မကြိုက်တဲ့သူ အုပ်ချုပ်တာမခံချင်ရင် ကိုယ်ကြိုက်တဲ့သူကို မဲပေးဖို့လိုတယ်

မန္တလေး၊ နိုဝင်ဘာ- ၁၇ – ၂၀၂၅ SA(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀ – ၅၅ လမ်း၅၆ လမ်းကြားမှာရှိတဲ့ ဖူဆယ်ဘောလုံးကွင်းမှာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မနက်ခင်းက ချမ်းအေးသာစံမြို့နယ်ကို ကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း တွေနဲ့ ပြည်သူလူထုကို မိတ်ဆက်တဲ့ အခမ်းအနားမှာ ပါတီအလုပ်အမှုဆောင် ဗဟိုကော်မတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အခုလိုပြောခဲ့တာပါ။ အဲ့ဒီပွဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင် ရွေးကောက်ခံကြမယ့် ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီဝင် ၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ #vom #voiceofmyanmar #mandalay #PP #ပြည်သူ့ပါတီ

Read More

ပြည်သူ့ပါတီမှ ဦးလွင်မြင့်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ UEC ပြော

နိုဝင်ဘာ ၁၇ – ၂၀၂၅ SS (VOM) ပြည်သူ့ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်း ရှိ၊ မရှိ စိစစ်ပြီး အရေးယူမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အသိပေး ထုတ်ပြန်ထားပါတယ်။ ဦးလွင်မြင့်ဟာ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲအတွက် ဦးလွင်မြင့်အနေနဲ့ ပြည်သူ့ပါတီရဲ့ TikTok လူမှုကွန်ရက်ကနေ တဆင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခဲ့တာမှာ “အရေးတော်ပုံ” ၊ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးတွေကို ပြောဆို သုံးနှုန်းခဲ့တယ်လို့ သိရပါတယ်။ မဲဆွယ် စည်းရုံးရေးအတွက် ဦးလွင်မြင့် ပြောဆိုခဲ့တာက “ကျွန်တော်တို့ ပြည်သူ့ပါတီ ဆိုတာဟာ…

Read More

ရွေးကောက်ပွဲ ဥပဒေနဲ့ အရေးယူခံရသူ အယောက် ၁၀၀ နီးပါး ရှိလာ

နိုဝင်ဘာ ၁၉ – ၂၀၂၅ SN (VOM) လက်ရှိမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ပျက်ပြားအောင် လုပ်ဆောင်မှုကြောင့် ဖမ်းဆီး၊ အရေးယူခံရသူ အယောက် ၁၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်၊ ပြုလုပ်သူတွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး အစိုးရ တာဝန်ရှိသူတွေက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေတွေနဲ့ ဖမ်းဆီး အရေးယူနေတာ ဖြစ်ပါတယ်။ ဒီလို အရေးယူမှုတွေနဲ့ ပတ်သက်လို့ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က “ရွေးကောက်ပွဲ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှုတွေ၊ ပြောဆို ဖော်ပြချက်တွေ ရှိလာရင် အရေးယူသွားမှာပါ။…

Read More

သတင်းမီဒီယာသမားများအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၁၃- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ ရှိတဲ့ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှာ သတင်းမီဒီယာသမားတွေအတွက်လာမယ့် ၂၀၂၅ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးတိုင်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့ တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်သန်းထွန်း မြန်မာနိုင်ငံ နဲ့ သတင်းမီဒီယာကောင်စီဝင် ဦးကြည်ညွန့် တို့က ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြစ်မြောက်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ သတင်းမီဒီယာသမားတွေကို ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်တွေ ပေးအပ်ခဲ့ပါတယ်။ #vom #voiceofmyanmar #mandalay #UEC #ရွေးကောက်ပွဲ #လမ်းညွှန်စာအုပ်

Read More

မြန်မာ့သမိုင်းထဲက ရွေးကောက်ပွဲ

SN (VOM) မြန်မာနိုင်ငံဟာ အထွေထွေ ရွေးကောက်ပွဲတွေကို လွန်ခဲ့တဲ့ ၁၉၂၂ ခုနှစ်မှ စတင်ကာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အထိ နှစ်ပေါင်း ၁၀၀ နီးပါး ကာလအတွင်း ရွေးကောက်ပွဲ အကြိမ်ရေ စုစုပေါင်း ၁၇ ကြိမ်အထိ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဘုရင်စနစ်ကို ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ၁၉၂၂ ခုနှစ် မတိုင်မီက ရွေးကောက်ပွဲဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကိုလိုနီခေတ်မှာတော့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံရေး အသိအမြင်တွေ တိုးတက် ပြောင်းလဲလာခဲ့ပါတယ်။ ဒါကြောင့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေး စနစ်တွေကို တိုးမြှင့် ပြောင်းလဲပေးခဲ့ရပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ဂျီစီဘီအေ အသင်းကြီး ပေါ်ပေါက်လာပါတယ်။ အသင်းကြီးအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Home Rule) ကို တောင်းဆိုခဲ့ပေမယ့် နယ်ချဲ့အင်္ဂလိပ် အစိုးရဟာ…

Read More

သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် ဖြန့်ဝေ

ရန်ကုန်၊ နိုဝင်ဘာ-၆-၂၀၂၅ Voice of Myanmar လာမယ့် ရွေးကောက်ပွဲမှာ သတင်းရယူမယ့် သတင်းမီဒီယာတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ပွဲနဲ့ ဖြန့်ဝေတဲ့ အခမ်းအနားကို ရန်ကုန်မြို့ သိမ်ဖြူလမ်း၊ သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်းရှိ ရွှေဥ‌ဒေါင်းခန်းမမှာ ဒီကနေ့မနက် ၁၀ နာရီက ပြုလုပ်ခဲ့ပါတယ်။ သတင်းမီဒီယာသမားတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလတွေကလည်း ဖြန့်ဝေခဲ့ဖူးပြီး ဒီစာအုပ်ကတော့ တတိယမြောက် လည်းဖြစ်ပါတယ်။ “၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီတုန်းက သတင်းမီဒီယာကောင်စီဆိုပြီး မဖြစ်သေးပါဘူး။ စာနယ်ဇင်းကောင်စီ (ယာယီ) အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ်ကို ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပါတယ်။ အခုစာအုပ်က ၂၀၁၅ နဲ့ ၂၀၂၀ က ထုတ်ခဲ့တဲ့စာအုပ်တွေကို အခြေခံတယ်။ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတာတွေ အပါအဝင် အခြေအနေအချိန်အခါနဲ့…

Read More

နိုင်ငံရေးပါတီအချို့ မဲဆွယ်စည်းရုံးရေးစတင်

အောက်တိုဘာ ၂၈ ၊ ၂၀၂၅ GG (VOM) မကြာမီ ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလ စတင်တဲ့ဒီနေ့မှာ နိုင်ငံရေးပါတီအချို့က မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဥ်တွေကို စတင်ပြုလုပ်နေကြပြီဖြစ်တယ်လို့ နိုင်ငံရေးပါတီအချို့ ဆီက သိရပါတယ်။ လက်ရှိရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေထဲက အင်အားအများဆုံးနဲ့ရပ်တည်နေတဲ့ USDP ပါတီကတော့ ဒီနေ့မနက်ပိုင်းကစပြီး နေပြည်တော်ရှိ ပါတီဌာနချုပ်အပါအဝင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်းအနားကို ပြုလုပ်နေတယ်လို့ သိရပါတယ်။ ” ပါတီဌာနချုပ်အပါအဝင် သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက်မှာရှိတဲ့ ခရိုင်မြို့နယ်အားလုံးမှာ ဆိုင်းဘုတ်တင်အခမ်းအနားကို “ပိုမိုခိုင်မာ ပြည်မြန်မာ “ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်ကို ဒီနေ့မနက်မှာ တပြိုက်နက်တည်း အုံနဲ့ကျင်းနဲ့စိုက်ထူပါတယ်။နောက်နေ့မှာ သက်ဆိုင်ရာမြို့နယ်မှာ ကိုယ်စားလှယ်လောင်းတွေရဲ့ ဘေဘုတ်တွေကို စိုက်ထူကြမယ်။ခွင့်ပြုမိန့်တင်ရတယ်။” လို့ USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောပါတယ် ။ ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ခြင်း ၊ကိုယ်စားလှယ်လောင်းတွေရဲ့ဆိုင်းဘုတ်တင်ခြင်း လုပ်ငန်းစဥ်တွေပြီးဆုံးပါက မဲဆွယ်စည်းရုံးရေး…

Read More

ရွေးကောက်ပွဲ အသုံးစရိတ်တွေ တိုးမြှင့် ၊ ကုန်ကျစာရင်း မတင်ပြရင် အရည်အချင်းပျက်ယွင်းသူ သတ်မှတ်မယ်

အောက်တိုဘာ ၂၃ – ၂၀၂၅ SS (VOM) လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို တိုးမြှင့် သတ်မှတ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အသိပေးထားပါတယ်။ လက်ရှိ ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေအရ ပြောင်းလဲ တိုးမြှင့်လိုက်တာဖြစ်ပြီး အရင်က လွှတ်တော် သုံးရပ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပေမယ့် အခု သိန်း ၁၅၀ အထိ တိုးပေးထားတယ်လို့ သိရပါတယ်။ ဒါအပြင် အရင်က ကျပ် သိန်း ၁၅၀ သတ်မှတ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကိုလည်း လက်ရှိမှာ…

Read More

မဲဆွယ်စည်းရုံးရေးကာလမှာ စီတန်းလှည့်ခွင့်မပြုတော့ဘဲ ဟောပြောစည်းရုံးခြင်းသာခွင့်ပြု

အောက်တိုဘာ ၂၃ ၊ ၂၀၂၅ CC(VOM) ​အောက်တိုဘာ ၂၈ ကစပြီး နှစ်လတာ မဲဆွယ်စည်းရုံးရေးမယ့် ပါတီတွေကို စီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ခွင့်မပြုတော့ဘူးလို့ နိုင်ငံရေးပါတီအချို့ဆီကသိရပါတယ်။ စီတန်းလှည့်လည် မဲဆွယ်ခြင်းကို လုံခြုံရေးအခြေအနေတွေအရ ခွင့်မပြုတော့တာဖြစ်ကြောင်း ၊အဲဒီအတွက် ဟောပြောစည်းရုံးခြင်းသာ လုပ်ဆောင်ရမှာဖြစ်ပြီး ဟောပြောစည်းရုံးမဲဆွယ်ဖို့အတွက် နေရာနဲ့ခွင့်ပြုမိန့် တင်ပြတောင်းခံဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။ ပါတီတွေကို မဲဆွယ်စည်းရုံးရာမှာ စီတန်းလှည့်လည်ခွင့်မရှိကြောင်းကို အောက်တိုဘာ ၁၈ ရက်နေ့က UEC နဲ့ ပါတီတွေ တွေ့ဆုံစဥ်မှာ UEC က ပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ၂၀၂၀တုန်းကဆိုရင် ကားတွေ၊ဆိုင်ကယ်တွေနဲ့စီတန်းလှည့်လည်ကြတယ်လေ။အခုတော့ ခွင့်မပြုတော့ဘူးပြောတယ်။ သူတို့ရှင်းပြတာက ပြဿနာဖြစ်နိုင်တာကြောင့် ဟောပြောစည်းရုံးတာလောက်ပဲခွင့်ပြုတယ်​။ စီတန်းလှည်လည်တာတော့ခွင့်မပြုတော့ဘူးပေါ့။ ကျွန်တော်တို့လည်းပြောရမယ်ဆိုရင် စီတန်းလှည့်လည်တာက ကုန်ကျစရိတ်များသောအားဖြင့်မပါတာလည်း ပြဿနာမရှိဘူးရတယ်။ တနိုင်ငံလုံးပေါ့ ။ကွက်လုပ်လို့ဘယ်ရမလဲ။လုံခြုံးအပိုင်းကြောင့်ပေါ့။” လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက…

Read More

မြန်မာနိုင်ငံကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ‌တွေ မစေလွှတ်ဘူးလို့ ဥရောပသမဂ္ဂပြော

ဘရပ်ဆဲလ်၊ အောက်တိုဘာ-၁၈-၂၀၂၅ မျိုးဆက်(VOM) မြန်မာနိုင်ငံမှာ လာမယ့်ဒီဇင်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူတွေ စေလွှတ်မှာမဟုတ်ဘူးလို့ ဥရောပသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိကြောင်းနဲ့ အပြောင်းအလဲအတွက် တွန်းအားပေးဆောင်ရွက်ကြဖို့ အာဆီယံအဖွဲ့ကို သူက တိုက်တွန်းထားပါတယ်။ အာဆီယံနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ အားလုံးက အပြောင်းအလဲအတွက် ခိုင်ခိုင်မာမာ တိုက်တွန်းကြဖို့ ဥရောပသမဂ္ဂ ကော်မရှင်နာ Kajsa Ollongren က မလေးရှားမြို့တော် ကွာလာလမ်ပူမှာ အေအက်ဖ်ပီကို ပြောပါတယ်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ၊ သက်ဆိုင်သူအားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်ကို ပြောင်းလဲဖို့ Ollongren က တိုက်တွန်းထားပါတယ်။ အဲဒီကနေစပြီး ငြိမ်းချမ်းရေးကို ကူးပြောင်းကာ အနာဂတ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ဆောင်ကြဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၂၈ ရက်…

Read More
VOM News

FREE
VIEW