ဆူးငှက် “အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန်… ၁၁၄၄ ခုနှစ်က အမရပူရရွှေနိုင်ငံ… ရေချိုတွင်းနဲ့ ပျံ့နန်းလှန်… ရွှေဘိုမင်းဆက် မှန်နန်းစံ၊ မြတ်ဘိုးတော် သူစီမံ အင်းကြီးတောင်သမန်…”တဲ့။ ဂန္ထဝင်တေးပြုစာဆိုကြီး နန်းတော်ရှေ့ဆရာတင်က “တောင်သမန်”ကို ဖွဲ့ဆိုရင်းနဲ့ အမရပူရကို ပုံဖော်ခဲ့တယ်။ အမရပူရကို ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်မှာ(ခရစ် ၁၇၈၂)မှာ အလောင်းမင်းတရားရဲ့သားတော် ဘိုးတော်ဘုရားခေါ် ဗဒုံမင်းက တည်ခဲ့ပါတယ်။ ဘိုးတော်ဘုရားဟာ အမရပူရ ရွှေနန်း တော်မှာ ၃၇ နှစ် နန်းစံပြီး သက်တော် ၇၅ နှစ်မှာ နတ်ရွာစံခဲ့တယ်။ ဘိုးတော်ဘုရား လွန်ပြီးနောက် စစ်ကိုင်းမင်းခေါ် ဘကြီးတော်က အင်းဝမှာ ပြောင်းရွှေ့ နန်းစံပြန်တယ်။ အင်းဝမှာ ဘကြီးတော်က ၁၈ နှစ် နန်းစံပြီး ရွှေဘိုမင်းခေါ် သာယာဝတီမင်းက…
Read MoreCategory: Article
စကားပြေလား၊ စကားပြောလား
ဆူးငှက် ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်၏ မိုးစိမ့်စိမ့် နံနက်စောစောတွင် မန်္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန် လက်ဖက် ရည်ဆိုင်လေးမှ နွားနို့ကဲသော ချိုစိမ့်စိမ့် လက်ဖက်ရည် တစ်ခွက်စီ သောက်အပြီး မိုးရေစိုစွတ်ဆဲ ဝေးပြေးလမ်းမကြီးအတိုင်း တည်းခိုရာ နေရာလေးဆီသို့ ကျွန်တော်တို့ ၃ဦးသား လမ်းလျှောက်ပြန်ခဲ့ကြသည်။ ကျွန်တော်တို့ ၃ဦးသားဟု တန်းညှိ၍ ဆိုရာတွင် ကျန် ၂ယောက်က ကျွန်တော့်ထက် အသက်ရော ဝါရော ကြီးသူများ ဖြစ်ကာ နိုင်ငံရေးအရ ခိုင်ကျည်သော ယုံကြည်ချက်ဖြင့် နရသိန် ၂ကျော့ပြန်များ ဖြစ်သည်။ တစ်ဦးက အင်္ဂလိပ်စာပြဆရာ အယ်ဒီတာ၊ တစ်ဦးက သုတေသန သမား စာကြည့်တိုက်မှူး။ အင်္ဂလိပ်စာပြဆရာ အယ်ဒီတာက ကျွန်တော့် အစ်ကိုလို ဆရာလို ဖြစ်သည်။ သုတေသနသမား စာကြည့်တိုက်မှူးက မန္တလေးရောက်တာ မကြာသေး၊ သူ့ကို…
Read Moreအနုအလှ စာသားများနှင့် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)
ဆူးငှက် တေးပြုစာဆို ဦးဘသိန်း(မန္တလေး)ကို ၁၂၇၃ခု ဝါဆိုလပြည့်ကျော် ၃ရက် (၁၉၁၁ခု ဇူလိုင်လ ၁၃ရက်) ကြာသပတေးနေ့တွင် မန္တလေးမြို့ ဈေးချိုတော် အနီး ရေကြည်ရပ်နေ အဖဦးပေါအိ၊ အမိဒေါ်ခင်တို့က မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်ကတည်းက ဂီတအပေါ် မွေ့လျော်ဝါသနာထုံခဲ့ပြီး မြန်မာဂီတာ၊ ဟာဝေယံဂီတာနှင့် တယောထိုးခြင်း တို့ကို လေ့လာသင်ယူကာ ကþမ်းကျင်စွာ တီးခတ်ခဲ့သူဖြစ်သည်။ ဂီတနှင့် ကျွမ်းဝင်သူဖြစ်သည့်အလျောက် အသက်(၁၉)နှစ် အရွယ် ၁၉၃၀ခုနှစ်တွင် တယောဆရာကြီး ဦးကြီးငွေ(ရှုမ၀ ပန်းချီ)၊ ဦးဘဝင်းတို့နှင့် ဆက်နွယ်ပြီး မြို့မအပျော်တမ်းတူရိယာအသင်းသို့ ဝင်ရောက်ခဲ့သည်။ မြို့မ အပျော်တမ်းတူရိယာအသင်းတွင် တယောတူရိယာသမား အဖြစ်ပါဝင်တီးခတ်ခဲ့ရာမှ မြို့မတူရိယာအသင်းကို စတင်တည်ထောင်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ ကိုဘညိန်း (မြို့မငြိမ်း)၏ သင်ကြားပေးမှုဖြင့် အသင်းတွင် လိုအပ်နေသော ဆလိုက်ထရန်ဘုံး လေမှုတ်တူရိယာပစ္စည်းကို တီးမှုတ်ခဲ့သည်။ မြို့မတူရိယာအသင်းမှ ဓာတ်ပြားသွင်းခဲ့သည့်…
Read Moreဓာတ်ရထားမှသည် မီနီအိုးဝေသို့
ဆူးငှက် မန္တလေး ရတနာပုံ နေပြည်တော် တည်ထောင်ရာတွင် သတ္တဌာန အပါအဝင် ဖြစ်သည့် နန်းတော်မြို့ရိုးကို သာသနာ ၂၄ဝဝပြည့်နှစ် အထိမ်းအမှတ်အဖြစ် မြို့တော်ကို လေးထောင့် စတုရန်းတည်၍ မြို့ရိုးအနား တစ်ဘက်လျှင် တာ ၆ဝဝ စီဖွဲ့လျက် ကိုက်ပေါင်း ၂၂၁၆ကိုက်၊ လေးဘက်ပတ်လည် စုစုပေါင်း ၅မိုင်၁ဖာလုံရှည် စတုရန်းအကွက်ချ တည်ဆောက် သည်။ တစ်မျက်နှာလျှင်၁မိုင်၂ဖာလုံကျော်မျှ ရှိသည်ဟု ခန့်မှန်းနိုင်သည်။ မြို့ရိုးထုအမြင့် ၂၇ပေ၊ ထု ၁ဝပေရှိ၏။ မြို့ရိုးတစ်လျှောက် သူရဲခိုများထားရှိရာသူရဲခို ၃၈ဝဝ ခန့်ရှိသဖြင့် ရှေးခေတ်မြန်မာစစ်သည် အင်အား သုံးနိုင်ပုံကို ခန့်မှန်းနိုင်သည်။ သူရဲခိုများတွင် သေနတ်ပစ်ရန် အပေါက်ငယ်မှာ ၂ပေ၉လက်မကျယ်ဝန်း၏။ ၁ပြကြားတွင် သူရဲခိုပေါင်း ၇ဝ ရှိသည်။ မြို့ရိုးတစ်လျှောက်…
Read Moreလက်ဆည်ကန် ဝင်းလိုက်ရုံရှေ့ က၊ လွတ်လပ်ရေး အကြိုည
ဆူးငှက် လွတ်လပ်ရေးနေ့ အကြိုညတွင် မန္တလေး လက်ဆည်ကန်ရပ်ရှိ ဝင်းလိုက်ရုပ်ရှင်ရုံရှေ့၌ မြို့မတူရိယာအဖွဲ့က မြို့လူထုကို သီဆို တီးမှုတ်ဖျော်ဖြေခဲ့သတဲ့။ ထိုပွဲတွင် သီချင်းတစ်ပုဒ်ကို မြို့မကတီးမှုတ်ရာတွင် ကမ္ဘာ့သင်္ကေတနည်းပညာ(music notes) တတ်မြောက် ထားကြသူများမို့ တူရိယာတီးမှုတ်သူတိုင်း၏ ရှေ့တွင် သင်္ကေတ စာရွက်များ ချထားကာ မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသတဲ့။ ထိုနေ့ညက ထိုသီချင်း သီဆိုသူမှာ အဆိုတော် ကိုသိန်းတန်တဲ့။ တီးမှုတ်ကြသည့် မြို့မ အဖွဲ့သားများမှာ တယော၊ ဦးရင်လေး၊ ကိုကြီးငွေ၊ မြို့မငြိမ်း၊ အကော်ဒီယမ် ကိုအေးမောင်၊ ဘေ့(စ်)ကိုဘသင်၊ ဘင်ဂျိုကော့(တ)ကိုသိန်း၊ ကလယ်ရီနက် တောင်မြို့ ဦးကိုလေး၊ ကိုတင်အေး၊ ကိုကောင်းညွန့်၊ ကိုစော၊ ဆိုက်ဆိုဖုန်းဦးသောင်း၊ ဂီတာကိုဘသိန်း၊ ကိုဘရှင်(တောင်မြို့)၊ ထရန်ပက်ကိုဘကျင်၊ ဂျက်(ဇ်)ကိုလှဒင်၊ ကိုထွန်းရှိန် တို့ဖြစ်သည်။ ထိုနေ့ညပွဲတွင် စန်္ဒရားမပါရှိခဲ့၊ ကလယ်ရီနက်တွင် ညာသံဆိုလို…
Read More“အမိတက္ကသိုလ်ကို လွမ်းမိတဲ့ အခါ…”
သွေး (စစ်ကိုင်း) တက္ကသိုလ်တက်ရောက် ပညာသင်ယူခဲ့သူတိုင်း တက္ကသိုလ်ရဲ့ နေ့ရက်တွေကို သတိတရရှိနေတတ်ကြပါတယ်။ ရန်ကုန်တက္ကသိုလ် လို့ ဆိုလိုက်ရင် “အဓိပတိလမ်း” နဲ့ “ကံ့ကော်ပန်း” တွေကို ပြေးမြင်ယောင်မိမှာ ဖြစ်သလို မန္တလေးတက္ကသိုလ် လို့ ဆိုလိုက်ရင် မိန်းအဆောက်အဉီနဲ့ စိန်ပန်းတွေကို မြင်ယောင်မိမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို ပြည့်ပြည့်ဝဝ ရရှိခဲ့တဲ့ ရက်စွဲတွေကို ပြန်တမ်းတမိတိုင်း ကျောင်းနေဖက် သူငယ်ချင်းတွေကိုပါ သတိရမိပါရဲ့။ မန္တလေးတက္ကသိုလ်မှာ ရူပဗေဒအထူးပြု ကျောင်းသူတစ်ယောက်အနေနဲ့ တက်ရောက်ခဲ့ရတဲ့ အချိန်တွေဟာ ကျမရဲ့ ဘဝမှာ အပျော်ရွှင်ဆုံးကာလ တစ်ခုပါပဲ။ အထက်မြန်မာနိုင်ငံက အထင်ကရတက္ကသိုလ် ဖြစ်တဲ့ အတွက် အနယ်နယ်အရပ်ရပ်က ကျောင်းသား, ကျောင်းသူတွေ တက်ရောက်တဲ့ တက္ကသိုလ်ဆိုရင်လည်း မမှားပါဘူး။ ကျမတို့ ကျောင်းတက်စဉ်က ဖယ်ရီလို့ ခေါ်တဲ့ ကျောင်းကြို/ပို့ကားနဲ့…
Read Moreရာသီဥတုပြောင်းလဲမှုကို သတိပြုပါ
သွေး (စစ်ကိုင်း) ရာသီဥတုပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ကမ္ဘာတဝှမ်း တွေ့ကြုံခံစားလာနေရ တာ တွေ့ရပါတယ်။ အစွန်းရောက် ရာသီဥတုဖြစ်တဲ့ ရေကြီးမှု မိုးခေါင်ရေရှားမှုတို့ကို ခံစားနေကြရုံသာမက တောမီးလောင်မှု အပူချိန်အလွန်အမင်း မြင့်တက်မှု မုန်တိုင်းတိုက်ခတ်မှုတွေလည်း ပိုများလာနေတာပါ။ မြန်မာနိုင်ငံမှာလည်း ၂၀၂၃ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက်မှု အများအပြား ရှိခဲ့ပါတယ်။ Global Warming လို့ ခေါ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး ကမ္ဘာ့အင်အားကြီး စက်မှုနိုင်ငံတွေအနေနဲ့ ထိထိရောက်ရောက် လုပ်ဆောင်မှု အားနည်းနေလို့ပါပဲ။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်လည်ပတ်မှု သစ်တောပြုန်းတီးမှု တရားမဝင် သစ်တောခုတ်လှဲမှု အပါအဝင် လူသားတွေရဲ့ အဆင်ခြင်မဲ့ လုပ်ဆောင်ချက် တွေကြောင့် ကမ္ဘာကြီး ပူနွေးလာရတာ…
Read MoreThis Day in History: August 1 Voice of Myanmar
This Day in History: August 1 Voice of Myanmar အင်္ဂလိပ်ဓါတုဗေဒပညာရှင် ဂျိုးဆက်ပရစ်စလေသည် ဓါတ်ငွေ့ဆိုင်ရာ သမိုင်းဝင်တွေ့ရှိမှုအဖြစ် အောက်ဆီဂျင်ကို ဓါတ်ငွေ့အခြေအနေအတိုင်း ခွဲထုတ်ပြီး ၁၇၇၇ ခုနှစ် သြဂုတ် ၁ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ #VoiceOfMyanmar #VOM #ThisDayinHistory #August1 #သမိုင်းထဲကဒီနေ့
Read Moreချောက်ထဲကျဖို့ လက်တလုံးအလိုမှာ ကယ်ဖို့ပြင်မလား တွန်းချမလား စဉ်းစားခန်း
မန္တလေး- ဇန်နဝါရီ ၂၃-၂၀၂၁ ဆွေလင်းထွန်း+နေလင်း(VOM) အချိန်သည်ကား ဒီမိုကရေစီဘိုးအေနိုင်ငံကြီး အမေရိကန်ရဲ့ ရွေးကောက်ပွဲရလာဒ်တွေကြေငြာအပြီး ဒုတိယအကြိမ် သမ္မတဖြစ်လိုသော်လည်း ဒေါ်နယ်ထရန့်လိုလားသူတွေက အမျိုးမျိုးကန့်ကွက်၊ လွှတ်တော်ကိုဝင်စီးပြီးနောက် ထရန့်တယောက် အားမတန်လို့ မာန်လျှော့ပြီး ထွက်တော်မူဖို့ အိမ်ဖြူတော်ကနေ စီးတော်ရဟတ်ယာဉ်ပေါ်အတက် နောက်ဆုံးနုတ်ဆက်ခြင်း တာ့တာ့ဘိုင့်ဘိုင်လုပ်နေချိန်။ အနောက်ခြမ်းက ဒီမိုကရေစီဘိုးအေကြီးရဲ့ ရွေးကောက်ပွဲနဲ့ ရှေ့နောက်ကျင်းပခဲ့တဲ့ ရွှေမြန်မာနိုင်ငံမှာလည်း နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပြီးကတည်းက မဲရလာဒ် အငြင်းပွားမှုတွေကြောင့် ရှင်းလင်းပွဲတွေ၊ တရားအပြိုင်အဆိုင်စွဲတာတွေ ၊ ဆန္ဒပြပွဲတွေ နဲ့ ထောက်ခံပွဲမျိုးစုံ မြို့အတော်များများမှာလုပ်နေချိန် အဖမ်းခံပွဲ၊ လူဖမ်းပွဲတွေ လည်း တပြိုင်တည်းဖြစ်နေချိန် ။ အခြားတဖက်မှာတော့ ၂၀၂၀ နိုဝင်ဘာ ၈ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အနိုင်ရပါတီက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အစိုးရဖွဲ့ဖို့ ဖေဖော်ဝါရီ ၁ရက်မှာ…
Read Moreသိပ္ပံနည်းပညာရဲ့ ကဏ္ဍကတော့ ပြီးပြီ၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ကဏ္ဍက ဘယ်လိုလဲ
ရေးသားသူ- ဘရာဂျင်ဒြာ နဗ်နစ် (အိန္ဒိယသံအမတ်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အိန္ဒိယနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်) အိန္ဒိယ၊ တောင်အာဖရိကအပါအဝင် အခြားသော နိုင်ငံ ၈ ခုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ကုန်သွယ်ရေးဆိုင်ရာ မူဝါဒဆိုင်ရာတွေထဲက မူပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ အချို့အချက်အလက်တွေကို ခေတ္တဖြေလျှော့ပေးဖို့ အဆိုပြုတင်ပြထားပါတယ်။ ဒါက ဘာလဲဆိုတော့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးတွေ ကုသဆေးတွေကို အရှိန်အဟုန်မြှင့်ပြီး ထုတ်လုပ်လာကြတဲ့အခါ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ TRIPS လို့ အများသိကြတဲ့ မူပိုင်ခွင့်ဆိုင်ရာ မူဝါဒတွေက ဒီအဆိုပြုတဲ့ နိုင်ငံတွေရဲ့ ဆေးဝါးထုတ်လုပ်မှုတွေကို အဟန့်အတား မဖြစ်စေဖို့ပါပဲ။ အဆိုပြုချက်အပေါ် ကန့်ကွက်လိုသူ အနည်းစု ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှာ ရှိခဲ့ပေမယ့် ဒီအဆိုပြုချက်ကို အဖွဲ့ဝင်တွေ အတော်များများက သဘောတူ ထောက်ခံခဲ့ကြပါတယ်။ အမျိုးမျိုးသော နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကမ္ဘာတဝှမ်းက…
Read More