ဩဂုတ် ၂၆၊ ၂၀၂၅ Shy V (VOM) တောင်ကြီးက အမျိုးသား တယောက် ရွေးကောက်ပွဲ ဥပဒေနဲ့ ဖမ်းဆီးခံရကြောင်း ဒေသခံတွေနဲ့ စစ်တပ်ထောက်ခံ အင်အားစုတွေရဲ့ မီဒီယာတွေကနေ သိရပါတယ်။ ” လားရှိူးမှာ ကားလုခံရတာက ရပ်ကွက် ၅ မှာ ဟုတ်တယ်။ အဲလိုဖြစ်တော့ လုံခြုံရေးကင်းမဲ့ဇုန်ဖြစ်ေကြာင်းဝေဖန်တာ။ ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လို အကျိုးပြုရမလဲ စဉ်းစား ဆိုပြီးတော့လိုင်းပေါ် တင်ထားတာကို ရွေးကောက်ပွဲနှောင့်ယှက်မှု ဥပဒေဖမ်းပြီး အမှုဖွင့် ခံရတယ် လို့ သိရတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။ လားရှိုး ရပ်ကွက် ၅ တရုတ်ဘုံကျောင်းလမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့့ ညနေ ၆ နာရီခွဲ ဝန်းကျင်ခန့်က ဆိုင်ကယ်စီးလာတဲ့ အမျိုးသား နှစ်ယောက် အိမ်ရှေ့…
Read MoreCategory: Election
ပါတီခုနစ်နှစ်ပြည့်အထိ ပြည်သူ့အကျိုးပြု ထူးထူးခြားခြား ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ ဦးကိုကိုကြီး ပြော
ဩဂုတ် ၂၃ – ၂၀၂၅ SN (VOM) ပြည်သူ့ပါတီ သက်တမ်း ခုနစ်တာကာလအတွင်း ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေလိုမျိုး တရားဝင် လုပ်ပိုင်ခွင့် မရှိခဲ့တဲ့အတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ ထူးထူးခြားခြား ဆောင်ရွက်နိုင်တာမျိုး မရှိခဲ့ဘူးလို့ အဆိုပါ ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။ ဒီကနေ့ ဩဂုတ် ၂၃ ရက်မှာ ရန်ကုန်မြို့၊ တာမွေမြို့နယ်က Sky Star ဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်သူ့ပါတီ တည်ထောင်ခြင်း ခုနစ်နှစ်မြောက် အခမ်းအနားနဲ့ ပတ်သက်လို့ VOM ရဲ့ မေးမြန်းချက်ကို ပါတီဥက္ကဋ္ဌက အဆိုပါအတိုင်း ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့က ပြည်သူအတွက် ဆိုတာမှာ ရေဘေးတို့၊ လေဘေးတို့၊ ငလျင်ဘေးတို့ အဲဒီလိုကိစ္စမျိုးတွေပဲ လုပ်နိုင်တာပေါ့။ ကျန်တာကတော့ ရွေးကောက်ပွဲအနိုင်ရ ပါတီတွေလိုမျိုးတော့ တရားဝင် လုပ်ပိုင်ခွင့်တာဝန်…
Read Moreပြောင်းလဲခြင်းအတွက် မျှော်လင့်ချက်
SM နိုင်ငံရေးပါတီတွေဟာ လာမယ့်ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြပါပြီ။ ရွေးကောက်ပွဲဟာ သေချာပေါက် ကျင်းပလာတော့မှာဖြစ်ပေမယ့် ပြည်သူတွေအတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်နိုင်မလဲဆိုတာကတော့ လတ်တလောမှာ မရေမရာဖြစ်နေပါသေးတယ်။ လက်ရှိမှာ ပြည်သူတွေဟာ စားဝတ်နေရေးအပါအဝင် အခက်အခဲ၊ အကြပ်အတည်းပေါင်းစုံကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရပါတယ်။ အခြေခံစားသောက်ကုန်တွေကအစ ကုန်ဈေးနှုန်းတွေက တက်မြဲတက်နေပြီး ကျရိပ်မမြင်သေးပါဘူး။ တိုင်းပြည် မတည်မငြိမ် ကမောက်ကမအခြေအနေမှာ နေ့စဥ် ဘုရားတနေရတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမျိုးမှာ သာမန်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးကလွဲပြီး တခြားကိစ္စတွေကို စဉ်းစားဖို့ဆိုတာ မလွယ်ပါဘူး။ လက်ရှိအနေအထားကြီးကို ဘယ်ပြည်သူမှ မနှစ်မြို့ကြဘူး မတတ်သာလို့ အောင့်အီးနေရသူက အများစုပါ။ အပြောင်းအလဲကို မျှော်လင့်နေကြပေမယ့် ရွေးကောက်ပွဲနဲ့ တိုင်းပြည်ကို တကယ်ပြောင်းလဲနိုင်မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒါဆိုရင် နိုင်ငံရေးပါတီတွေကို မေးခွန်းထုတ်စရာရှိလာပါတယ်။ ပြည်သူတွေ စိတ်ဝင်စားလာအောင် ပါတီတွေအနေနဲ့ ဘယ်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မှာလဲဆိုတာပါပဲ။ ရွေးကောက်ပွဲမှာ ပါဝင်မယ့် ပါတီတိုင်းအနေနဲ့ ပြည်သူတွေရဲ့…
Read Moreပြည်ပရောက် မြန်မာတွေ ရွေးကောက်ပွဲကြိုတင်မဲပေးဖို့ သဘောထားအမျိုးမျိုးရှိနေ
ဩဂုတ် ၂၂၊ ၂၀၂၅ GG (VOM) ပြည်ပရောက်မြန်မာ နိုင်ငံသားတွေထဲမှာ ရွေးကောက်ပွဲကို စိတ်ဝင်စားပြီး ကြိုတင်မဲပေးကြမယ့် သူတွေရှိသလို မဲမပေးဖို့ဆုံးဖြတ်ထားသူတွေလည်းရှိနေတယ်လို့ မြေပြင်အခြေအနေအရသိရပါတယ်။ ကြိုတင်မဲပေးမယ့်သူတွေအနေနဲ့ ပုံစံ ၁၅ မှာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ နေရပ်လိပ်စာအပြင် လက်ရှိရောက်ရှိနေတဲ့နိုင်ငံရှိ နေရပ်လိပ်စာ၊ဖုန်းနံပါတ်၊ အီးမေးလ် ထည့်သွင်းဖော်ပြရမယ်လို့ သံရုံးတွေက ဒီနေ့ထပ်မံ ထုတ်ပြန်ထားပါတယ်။ ” မဲက ပေးတော့ပေးချင်တယ်။အခုကရှုပ်ယှက်ခပ်နေတော့ ပါတီကိုကြည့်ပြီးပေးရမှာလား။ အရည်အချင်းရှိတဲ့လူကိုပဲရွေးချယ်ပေးရမလား စဥ်းစားရခက်တယ်။ဘယ်ဟာကိုဘယ်လိုပေးရမှန်းမသိတော့ဘူး။ပါတီတွေကလည်း ဘယ်ပါတီတွေရှိမှန်းမသိတော့ဘူး။အရင်ကဆိုပါတီကကြည့်စရာနှစ်ခုပဲရှိတယ်။NLD နဲ့ ကြံ့ခိုင်ရေး ပါတီပေါ့။အခုက ဘာတွေမှန်းသေချာမသိဘူး။ခုလည်းဒီကလိပ်စာပါတောင်းနေတော့ခက်တာပေါ့။ ” လို့ ထိုင်းရောက်မြန်မာလုပ်သားတယောက်ကပြောပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးနိုင်ဖို့အတွက် ပုံစံ ၁၅ ကိုတော့ သက်ဆိုင်ရာသံရုံးတွေမှာ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ် ၂၁ ရက်မှာ ထုတ်ပြန်အသိပေးထား ပါတယ်။ ” မဲမပေးတော့ဘူးတွေးထားတယ် ။ခုထိ ကြိုက်တဲ့ပါတီမတွေ့သေးဘူး။ အရင်ကလည်း…
Read Moreလွှတ်တော်ခေါ်ပြီးမှ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပလာနိုင်တယ်
NDF ပါတီအတွင်းရေးမှူး ဒေါက်တာမျိုးဆက်သွေးနဲ့ ဆက်သွယ်မေးမြန်းခြင်း ဩဂုတ် ၂ဝ – ၂ဝ၂၅ KKO(VOM) အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပထမပိုင်းရွေးကောက်ပွဲကို ကျင်းပမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်(UEC)ကထုတ် ပြန်ကြေညာမှုအပြီးမှာနိုင်ငံရေးပါတီတွေအနေနဲ့ လှုပ်လှုပ်ရွရွဖြစ် လာခဲ့ပြီးမူဝါဒချမှတ်တာတွေရွေး ကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေအပါအဝင်တိုင်းနဲ့ ပြည်နယ်အသီးသီးမှာပါတီရုံးခန်းဖွင့်လှစ်တာတွေနဲ့ ပါတီဝင်အင်အားစုစည်းတာတွေကိုအပြိုင် အဆိုင်ပြုလုပ်လာကြတာကိုတွေ့မြင်လာရပါတယ်။ ဒါကြောင့်မို့အခုရွေးကောက်ပွဲအတွက်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံ ရေးပါတီတွေအနေနဲ့ဘာတွေပြင် ဆင်နေကြပြီလဲ၊ဒီရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တမျိုးတဖုံပြောင်းလဲလာစေနိုင်မလား၊လက်နက်ကိုင်ပဋိပက္ခတွေများစွာရှိနေတဲ့စစ်ကိုင်းတိုင်းအတွင်းမှာရောရွေးကောက်ပွဲကိုကျင်းပပြု လုပ်နိုင်ပါ့မလား၊ လွှတ်တော်သုံးရပ်မှာအာဏာခွဲဝေအုပ်ချုပ်မှုတွေ ကရောဘယ်လိုအလားအလာရှိလာနိုင်မလဲ၊ရွေးကောက်ပွဲကနေထွက်ပေါ် လာမယ့်အစိုးရကရောနိုင်ငံတကာမှာပိုပြီးတရားဝင်မှုပိုရှိလာနိုင်မလားဆိုတဲ့အကြောင်းအရာတွေနဲ့ပတ် သက်ပြီးအမျိုးသားဒီမိုကရေစီအင် အားစုပါတီ(NDF)ရဲ့အတွင်းရေးမှူး (အဖွဲ့ဝင်)ဖြစ်တဲ့ ဒေါက်တာမျိုးဆက်သွေးကို VOM က အခုလိုမေးမြန်းခဲ့ပါတယ်။ VOM ။ ။ မင်္ဂလာပါ ဒေါက်တာမျိုးဆက်သွေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ VOM ။ ။ ရွေး/ကော်(UEC)ကနေ ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကိုအတိအလင်းကြေညာလိုက်ပြီဆိုတော့ လာမယ့်ရွေးကောက်ပွဲကျင်းပမယ့် ပုံစံနဲ့ အခင်းအကျင်းကဘယ်လိုမျိုးရှိလာနိုင်မလဲ၊ ဒေါက်တာမျိုးဆက်သွေး ။ ။ ရွေးကောက်ပွဲရက်ကတော့သတ်…
Read Moreမဲရုံစောင့်ဆရာ၊ဆရာမတွေ တရားစွဲခံရတဲ့ကိစ္စ အခြေခံပညာဦးစီးဌာနက ကူညီပေးမယ်ဆိုပေမယ့် ထိရောက်တဲ့ကူညီမှု ခုချိန်ထိမရသေး
ဇန်နဝါရီ ၂၄-၂၀၂၁ သိင်္ဂီထွန်း(VOM) ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း တရားစွဲဆိုခံထားရတဲ့ ဆရာ ဆရာမတွေကို အခြေခံပညာဦးစီးဌာနက ဥပဒေကြောင်းအရ ကူညီပေးမယ်လို့ အမိန့်ထုတ်ထားပေမယ့် ထိရောက်တဲ့ကူညီမှုတော့ ခုချိန်ထိမရရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။ ဒါ့ကြောင့် တရားရင်ဆိုင် နေရတဲ့ ဆရာ ဆရာမတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်နဲ့ ရှေ့နေများကွန်ယက်ကနေ ဥပဒေ ကြောင်းဆိုင်ရာတွေ၊ တရားရင်ဆိုင်မှုအတွက် သွားလာရေးစရိတ်ကုန်ကျမှုကို အကူအညီ ပေးနေရတယ်လို့ သိရပါတယ်။ “ကာယကံရှင်ဆီကို ထိရောက်တဲ့အကူအညီရောက်မလာဘူး။ စာရွက်ပေါ်ကနေ ကျနော်တို့က ကူညီပေးဖို့စီစဉ်ထားပါတယ်ဆိုတဲ့ အပေါ်စီးဆန်ဆန် အမိန့်စာပဲရှိတယ်။ ဘယ်နေရာဘယ်ဒေသမှာဖြစ်နေတယ်ဆိုတာသက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေကောင်းကောင်းသိတယ်။ပျော်ဘွယ်ဆိုရုံးချိန်း ၅ ချိန်း ရှိပြီ၊ဆရာ ဆရာမတွေဆီလာမတွေ့ဘူးဗျ၊ပြောတာပဲ ရှိတယ်။အဲ့တော့တရားစွဲခွင့်ပြုလိုက်တာက သူတို့ကပြုလိုက်တာပဲ ပြီးတော့ကျမှ သူတို့ကဘာမှထိရောက်တဲ့အကူအညီမရောက်သေးတာပဲ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မျိုးလိူင်က ပြောပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်အနေနဲ့ ချောင်းသာနဲ့ ပျော်ဘွယ်တို့က တရားရင်ဆိုင်နေရတဲ့…
Read Moreလွှတ်တော်အထူးအစည်းအဝေး ခေါ်မပေးတာဟာ UEC က ကြောက်လို့ဖြစ်နိုင်တယ်လို့ တပ်မတော်တုံ့ပြန်
ဇန်နဝါရီ ၁၄၊ ၂၀၂၁ ကိုထွန်း(VOM) တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအပါအဝင် ပါတီအချို့ရဲ့ ကိုယ်စားလှယ်က လေးပုံတပုံကျော်က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ တောင်းဆိုချက် ပယ်ချခံရတာဟာ UEC အနေနဲ့ မဲစာရင်းကွာခြားချက်တွေကို ကိုယ်စားလှယ်တွေက မေးလာမှာကြောက်လို့ ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူတော့မှာမဟုတ်ဘူးလို့ ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် တပ်မတော်ရဲ့သဘောထားကို VOM က ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ “တပ်မတော်အနေနဲ့ မဲစာရင်းကွာခြားမှုရှိနေခြင်းကို အချက်အလက်အထောက်အထားတွေနဲ့ချပြနေတာလေ..ဒုတိယအကြိမ်လွှတ်တော် နောက်ဆုံးနှုတ်ဆက်အစည်းအဝေးခေါ်ခိုင်းတာက ဒါတွေကိုတင်ပြချင်လို့။ ကိုယ်စားလှယ်ကမေးရင် လွှတ်တော်ကို UEC ကလာဖြေရမယ်။ အခုတော့ မနေ့ကလွှတ်တော်ခေါ်ဖို့အစီအစဥ်မရှိဘူး သတင်းထုတ်ပြန်တယ်၊ ဘာကြောင့်လည်း..လုပ်ရင်ရပါတယ်။ ကိုယ်စားလှယ်တွေမေးမှာကြောက်နေတယ် မဖြေချင်ဘူး၊ မရှင်းချင်တဲ့သဘောပေါ့ ဘာကြောင့်စွပ်စွဲထားမှုကိုမဖြေရှင်းချင်တာလဲ ဒါမေးစရာရှိတယ်” ဒုတိယအကြိမ် လွှတ်တော်အထူးအစည်းအဝေးခေါ်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီနဲ့ အခြားပါတီတွေက လွန်ခဲ့တဲ့လတွေကတည်းက တောင်းဆိုခဲ့ကြပြီး အကြောင်းမပြန်တဲ့အတွက် ခုတကြိမ်မှာ…
Read Moreပြည်ခိုင်ဖြိုး သမိုင်းမရိုင်းချင်လို့ ဥပဒေဘောင်တွင်းမှလုပ်ဆောင်နေခြင်းဖြစ်
နေပြည်တော်-ဇန်နဝါရီ ၁၀-၂-၂၁ ကိုထွန်း(VOM) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးဌာနချုပ် သင်တန်းခန်းမဆောင်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က “ရွေးကောက်ပွဲမှာတရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတဲ့အချိန်မှ ယခုကာလအထိ ရဲစခန်းကို တိုင်ကြားထားတဲ့အမှုပေါင်း (၁၂၇)မှုရှိပါတယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုတင်ပြထားတာ (၁၁၆၄)ခုရှိပါတယ်၊ စာချွန်တော်တင်ထားတာလည်း ရှိပါတယ်။ ကန့်ကွက်ပွဲတွေလုပ်တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ၊ တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်တာတွေ လုပ်ဆောင်နေတာကတော့ ပြည်ခိုင်ဖြိုးသမိုင်းမရိုင်းချင်လို့ လုပ်ဆောင်တာဖြစ်ကာ နောက်ထပ်လည်းကျွန်တော်တို့ ဥပဒေနဲ့အညီဆောင်ရွက်စရာတွေ ဆက်လုပ်မှာပါ” သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စာချွန်တော်လွှာတင်တဲ့ နိုင်ငံရေးပါတီတွေကို ပြောဆိုတာနဲ့ပတ်သက်လို့ လည်း ဒေါက်တာနန္ဒာလှမြင့်က “ နောက်တစ်ခုက ခုလိုလုပ်နေခြင်းဟာ ပေါ်လယ်တီကယ်ဆူဆိုက်လုပ်တယ်၊ ကိုယ့်နိုင်ငံရေးကြိုးကွင်း ကိုယ့်ဟာကိုယ်ပြန်စွပ်နေတယ်လို့ ဝေဖန်ထိုးနှက်မှုဟာလည်း ဦးဇော်ဌေးအနေနဲ့…
Read Moreရခိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး UEC က ထုတ်ပြန်ဖို့လို
ဇန်နဝါရီ ၈- ၂၀၂၁ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလက ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ဖို့ လိုကြောင်း ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က” တပ်မတော်ကလည်း မနေ့က ထုတ်ပြန်တာတွေ့ပါတယ်။ အခြေအနေကတော့ ဖြစ်နိုင်ဖို့ပ်ိုများပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ဖို့ဘဲလိုတော့တယ်။” လို့ ရခိုင်က ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲပြန်ကျင်းပရေးနဲ့ ဆက်စပ်ပြီး ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်တဲ့ မြို့နယ်တွေကိစ္စနဲ့ ဆက်စပ်ပြီး UEC အနေနဲ့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံသို့ ဒီကနေ့အချိန်ထိ တစ်စုံတစ်ရာ အကြောင်းပြန် ညွှန်ကြားလာတာ မရှိသေးဘူးလို့ ပြည်နယ် ရွေးကောက်ပွဲကောက်မရှင်ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောပါတယ်။ ” သမ္မတကလည်း ထုတ်ပြန်ထားတာပါပဲ။ တကယ်လို့ ရွေးကောက်ပွဲမလုပ်ရင်…
Read Moreပြည်ခိုင်ဖြိုးပါတီအနေနဲ့ အမှုပေါင်း ၂၀၀ နီးပါးလောက် UEC မှာ တင်ထားပြီ
နေပြည်တော်-ဒီဇင်ဘာ ၂၈-၂၀၂၀ ကိုထွန်း(VOM) ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ ရွေးကောက်ပွဲရလာဒ်နဲ့ပတ်သက်ပြီး ကန့်ကွက်လွှာတင်တာမှာ အမှု ၂၀၀နီးပါးရှိတဲ့အကြောင်းနဲ့ ကန့်ကွက်တဲ့ထဲမှာ NLD ပါတီကိုယ်စားလှယ်လောင်းအများစုဖြစ်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ကန့်ကွက်လွာတင်ပြီး ပြန်အထွက်မှာ ဒေါ်ယဉ်မင်းမြင့်ဆွေက သတင်းထောက်တွေကိုပြောပါတယ်။ “ ဘယ်မဲဆန္ဒနယ်မြေတွေလဲဆိုတော့ ပြည်ထောင်စုနယ်မြေပါမယ်၊ ရန်ကုန်တိုင်းအတွင်းမှာလည်း ရှိမယ်၊ မန္တလေးတိုင်းဒေသကြီး ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြစ်တဲ့အတွက် နေရာတိုင်းမှာ တချို့ အချက်အလက်မရတဲ့နေရာတွေမှာတော့ ကန်ကွက်လွှာမတင်ဘူးပေါ့နော် အချက်အလက်ခိုင်မာတဲ့မြို့နယ်တွေတော့ကျမတို့တင်ပါတယ်၊ အချက်အလက်တွေကတော့ကိုယ်စားလှယ်လောင်းတွေတရားမဲ့ပြုကျင့်မှုအချက်အလက်တွေနဲ့ငြိတာတွေပေါ့နော်၊ ဒါကြောင့်ကန့်ကွက်လွှာတင်တိုင်း တရားမဲ့ပြုကျင့်မှု အချက်အလက်တွေထဲက တစ်ချက်ချက်နဲ့ ငြိစွန်းလို့ ကန့်ကွက်လွှာတင်ခြင်းဖြစ်ပါတယ်” လို့ ဒေါ်ယဉ်မင်းမြင့်ဆွေက ပြောပါတယ်။ ကန့်ကွက်လွှာတင်တဲ့အထဲမှာ NLD ဘက်ကထင်ရှားသူ ဘယ်သူတွေများပါသလဲဆိုတာကို မေးကြည့်တော့ “အတိအကျပြောဖို့ခက်ပါတယ်၊ ကျမကအမှု ၂၁ မှုစီစဉ်ရတာဆိုတော့ ကျမတာဝန်ယူရတဲ့ ၂၁ ဦးထဲမှာ သာစည်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး(၁)တို့ပါတယ်။…
Read More