နိုဝင်ဘာ ၉-၂၀၂၀ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်အတွင်းက ဟိုပုံး၊ ဆီဆိုင် နှင့် ပင်လောင်း ၃ မြို့နယ်မှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ အနိုင်ရမှုအခြေအနေ ကောင်းတယ်လို့သိရပါတယ်။ “လက်ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ ဟိုပုံး၊ ဆီဆိုင်နဲ့ ပင်လောင်းမှာတော့ ပြည်သူ့လွှတ်တော် ၃ နေရာ၊ ပြည်နယ်လွှတ်တော် ၆ နေရာနဲ့ အမျိုးသားလွှတ်တော် ၁ နေရာကတော့ သေချာထွက်လာပါပြီ၊ ဒီနေ့ထပ်တိုးလာတာက လွိုင်လင်မဲဆန္ဒနယ် ၁ မှာလည်း ကျွန်တော်တို့ နိုင်သွားပါပြီ။ လောလောဆယ်ကတော့ ကျွန်တော်တို့ တောင်ကြီးကို စောင့်ကြည့်နေပါတယ်။ မဲအရေအတွက်က အကျိတ်အနယ်ဖြစ်နေတဲ့ အနေအထားမှာ ရှိပါတယ်။ အခု ကြိုတင်မဲလည်း ရေလို့မပြီးသေးဘူးဆိုတော့၊ ဒါကတော့ တောင်ကြီးအခြေအနေပါ”လို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီရဲ့ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးစောခွန်ကျော်ဝင်းက ပြောပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊…
Read MoreCategory: Election
ဧရာဝတီတိုင်း တစ်ခုလုံး NLD ပါတီနိုင်
နိုဝင်ဘာ ၉- ၂၀၂၀ ရှိုင်းအောင်(VOM) ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ် ၂၆ မြို့နယ်အကုန်လုံးမှာ NLD ပါတီက အနိုင်ရရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်ခဲ့ပြီး၊ အခုလက်ရှိ ကျုံပျော်မြို့နယ် NLDပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မန်းဂျော်နီက VOM ကိုပြောပါတယ်။ ” ဧရာဝတီတိုင်းကတော့ ၂၆ မြို့နယ်လုံး NLD နိုင်တယ်လို့ သတင်းရတယ်၊ ကျုံပျော်မှာအားလုံးနိုင်တယ်၊ နိုင်တဲ့ မဲအရေအတွက်တောင်ပြောလို့ရတယ်၊ အမျိုးသားမှာ ကျုပ် မန်းဂျော်နီ ကိုယ်တိုင်ဝင်ပြိုင်တယ်လေ၊ မဲ (၁၀၀၃၈၄) မဲ ငါရတယ်၊ နိုင်တဲ့အားလုံးရဲ့ သူတို့ဘယ်လောက်ရတယ်၊ သူတို့ပြိုင်ဘက်တွေ ဘယ်လောက် ဘယ်လောက်ရတယ်ဆိုတာ အားလုံးပြောလို့ရတယ်၊ ငါတို့နဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပေါ့ကွာ (၃၉၂၂၄)မဲရတယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့ NLDက (၉၅၉၄၈)မဲရတယ်၊ ဟိုဘက်က ကြံ့ခိုင်ရေးက (၃၇၅၄၇)မဲရတယ်၊ တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ ကိုယ်စားလှယ်က NLD က (၅၂၇၃၁)မဲ၊ ကြံ့ခိုင်ရေးက…
Read More၂၀၁၅တုန်းကရှုံးခဲ့တဲ့ ရှမ်းပြည်နယ်က မြို့နယ် ၃ခုမှာ NLDအနိုင်ရ
နိုဝင်ဘာ ၉-၂၀၂၀ နေနန်းနွယ်(VOM) ရှမ်းပြည်နယ်ရှိ တောင်ကြီးမြို့၊ လားရှိုးမြို့နဲ့ ကျိုင်းတုံမြို့တို့မှာ NLDပါတီက အနိုင်ရတယ်လို့ ရှမ်းပြည်နယ် NLDပါတီ အောင်နိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးစိုးညွန့်လွင်က ပြောပါတယ်။ “မဲတွေကို အခုထိတော့ ရေတော့ရေနေတုန်းပဲ၊ ဒါပေမယ့် တချို့ဒေသတွေတော့ ပြီးသွားပြီပေါ့နော်။ သေချာတာကတော့ လားရှိုးနိုင်သွားတယ်၊ တောင်ကြီးနိုင်သွားတယ်၊ ကျိုင်းတုံနိုင်သွားတယ်ပေါ့၊ ကျွန်တော်တို့၂၀၁၅ တုန်းက ရှုံးနိမ့်ခဲ့တဲ့ မြို့တော် ၃ ခုကို ကျွန်တော်တို့ သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်၊ ကျွန်တော့်ဘက်ကတော့မဲရေပြီးသွားပါပြီ၊ မဲ အပြတ်အသတ်ပါ၊ ၂သောင်းကျော် ၃ သောင်းနီးပါးလောက် ပြတ်သွားပါပြီ “လို့ ဦးစိုးညွန့်လွင်က ပြောပါတယ်။ ဦးစိုးညွန့်လွင်ဟာ လက်ရှိ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပြီးတော့ အခု ရွေးကောက်ပွဲမှာတော့ တောင်ကြီးမြို့နယ် မဲဆန္ဒနယ် (၁) ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊…
Read Moreချင်းပြည်နယ်က မြို့နယ် ၇ ခုမှာ NLD ပါတီက ရာနှုန်းပြည့်အနိုင်ရ
နိုဝင်ဘာ- ၉- ၂၀၂၀ ရှိုင်းအောင်(VOM) ချင်းပြည်နယ်မှာ မဲဆန္ဒနယ် ၉ မြို့နယ်ရှိပြီး အဲ့ဒီမြို့နယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေအကုန်လုံး မဲဆန္ဒနယ် ၇ ခုမှာတော့ ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ မြို့နယ် ၂ ခုမှာတော့ NLD ပါတီက အနိုင်ရရှိမှုနည်းပါးပြီး တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD)က ဟားခါး ပြည်နယ်လွှတ်တော်မှာ တစ်နေရာနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)က တွန်းဇံမြို့နယ်မှာ ပြည်နယ်လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အသီးသီးမှာ တစ်နေရာစီ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်(ZCD)က ပြောရေးဆိုခွင့်ရှိသူ ဦးဇန်ဇမုန်ပြောပြတာက “ကျနော်တို့ တိုင်းရင်းသားတွေ ဘယ်လိုဖြစ်တယ်လည်း မသိဘူးဗျာ၊ အချင်းချင်းကို အားမပေးတော့ ကျနော်တို့ တွန်းဇံမှာ ၂ နေရာပဲ နိုင်ပါတယ်၊ မကျေနပ်လို့လည်း ဘာမှမတတ်နိုင်ပါဘူး၊ ကိုယ်စားမဲထည့်တာတွေလည်း တွေ့ရတယ်၊ ဒါပေမယ့် ကွန်ပလိန်းမလုပ်တော့ပါဘူး၊ လုပ်နေလို့လည်း ဘာမှထူးမှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်၊…
Read Moreရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမပါ ကျန်တဲ့ ၄၄မြို့နယ်လုံး NLD ပါတီ အနိုင်ရ
နိုဝင်ဘာ ၉-၂၀၂၀ ယဉ်ပပထွန်း(VOM) ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမပါဝင်ဘဲ ကျန်တဲ့ ၄၄ မြို့နယ်လုံး NLDပါတီက အနိုင်ရခဲ့တာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က VOMကို အတည်ပြုပြောပါတယ်။ “ ၄၄ မြို့နယ်နိုင်တယ်လို့တော့ပြောနေကြတယ်။ ကိုကိုးကျွန်းက မနိုင်ပါဘူး “ လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။ ရန်ကုန်တိုင်းမှာဆိုရင် မြို့နယ်ပေါင်း ၄၅ မြို့ရှိပြီးတော့ မဲဆန္ဒရှင် စုစုပေါင်း လူဦးရေ ၅၈ သန်းကျော် ၊ နိုင်ငံရေးပါတီပေါင်း ၄၁ ပါတီ ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၂ ယောက် ၊ ကိုယ်စားလှယ် စုစုပေါင်းက ၇၉၉ ဦးရှိတယ်လို့လည်း သိရပါတယ် ။ သင်္ဃန်းမြိုနယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ် ပြည်သူ့လွှတ်တော်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဒေါက်တာကျော်စွာဦးကတော့ လက်ရှိမှာ မဲအရေအတွက်က ၁၁၂၆၀၄ မဲ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ၁၁၁၅၇၆…
Read Moreတနင်္သာရီမှာ NLD က တိုင်းလုံးကျွတ် အနိုင်ရ
နိုဝင်ဘာ၊ ၉- ၂၀၂၀ ရှိုင်းအောင်(VOM) တနင်္သာရီမှာတိုင်းအတွင်းက မြို့နယ် ၁၀ ခုမှာ NLDပါတီက တိုင်းလုံးကျွတ် ရာနှုန်းပြည့် အနိုင်ရခဲ့တယ်လို့ တနင်္သာရီတိုင်းဒေသကြီး လက်ရှိ ကျွန်းစုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်တင်တင်ရီက VOM ကိုပြောပါတယ်။ “အကုန်လုံးကို နိုင်တယ်လေ၊ တစ်တိုင်းလုံးကိုနိုင်တာ ရာနှုန်းပြည့်၊ အငြင်းပွားတာဆိုတာထက် မသမာမှုတွေရှိတယ်၊ မဲရုံမှူးတွေက မျက်နှာလိုက်တာတွေ ကြိုတင်မဲကိစ္စတွေ၊ ဘာသာရေးအကြောင်းပြပြီး မဲဆွယ်တာတွေ၊ သစ်ခိုးထုတ်တာတွေ မဖမ်းဘူးဆိုပြီး မဲဆွယ်တာတွေ ပုတ်ခတ်ပြောဆိုမဲဆွယ်တာတွေ ကြုံခဲ့ပေမယ့် နောက်ဆုံးတော့လည်း အန်တီတို့ပဲနိုင်ခဲ့တာပါ”လို့ တနင်္သာရီတိုင်း၊ ကျွန်းစုမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီက VOMကိုပြောပါတယ်။ တနင်္သာရီတိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ထားဝယ်တိုင်းရင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၂၂၀ ခန့်…
Read Moreရခိုင်မှာ မဲဆန္ဒနယ်အများစု ANP အနိုင်ရ
နိုဝင်ဘာ ၉-၂၀၂၀ ထက်အောင်စိုင်း+တာတီး(VOM) ရခိုင်ပြည်နယ်က ရွေးကောက်ပွဲကျင်းပနိုင်တဲ့ (၈) မြို့နယ်ရှိပြီး လွှတ်တော် ၃ရပ်ပေါင်းမဲဆန္ဒနယ် ၂၈ ခုရှိပါတယ်။ အဲဒီထဲက မြို့နယ် (၄) ခုမှာ ရခိုင်အမျိုးသားပါတီ (ANP) က မဲဆန္ဒနယ်အများစုမှာ အနိုင်ရထားကြောင်းသိရပါတယ်။ ANP ပါတီဗဟိုကော်မတီဝင် ဦးဘရှိန်ပြောက သူရတဲ့အချက်အလက်ကို ခုလိုပြောပြပါတယ်။ “ရခိုင်ပြည်နယ်မှာ nld ပါတီက သံတွဲနဲ့ ဂွမှာ ၄နေရာနဲ့ တိုင်းရင်းသားဝန်ကြီးနေရာ၊ ANP က ၇ နေရာနဲ့၊ AFP ၂ နေရာ၊ USDP ၁ နေရာ နိုင်တာတော့ သိထားတယ်” လို့ ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ ( ANP) က လက်ရှိအနိုင်ရထားတဲ့ မြို့နယ်တွေကတော့ ပြည်နယ်တောင်ပိုင်းက တောင်ကုတ်မြို့နယ်၊ အလယ်ပိုင်းက မာန်အောင်၊ ရမ်းဗြဲမြို့နယ်တွေနဲ့ စစ်တွေမြို့နယ်တို့မှာ အနိုင်ရထားကြောင်းသိရပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက…
Read Moreပဲခူးတိုင်းတစ်ခုလုံး NLDပါတီအနိုင်ရ
နိုဝင်ဘာ ၉-၂၀၂၀ သိင်္ဂီ(VOM) ပဲခူးတိုင်းအတွင်းက မြို့နယ် ၂၈ မြို့နယ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိထားတယ်လို့ ပဲခူးတိုင်းNLDပါတီဥက္ကဋ္ဌ ဦးသိန်းတန်က ပြောပါတယ်။ “လက်ရှိကတော့ ကြားရသလောက်တော့ တစ်နေရာမှ အဖိတ် အဆင်မကြားရသေးဘူး။မဲတွေကတော့ တချို့က ရေနေတုန်းရှိသေးတာကို၊ မြို့နယ်စာရင်းချုပ်က ချုပ်လို့မရသေးဘူး။ ကျနော်တို့ သတင်းလိုက်မေးရသလောက်တော့ ၂၈ မြို့နယ်မှာ တစ်နေရာမှာ မရှုံးတယ်ဆိုတဲ့အသံမကြားဘူး။ ကရင်တိုင်းရင်းသားဝန်ကြီးကတော့ တစ်တိုင်းလုံးအတိုင်းတာအနေနဲ့နိုင်သွားတယ်။ အကုန်လုံးနိုင်ချေရှိတယ် သတင်းရထားပြီ”လို့ ဦးသိန်းတန်ကပြောပါတယ်။ မြို့နယ်၂၈ မြို့နယ်လုံးမှာ ပြည်သူ့လွှတ်တော် ၂၈ နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ ၅၆ နေရာ ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာ စုစုပေါင်း ၉၇ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်မှာ အားလုံးနိုင်ပါတယ်။…
Read Moreစစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့မှာ NLD ပါတီက အနိုင်မဲများနဲ့ ဦးဆောင်ထား
နိုဝင်ဘာ ၉-၂၀၂၀ ကိုတိုးကြီး (VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်မှာ NLDပါတီက အနိုင်မဲတွေရရှိထားပြီဖြစ်တယ်လို့ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ရဲကျော်ကပြောပါတယ်။ ” ကလေးဝမြို့က တိုင်းဒေသကြီး (၂) နေရာမှာတော့ ကွာဟမဲ ၁၂၈ မဲနဲ့ USDP အနိုင်ရတယ် ၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်မြို့နယ်မှာ ပြည်နယ်ဦးစီးအရာရှိနေရာအတွက် မှန်းထားတဲ့ဟာလည်း ရှုံးတယ် ၊ မဲစာရင်းတွေက အချို့နေရာတွေမှာ အတည်မဖြစ်သေးဘူး ပုံစံ ၁၉ အတည်ဖြစ်မှ စိတ်ချရတာ”လို့ မုံရွာမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ရဲကျော်က ပြောပါတယ်။ စစ်ကိုင်းတိုင်းမှာ မြို့နယ် (၃၇) မြို့နယ်မှာ ဆန္ဒမဲရုံ (၄၁၀၇)ရုံ ရှိပြီး ဆန္ဒမဲပေးနိုင်တဲ့ ပြည်သူ (၄၃၀၅၃၀၄) ယောက်ရှိပြီး ကြိုတင်မဲဆန္ဒရှင် ၇ သိန်းကျော်ဟာလည်း ကြိုတင်မဲသတ်မှတ်ကာလတွေမှာ မဲပေးထားပြီဖြစ်တယ်လို့…
Read Moreမကွေးတိုင်းတစ်ခုလုံး NLD နေရာအကုန်နိုင်
နိုဝင်ဘာ- ၉- ၂၀၂၀ ဂျန်ကိုလ်း+နေလင်း(VOM) မကွေးတိုင်းမှာ၂၀၂၀ နိုဝင်ဘာ ၈ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အကုန်နိုင်တယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာက အတည်ပြုပေးပါတယ်။ ”တစ်တိုင်းလုံးအကုန်နိုင်တယ်ဗျ ဒါပေမဲ့ ချင်းတိုင်းရင်းသားနေရာက လစ်မထွက်သေးဘူး သူကတတိုင်းလုံးကိုတိုင်းကော်မရှင်ကပေါင်းရမျာဆုံးဖြတ်မှာ မြို့နယ်အလိုက်ဆုံးဖြတ်တဲ့တိုင်းကိုယ်စားလှယ်နေရာ၅၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၂၅အမျိုးသား၁၂စုစုပေါင်း၈၇နေရာလုံးနိုင်တယ် ချင်းတိုင်းသားနေရာလဲနိုင်မှာ အတိအကျမထွက်သေးပေမဲ့သတင်းထောက်ကြည့်ရသလောက်နိုင်ပါတယ်”လို့ vom ကိုပြောပါတယ်။ ရွေးကောက်ပွဲ ရလာဒ်အပြင် မကွေးတိုင်းအစိုးရအတွင်းမှာ အပြောင်းအလဲ ရှိနိုင်လားလို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကို မေးကြည့်တော့ “ရတယ်ဗျ အကုန်လုံးနိုင်တယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ တိုင်းဒေသကြီးလွှတ်တော်ရယ် အားလုံးပေါင်း ၈၇ ဦး၊ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ၁ ဦးဆိုတော့ အားလုံးနိုင်ပါတယ်ဗျ၊ ကျနော်သိရသလောက်ကတော့ တနင်္သာရီရော၊ ပဲခူးရော၊ မကွေး၊ မန္တလေး၊ ဧရာဝတီ အားလုံးနိုင်တယ်ပြောတယ်ဗျ။ ကျတော်ကတော့ တာဝန်ဆက်ပေးမယ်ဆိုရင်တော့ မကွေးတိုင်းလွှတ်တော်မှာ လက်ရှိအထိုင်အတိုင်းပဲ ဆက်ထားချင်တာ” လို့ မကွေးတိုင်းဒေသကြီး…
Read More