နိုဝင်ဘာ-၁၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမှာကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်(အေပက်) အစည်းအဝေးတက်ရောက်ဖို့ အမေရိကန်ကိုရောက်ရှိနေချိန်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ မနေ့က သီးသန့် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဂျိုးဘိုင်ဒင်နဲ့ ရှီကျင်းပင်တို့အတွက် ဒါဟာ တနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး တရုတ်သူလျှိုဘောလုံးတွေ အမေရိကန်ပေါ်ဖြတ်ပျံမှု၊ အဆင့်မြင့် ကွန်ပြူတာချပ်စ်တွေ တရုတ်ကိုရောင်းချတာ ပိတ်ပင်မှုနဲ့ ထိုင်ဝမ်အရေးလို ကိစ္စတွေမှာလည်း လုံခြုံရေး၊ ကုန်သွယ်ရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား တင်းမာနေချိန် အခုလိုတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်က ရလဒ်ကောင်းတွေထွက်လာဖို့ အများစုက မျှော်လင့်မထားခဲ့ပေမယ့် ဒါဟာအပြုသဘောဆောင်ပြီး အကောင်းမွန်ဆုံးဆွေးနွေးမှုဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း အမေရိကန် သမ္မတက ထုတ်ဖော်ပြောဆိုလာပါတယ်။ အမေရိကန်-တရုတ် ဆက်ဆံရေးဟာ ဘယ်တုန်းကမှ အဆင်ချောချောမရှိခဲ့ဖူးကြောင်း တရုတ်သမ္မတရှီကျင်းပင်က အစောပိုင်းမှာ ဝန်ခံပြောဆိုခဲ့ပေမယ့် ကမ္ဘာ့စူပါပါဝါနှစ်နိုင်ငံအကြား အပြန်အလှန် ရန်ဆောင် ကျောခိုင်းနေတာက ရွေးချယ်စရာမဟုတ်ဘူးလို့ ဆိုပါတယ်။…
Read MoreCategory: ဆောင်းပါး
ဓာတ်ပြားတစ်ပြား ဖွင့်ကာနေတော့မယ်
ဆူးငှက် တစ်လောက သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တော့မေးတယ်။ “ဘယ်အချိန်အခါ ရောက်ရင် မင်းအဖေကို သတိရဆုံးဖြစ်သလဲ”တဲ့။ သူကလည်း ဒီလိုပါ။ ငယ်စဉ်ကတည်းက အိမ်ကို အလည်လာတိုင်း အဖေနဲ့ချည်းတွေ့ နေတာကိုး။ အမေနဲ့က ဆယ်ခါ့ရံတစ်ခါမှ တွေ့ဖြစ်တာ။ အမေက ဈေးထွက်နေရတာလေ။ အဖေနဲ့ အမြဲလိုလို တွေ့ဖြစ်နေတော့ အဖေပြောတာဆိုတာ၊ နေတာ ထိုင်တာ မှတ်မိနေတော့ အဲဒီကတည်းက ကျွန်တော့ကိုလည်း “မင်းက မင်းအဖေနဲ့ တော်တော်တူတာပဲ”လို့ ပြောတတ်တယ်။ဒါကြောင့် အခု ပြန်တွေ့ကြလို့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြန်ပြောကြရင်း ကျွန်တော့အဖေအကြောင်း ရောက်သွားလို့ သူကအခုလို တစ်ခုတ်တရ ပြန်မေးတာပါ။ ဟုတ်ပါတယ်။ ကျွန်တော်ကလည်း အခု ဒီနှစ်ဆိုရင် အဖေဆုံးတာ ၃၅နှစ် ပြည့်ပေမယ့် အိမ်မက်ထဲမှာထိ အဖေနဲ့ တွေ့ဆဲပါ။ တစ်နေ့ညကပဲ အိပ်မက်မက်တော့…
Read Moreစိန်ဒရင် လျှံမောင်းတဲ့၊ မှန်ကျောင်းတော် မီးလျှံခပါပေါ့
ဆူးငှက် ကုန်းဘောင်ဆက် မဟာရာဇဝင် တတိယတွဲ စာမက်နှာ ၆၈၅ တွင် … ““၁၂၄၆ နှောင်းတန်ခူးလ (ဧပြီ ၁၈၈၅) ရွှေမြို့တော်ကြီး အနောက်ပြင် ဂေါဝိန်တံခါးလမ်း တောင်ဘက် ရတနာဘုမ်္မိအရပ်တွင် အရှင်နန်းမတော် မိဖုရား ခေါင်ကြီးက ဆောက်လုပ်ပြီး ပြောသည်။ ရွှေရေးကျောင်းရဲ့ ရှစ်ရပ်နှင့် တကွ ဘုံလေးဆင့်ရှိ မှန်ကျောင်းတော်ကြီးကို“မဏိရတနာရာမတိုက် မဟာရတနာ ဘုံမ်စံကျောင်း”” ဟု ကမ်ဗညျးတပ်တော်မူပြီးလျှင် အာလောကာဘိပဝရသာသနက်္ခ မဟာဓမ်္မရာဇဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ မြတောင်ဆရာတော်အား ကျောင်းအပ် တင်လှူတော်မူသည်ဟု ဖော်ပြပါရှိလေသည်။ ထိုကောက်နှုတ်ချက်အရ နန်းမတော်စုဖုရားလတ်ကောင်းမှု မြတောင်ရွှေ ကျောင်းတော်ကြီး ရေစက်ချ မချပြဿနာတွင် ၁၈၈၅ ဧပြီလကကျောင်းတင် လှူပြီးဖြစ်သောကြောင့် ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် သီပေါမင်းအရှင် ပါတော်မူ သောအခါ ရေစက်ချ…
Read Moreမင်္ဂလာဆောင် အစဉ်အလာ
ဆူးငှက် သီတင်းကျွတ်ပြီ။ သီတင်းကျွတ်တာနှင့် အလုံးအရင်းနဲ့ဝင်လာမှာတွေက မင်္ဂလာဆောင်ဖိတ်စာတွေပါ။ တစ်ခါတစ်ခါ ပြန်စဉ်းစားကြည့်မိတယ်။ ကိုယ်ငယ်ငယ်… ကိုယ့်မိဘများဆီ အခုလိုဝါလကင်းလွတ် သီတင်းကျွတ်ရင် အခုလောက် မင်္ဂလာဆောင်ဖိတ်စာ လာဖွယ်မရှိခဲ့ဘူးဆိုတာပါ။ အဲဒီကာလ ကိုယ့်မိဘကများ လူမှုရေးနည်းပါးခဲ့လို့လား။ ဒီလိုလည်းမဟုတ်သေးပါဘူး။ ကိုယ့်ထက်တောင်ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်တယ်ပြောရမလားပဲ။ ဘာလို့လဲ ဆိုတော့ အဖေရောအမေရာက ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ။ အမေကဆိုရင် ဥယျာဉ်တန်း၊ ဒီဘိုးလမ်း၊ မလွန်၊ ရသာတန်း၊ မျက်ပါးရပ်၊ ဗောဒီကုန်းအထိ သူ့ဖောက်သည်တွေ…။ မနက်တစ်ဈေး၊ ညနေတစ်ဈေး ဈေးဗန်းခေါင်းရွက်ပြီး တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဈေးရောင်းတာ…။ သူ့ဖောက်သည်နဲ့သူက အလုပ်သဘော အရောင်းအဝယ်သဘော ဆက်ဆံရေးတင်မဟုတ်ဘူး။ ထမင်းစားချိန်တန်ရင် ရောက်တဲ့အိမ်က ခူးခပ်ကျွေးတာ…။ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နေကြတာ…။ အဖေက မြောက်ပြင်တစ်ခို ၁၅ လမ်း၊ ၁၄ လမ်းအထိ သူ့ဖောက်သည်တွေ…။ အဖေနဲ့…
Read Moreရွှေ၊ ငွေနဲ့ စက်သုံးဆီ တပတ်တာဈေးကွက်
နိုဝင်ဘာ ၆ – ၂၀၂၃ SN (VOM) နိုဝင်ဘာ ၁ ရက်မှ ၆ ရက်အထိ ကာလအတွင်း ပြည်တွင်းရွှေဈေး အတက်ဘက်ကို ရောက်ရှိလာခဲ့ပေမယ့် ငွေလဲနှုန်းတွေကတော့ ထူးထူးခြားခြား အပြောင်းအလဲ မရှိခဲ့ပါဘူး။ စက်သုံးဆီဈေးကတော့ တပတ်စာ ဈေးသတ်မှတ်ချက်နဲ့ ထုတ်ပြန်နေတာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၆ ရက် (တနင်္လာနေ့) ဈေးစတင် သတ်မှတ်ချက်မှာတော့ 92 အောက်တိန်းတလီတာကို ၂၀၆၀ ကျပ်နဲ့ ဈေးဖွင့်ထားခဲ့ပြီး ဈေးအနည်းငယ် ကျဆင်းလာတာကို တွေ့ရပါတယ်။ လက်ရှိမှာ ရှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်တရုတ်နယ်စပ်မှာ ကုန်စည်စီးဆင်းမှု ၁၀၀ ရာခိုင်နှုန်း ရပ်တန့်နေပြီး အရောင်းအဝယ် မရှိတော့တဲ့အတွက် အမေရိကန်ဒေါ်လာဈေး တည်ငြိမ်နေပြီး တရုတ်ယွမ်ကတော့ အကျဘက်ကို ရောက်လာတယ်လို့ နယ်စပ်ကုန်သည်တွေဆီက သိရပါတယ်။ ဒါ့အပြင်…
Read Moreတက်ခေတ် ဗမာ(မြန်မာ)မယ်… မွေး…
ဆူးငှက် “စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့…” ယခုလို ဆောင်းဦးကာလ နှင်းတွေဖြိုင်ဖြိုင်ကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေတဲ့ သီချင်းသံကိုကြားယောင်နေမိတယ်။ အခုလို ဆောင်းဦးပေါက် စနေနေ့လို ညမျိုးမှာ နောက်ရက် မနက်စောစော လမ်းလျှောက်ပွဲ ဆင်နွဲဖို့အတွက် စာရင်းကောက် လှုံ့ဆော်ပြင်ဆင်ကြတယ်။ ရပ်ကွက်ထိပ် ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုးကြီး တည်ထားပြီးအလှည့်ကျ ကင်းစောင့်ကြရမယ့် အိမ်ထောင်ဦးစီးတွေ အိမ်ဆန်အိုးထဲက ဆန်တစ်ဆုပ်တစ်ခွက် ယူလာတာပါ။ ထင်းမီးဖိုကြီး အမြဲမပြတ် ဖိုထားပြီး ကျပ်ခိုးတွေ ဂျွတ်တက်နေတဲ့ ဒန်အိုးကြီးတစ်လုံးနဲ့ ဆန်ပြုတ်များ ကျိုထားခြင်းဖြစ်တယ်။သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ…။ ၁၃ နှစ် ၁၄ နှစ်သားပေါ့…။ ကလေးမဟုတ် လူကြီးမဟုတ် စကအရွယ်…။ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေနှင့်မို့ အိမ်ကလည်း စိတ်ချတယ်။…
Read Moreနိုင်ငံရေးအခက် ဝိသမလောဘသားတွေအချက် အသက်ရှူကျပ်နေရတဲ့ ပြည်သူ
SN (VOM) မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် မြန်မာကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းသွားပြီး ကုန်ဈေးနှုန်းတွေ တဟုန်ထိုးကြီးမြင့်လာတာကြောင့် ပြည်သူတွေ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး သုံးနှစ်နီးပါးရှိလာချိန်မှာ အရင်က အချိန်မရွေးဝယ်ယူနိုင်တဲ့ ဆန်နဲ့ စားအုန်းဆီ စတဲ့ အခြေခံကုန်စည်တွေကိုတောင် ပြည်သူလူထုအနေနဲ့ တိုးဝှေ့ကာ၊ စကားများရန်ဖြစ်ကာ စီတန်းဝယ်ယူနေရတဲ့အခြေအနေကို ဆိုက်ရောက်နေတာပါ။ စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာတွေအတွက် နစကမှာတာဝန်အရှိဆုံးဖြစ်တယ်လို့ တညီတညွတ်တည်း ပြောဆိုကြပါတယ်။ နစကရဲ့စီမံခန့်ခွဲမှု လိုအပ်ချက်တွေကြောင့် ပြည်သူတွေအကျပ်အတည်းနဲ့ ရင်ဆိုင်ရတာလို့လည်း ထောက်ပြကြပါတယ်။ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် ကမ္ဘာ့နိုင်ငံများက စီးပွားရေး၊ ဘဏ္ဍာရေးပိတ်ဆို့မှုတွေ ချမှတ်နေတာကြောင့်လည်း အမေရိကန်ဒေါ်လာ လက်ဝယ်ပြတ်လပ်နေတဲ့ နစကဟာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို မထိန်းချုပ်နိုင်တဲ့အတွက်ကုန်ဈေးနှုန်းဟာလည်း ကျွဲကူးရေပါ တက်မြဲတက်နေဆဲပါ။ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်…
Read MoreMOGE ကိုဒဏ်ခတ်မှု ဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိမလဲ
SN (VOM) နစကအတွက် နိုင်ငံခြားငွေ အများဆုံးလာရာ ရေသောက်မြစ် လမ်းကြောင်းကြီးဖြစ်တဲ့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ပိတ်ဆို့အရေးယူလိုက်တယ်လို့ အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ MOGE ဟာ နစကရဲ့ ပင်မ ဘဏ္ဍာရေးထောက်တိုင်တရပ် ဖြစ်တဲ့အပြင် စစ်တပ်ရဲ့ ပြည်ပ စစ်လက်နက်ဝယ်ယူမှုတွေအတွက်နှစ်စဉ် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်းရာချီ ဘဏ္ဍာငွေအဖြစ် စီးဆင်းနေတဲ့ အဓိက အသက်သွေးကြောကြီးတခု ဖြစ်ပါတယ်။နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက် နစကဟာ စစ်လက်နက်ပစ္စည်း ကန်ဒေါ်လာ တဘီလီယံကျော်ဖိုး တင်သွင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုလို MOGE ကို အရေးယူဒဏ်ခတ်ခြင်းဟာ အမေရိကန်နိုင်ငံသားအနေနဲ့ နစကလက်အောက်ခံ MOGE ရဲ့ အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်၀ိုက်ပြီးသော်လည်းကောင်း လုပ်ကိုင်ခြင်း…
Read Moreစီးကြမယ်လေ စက်ဘီး
ဆူးငှက် “ဘီးကလေးကိုစီး .. အချစ်အလေးကိုတင်ပြီး ကိုယ်သွားရတာလေ .. အင်မတန်ပျော် .. စကြဝဠာအဆုံးထိနင်းရမလား…” မန္တလေးမှာ ဆရာ စိုင်းခမ်းလိတ်လည်း စက်ဘီးစီးခဲ့သည်။ အဆိုတော်စိုင်းထီးဆိုင်လည်း စက်ဘီး စီးခဲ့သည်။အဆိုတော် ဂျေမောင်မောင်ကို သူ့ပြိုင်စက်ဘီးလေးနှင့် မန္တလေးမြို့အနှံ့တွေ့နိုင်သည်။ တစ် ခါတစ်ရံ သမီးငယ်လေးကို ချီပိုးပြီး စက်ဘီးလေးနှင့် ဘီလမ်းပေါ်တွင် တွေ့နိုင်သေး၏။ တစ်ချိန်ကမန္တလေး တက္ကသိုလ် ပင်မ ဆောင်ကြီး လှေကားအခြေမှာ စက်ဘီးတွေစီရပ်ထားပုံက အင်စတော လေးရှင်းပြကွက်တစ်ခုပမာ အနုပညာမြောက်နေသည်။ သစ္စာဆောင်ရှေ့မှာလည်း စက်ဘီး၊ ရွှေ မန်းဆောင်ရှေ့မှာလည်း စက်ဘီး၊ မြတမာဆောင်ရှေ့မှာလည်း စက် ဘီး ..၊ အုတ်ခုံကြီးသာကျန်တော့ သော အတုမရှိကျောင်းကြီး၏ မကရ်းရုပ်လှေကားခြေမှာယောကျ်ား စီးစက်ဘီးတစ်စီးနှင့် မိန်းမစီးစက် ဘီးတစ်စီးခေါင်းချင်းဆိုင်နေသည်။ ဝင်းလိုက်ရုံမြောက်ဘက်…
Read Moreခေတ်ဟောင်း မန္တလေး စကားဝိုင်း
ဆူးငှက် ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သောအာင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုစဉ်ကကျွန်တော့အိမ်ကလေး၏မြောက်ဘက်ခြမ်းမှာသာ လူနေအိမ်ခြေတွေရှိသည်။တောင်ဘက်ခြမ်းမှာက ကွင်းပြင်တစ်လျှောက်လုံး၊ ဟို .အောင်ပင်လယ် ကန်ဘောင်ရိုးအထိ ပိတ်စွယ်ရိုင်းတာကြီးဖြစ်သည်။ ယခု ၂၆ ဘီလမ်းမကြီးကမြေသားလမ်းပေါ် ကျောက်ကြမ်းတွေခင်းပြီးကာစ၊ မချောမွေ့သေး ညတိုင်ရောက်လျှင်ခြောက်ဗို့ဘက်ထရီ မီးလုံးလေး၏ အလင်းရောင်မှိန်မှိန်အောက်၌ ရေဒီယိုလေးတစ်လုံးနှင့် ထိုင်နေရင်း ပိတ်စွယ်ပင်တွေကြား တိုင်ဦးတမ်းကစားနေကြသောပိုးစုန်းကြူးအုပ်ကြီး၏ ပဒေသာကပွဲ ကိုပဲကြည့်ရှုနေရသည်။ ကျွန်တော်သည် ၁၉၉၉ ကတည်းက ယခုနေထိုင်သော အောင်ပင်လယ် လမိုင်းလယ်အဝန်းအဝိုင်းရှိ လယ်တောအိမ်ကလေးသို့ယာတောကြီးပေါ်ကနေ ဝါတွင်း ကာလတွင် တောင်ဘက် ကျန်းမာရေးရပ်ကွက်ဓမ္မာရုံဆီက ဖွင့်နေသည့် အသံချဲ့စက်မှ ဗုဒ္ဓဝင် ဖွားတော်မူခန်း ဓာတ်ပြားမှအသံများနှင့် နှလုံးစိတ်ဝမ်းအေးချမ်းရပြန်၏။ မနက်လင်းလျှင်ဖြင့် ကိုယ့်အိမ် အရှေ့ဖက်မှာလည်း ပိတ်စွယ်တောကြီးမို့အရှေ့ရိုးမပေါ်က ခေါင်းပြူလာသော ထွန်းသစ်စ နေရောင်ခြည်ကို အစောဆုံးထိတွေ့ရပြန်သည်။ နံနက်ခင်း၏ နေရောင်ခြည်အောက်တွင်…
Read More