ရွေးကောက်ပွဲ ကျင်းပနေချိန် လွိုင်ကော်နဲ့ သံတောင်ကြီးမြို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

ရွေးကောက်ပွဲ ကျင်းပနေချိန် လွိုင်ကော်နဲ့ သံတောင်ကြီးမြို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဒီဇင်ဘာ ၂၈ – ၂၀၂၅ SN (VOM) ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း ကယားပြည်နယ် လွိုင်ကော်နဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့မှာ ရှော့ဒိုက်ဒုံး ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ တိုက်ခိုက်ရေး သင်တန်းကျောင်း (ဘုရင့်နောင်) မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။ ဒါအပြင်…

Read More

ချောင်းဆုံမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော်နေရာ ပြည်ခိုင်ဖြိုးရှုံးနိမ့်၊ တိုင်းဒေသကြီနဲ့ ပြည်နယ်အများစု အနိုင်ရထားတယ်လို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူပြော

ချောင်းဆုံမှာ ပြည်သူနဲ့ အမျိုးသားလွှတ်တော်နေရာ ပြည်ခိုင်ဖြိုးရှုံးနိမ့်၊ တိုင်းဒေသကြီနဲ့ ပြည်နယ်အများစု အနိုင်ရထားတယ်လို့ ပြည်ခိုင်ဖြိုး ပြောရေးဆိုခွင့်ရှိသူပြော ဒီဇင်ဘာ ၂၉ ၊ ၂၀၂၅ GG (VOM) မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဝင်ရောက် ယှဥ်ပြိုင်တဲ့ ချောင်းဆုံမြို့နယ် မဲဆန္ဒ နယ်မှာ ညတုန်းက မဲရေတွက်ပြီး ရလဒ်အခြေအနေရ မဲအသာစီးနဲ့ မွန်ညီညွတ်ရေးပါတီ MUP က လွှတ်တော်နေရာ သုံးရပ်လုံးကို အနိုင်ရရှိထားပေမယ့် ဒီနေ့မနက်ပိုင်း မဲအားလုံး ရေတွက်ပြီးစီးချိန်မှာတော့ လွှတ်တော်နေရာ နှစ်ရပ်ကိုသာ အနိုင်ရခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော် နေရာကိုတော့ ဝန်ကြီးချုပ်ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP က အနိုင် ရရှိသွားတယ် လို့သိရပါတယ် ။ ” ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ပဲ နိုင်တယ်။ ညကတော့ အကုန်လုံးကို ကျွန်တော်တို့ ဘက်ကနိုင်တယ် သိရတယ်။ ညတုန်းက…

Read More

ပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီး​တေဇ​ကျော်နဲ့ ကိုယ်စားလှယ်​လောင်း​တွေ ​အောင်​မြေသာစံ အ​နောက်ပိုင်းမှာ မဲရဖို့စည်းရုံး

မန္တ​လေး ၊ ဒီဇင်ဘာ ၅-၂၀၂၅ Voice Of Myanmar အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ မန္တ​လေးမှာ ပြည်ခိုင်ဖြိုးပါတီ​အောင်နိုင်​ရေးအတွက် မဲဆွယ်ပွဲ​​တွေ အင်နဲ့အားနဲ့ ​နေရာစိပ်စိပ်လုပ်လာတာ​တွေ့ရပါတယ်။ ဒီ​နေ့ ဒီဝင်ဘာ ၅ရက် မနက်ပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် သီရိမာလာအ​နောက်ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ အမျိုးသားလွှတ်​တော် ကိုယ်စားလှယ်​လောင်း ဦးဟိန်းမင်းဦးနဲ့ တိုင်း​ဒေသကြီး PR ကိုယ်စားလှယ်​လောင်း ဦး​ကျော်ဆန်းတို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။ ​အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက်…

Read More

ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးတဲ့ ဦးဟိန်းမင်းဦး

မန္တလေး ၊ ဒီဇင်ဘာ- ၅-၂၀၂၅ VOICE OF MYANMAR မန္တလေးတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃ )ကနေ ပြည်ခိုင်ဖြိုးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးဟိန်းမင်းဦးနဲ့ VOM အယ်ဒီတာချုပ် ဦးနေလင်းတို့ သီးသန့်မေးမြန်းခန်းမှာ ပြည်သူ့အကျိုး ပိုမိုခိုင်မာအောင် လုပ်ပေးမယ်လို့ ကတိပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို ပိုမိုခိုင်မာအောင် ထမ်းဆောင်ပါမယ်၊ ဘဝမှာ သသင်ကြားခဲ့တဲ့ ပညာ၊ အတွေ့အကြုံ၊ အရည်အချင်းတွေကို ပြည်သူတွေအတွက် စေတနာထားပြီး အစွမ်းကုန် စွမ်းဆောင်မယ်ဆိုတဲ့အကြောင်းနဲ့ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးရအောင် မဲစာရင်းတွေ စစ်ဆေးဖို့ လုပ်ဆောင်ပေးနေတဲ့ အကြောင်းတွေကို ဦးဟိန်းမင်းဦးက ပြောပါတယ်။

Read More

အမရပူရမှာ တစည ပါတီ ​​ရွေး​ကောက်ပွဲ​ အောင်နိုင်​ရေးဆိုင်းဘုတ်​တွေ စိုက်ထူ

နိုဝင်ဘာ ၂၉-၂၀၂၅ Voice Of Myanmar တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီ(တစည) ဟာ အမရပူရမြို့နယ်မှာ ရွေး​ကောက်ပွဲ​အောင်နိုင်​ရေးအတွက် ​လူစည်တဲ့​နေရာ​တွေမှာ မဲဆွယ်ဆိုင်းဘုတ်​တွေကို ဒီက​နေ့ နိုဝင်ဘာ ၂၉ ရက်မနက်ကလိုက်လံစိုက်ထူခဲ့ပါတယ်။ အမရပူရမြို့နယ်က​နေ တစညပါတီရဲ့ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်းအဖြစ် ဦး​ကျော်မျိုး​ရွှေ၊ ပြည်သူ့လွှတ်​တော်အတွက် ဦး​အောင်ထွန်း၊ တိုင်း​ဒေသကြီးလွှတ်​တော်အတွက်​ဒေါ်ဝင်းဝင်း​အေးတို့က ဝင်​ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမရပူရက​နေဝင်​ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား​လှယ်​လောင်း​တွေ ပြည်သူအတွက် ဘာလုပ်​ေပးကြမလဲ VOM ရဲ့ ရုပ်သံသတင်းအတွက် ​ေမးမြန်းခဲ့ပါတယ်။

Read More

ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးခံထားရသူတွေထဲက လေးယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်

နိုဝင်ဘာ ၂၁ ၊ ၂၀၂၅ CC (VOM) ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူခံထားရတဲ့အထဲက အမျိုးသားသုံးယောက်နဲ့ အမျိုးသမီး တယောက်တို့ကို သက်ဆိုင်ရာ မြို့နယ်တရားရုံးတွေက နိုဝင်ဘာ ၁၉ ရက်က နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက် မြို့နယ် နဲ့ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ် တရားရုံးက အသက် ၂၃ နှစ် အရွယ် ကိုရန်နိုင်ကြည်ဝင်း နဲ့ အသက် ၂၄ နှစ် အရွယ် ကိုအောင်ရဲထွဋ်တို့ကို ထောင်ဒဏ် ၄၉ နှစ်စီချမှတ်ခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မယမင်းထက် ကိုတော့ ထောင်ဒဏ် ၄၂ နှစ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ရန်နိုင်ကြည်ဝင်း နဲ့ အောင်ရဲထွဋ်တို့ကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ…

Read More

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ မန္တ​လေးတိုင်း မဟာ​အောင်​မြေမြို့နယ် ​အောင်နိုင်​ရေးဆိုင်းဘုတ်တင်

မန္တ​လေး နိုဝင်ဘာ ၂၁-၂၀၂၅ မန္တ​လေးတိုင်း၊မဟာ​အောင်​မြေခရိုင်မှာပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ​အောင်နိုင်​ရေးဆိုင်းဘုတ်တင်ပွဲကို ၇၈လမ်းနဲ့ ၃၈ လမ်း​ထောင့်မှာ ဒီ​နေ့ နိုဝင်ဘာ ၂၁ရက် မနက်က ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ မဟာ​အောင်​မြေ တိုင်း​ဒေသကြီး လွှတ်​တော်ကိုယ်စားလှယ်​လောင်း ​ဒေါ်ခင်လှလှ၊ အမျိုးသားလွှတ်​တော်ကိုယ်စားလှယ်​လောင်း ​ဒေါက်တာသံလွင်ထွန်း၊ ရှမ်းတိုင်းရင်းသားလွှတ်​တော်ကိုယ်စားလှယ်​လောင်း ​ဒေါ်နန်းစွမ်း​မောက်၊ပြည်သူ့လွှတ်​​တော်ကိုယ်စားလှယ်​လောင်း ဦးပြည့်ဖြိုး​အောင်၊ တိုင်း​ဒေသကြီး အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်​​လောင်း ဦး​ဝေလွင်ဖြိုး၊ မဲဆန္ဒနယ် အမှတ်၂ အချိုးကျကိုယ်စားပြု ကိုယ်စားလှယ်​လောင်းဦး​ဇော်မျိုးဦးတို့ကို VOMက ​တွေ့ဆုံ​မေးမြန်းကြည့်ခဲ့ပါတယ်။

Read More

ပြည်ခိုင်ဖြိုးပါတီက ဒုတိယဗိုလ်ချုပ်ကြီး​တေဇ​ကျော်နဲ့ မန္တ​လေးတိုင်းဝန်ကြီးချုပ်ဦးမျိုး​အောင်တို့ မန္တ​​လေးမှာ မဲဆွယ်ပွဲစိပ်လာ

မန္တ​လေး ၊နိုဝင်ဘာ ၂၂-၂၀၂၅ Voice Of Myanmar အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်နဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ မန္တ​လေးမှာ ပြည်ခိုင်ဖြိုးပါတီ​အောင်နိုင်​ရေးအတွက် မဲဆွယ်ပွဲ​​တွေ အင်နဲ့အားနဲ့ ​နေရာစိပ်စိပ်လုပ်လာတာ​တွေ့ရပါတယ်။ ဒီ​နေ့နိုဝင်ဘာ ၂၂ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် နန်း​ရှေ့ရပ်မှာ လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်တို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။ ​အောင်​မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်​တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်​တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ တိုင်း​ဒေသကြီးအတွက် လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်၊ ရှမ်းတိုင်းရင်းသား​ရေးရာအတွက် ဦးစိုင်း​အောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦး​ကျော်ဆန်းနဲ့ ဦးခင်​မောင်မြင့်တို့…

Read More

ကျားဖြူပါတီက မြောက်ဒဂုံမြို့နယ် သုံးနေရာမှာ အောင်နိုင်ရေး ဆိုင်းဘုတ်တင်

နိုဝင်ဘာ ၂၃ – ၂၀၂၅ SS (VOM) ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် သုံးနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်၊ မနက်ပိုင်းက ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့ မနက် ၉ နာရီမှစတင်ကာ မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံမှာ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့တာဖြစ်ပြီး ဒုတိယမြောက် ဆိုင်းဘုတ်ကိုတော့ ပင်လုံ၊ ဘေလီတံတားအဆင်းရှိ သီတဂူကျောင်းနားနဲ့ တတိယဆိုင်းဘုတ်ကိုတော့ ဗထူးလမ်းနဲ့ ဦးဝိစာရ လမ်းထောင့်မှာ စိုက်ထူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျားဖြူပါတီရဲ့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်သီတာရွှေက “ဒီနေ့ကတော့ ဆိုင်းဘုတ် စိုက်ထူတာကိုပဲ လုပ်တာပါ။ ကိုယ်စားလှယ်လောင်း မိတ်ဆက်တာ မပါပါဘူး။ ဒီနေ့အခမ်းအနားလေးကနေ ပြည်သူတွေကို ပြောချင်တာကတော့ ကျွန်မတို့ပါတီက…

Read More

ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းမိတ်ဆက်ပွဲနဲ့ ရွေးကောက်ပွဲကြေငြာစာတမ်း လူထုထံတင်ပြပွဲ မန္တလေးမှာ ကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၅ Voice Of Myanmar မန္တလေးမြို့လယ်မှာရှိတဲ့ မြို့တော်ခမ်းမမှာ ဒီကနေ့ နိုဝင် ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး မန္တလေးတိုင်းအတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးခဲ့ပြီး ပါတီရဲ့ ရွေးကောက်ပွဲ ကြေငြာစာတမ်းကိုလည်း လူထုဆီတင်ပြတဲ့ အခမ်းအနားကျင်းပခဲ့ပါတယ်။ ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့ သတ်မှတ်ကိုယ်စားလှယ်လောင်း ပြည့်မီရေး ရုန်းကန်နေရ ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးခင်ရီနဲ့ မန္တလေးတိုင်းကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ် ၉၀ ကျော်တက်ရောက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တွေ တက်ရောက်ခဲ့ပါတယ်။

Read More
VOM News

FREE
VIEW