
မြောက်ကိုရီးယားနိုင်ငံသား လေးဆယ်ရာခိုင်နှုန်း စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ
ပြုံးယမ်း၊ မေ-၁၆ – ၂၀၁၉ မျိုးဆက် (VOM) မြောက်ကိုရီးယားနိုင်ငံမှာ နှစ်ပေါင်း ၃၇ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ ရင်ဆိုင်နေရပြီး မိုးခေါင်တာကြောင့် ကောက်ပဲသီးနှံပျက်စီးတာတွေကို ထိန်းသိမ်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား ၁၀ သန်းကျော်ဟာ စားနပ်ရိက္ခာ အထောက်အပံ့ အရေးပေါ်လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပြီး မကြာခင်မှာဘဲ ရာသီဥတုကြောင့် ကောက်ပဲသီးနှံတွေပျက်စီးတာနဲ့ပတ်သက်တဲ့ မြောက်ကိုရီးယားရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး တစ်နေ့တာစားသုံးတဲ့အစားအစာပမာဏဟာ ၁၀ ဒသမ ၅ အောင်စလောက်သာ စားသုံးပြီး အသက်ရှင်နေရတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအတွင်းကလည်း အစာရေစာအကြီးအကျယ် ခေါင်းပါးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံသား သိန်းချီသေဆုံးခဲ့ရပြီး ဒီနှစ်မှာလည်း ကောက်ပဲသီးနှံအထွက်နည်းသလို ပျက်ဆီးမှုတွေက နိုင်ငံအနှံဖြစ်ပွားနေပါတယ်။ မြောက်ကိုရီးယားရဲ့ ကောက်ပဲသီးနှံအထွက်နှုန်းဟာ…
Read Moreကုလအရာရှိ မစ္စအာရ်ဆူလာမြူလာ စစ်ဘေးရှောင်စခန်းတွေကို သွားရောက်ခွင့် မရရှိတဲ့အပေါ် အစိုးရကိုဝေဖန်
စစ်တွေ၊ မေ ၁၆-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ ရခိုင်ပြည်နယ်အတွင်း ရောက်ရှိလာခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာရ်ဆူလာမြူလာတို့ကို စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ သွားရောက်လေ့လာခွင့်မပေးတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက အစိုးရကိုဝေဖန်မှုတွေ ရှိနေပါတယ်။ အခုလိုမျိုး တိုက်ပွဲဖြစ်ပွားပြီး ဒေသခံတိုင်းရင်းသားမျိုးနွယ်စုတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဖုံးကွယ်ထားချင်တဲ့ သဘောနဲ့ ကုလသမဂ္ဂရဲ့အကြီးအကဲကို ကယ်ဆယ်ရေးစခန်းတွေဆီ သွားရောက်ဖို့အတွက် လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုပေးတာသာဖြစ်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေတာဖြစ်ပါတယ်။ “သူတို့သတင်းတွေကို ဖုံးဖိထားချင်တယ်လို့ မြင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။ စစ်ဖြစ်နေတဲ့ဧရိယာကို သွားတာလည်းမဟုတ်ဘူး။ စစ်ဘေးဒုက္ခသည်တွေရှိနေတဲ့ နေရာကို သွားတာပေါ့။ အနီးစပ်ဆုံးနေရာတစ်ခုကိုတော့ သွားခွင့်ပြုသင့်တယ်လို့ မြင်တယ်။” လို့ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးခိုင်ကောင်းစံကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း…
Read Moreဒီနှစ် ဘဏ္ဍာနှစ် ခုနစ်လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း နှစ်ထောင်ကျော်ရှိ
ရန်ကုန် ၊မေ ၁၆ – ၂၀၁၉ သိင်္ဂီ (VOM) ဒီနှစ် ဘဏ္ဍာနှစ်ရဲ့ ၇ လကျော်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပေါင်းအမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော် ခွင့်ပြုပေးခဲ့တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က ပြောပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၉ခုနှစ် မတ်လ ၁၅ ရက်အနေ့အထိ အသစ်ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏနဲ့ ရှိပြီးသားရင်းနှီးမြှုပ်နှံမှုအပေါ်ထပ်တိုးတဲ့ ပမာဏတွေဖြစ်ပါတယ်။ “အထူးစီးပွားရေးဇုန်ရော ၊ထပ်တိုးရင်းနှီးမြှုပ်နှံမှုရော၊ အသစ်ဝင်လာတာရောဆိုရင် အမေရိကန်ဒေါ်လာ ၂၅၆၈.၆၃၃ ရှိပြီ။” လို့ ဒေါ်တင်အေးဟန်က ပြောပါတယ်။ ကာလတူနှိုင်းယှဉ်ချက်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာကနေ ၂၀၁၈ ခုနှစ် မေလအထိ ဝင်ရောက်ခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏထက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀…
Read Moreမိုးသက်လေပြင်းကြောင့် ဒုက္ခသည်စခန်း ပျက်စီးမှုဖြစ်
မြောက်ဦး၊ မေ ၁၆ -၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းမှာ မနေ့က (မေ ၁၅ ရက်) မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် စင်္ဘောကိုင်း ဒုက္ခသည်စခန်းက တဲအိမ်တွေပျက်စီးသွားခဲ့ပါတယ်။ “ညနေပိုင်းမှာ ရုတ်တရက်မိုးတွေရွာပြီးတော့ လေတိုက်တယ်။ လေကတော်တော်လေးကို ပြင်းပါတယ်။ ဒါကြောင့် ဒုက္ခသည်တွေနေတဲ့ တဲတွေပျက်စီးသွားပါတယ်။ စခန်းတစ်ခုလုံးပါပဲ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အဲ့ဒီ ဒုက္ခသည်စခန်းဟာ မြောက်ဦးမြို့ရဲ့ အရှေ့မြောက်ဘက် လေးမြို့မြစ်အထက်ပိုင်းမှာရှိပြီး လူဦးရေ ၃၀၀၀ ကျော်နေထိုင်တဲ့စခန်းတစ်ခုဖြစ်ပါတယ်။ ယာယီတဲအိမ်ပေါင်း ၃၅၀ ခန့်ရှိပြီး အားလုံးပျက်စီးသွားခဲ့တာပါ။ ” လေတိုက်ပြီးတော့ ခေါင်မိုးတွေလန်သွားတယ်။ အကာနံရံတွေကွာကျသွားတယ်။ ပြင်လို့ရတဲ့ဟာတွေကိုတော့ ပြင်ထားပါပြီ။ လောလောဆယ် နေထိုင်လို့ရအောင်အတွက်ပါ။ လုံးဝပျက်စီးသွားတာကတော့ ၃၅ ဆောင်ဖြစ်ပါတယ်။”လို့ စခန်းတာဝန်ခံ မြတန်ဆောင်းဆရာတော်ကပြောပါတယ်။ လုံးဝပျက်စီးသွားတဲ့ တဲအိမ် ၃၅…
Read More