ဆူးငှက် မန္တလေးသည် သာသနာတော် စည်ကားခဲ့ရာမြို့တော် ဖြစ်လေသည်။ စာသင်၊ စာချ ဆရာတော်ကြီးများဖြင့် ပရိယတ္တိစာပေများ ထွန်းကားရာလည်း ဖြစ် ၏။ ၁၂၄၇ခု၊ အရှင်နှစ်ပါးပါတော်မူပြီး မှစ၍ သာသနာ ညှိုးမှိန်ခဲ့လေသည်။ ပါတော်မူပြီး၁၃နှစ်အကြာတွင် စာရင်းကောက်ယူသောအခါ စာသင်၊ စာချဆရာတော် အပါးရေ ထက်ဝက်ကျော်မျှ လျော့နည်းသွားကြောင်းတွေ့ရှိရလေ၏။ ပါတော်မူချိန်ကာလက စာချဆရာတော် ၁၁၆၆ပါး (ဥသြသံသာ) ရှိခဲ့သည်။ ဤကဲ့သို့ သာသနာတော် မှေးမှိန်မည့် အရိပ်အရောင်ကြောင့် မန္တလေးမြို့ ဆိုင်းတန်းရပ် ပွဲစားကြီးဦးထွန်း အပါအဝင် သာသနပါလ ဥပါသကာ ၁၂ဦး သည် မိုးတားတိုက် သာသနာပိုင် ဆရာတော် ဦးသုဇာတ အမှူးပြုသော ဆရာတော်ကြီး ၁၈ပါး၏သြဝါဒကိုခံယူကာ ၁၂၆ဝခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ‘မန္တလေးမြို့ ပရိယတ္တိ သာသနဟိတအသင်းကြီး’…
Read MoreCategory: ဆောင်းပါး
မွေခံထိုက်စေ
ဆူးငှက် သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်ရိုးဟု စာဆိုလေ့ရှိသော စစ်ကိုင်းတောင်တွင် ကနဦး အစောဆုံး တည်ခဲ့သောချောင်(၃)ချောင်ရှိသည်။ ပိတောက်ချောင်တဲ့၊ ပဘာချောင်တဲ့၊ အနုရုဒ္ဓါချောင်တဲ့။ စစ်ကိုင်းတောင်ရိုးသို့ ငယ်စဉ်ကတည်းကမကြာခဏရောက်ဖြစ်သော်လည်း ထို ရှေးဟောင်း နေရာ ရှေးဟောင်းချောင်တွေအကြောင်းမသိခဲ့။ စာကလေး၊ ပေကလေး လောက်လောက်လားလား ဖတ်လာချိန်မှာ ဆရာတော် ရွှေကိုင်းသား ဟူသော အာဂသုတေသီ ရဟန်းစာဆို တစ်ဦးက စစ်ကိုင်းတောင်ရိုး အနုရုဒ်္ဓါချောင်မှာ သီတင်းသုံးလျက် ရှိသည်ဆိုတာ သိမှတ်ရငြား ထိုအနုရုဒ္ဓါချောင်သို့ တစ်ခေါက်တစ်လေမျှပင် မရောက်ဖူးခဲ့။ အရပ်ချင်း နီး၍ အရောက်အပေါက် မပြတ်လှသော ပွဲကုန်းရပ်ကဆရာကြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ထံ ရောက်တိုင်း ဆရာတော် ရွှေကိုင်းသား အကြောင်း၊ အနုရုဒ္ဓါချောင် အကြောင်းကြားသိ ရတိုင်း ပါးစပ်အဟောင်းသား ငေးမော နားထောင်ရုံပဲပေါ့။ တကယ်တော့…
Read Moreနွေအပူထဲ သောက်သုံးရေအတွက် အခက်ပွေရတဲ့ စစ်ဘေးရှောင်တွေ
မေ-၅-၂၀၂၄ SN (VOM) မြန်မာနိုင်ငံက အပူပိုင်းဒေသတွေနဲ့ မိုးနည်းရပ်ဝန်းဒေသတချို့မှာ မိုးရာသီကာလ ကျော်လွန်တာနဲ့ ရေတွင်း၊ ရေကန်တွေ ခန်းခြောက်ပြီး ရေရှားပါးတာက နှစ်စဉ်ကြုံတွေ့ရတဲ့ ပြသနာပါ။ ရေရှားပါးပြတ်လပ်တဲ့ အချိန်ရောက်တိုင်း ဌာနဆိုင်ရာတွေ၊ လူမှု အဖွဲ့အစည်းတွေရဲ့ ရေပေးဝေရေး အစီအစဉ်တွေ၊ သောက်သုံးရေ လှူဒါန်းမှုတွေနဲ့ ဖြတ်သန်းနေရတာပါ။ ဒါပေမယ့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးတဲ့နောက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေက ပြည်သူတွေဟာ ရေရှားပါးပြတ်လပ်မှုရဲ့ ဒဏ်ကို ပိုပြီး ဆိုးဆိုးရွားရွား ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတိုင်းလိုလိုက ဒေသခံတွေဟာ စစ်ကြောင့် ပူပန်ရတဲ့အပြင် ရေရှားတဲ့ဒဏ်ကိုပါ ခံစားနေရကြရတာပါ။ နိုင်ငံရေး အပြောင်းအလဲမဖြစ်ခင် နှစ်တွေမှာ နွေရာသီကာလ ရေအခက်အခဲကြုံတဲ့အချိန် အိမ်တိုင်ရာရောက် ရေဖြန့်ဝေပေး မှုတွေ၊ အလှူရှင်တွေ အလွန်ကို ပေါများခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ရေရှားပါးရာ ဒေသတွေက…
Read Moreပြုံးမယောင် မျက်နှာကလေးရဲ့ နုတဲ့ပါးပြင်ဆီ
ဆူးငှက် “မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း””ကို ၁၉၂၅ ခုနှစ်တွင် စတင်သ ေန္ဓတည်၍ ၁၉၂၈ ခုနှစ်တွင် အပီအပြင် ဖွဲ့စည်းရာ၌ ဓားတန်းဦးသန့်က လက်မွန်မဆွ ဦးဆောင်ပါဝင်ခဲ့သောကြောင့် ဖြစ်ပါ၏။ ဓားတန်းဦးသန့်(ကိုသန့်) အပါအဝင် ကိုဘညိန်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုဘသက်၊ ကိုလှဒင်၊ ကိုမြသိန်း၊ ကိုရင်လေး၊ ကိုဘဒင်၊ ကိုဘကြင်၊ ကိုအုံး စသည့် လူငယ်များ စုစည်းတည်ထောင်သည့် မြို့မတူရိယာအသင်းသည် မူလက ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်းဟု အမည်ပေးကာ တီးမှုတ် သီဆိုဖျော်ဖြေမှု အတွက်သာဟု ယူဆနိုင်သော်လည်း ဓားတန်းကိုသန့်နှင့် မြို့မငြိမ်းဖြစ်လာမည့် ကိုဘညိန်းတို့၏ ဂီတပါရမီနှင့် ဂီတလေ့လာအားများက ရေရှည်မျှော်ကြည့်သော အမြင်များရှိကြောင်း အသင်း၏ ရည်ရွယ်ချက်၆ရပ်တွင် တွေ့ရှိနိုင်သည်။ သည်ကတည်းက ၂၈လမ်း တရုတ်တန်းသား ကိုဘညိန်းနှင့်…
Read Moreပြည်တော်သာ နှင့် လူချွန်လူကောင်း
ဆူးငှက် သက္ကရာဇ် ၁၂၄၇ ခု ပါတော်မူပြီးနောက် ထီးကျိုးစည်ပေါက် ဖြစ်ပြီး တစ်စုတစ်စည်း တည်းသော အနုပညာရှင်များ ရေဝေးကြာပမာ ဖြစ်ကြရသည်။ ထို့ကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို ထက်အောက် စုန်ဆန် လွင့်ပါးကြရတော့၏။ အစုအစည်း ပြေပျက်၊ အထိန်းအကွပ်မဲ့ပြီး အားပေးချီးမြှင့်သူလည်း မရှိဖြစ်ကာ တစ်ဘက်ကလည်း အုပ်စိုးသူ လူမျိုးခြား၏ယဉ်ကျေးမှုများက လွှမ်းမိုးလာလေတော့ မြန်မာအနုပညာရှင်များသည် ကိုယ့်ပညာကို ရင်ဝယ် သိမ်းသိမ်းထုပ်ထုပ် ပြုလုပ်ရုံကလွဲပြီး မတတ်နိုင်ကြတော့ပေ။ ရောက်ရာ နေရာဒေသမှာ ကျားကုတ်ကျားခဲ ရပ်တည်ပြီး ကိုယ့်အနုပညာ မပျက်အောင် မနည်းထိန်းသိမ်းနေကြရသည့် ကာလများပဲ ဖြစ်သည်။ မန္တလေး၌ ကျန်ရစ်သော ဝက်မစွပ် ဝန်ထောက်မင်း၊ လှေသင်း အတွင်းဝန်မင်းစသည်ဖြင့် ပုဂ္ဂိုလ်ကြီးများက မြင်တွေ့မှတ်ကြား တတ်သိထားသမျှ မပျောက်မပျက်ရအောင် ရေးချွတ် ထိန်းသိမ်းထားကြရသည်။ …
Read Moreမမြရင် ပါးပေါ်က အမာရွတ်လေး
ဆူးငှက် လေဘာတီမမြရင်အကြောင်း လွမ်းဆွတ်ဖွယ်ရာ ပြန်လှန်ပြောကြတော့ သူ့ပါးလေးပေါ်က အနာရွတ်လေး အကြောင်းက ပါစမြဲဖြစ်သည်။ ထိုစဉ်ကာလ မမြရင်တို့ စန်းထလိုက်ပုံက အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အရွယ်ပေါင်းစုံ၏အသည်းကျော် ဖြစ်နေသည်။ အငြိမ့်အပြီး မမြရင်နှင့် မိခင်ကြီး ဒေါ်ဉာဏ်ရုံတို့ အိမ်ပြန်မယ်ဆိုလျှင် လိုက်ပို့ချင်သူတွေက မရှား၊တန်းကို စီလို့တဲ့။ တစ်ခါတရံ ပုန်းရှောင်ပြီးမှ ဆိုက်ကားလေးနှင့်ပဲ လူသူမသိ ပြန်ကြရသည်။ သို့သော် ပရိသတ် အထင်အမြင်လွဲမှာ စိုးသောကြောင့် လိုက်ပို့ချင်သူ၏ ဆန္ဒကိုလိုက်လျောကာ သူတို့ကားပေါ် သားအမိနှစ်ယောက်သား ထိုင်လိုက်ရသည်လည်း ရှိသည်။ တစ်ညသား မြို့လယ်ခေါင် ဈေးခိုအနီးတွင် အငြိမ့်ရှိသောအခါ ထိုညပွဲအပြီးတော့ လိုက်ပို့ပါရစေဟု တစာစာပူဆာနေသူ တစ်ဦးကို လိုက်လျောခဲ့သည်။ သူကလည်း မမြရင် ပွဲကရာ အမြဲလိုက်ပါပြီး အငြိမ့်ပြီးသည်အထိ ကြည့်ရှုပြီးလိုက်ပို့ပါရစီ…
Read Moreမန္တလေးမှာ ဘာမှသုံးမရလို့ မြစ်ထဲ ကန်ချလိုက်တာ ရန်ကုန်မှာသောင်တင်ပြီး ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်ပါသေးတယ်
ဆူးငှက် “အပျော်တမ်း”ဟူသော စကားလုံးက မန္တလေးမှာ အထူးသဖြင့် အသုံးများသည်ဟု ထင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၈၀၊ ၉၀လောက် ကတည်းက ‘အပျော်တမ်း’ စကားလုံးကို တွင်တွင်ကျယ်ကျယ် သုံးစွဲခဲ့ကြ၏။ “အပျော်တမ်း ခြင်းလုံးအသင်း”၊“အပျော်တမ်း တူရိယာအသင်း”၊ “အပျော်တမ်း ကြက်တောင်ကလပ်”၊ “အပျော်တမ်း အလေးမအသင်း” စသည် စသည်ဖြင့် ဖြစ်ပါ၏။ တကယ်တော့ မန္တလေးသည် မြို့ပြ စတင် ဖွဲ့စည်း ကတည်းက “တူရာ တူရာ” စုဖွဲ့သည့် မြို့ပြပုံစံ ဖြစ်သည်။ အမရပူရနေပြည်တော်မှ ပြောင်းရွှေ့လာကတည်းက အမရပူရ နေပြည်တော်တွင် အခြေတကျ နေထိုင်ခဲ့ကြသည့် ရပ်ကွက်အတိုင်း “တူရာအိမ်နီးချင်း”များကို စုသည်။ ဥပမာ ဈေးချို၊ ဝါးတန်း သည်တို့ ဖြစ်၏။…
Read Moreလျှပ်စစ်မီးနဲ့ နွေအပူ
ရန်ကုန်၊ ဧပြီ-၂၄-၂၀၂၄SN (VOM)မြန်မာနိုင်ငံတဝန်းမှာ ရာသီဥတုပူပြင်းလာသလို လျှပ်စစ်မီးပျက်ချိန်တွေလည်း ပိုတိုးလာတဲ့အတွက် ပြည်သူလူထုအနေနဲ့ လူမှုဒုက္ခတွေကို အကြီးအကျယ် ရင်ဆိုင်နေကြရပါတယ်။ဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိတဲ့ မြို့ကြီးတွေအပါအဝင် နိုင်ငံတဝန်းမှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ အလွန်ကို ဆိုးရွားလာနေတာ ဖြစ်ပါတယ်။ ၄ နာရီခြား မီးပေး၊ မီးဖြတ်စနစ်နဲ့ အလှည့်ကျ မီးပေးနေတာဖြစ်ပေမယ့် မီးလာရမယ့်အချိန်မှာ အချိန်ပြည့် မီးမပေးနိုင်တာက အစဉ်အလာတခုလို ဖြစ်နေပါပြီ။အလှည့်ကျမီးပေးစနစ်လို့ ဆိုပေမယ့် မီးပြတ်တောက်ချိန် များနေတာကြောင့် နေအိမ် တော်တော် များများမှာ ဘက်ထရီနဲ့ အင်ဗာတာနဲ့ ဆိုလာပြားတွေကို အသုံးပြုကြရပါတယ်။ တချို့က အိမ်သုံး မီးစက်တွေကို ဝယ်ယူအသုံးပြုကြပါတယ်။ ဝပ်တထောင်ကနေ သုံးထောင်အထိ အသုံးပြုနိုင်တဲ့ ဓာတ်ဆီသုံး မီးစက်တွေကို အများဆုံးအသုံးပြုကြတာပါ။ ဓာတ်ဆီသုံးမီးစက်တွေကလည်း တနာရီကို ပျမ်းမျှ စက်သုံးဆီ တလီတာလောက် ကုန်ကျတာကြောင့် လက်ရှိ မြင့်တက်နေတဲ့ဆီဈေးနဲ့…
Read Moreပလတ်စတစ်အမှိုက်နဲ့ မြေကမ္ဘာနေ့
ဧပြီ ၂၃-၂၀၂၄ SN (VOM) ဧပြီ ၂၂ ရက်နေ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့ မြေကမ္ဘာနေ့ပါ။ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး၊ ဂေဟစနစ်ကြီး ပျက်စီးနေတာကို ကုစားရေးနဲ့ ပိုပြီးတော့ ကြာရှည် ရှင်သန်နိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ မြေကမ္ဘာနေ့ကို ဦးသန့်လက်ထက် ၁၉၇၀ ခုနှစ်၊ ဧပြီ ၂၂ မှာ စတင်ကျင်းပခဲ့တာဟာ ခုဆိုရင် (၅၄) နှစ်မြောက် ရှိနေပါပြီ။ ၂၀၂၄ ခုနှစ်ရဲ့ မြေကမ္ဘာနေ့ ဆောင်ပုဒ်ကတော့ “မြေကမ္ဘာနဲ့ ပလတ်စတစ်ပြဿနာ” (Planet vs. Plastics) ဖြစ်ပါတယ်။ ဘာကြောင့် ဒီဆောင်ပုဒ်ကို သတ်မှတ်ရတာလဲဆိုရင် ပလတ်စတစ်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာတာကြောင့်လို့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က မှတ်ချက်ပြုပါတယ်။ ၁၉၅၀…
Read Moreသမီးရဲ့ဦး၊ လောပန်းလောင်းနှင့် သီပေါရာဇာ ပါတော်မူရှာပြီ
ဆူးငှက် ၁၉၉၀လွန်ကာလ မန္တလေး၏ အနောက်တောင် ကျုံးထောင့် ရေပေါ်ဥယျာဉ် စင်တင်မှ စလိုက်သည်မှာ ထိုစဉ်က လူသူအသွားအလာ နည်းပါးသည့် သိပ္ပံလမ်းပေါ်မှာလည်း စင်တင်တေးဂီတနှင့် ဘီယာဆိုင်တွေ အပြိုင်းအရိုင်း ပေါ်လာသည်။မြောက်ပြင် မြင်းပြိုင်ကွင်းအနီးက စင်တင်ကလည်း နာမည်ကြီးလာသည်။ ထို့အတူ မျက်ပါးရပ်စစ်တပ်ဝင်း အနောက်ပေါက်ကစင်တင်၊ အရှေ့ကျုံးထောင့် ၂၄လမ်းက စင်တင်၊ ဘူတာကြီး အနောက်ဘက် ၇၉လမ်းပေါ်က စင်တင်သာမက မြို့လယ်ခေါင်ဈေးချိုအပေါ်ထပ် တိုက်တန်းကြီး အပေါ်ထပ်စင်တင်၊ ကျောက်သွေးတန်းက စင်တင်တွေလည်း ထင်ရှားသည်။ ထိုစင်တင်များတွင် လူငယ်ကြိုက် ဆိုသော်ငြား ထိုစဉ်ကာလ ဝင်ငွေကောင်းသော အရောင်းအဝယ်သမား၊ ကျောက်သမား၊ ကိုယ်ပိုင်ကျောင်းပိုင်ရှင် ကိုယ်ပိုင်ကျောင်းဆရာများက အများဆုံးဓာတ်ကျသည်။ သူတို့က ခေတ်ပေါ်လည်း ရသည်။မြန်မာသံလည်း ရသည်။ ထိုစင်တင်များ မြန်မာသံ အဆိုတော်များ၏ အမာခံပရိသတ်က လူငယ်များ…
Read More