နေပြည်တော်၊ အောက်တိုဘာ- ၁၈-၂၀၂၅ SA(VOM) လာမယ့် ဒီဇင်ဘာမှာ ကျင်ပမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီဟာ တနိုင်ငံလုံးက မဲဆန္ဒဒနယ် အများစုမှာ ဝင်ပြိုင်မယ်ဆိုတာကြောင့် နိုင်ငံရေးစိတ်ဝင်စားသူတွေ အံ့သြကြရပါတယ်။ ပြည်ခိုင်ဖြိုးပါတီပြီးရင် ဝင်ပြိုင်မယ့် က်ိုယ်စားလှယ်လောင်း အရေအတွက် ဒုတိယအများဆုံးလို့ သိရပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ဒုဥက္ကဋ္ဌ ဦးသိန်းထွန်း ကို သူတို့ပါတီအနေနဲ့ ဘယ်လို မူဝါဒတွေဆွဲကိုင်ထားသလဲ၊ ဘယ်လို ကိုယ်စားလှယ်တွေ စာရင်းသွင်းထားသလဲဆိုတာနဲ့ ပါတီရဲ့ ၃၇ နှစ်တာခရီးတွေအကြောင်းကို VOM အယ်ဒီတာချုပ် ဦးနေလင်း က တွေ့ဆုံ မေးမြန်းထားပါတယ်။ ရိုက်ကူး/ တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #vom #naypyitaw တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
Read MoreCategory: Election
ပထမအကြိမ် မဲစာရင်းကြည့်ရှုနိုင်မယ့်ရက် ၇ ရက်ထပ်တိုးပေး
အောက်တိုဘာ ၁၀ ၊၂၀၂၅ GG (VOM) လာမယ့် ဒီဇင်ဘာ၂၈ ရက်မှာ စတင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်း ကြည့်ရှုနိုင်မယ့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နောက်ထပ် ၇ ရက်ထပ်တိုး ပေးလိုက်တယ်လို့သိရပါတယ်။ ပထမအကြိမ်မဲစာရင်းကို သက်ဆိုင်ရာရုံးတွေမှာ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၁၃ ရက်အထိ စာရင်းကပ်ထားမယ်လို့အသိပေးထားတဲ့အပေါ် နောက်ထပ် ၇ ရက်ထပ်တိုးပေးလိုက်တာကြောင့် အောက်တိုဘာလ ၂၀ ရက်နေ့အထိ မဲစာရင်းကို ကြည့်ရှူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေဖို့နဲ့ မဲဆန္ဒရှင်တွေက လိုအပ်တဲ့ တောင်းဆိုလွှာ၊ ကန့်ကွက်လွှာ၊ ပြင်ဆင်လွှာတွေ တင်ပြရာမှာ အချိန်ပိုမိုရရှိစေဖို့အတွက် ယခုလို မဲစာရင်းကြည့်ရှုနိုင်မယ့်ရက်ကို ထပ်တိုးပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ် မဲစာရင်းကပ်တဲ့ကာလမှာ မြေပြင် မဲစာရင်းလာရောက်ကြည့်ရှုသူ နည်းပါးတာကို တွေ့ရှိရပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ အုပ်ချုပ်ရေးပိုင်းကလည်း မဲစာရင်းကပ်ထားကြောင်းကို ပြည်သူတွေသိရှိအောင် အသိပေးအကြောင်းကြားတာမျိုး…
Read Moreမဲစာရင်း ကြည့်ရှု့သူ နည်းပါးနေသေး
စက်တင်ဘာ ၃၀ – ၂၀၂၅ KKO + SN (VOM) ဒီကနေ့ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွေမှာ မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားပေမယ့် လာရောက်ကြည့်ရှု့သူ နည်းပါးနေသေးတယ်လို့ စုံစမ်း သိရှိရပါတယ်။ အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ မဲစာရင်းတွေကို ဒီကနေ့ စက်တင်ဘာ ၃၀ ရက်မှစလို့ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေနဲ့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ ပထမအကြိမ်အဖြစ် ကြေညာထားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ မြောက်ဒဂုံမြို့နယ်အတွင်း နေထိုင်သူ တယောက်က “မနက်က…
Read Moreလားရှိုးမှာ ပထမအကြိမ် မဲစာရင်းတွေ စတင်ကပ်ထား
စက်တင်ဘာ ၃၀၊ ၂၀၂၅ Shy V (VOM) နလအ ပြန်လည် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စက်တင်ဘာလ ၂၉ ရက်နေ့ကစ ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီကသိရပါတယ်။ “စက်တင်ဘာလ ၂၉ ရက်နေ့ ရပ်ကွက်ရုံးမှာ ပထမ အကြိမ် မဲစာရင်း ကပ်မယ်၊ လာကြည့်လို့ ရပြီလို့ လော်စပီကာနဲ့ လိုက်အော်ပြောတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ၂၉ ရက် ၉ လ ၂၀၁၅ ရက် တနင်္လာနေ့တွင် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထား ကြေညာပြီဖြစ်တာကြောင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးကြ စေရေးအတွက် မဲစာရင်းတွေမှာ မိမိ တို့ရဲ့ အမည်စာရင်းတွေ ပါဝင်ခြင်းရှိ မရှိ…
Read Moreရန်ကုန်မှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကို နေရာအတော်များများမှာ လုပ်ဆောင်နေ
စက်တင်ဘာ ၁၂ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့က မြို့နယ်တဝှမ်းမှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့လက်တွေ့စမ်းသပ် မဲပေးခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်မှာဆိုရင်လည်း ရန်ကုန်မြို့၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊အမှတ် ၄၈ ရပ်ကွက်မှာမဲဆန္ဒရှင်ပြည်သူတွေကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)နဲ့ပတ်သက်လို့ အသိပေးခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကို ပြုလုပ်နေတာကို တွေ့ရပါတယ်။ အလားတူ ကျန်မြို့နယ်တွေမှာလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” ရပ်ကွက်ရုံးက တအိမ်တယောက်ခေါ်တယ်။အဓိကက မဲပေးစနစ်တွေအကြောင်းကိုသရုပ်ပြခိုင်းတယ်။ စက်တွေနဲ့ မဲဘယ်လိုပေးရမလဲပေါ့။အဲဒါတွေကိုရှင်းပြတယ်။ စက်တွေမှာအသီးပုံလေးတွေရှိတယ်။ တဖက်က မီးကလေးလင်းလာတာနဲ့ ကိုယ့်ကြိုက်တဲ့အသီးပုံလေးတွေကို မဲပေးကြရတာပါ”လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပြခဲ့ပါတယ်။ ဒီနေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၄၈ ရပ်ကွက်မှာပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာမှာတော့ မဲဆန္ဒရှင်ပြည်သူတထောင်ခန့် လက်တွေ့စမ်းသပ်မဲပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းရဲ့မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးအောင် ရွေးကောက်ပွဲဆိုင်ရာဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့…
Read MoreNDF ( ခမောက်ပါတီ) ဘာဆက်လုပ်မလဲ
စက်တင်ဘာ ၁၀-၂၀၂၅ SS(VOM) ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင် (UEC) က ပြည်ထောင်စု တဝန်းလုံးမှာ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီကြီး သုံးခုဖြစ်တဲ့ ခမောက်လို့ လူသိများတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ အပါအဝင် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုး သမီးပါတီ (မွန်) နဲ့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပြည်ထောင်စု လယ်သမား အလုပ်သမား အင်အားစုပါတီတို့ကို ပယ်ဖျက်လိုက်တယ်လို့ စက်တင်ဘာ ၉ ရက်နေ့ညမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ က ထုတ်ပြန်ချက်တစောင် ပြီးတဲ့နာရီပိုင်းကထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး (NDF) ပါတီ ရဲ့ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးထက်အောင်ကျော်ကို VOM က ဆက်သွယ်…
Read Moreကရင်ပြည်နယ်တဝှမ်းမှာ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ယူသွားမယ်လို့ BGF ထုတ်ပြန်
စက်တင်ဘာ ၅ – ၂ဝ၂၅ KKO(VOM) ၂ဝ၂၅ ဒီဇင်ဘာမှာပြုလုပ်မယ့်မြန်မာ့ရွေးကောက်ပွဲကိုအပြည့်အဝထောက်ခံပြီးရွေးကောက်ပွဲလုံခြုံရေးနဲ့ တရားမျှတရေးတို့ကို ကရင်ပြည်နယ်တဝှမ်းမှာတာဝန်ယူဆောင် ရွက်သွားမယ်လို့ နယ်ခြားစောင့်တပ်(ကရင် ပြည်နယ်)BGF က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်မှုကို ယခုစက်တင်ဘာလ ၃ ရက်နေ့က BGF တပ်ဘက်က ထုတ်ပြန်ခဲ့တာဖြစ်ပြီးရွေးကောက်ပွဲဟာဒီမိုကရေစီစနစ်ကိုဦးတည်ကာပြည်သူတွေရဲ့လုံခြုံအေးချမ်းတည်ငြိမ်သောဘဝကိုဖန်တီးနိုင်ဖို့အရေးပါတယ်လို့နားလည်ခံယူထားတယ်လို့လည်းရေးသားဖော်ပြထားပါတယ်။ ဒါအပြင်နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်) အနေနဲ့ယခုကျင်းပမယ့်ရွေးကောက်ပွဲမှာနိုင် ငံရေးပါတီတွေအပေါ် ခွဲခြားမှုမရှိဘဲတရားမျှတစွာကူညီလျှက်မဲဆန္ဒရှင်တွေရဲ့မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေဖို့ အထူးအလေး ထားကူညီဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်မှာရွေးကောက်ပွဲတည်ငြိမ်လုံခြုံစွာတရားမျှတစွာကျင်းပနိုင်ဖို့နဲ့အားလုံးပါဝင်သောရွေးကောက်ပွဲဖြစ်လာဖို့ကူညီဆောင်ရွက်ပေးသွားမယ်လို့ BGF နယ် ခြားစောင့်တပ်ဘက်က သူတို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဆက်လက်ပြီးမြန်မာ့အရေးနဲ့ စစ်ရေးအခြေ အနေတွေကိုလေ့လာသုံးသပ်သူတယောက်ကတော့ ယိုးဒယား-မြန်မာနယ်စပ်ဒေသက လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပတ်သက်လို့ သူရဲ့သုံးသပ်ချက်အမြင်ကိုအခုလိုပြောပြခဲ့ပါတယ်။ “ထိုင်း-မြန်မာနယ်စပ်ကလက်နက်ကိုင်တွေကကျားဖြန့်၊လူကုန်ကူး၊လက်နက်အရောင်းအ၀ယ်စသည်ဖြင့်မဟုတ်တာမှန်သမျှအကုန်လုပ်တဲ့အပြင်ဂိတ်ပေါင်းစုံဖွင့်ပြီးငွေရှာနေခဲ့တာနှစ်ပေါင်းသုံးဆယ်ကျော်ခဲ့ပါပြီ”လို့ သူက VOM ကို ပြောပါတယ်။ ဒါအပြင်ပြောင်းလဲလာတဲ့ကမ္ဘာ့အခြေအနေတွေအရအဲ့ဒီကရင်ပြည်နယ်ဒေသတွေမှာတရားမ၀င်လက်နက်ကိုင်အဖွဲ့အစည်းတွေကိုခွင့်မပြုတော့ဘဲအနှေးနဲ့အမြန်ကိုတရားဥပ ဒေစိုးမိုးမှုကိုတည်ဆောက်ပေးရတော့မယ်လို့ လေ့လာသုံးသပ်သူတွေကပြောပါတယ်။ နလအအနေနဲ့ရွေးကောက်ပွဲအပိုင်း – ၁ ကို ဒီဇင်ဘာ၂၈ ရက်မှာကျင်းပမှာဖြစ်ပြီးနိုင်ငံတဝန်းကမြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင်တော့မြို့နယ် ၁၂ မြို့နယ်မှာကျင်းပသွားမှာဖြစ်ပြီးအပိုင်းလိုက်ဆက်လက်ကျင်းပမယ့်နေ့ရက်တွေကိုလည်းထုတ်ပြန်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…
Read MorePPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ တွေ့ဆုံခြင်း
ပြည်သူ့ရှေ့ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့မှာ မန္တလေးက ပါတီဝင်တွေ ရှမ်းပြည်မြောက်ပိုင်းက ပါတီဝင်တွေနဲ့ နှစ်နေရာခွဲပြီး မန္တလေးမှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲတွေအပြီးမှာ PPPပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ပီသုံးလုံးပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ အရည်အချင်းနဲ့ အရေအတွက်တွေပြည့်ပြီလား ဘာအခက်အခဲတွေရှိနေသလဲ၊ ဘာတွေပြင်ဆင်ထားသလဲဆိုတာ စမေးကြည့်တော့ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
Read Moreပြည်သူ့ရှေ့ဆောင်ပါတီ အနေနဲ့ ကိုယ်စားလှယ်လောင်း ငါးရာကျော်ရနေပြီ
ပြည်သူ့ရှေ့ဆောင်ပါတီ ( People’s Pioneer Party) ပီသုံးလုံး ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန် နီးပါးဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ပီသုံးလုံးပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်ဟာ ဒီကနေ့ စက်တင်ဘာ ၅ရက်နေ့မှာ မန္တလေးက ပါတီဝင်တွေ၊ ရှမ်းပြည်မြောက်ပိုင်းက ပါတီဝင်တွေနဲ့ နှစ်နေရာခွဲပြီး မန္တလေးမှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းကနေ ရွေးကောက်ပွဲယှဥ်ပြိုင်မယ့် ဦးအောင်ဆန်းဇော်ကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင်
Read Moreမီဒီယာသမားဘဝကနေ နိုင်ငံရေးလောကကိုဝင်မယ့် ကိုမင်းဒင်
ပြည်သူ့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အနေနဲ့ မဲဆန္ဒနယ် အကုန်နီးပါး ဝင်ရောက်ယှဥ်ပြိုင်မှာဖြစ်ပါတယ်။ ဒီထဲမှာ မန္တလေးတိုင်း အောင်မြေသာစံ မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ပြည်သူ့ပါတီကိုယ်စား ယှဥ်ပြိုင်မယ့်သူကတော့ မန္တလေးခေတ်ဂျာနယ် အယ်ဒီတာချုပ် ကိုမင်းဒင် ခေါ် ဦးရန်နိုင်ဝင်းဖြစ်ပါတယ်။ ကိုမင်းဒင်အနေနဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပါတီနိုင်ငံရေးထဲ ဝင်ပါရလဲ၊ နိုင်ငံရေးကို သေချာလေ့လာပြီးပြီလားဆိုတာကို VOM အယ်ဒီတာချုပ် ဦးနေလင်းက တွေ့ဆုံမေးမြန်းထားပါတယ်။ ရိုက်ကူး တည်းဖြတ် ရှိုင်းအောင် #voiceofmyanmar #VOM #ကိုမင်းဒင် #PP #ဦးရန်နိုင်ဝင်း
Read More