ဆန္ဒမဲပေးဖို့ အမည်စာရင်းမပါသူ ၁၀ ယောက်က ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို အမှုဖွင့်

နိုဝင်ဘာ ၁၃-၂၀၂၀ ကိုတိုးကြီး(VOM) စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းယိမ်ကျေးရွာအုပ်စု၊ သစ်ခက်ကျေးရွာက မဲဆန္ဒရှင် ၁၀ ယောက်ဟာ ဆန္ဒမဲပေးဖို့အတွက် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးကို မဲဆန္ဒရှင်အမည်စာရင်း လျှောက်ထားခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာ အမည်စာရင်းပါမလာတာကြောင့် နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ကျေးရွာရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးကို မနေ့ နိုဝင်ဘာ ၁၂ ရက်က ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းလိုက်တယ်လို့ သိရပါတယ်။ ” မဲဆန္ဒရှင် အမည်စာရင်းတွေ ကြေငြာတော့ သွားကြည့်တယ်၊ အမည်စာရင်းက ပါမလာဘူး၊ အဲ့ဒါကြောင့် ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးဆန်ပိုသိုက် ကို အမည်စာရင်းထည့်ပေးဖို့ ပြောခဲ့တယ်၊ အဲ့ဒီနောက် အောက်တိုဘာ ၂၀ ရက်မှာ ဦးဆန်ပိုသိုက် ကို နောက်တကြိမ် ထပ်ပြောတယ် ၊ သူက ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ကိုစိုးမင်းထွန်းဆီ ပြောထားပြီးလို့ ဖြေတယ်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာ…

Read More

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီအတွင်း သဘောထားကွဲလွဲချက်တွေရှိနေ

နိုဝင်ဘာ ၁၂-၂၀၂၀ အေးချမ်းသူ(VOM) ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးမှာ ပြည်သူ့ပါတီအတွင်း သဘောထားကွဲလွဲချက်တွေ ဖြစ်ပေါ်လာပါတယ်။ ပြည်သူ့ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၂၀၂၀အထွေထွေရွေးကောက်ပွဲအငြင်းပွားမှုတွေ အချိန်မှီတားဆီးထိန်းသိမ်းပေးဖို့တင်ပြတောင်းဆိုမှုတစ်ခု နိုဝင်ဘာ ၁၁ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလိုတင်ပြတောင်းဆိုခဲ့တဲ့ ပြည်သူ့ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမျိုးသီဟထွန်းကိုဆက်သွယ်မေးမြန်းရာမှာတော့ ” လိုအပ်ရင်ကန့်ကွက်လွှာတွေတင်ရမှာကိုး၊ ဒါပေမယ့် မြေပြင်မှာ သတင်းအချက်အလက်တွေ ပြန်လည်ရှာဖွေစုဆောင်းတဲ့အခါမှာ အစ်ကိုတို့မှာ အခက်အခဲအများကြီးရှိတယ်။ လုံခြုံရေး အခက်အခဲ သတင်းရယူဖို့ အခက်အခဲတွေရှိတယ်။ အချို့နေရာတွေမှာဆိုရင် ရန်သူလိုမြင်နေတာတွေရှိနေတယ်။ ဒါတွေကို သက်ဆိုင်ရာက ထိန်သိမ်းထားနိူင်တဲ့ အဖွဲ့အစည်းတစ်ခုလိုတယ်။ အဲ့ဒါကြောင့် တင်ပြတောင်းဆိုရတာပါ”လို့ VOMကိုပြောပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့ရာမှာ အငြင်းပွားမှုပုံစံအမျိုးမျိုးကိုမြင်တွေ့ရပြီး လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပဲွဲဖြစ်/မဖြစ် လိုအပ်တဲ့စစ်ဆေးစုံစမ်းမှုတွေပြုလုပ်ဖို့အတွက် အချိန်မှီ ထိန်းသိမ်းတားဆီးပေးဖို့ ကာကွယ်ရေးဦးစီးချုပ်ကို တင်ပြတောင်းဆိုတာဖြစ်တယ်လို့ တောင်းဆိုထားတဲ့စာမှာ ဖော်ပြထားပါတယ်။ ပါတီကနေ ဝင်ရောက်ရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းအားလုံးဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါမယ်လို့ ခံဝန်ကတိထိုးထားတာကြောင့်…

Read More

ပုံစံမကျတဲ့ ဆန္ဒမဲပေးမှုဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက ရွေကောက်ပွဲကော်ရှင်ကို အကြောင်းကြားစာပို့ထား

နိုဝင်ဘာ ၁၂ -၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်အတွင်း ဆန္ဒမဲပေးရာမှာ ပုံစံမကျတဲ့ နည်းလမ်းတွေနဲ့ ဆန္ဒမဲပေးသူတချို့ရှိခဲ့တဲ့အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေက အဲ့ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို မနေ့ နိုဝင်ဘာ ၁၁ရက်နေ့က အကြောင်းကြားစာပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာထဲမှာ ဖောင်းပြင်မြို့၊ ကွျှန်းရွှေဝါရပ်ကွက်မဲရုံမှာ အမျိုးသားတစ်ဦးဟာ ကြိုတင်မဲပေးခဲ့ပြီးနောက်ပိုင်း ဝဲလှော်ကျေးရွာမှာ နောက်တကြိမ် ဆန္ဒမဲ ထပ်မံပေးခဲ့တဲ့ ဖြစ်စဉ်အပါအဝင် ဖောင်းပြင်မြို့၊ အင်ကြင်းမြိုင်ရပ် အမှတ်-၂မဲရုံမှာ နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲစာရင်းမှာ အမည်မပါတဲ့ အမျိုးသမီးတစ်ဦးက အခြားလူတစ်ယောက်ရဲ့ အမည်နဲ့ ဆန္ဒမဲပေးခဲ့တယ်ဆိုတဲ့ အချက်အလက်တွေ ပါဝင်တယ်လို့ သိရပါတယ်။ ” ကော်မရှင်ကို အကြောင်းကြားစာပို့ထားတာဖြစ်ပါတယ်၊ ပုံစံ-၁၉ မှာ လက်မှတ်ထိုးမထားတော့ ကန့်ကွက်တာပါ၊ စီစစ်ပြီး အစည်းဝေးထိုင်ပြီး အမှုဖွင့်မှာပါ”လို့ ရွေးကောက်ပွဲကော်ရှင်ကို အကြောင်းကြားစာပို့ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း…

Read More

ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ ဘာ့ကြောင့်ထင်သလောက် မနိုင်ရသလဲ

မန္တလေး- နိုဝင်ဘာ ၁၁-၂၀၂၀ ဆွေလင်းထွန်း (VOM) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲရလာဒ်တွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့ မထုတ်ပြန်သေးပေမယ့် ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ် မဲစာရင်း ပုံစံ(၁၉)ကို သက်ဆိုင်ရာကော်မရှင်ခွဲရုံးတွေမှာ လက်မှတ်ထိုးပြီးသလောက် စာရင်းတွေအရ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) က တနိုင်ငံလုံးက မဲဆန္ဒနယ်တွေရဲ့ ၈၅ ရာခိုင်နှုန်းခန့်ကို အနိုင်ရနေပြီဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် အမတ်နေရာ ၄၅၂ အနက် NLD ပါတီက ၃၈၀ နေရာကို အနိုင်ရရှိနေတဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၈၄ ရာခိုင်နှုန်း ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲမှာထက် ပိုများတာကို တွေ့ရပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် အမတ်နေရာ ၆၂၈ အနက် NLD ပါတီက ၄၇၆ နေရာကို အနိုင်ရရှိနေပြီး ရာခိုင်နှုန်းအားဖြင့် ၇၆ ရာခိုင်နှုန်း ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ…

Read More

ကိုဗစ်ကြားကရွေးကောက်ပွဲ အဆင်ပြေမှုများတယ်လို့ PACE တွေ့ရှိ

မန္တလေး-နိုဝင်ဘာ-၁၀-၂၀၂၀ ဆွေလင်းထွန်း+နေလင်း(VOM) ကိုဗစ် ရောဂါကပ်ကြားကလုပ်ရတဲ့ ရွေးကောက်ပွဲ အခြေအနေတွေရှုတ်ထွေးနိုင်ပြီး ပြဿနာတွေရှိနိုင်တယ်လို့ ထင်ကြပေမယ့် ၂၀၁၅ လောက် မပြည့်စုံသော်ငြား အတော်များများ အဆင်ပြေတာကိုတွေ့ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) အဖွဲ့ရဲ့ စစ်တမ်းတွေက ဖေါ်ပြထားတာတွေ့ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE) ဟာ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ကာလတိုစောင့်ကြည့်လေ့လာသူ ၁၈၈၈ ဦးနဲ့ မဲရုံပေါင်း ၉၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ မဲရုံ ၄၉၉ ရုံမှာ စာရင်းအင်းနည်းပညာနဲ့ စောင့်ကြည့်လေ့လာခဲ့ပြီး ကျန်တဲ့ မဲရုံ ၄၀၀ ကျော်ကတော့ နိုင်ငံရေးအရ ခြုံငုံမိအောင် စောင့်ကြည့်လေ့လာတဲ့ မဲရုံတွေ ဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ မဲရလာဒ်တွေ ရေတွက်တာကို မြို့နယ် ၃၀၅ မြို့နယ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးတွေမှာ လူဦးရေ ၃၀၅ ဦးနဲ့သွားရောက်လေ့လာခဲ့ပါတယ်။ စောင့်ကြည့်လေ့လာခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အဆိုပါ အဖွဲ့ရဲ့ စီမံကိန်းမန်နေဂျာ ကိုဟန်စိုးထွန်းက…

Read More

ရန်ကုန်တိုင်းအတွင်းက ရွေးကောက်ပွဲအငြင်းပွားမှု

နိုဝင်ဘာ ၁၀-၂၀၂၀ ညီသစ်(VOM) ရန်ကုန်တိုင်းအတွင်းရှိ သုံးခွမြို့နယ်၊ ဒဂုံမြို့နယ် နဲ့ မရမ်းကုန်းမြို့နယ်တွေမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကျင်းပတဲ့နေ့ မဲပေးရာမှာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ မဲရုံအမှတ်(၃)မှာ ဆိုင်ဝန်ထမ်း(၃၀)ဝန်းကျင်က သက်ဆိုင်ရာမြို့နယ်တွေမှာ မဲမပေးဘဲ ဒဂုံမြို့နယ်အတွင်းကို မဲပေးခွင့်ရဖို့ NLD ကိုယ်စားလှယ်လောင်း ဦးရဲမင်းဦး၊ ရပ်ကွက်ဥက္ကဋ္ဌ နဲ့ စည်ပင်ဥက္ကဋ္ဌ တို့ရဲ့ သဘောတူညီချက်တွေနဲ့ စီစဉ်ခဲ့တယ်လို့ ဒဂုံမြို့နယ် ပြည့်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဦးကျော်ဇေယျကပြောပါတယ်။ ” မှန်တယ် ၊ အဲ့ဒါက မှန်တယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ UBP ရော PPP ရော ကန့်ကွက်တယ်ပေါ့နော် မှန်တာပေါ့ ။ မဲစလစ်တွေထုတ်ပေးကတည်းက ကျနော်တို့ ပါတီငယ်တွေကဘာမှမသိလိုက်ဘူး၊ အာဏာရပါတီပဲသိပြီးတော့ သူတို့က အိမ်တိုင်ရာရောက် အဲ့ဒါတွေကိုသွားပြီးတော့ မဲစည်းရုံးတဲ့သဘောမျိုးနဲ့ သွားပြီးတော့ပေးခွင့်ရခဲ့တယ်၊ လုပ်ကြတယ်။ အဲ့ဒီတော့…

Read More

ရန်ကုန်တိုင်းက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဒေါ်ထုမေ အနိူင်ရရှိ

နိုဝင်ဘာ ၁၀-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ်ထုမေဟာ အနိူင်ရရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ “လက်ရှိ ရန်ကုန်တိုင်းမြို့နယ် ၄၁ တော့ အနိူင်ရရှိထားပြီးပါပြီ “လို့ ဒေါ်ထုမေက VOMကိုပြောပါတယ်။ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအတွက် မြို့နယ် ၄၅မြို့နယ်မှာ မဲပေးခွင့်ရှိသူ (၁၁၀၉၄၇)ဦးရှိပြီး မဲရရှိမှုစာရင်းတွေအရ ဒေါ်ထုမေ(တစ်သီးပုဂ္ဂလ) ၁၈၀၉၉၊ ဦးတင်ထူးကျော်(တစ်သီးပုဂ္ဂလ)၅၃၆၆၊ ဦးဦးမြင့်ကျော်(ANP)ပါတီ ၈၃၇၈၊ ဒေါ်ခင်မျိုးဦး(NLD)ပါတီမှ ၉၀၂၃၊ ဒေါက်တာစံလှကျော်(တစ်သီးပုဂ္ဂလ) ၁၃၄၉ တို့ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ ဒေါ်ထုမေဟာ မြို့နယ် ၄၁မြို့နယ်အနိူင်ရရှိထားပြီး ကျန်တဲ့လေးမြို့နယ်မှာ မဲဆန္ဒရှင်အရေအတွက် ၃၀၀၀ နှင့်၅၀၀၀ သာရှိတဲ့အတွက် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ကျန်မဲတွေ အကုန်ရရှိတဲ့အချိန်ထိ ဒေါ်ထုမေကို အနိူင်ရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။ ရွေးကောက်ပွဲအနိူင်ရရှိပြီးနောက် လုပ်ဆောင်မယ့်လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး ဒေါ်ထုမေက” ကျွန်မပြည်သူတွေကို အရင်ကတည်းက ကတိပေးပြီးသားပါ။ ရွေးကောက်ပွဲကတိကဝတ် ၁၀ချက်ရှိပါတယ်။ ဒါတွေကို လုပ်ဆောင်ပေးသွားမှာပါ”လို့ VOMကိုပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က…

Read More

ရခိုင်က မဲဆန္ဒနယ်မြေတွေမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တနေရာမှ မနိုင်

စစ်တွေ၊ နိုဝင်ဘာ ၈- ၂၀၂၀ ထက်အောင်စိုင်း(VOM) ရခိုင်ပြည်နယ်အတွင်း၊ ရွေးကောက်ပွဲကျင်းမကျင်းပနိုင်တဲ့ မြို့နယ် (၉) ခုထိရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ မြို့နယ် (၈) မြို့နယ်ရှိတဲ့ အနက် (၇) မြို့နယ်မှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယာဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) က ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြို့နယ်အားလုံးမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်မျှအနိုင်မရရှိခဲ့ကြောင်း ALD ပါတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။ “ ရွေးကောက်ပွဲကျင်းပတာကတော့ (၈) မြို့နယ်ပေါ့၊ (၇) မြို့နယ်မှာ ဝင်ပြိုင်ပါတယ်။ စစ်တွေမှာတော့ ဆရာတို့ဝင်မပြိုင်လိုက်ဘူး။ ပြည်သူတွေက မဲတော့ထည့်ကြတာပေါ့။ ဒါပေမယ့် တစ်ယောက်မှ အရွေးမခံရဘူး။” လို့ ALD ပါတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်။ ရခိုင်ပါတီတစ်ခုအနေနဲ့ အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၇)…

Read More

ကရင်ပြည်နယ်မှာ ဖာပွန်ကလွဲရင် မြို့နယ်အတော်များများမှာ NLD ပါတီက အနိုင်ရ

နိုဝင်ဘာ- ၉- ၂၀၂၀ ခွန်ခန့်သူ+(VOM) ကရင်ပြည်နယ်က မြို့နယ် ၇ မြို့နယ် မဲဆန္ဒနယ် ၃၆ ခုအနက် ဖာပွန်မြို့နယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)က အနိုင်ရခဲ့ပြီး လှိုင်းဘွဲ့ ပြည်နယ်လွှတ်တော် ၁ နေရာမှာတော့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP) က အနိုင်ရခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က သံတောင် ပြည်နယ်လွှတ်တော် ၁ မှာ ရှုံးခဲ့ပြီး ကျန်နေရာ အားလုံးမှာတော့ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်လည်း ဘားအံမဲဆန္ဒနယ် ၁ကနေ အနိုင်ရထားပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကြီးဝင်‌ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်ဟာ ရပ်ကွက် ကျေးရွာပေါင်း ၅၀ အုပ်စုရှိပြီး မဲရုံပေါင်း ၁၁၅ ရုံမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မဲအရေအတွက် ၅ သောင်း ၇ ထောင်ကျော်နဲ့ မဲအများဆုံးရရှိပြီး ဒုတိယမဲအများဆုံးဖြစ်တဲ့ ကရင်အမျုးသားဒီမိုကရက်သစ်ပါတီက ဒေါ်စေးအွာက မဲအရေအတွက် ၁ သောင်း ၃ထောင်ကျော်တာရရှိခဲ့ပါတယ်။…

Read More

NLD အစိုးရဖွဲ့နိုင်တဲ့အဆင့်နဲ့ နိုင်ထားပြီ

မန္တလေး-နိုဝင်ဘာ ၉-၂၀၂၀ Voice Of Myanmar လက်ရှိအာဏာရပါတီ NLD ဟာ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတို့မှာ ရာနှုန်းပြည့်အနိုင်ရပြီး ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး ကျန် ၄၄ မြို့နယ်က မဲဆန္ဒနယ်တွေ အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အနိုင်ရခဲ့ပြီဖြစ်တယ်လို့ သက်ဆိုင်ရာ နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်တွေဆီက သိရပါတယ်။ VOM ကရရှိထားတဲ့အချက်အလက်အရတော့ NLD ပါတီဟာ ပြည်ထောင်စုအဆင့်အတွက် အစိုးရဖွဲ့နိုင်တဲ့ ၃၂၂ နေရာကို ကျော်လွန်သွားပြီဆိုတာတွေ့ရှိထားပါတယ်။ ကယားပြည်နယ်အတွင်းက မဲဆန္ဒနယ် ၃၄ နေရာအနက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ(KYSDP) က ၈ နေရာနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ၆ နေရာ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ကျန် မဲဆန္ဒနယ် ၂၀ နေရာကို အနိုင်ရခဲ့ပါတယ်။ တာဝန်က အနားပေးခံရတဲ့ ဝန်ကြီးချုပ်ဟောင်း…

Read More
VOM News

FREE
VIEW