အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင်

အနိုင်ရ ကိုယ်စားလှယ်ရဲ့ ခိုင်လုံမဲတွေဟာ အစစ်မှန်မဟုတ်ဆိုပြီး ကန့်ကွက်လွှာတင် နေပြည်တော်၊ ဒီဇင်ဘာ- ၂၄- ၂၀၂၀ ဦးထွန်း(VOM) တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း ကို ကန့်ကွက်လွှာတင်ဖို့ မြန်မာစီးပွားရေးဘဏ်ကို ငွေ ၅ သိန်းပေးဆောင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဒီကနေ့မှာ ကန့်လွှာတင်ခဲ့တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမော်ထွန်းအောင်က ပြောပါတယ်။ “ကျွန်တော်က သူရတဲ့မဲရလာဒ်ကို ကန့်ကွက်တာကြောင့် သူရတဲ့မဲတွေသည်ခိုင်လုံမဲအစစ်အမှန်မဟုတ်ကြောင်း သက်သေအထောက်အထားတွေနဲ့ကန့်ကွက်လွှာတင်မှာပါ။ မေးမြန်းစုံစမ်းမှုအရ ကန့်ကွက်လွှာတင်ဖို့အတွက်ငွေ ၅ သိန်းလာသွင်းသူ ၁၃၀ ကျော်ပြီဖြစ်ကြောင်းသိခဲ့ရပါတယ်၊ ဒီတစ်ခေါက်ရွေးကောက်ပွဲမှာကန့်ကွက်လွှာတင်မယ့်သူများမယ်ထင်ပါတယ်၊ ကျွန်တော်လေ့လာမိသလောက်ကတော USDP ကလည်း ၅၀ ကျော်လောက်ကန့်ကွက်လွှာတင်မယ်လို့သိရပါတယ်” လို့ ဦးမော်ထွန်းအောင် က ပြောပါတယ်။ တအာင်းအမျိုးသားပါတီကိုယ်စားပြုပြီး ရှမ်းပြည်နယ်၊ မဲဆန္ဒအမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အနိုင်ရသွားသူ ဦးအိုက်မွန်း က မဲအရေအတွက်…

Read More

တစ်နိုင်ငံလုံးက မဲသမာမှုတွေကို စစ်ဆေးပေးဖို့ ဗန်းမော်မှာ USDP ပါတီဝန်းရံသူတွေက ဆန္ဒပြ

ဗန်းမော်၊ ဒီဇင်ဘာ- ၂၃- ၂၀၂၀ ဦးဦးငြိမ်း(VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်မှာရှိတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေနဲ့ ပါတီဝန်းရံသူ ၁၀၀ နီးပါးက ရွေးကောက်ပွဲရလာဒ်ကို ကျေနပ်မှုမရှိတာကြောင့် တစ်နိုင်ငံလုံးက မဲမသမာမှုတွေကို ပြန်လည်စစ်ဆေးပေးဖို ပါတီခရိုင်ရုံးမှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ #VOM #voicepfmyanmar #ဗန်းမော် #USDP #UEC #ရွေးကောက်ပွဲ #မဲရလာဒ်

Read More

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်ပျက်စာရင်းသွင်းတော့မယ်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၁- ၂၀၂၀ ကိုထွန်း(VOM)   နေပြည်တော် ပြည်ထောင်စုနယ်မြေ၊  ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူပါတီကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကိုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့ခြင်း မရှိတာကြောင့် အမည်ပျက်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းလာတယ်လို့ သိရပါတယ်။   ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းကိုဆက်သွယ်ပေမယ့် အဆက်သွယ်မရလို့ သူ့ရဲ့ ကိုယ်စားလှယ် ဦးအောင်ကြီးကိုမေးကြည့်တော့ “’ဦးစိန်ဝင်းကခရီးသွားနေပါတယ်၊ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတွေက သူ့ဆီပါသွားပါတယ်၊ ဒါကြောင့်သတ်မှတ်ရက်ကိုတင်သွင်းနိုင်ခြင်းမရှိတာပါလို့ ပြောပါတယ်။   ၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော်ပြည်ထောင်စုနယ်မြေကနေ  နိုင်ငံရေးပါတီအသီးသီးက ပြည်သူ့လွှတ်တော်အတွက်(၅၅)နေရာ၊အမျိုးသားလွှတ်တော်အတွက် (၁၁)နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။   ရွေးကောက်ပွဲကော်မရှင် နည်ဥပဒေ ၇၇ အရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း(၃၀) အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပုံစံ ၂၀ နဲ့ တင်သွင်းရမှာဖြစ်ပြီး စာရင်းတင်သွင်းခြင်းမရှိတဲ့…

Read More

အမတ်နေရာ ၈၃ ရာခိုင်နှုန်း အနိုင်ရတဲ့ NLD ပါတီဟာ  မဲရရှိမှုနဲ့တွက်ရင်  ၆၈ ရာခိုင်နှုန်းသာရှိ

မန္တလေး-ဒီဇင်ဘာ ၁၃-၂၀၂၀ ဆွေလင်းထွန်း(VOM)   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ NLD ပါတီဟာ ပြည်ထောင်စုအဆင့်မှာ အမတ်နေရာ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိပြီး အစိုရဖွဲ့နိုင်ခဲ့ပေမယ့် မဲရရှိမှု အရေအတွက်ကတော့ ၆၈ ရာခိုင်နှုန်းကျော်ပဲရှိတယ်လို့ မဲရလာဒ်စာရင်းတွေကို အခြေခံတွက်ချက်မှုအရ သိရပါတယ်။   NLD ပါတီအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၈ ရာခိုင်နှုန်းကျော် ရရှိတာကို‌ တွေ့ရပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ခိုင်လုံမဲအရေအတွက် စုစုပေါင်း ၂၆သန်းကျော်အနက် ၁၈သန်းကျော်ကိုသာ ရရှိပြီး ရာခိုင်နှုန်းအားဖြင့် ၆၉ ရာခိုင်နှုန်းခန့်သာ ရရှိတာကို‌ တွေ့ရပါတယ်။   မြန်မာလူမျိုးအများစု နေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာ NLD ပါတီဟာ ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်တွေအတွက် ၇၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိတာကိုတွေ့ရပြီး ရန်ကုန်တိုင်းမှာ…

Read More

၂၀၂၀ ရွေးကောက်ပွဲ အတိုင်းအတာတခုထိ လွတ်လပ်ပေမယ့် အငြင်းပွားမှုနဲ့ အကြမ်းဖက်မှုတွေ များပြား

ဒီဇင်ဘာ ၂ -၂၀၂၀ ဆွေလင်းထွန်း ( VOM)   ၂၀၂၀ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာလအတွင်း New Myanmar Foundation(NMF) ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရရွေးကောက်ပွဲဟာ ၉၀ရာခိုင်နှုန်းကျော်အဆင်ပြေခဲ့ပေမယ့် အကြမ်းဖက်မှုတွေတော့ များပြားခဲ့တယ်လို့ သူတို့စစ်တမ်းမှာဖေါ်ပြထားပါတယ်။ အကြမ်းဖက်မှုတွေထဲမှာ ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ် ၁၆ မှုနဲ့ အများဆုံးဖြစ်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်ပိုစတာတွေ ဖျက်စီးခံရတာ၊ တိုက်ပွဲဖြစ်ပွားတာ၊ လက်နက်နဲ့တိုက်ခိုက်တာ၊ ဗုံးလန့်တာ၊ ဖမ်းဆီးခံရတာ စတဲ့ ဖြစ်စဉ်တွေဖြစ်ဖွားခဲ့တယ်လို့ ပါရှိပါတယ်။ နိုင်ငံရေးပါတီဝန်းရံသူတွေချင်း လူမှုကွန်ယက်ကနေ အပြန်အလှန်တိုက်ခိုက်တာနဲ့ ပါတီကြီးတွေကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ပါတီဝန်းရံသူတွေက တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေလည်း အများအပြားဖြစ်ခဲ့တယ်လို့ NMF ရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး မမြနန္ဒာသင်းက ပြောပါတယ်။ မမြနန္ဒာသင်းက “ကျမတို့ သုံးသပ်ချက်အရဆိုရင် အကြမ်းဖက်မှုတွေက ပိုများလာတယ်။ ဒါတောင်မှ ကျမတို့ကဒါ ကိုဗစ်ဖြစ်လိုက်တော့လေ…

Read More

အငြင်းပွားမှု၊ ဆန္ဒပြမှုတွေနဲ့ အတိုင်အတောထူတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်

နိုဝင်ဘာ ၂၄-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM)   ရွေးကောက်ပွဲပြီးတဲ့ နိုဝင်ဘာ ၈ ရက် ညနေကတည်းက အငြင်းပွားမှုအသံတွေ တိုင်မယ်တောတယ်ဆိုတဲ့ အသံတွေက ဟိုကဒီက ထွက်လာခဲ့ပါတယ်။ အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ရွေးကောက်ပွဲကော်မရှင်နဲ့ ရဲစခန်းတွေမှာ တိုင်တန်းတာတွေ လုပ်ဆောင်နေကြပြီးဆက်လက်လုပ်ဆောင်ဖို့လည်း ရှိနေပါသေးတယ်။   ခုအချိန်ထိ ရရှိထားတဲ့ အချက်အလက်တွေအရ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို တိုင်တန်းမှုတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အများဆုံးဖြစ်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက သူတို့ပါတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ပါတီဥက္ကဌ ဦးသန်းဌေးရဲ့ ပြည်သူများသို့ ပန်ကြားချက်ထဲမှာ ပြည်ခိုင်ဖြိုးက စုထောင်းထားတဲ့ ကော်မရှင်နဲ့ သက်ဆိုင်တဲ့ အမှုပေါင်း ၇၅၀ကျော်နဲ့ ရဲအရေးပိုင်တဲ့ အမှုပေါင်း ၁၁၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။   ဖြစ်စဉ်အများစုက ကြိုတင်မဲပေးပြီးသူတွေ ရွေးကောက်ပွဲနေ့မှာ ထပ်မံမဲပေးတာ၊ ကိုယ်စားမဲပေးတာ၊…

Read More

လာမယ့် ၅နှစ်အစိုးရအတွက် အကြိုဟောကိန်းနဲ့ ယတြာ

နိုဝင်ဘာ ၂၂-၂၀၂၀ ဆွေလင်းထွန်း+နေလင်း ဓါတ်ပုံ- ရွှေအင်းသား ခင်မောင်ဝင်း   ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ကာလထက် အနိုင်ပိုရပြီး တနိုင်ငံလုံးမှာ ၈၃ ရာခိုင်နှုန်းခန့်နဲ့ အနိုင်ရလို့ အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို ဆက်တိုက်အနိုင်ရတော့ အစိုးရအဖွဲ့ ကစားကွက်မှာ လူလဲပြီး ကစားကွက်တွေရွှေ့မလား ဘယ်သူတွေက တိုင်းပြည်ကံကြမ္မာကို ဖန်တီးခွင့်ရမလဲဆိုတာ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့အများပြည်သူအကြား စိတ်ဝင်စားမှုမြင့်တက်နေတာမို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ဗီအိုအမ်က တိုက်ရိုက်စကားဝိုင်းဆွေးနွေးပွဲ လုပ်ဖြစ်ခဲ့ပါတယ်။   ကုန်တော့မယ့် ၅နှစ်နောက်ပိုင်းကာလမှာ  သမ္မတတာဝန်ထမ်းတဲ့ ဦးဝင်းမြင့်ကို ရွေးချယ်ခန့်မှန်းသူကတော့  နိုင်ငံရေးနဲ့ စစ်ရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ တပ်မတော်အရာရှိဟောင်းဒေါက်တာအောင်မျိုးပါ။  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်မှုနဲ့ အမိန့်နာခံမှုတွေကြောင့်  သမ္မတနေရာကို ယခုလက်ရှိသမ္မတဖြစ်တဲ့ ဦးဝင်းမြင့်ကိုပဲ ဆက်လက်တာဝန်ပေးနိုင်တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့ သမ္မတနေရာအပြောင်းအလဲဖြစ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ယုံကြည်အနေနဲ့ သူယုံကြည်ပြီး အချိန်တော်တော်ကြာ အလုပ်အတူလုပ်ခဲ့တဲ့သူတဦး သမ္မတဖြစ်လာနိုင်တယ်လို့ သုံးသပ်ပြီး ဥပမာအားဖြင့်…

Read More

မဲမသမာမှုတွေရှိတဲ့အကြောင်း မီဒီယာကိုပြောတဲ့ ကိုယ်စားလှယ် အမှုဖွင့်ခံရသလို မဲရလာဒ်အငြင်းပွားမှုရှိနေဆဲ

နိုဝင်ဘာ-၁၆-၂၀၂၀ ဆွေလင်းထွန်း( VOM) ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့ နမ့်ယွန်းပြည်သူ့စစ်အဖွဲ့ဟာ ရွေးကောက်ပွဲနေ့က မဲဆန္ဒရှင်တွေကို ကားတွေနဲ့ အကြိုအပို့လုပ်ပြီး မဲပေးခိုင်းတာရှိခဲ့တဲ့အတွက် ပြည်နယ်လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ကိုယ်စားလှယ်လောင်း ဦးကျဖေ့က သတင်းမီဒီယာကိုပြောခဲ့တဲ့အတွက် ပြည်သူ့စစ်အဖွဲ့က ဆက်သွယ်ရေးပုဒ်မ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။ ဦးကျဖေ့က “ရွေးကောက်ပွဲနေ့က တောင်ပေါ်ဒေသမဲရုံတွေကို ကျနော်ကိုယ်တိုင်သွားကြည့်တော့ ပြည်သူ့စစ်ခေါင်းဆောင်ကိုယ်တိုင်က မဲဆန္ဒရှင်တွေကို ကားနဲ့အကြိုအပို့လုပ်တာ တွေ့ရတယ်။ အဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခေတ်သစ်မီဒီယာက ကျနော့်ကို မေးလာတော့အမှန်အတိုင်း ပြောပြလိုက်တယ်။ အဲ့ဒါကို သူတို့ ပြည်သူ့စစ်ကို အသရေဖျက်တယ်ဆိုလားမသိဘူး အမှုဖွင့်တယ်လို့ ကျနော်ကြားတယ်။ အမှုဖွင့်တဲ့လူကတော့ ပြည်သူ့စစ်ခေါင်းဆောင် ဦးတီကိုရဲ့ သားမက် ရဲမင်းထူးလို့ ရဲစခန်းကသိရတယ်” လို့ ပြောပြပါတယ်။ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိဟောင်းဖြစ်တဲ့ ဦးလင်းဇော်ထွန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုင်းဖြတ်မြို့နယ်အတွင်းက မဲဆန္ဒနယ်…

Read More

သေဆုံးသူရဲ့ မဲလက်မှတ်နဲ့  အုပ်ချုပ်ရေးမှူးထောက်ခံချက်အရ ကိုယ်စားပေးလို့ အမှုဖွင့်ခံရ

နိုဝင်ဘာ ၁၄ ၊ ၂၀၂၀ ကိုတိုးကြီး (VOM)   စစ်ကိုင်းတိုင်း ကလေးမြို့နယ် အရှေ့စည်းကျေးရွာရှိ ဆန္ဒမဲပေးရုံ အမှတ် (၁)မှာ သေဆုံးသူရဲ့ကိုယ်စား ဆန္ဒမဲပေးခဲ့တဲ့သူကို မနေ့နိုဝင်ဘာ ၁၃ ရက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။   ” အရှေ့စည်းရွာ နယ်မြေအမှတ် ၅ မှာနေတဲ့ ဒေါ်မပဲဟာ သေဆုံးသွားပြီးဖြစ်တဲ့ သူ့ရဲ့သား ဦးစောမင်းလွင်ရဲ့ ဆန္ဒမဲ လက်မှတ်ကိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ထူးက မဲပေးဖို့ ထောက်ခံတာကြောင့် ဒေါ်မပဲက မဲသွားပေးခဲ့တာဖြစ်တယ်။ ရွာက မဲစာရင်းမှာ သေဆုံးသူ ဦးစောမင်းလွင်ရဲ့ မဲစာရင်းအမှတ်က ၁၈၂၈ တော့ပါပြီး သူ့အမေ ဒေါ်မပဲရဲ့ မဲစာရင်းအမည်ကြတော့ မပါဘူးဖြစ်နေတယ် အဲ့ဒါကြောင့် ဒေါ်မပဲက သေသွားတဲ့ သူ့သား မဲလက်မှတ်ကို သွားထည့်တာဖြစ်တယ်လို့ ” အရှေ့စည်းကျေးရွာကမဲဆန္ဒရှင် တစ်ယောက်ကပြောပါတယ်။   ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့…

Read More

 တိုင်းရင်းသားပါတီတွေကို NLD ပါတီက ပူးပေါင်းဖို့ ဖိတ်ခေါ်တဲ့အပေါ်  တိုင်းရင်းသားတွေက ကြိုဆိုတာရှိသလို သတိနဲ့စောင့်ကြည့်သူအများစုဖြစ်

နိုဝင်ဘာ၊ ၁၃- ၂၀၂၀ နေလင်း+ ရှိုင်းအောင်(VOM)   တိုင်းရင်းသားပါတီတွေရဲ့ ရည်းမှန်းချက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေနဲ့ တူညီပြီး တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်တာကြောင့် တိုင်းရင်းသားပါတီတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဖို့  တိုင်းရင်းသားပါတီ ၄၀ ကျော်ကို မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့က  ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီလို တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ခေါ်လိုက်တဲ့ အပေါ်မှာ တိုင်းရင်းသားပါတီတွေရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာကို VOM သတင်းဌာနက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ သဘောထားကိုသိနိုင်ဖို့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို မေးကြည့်တော့ “ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တယ်ဆိုတာထက် သူတို့ရဲ့သဘောထားကိုချပြတဲ့အနေအထားကို ကျနော်ကသွားတွေ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး လုပ်ပုံကိုင်ပုံက ပေါ့ပေါ့တန်တန်ပဲ ရေးသားပြောဆိုပြီးတော့မှ နောက်ဆုံးထုတ်ပြန်တဲ့အခါမှ ကရော်ကမယ်ဘဲ စာအမှတ်မပါ၊ ရက်စွဲမပါထုတ်တယ်၊…

Read More
VOM News

FREE
VIEW