ပဲခူးတိုင်းတစ်ခုလုံး NLDပါတီအနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀
သိင်္ဂီ(VOM)

ပဲခူးတိုင်းအတွင်းက မြို့နယ် ၂၈ မြို့နယ်လုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်သုံးရပ်လုံးမှာ အနိုင်ရရှိထားတယ်လို့ ပဲခူးတိုင်းNLDပါတီဥက္ကဋ္ဌ ဦးသိန်းတန်က ပြောပါတယ်။

“လက်ရှိကတော့ ကြားရသလောက်တော့ တစ်နေရာမှ အဖိတ် အဆင်မကြားရသေးဘူး။မဲတွေကတော့ တချို့က ရေနေတုန်းရှိသေးတာကို၊ မြို့နယ်စာရင်းချုပ်က ချုပ်လို့မရသေးဘူး။ ကျနော်တို့ သတင်းလိုက်မေးရသလောက်တော့ ၂၈ မြို့နယ်မှာ တစ်နေရာမှာ မရှုံးတယ်ဆိုတဲ့အသံမကြားဘူး။ ကရင်တိုင်းရင်းသားဝန်ကြီးကတော့ တစ်တိုင်းလုံးအတိုင်းတာအနေနဲ့နိုင်သွားတယ်။ အကုန်လုံးနိုင်ချေရှိတယ် သတင်းရထားပြီ”လို့ ဦးသိန်းတန်ကပြောပါတယ်။

မြို့နယ်၂၈ မြို့နယ်လုံးမှာ ပြည်သူ့လွှတ်တော် ၂၈ နေရာ ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော်နေရာ ၅၆ နေရာ ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၁ နေရာ စုစုပေါင်း ၉၇ နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်မှာ အားလုံးနိုင်ပါတယ်။ ၁၄ မြို့နယ်မှာ နေရာအပြည့်ဝင်ပြိုင်ပါတယ်။ အဲ့ဒီမှာ အကုန်လုံး နိုင်ပါတ ယ်။ကော်မရှင်ရုံးကတော့ ပြည်တောင်မှခုမှလက်မှတ်ထိုးရမှာ ။ မဲရုံအားလုံးက ၁၀၀ ရာခိုင်နှုန်းရေတွက်ပြိးပြီ”လို့ ပြည်မြို့နယ်မှာ တိုင်းဒေသကြီးနေရာကနေ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်ဦးကျော်ဇေယျကပြောပါတယ်။

ပြည်မြို့နယ်အတွင်း ရွေးကောက်ပွဲမဲရလဒ်တွေကတော့ မနေ့က ရွေးကောက်ပွဲအပြီး ညပိုင်းလောက်ကတည်း ထွက်ပေါ်ခဲ့ပြီး ကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တိုင်းမှာ NLD ပါတီက မဲအသာစီးနဲ့အနိုင်ရရှိနေတာဖြစ်ပါတယ်။ ဒုတိယမဲအများဆုံးရရှိတာကတော့ USDP ပဲဖြစ်ပါတယ်။

သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရဲမြင့်ကတော့ “လက်ရှိ တက်လာတဲ့မြို့နယ် လေးခုရှိတယ်။ အဲ့ဒီမှာ NLDက အနိုင်ရထားပါတယ်။ ကျန်တဲ့မြို့နယ်တွေကတော့ မဲရလဒ်မတက်လာသေးပါဘူးး”လို့ ပြောပါတယ်။

ပဲခူးတိုင်း ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ၃. ၈ သန်းကျော်ရှိခဲ့ပါတယ်။

ပဲခူးတိုင်းအတွင်း ၂၀၂၀ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံအလုပ်သမားလယ်သမားမဟာမိတ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ၊ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ၊ လမ်းပြကြယ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ အရှိချင်းအမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား၊အလုပ်သမားအင်အားစုပါတီ၊ ကရင်အမျိုးသားပါတီ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ မှာလည်း ပဲခူးတိုင်းအတွင်း မဲဆန္ဒနယ် ၁၀၁ နေရာရှိခဲ့ရာ NLDပါတီက ၉၄ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

#voiceomyanmar #VOM #ပဲခူး #ရွေးကောက်ပွဲရလဒ်

Related posts

Leave a Comment

VOM News

FREE
VIEW