ကယားမှာ NLD ပါတီက ၃၄နေရာအနက် နေရာ ၂၀ နိုင်

နို၀င်ဘာ ၉‌-၂၀၂၀ ကောင်းလက်ျာ(VOM) ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေ‌ေရွးကောက်ပွဲကြီးမှာ NLD ပါတီက ကယားပြည်နယ်အတွင်း လွှတ်တော်ကိုယ်စားလှယ်နေရ၃၄ နေရာအနက်၂၀ နေရာသာအနိုင်ရရှိခဲ့ပြီး USDP ပါတီက တပ်ကြိုတင်မဲတွေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကထက် သုံးနေ ရာ ပိုရရှိခဲ့တယ်လို့ ကယားဒေသခံနိုင်ငံရေးပါတီများထံက သိရပါတယ်။ “လွိုင်ကော်၊ ဒီမော့ဆို၊ ဖားဆောင်းနဲ့ မယ်စဲ့မဲဆန္ဒနယ်တွေမှာ ဝန်ချုပ်ဟောင်းဦးအယ်ဖောင်းရှိူ အပါအဝင် နေရာစုံနီးပါးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပြိုင်တဲ့ ဘော်လခဲမှာတော့ နေရာစုံ တပ်ကြိုမဲတွေနဲ့ ပြိုင်ဘက်ပါတီတွေက နိုင်သွားတယ် ဟု ဘော်လခဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာမှာ ရှူံးနိမ့်ခဲ့တယ်” လို့ NLD ပါတီ ကိုယ် စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦးက ပြောပါတယ်။ ကယားပြည်နယ် မြို့နယ်ပေါင်း ၇ မြို့နယ်မှာ ပြည်နယ်လွှတ်တော်နေရာ ၁၄နေရာ၊ ဗမာတိုင်းရင်းသားဝန်ကြီးနေရာ ၁ နေရာ၊အမျိုးသား လွှတ်တော်နေရာ ၁၂…

Read More

မန္တလေးတိုင်းတစ်တိုင်းလုံး NLD အနိုင်ရ

နိုဝင်ဘာ ၉-၂၀၂၀ ရှိုင်းအောင်+ နေလင်း(VOM) မန္တလေးတိုင်းအတွင်းက ပြည်ထောင်စုနယ်မြေအလွတ် ၂၈ မြို့နယ်မှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက ရာနုန်းပြည့်အနိုင်ရနေပါတယ်။ အတည်ပြုချက်တွေ လက်မှတ်မထိုးရသေးပေမယ့် ကနဦးသိရှိရတဲ့ အချက်တွေကို NLDပါတီရဲ့ မန္တလေးတိုင်းအတွင်းရေးမှူး ဦးတင်ကိုကို မေးကြည့်တော့ “ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ မဲရလာဒ် တိတိပပ မထွက်သေးပေမယ့် ယေဘုယျအားဖြင့် အကုန်နိုင်တယ်လို့ ဆိုလို့ရပါပြီ၊ ပြည်ထောင်စုနယ်မြေကတော့ သီးခြားဆိုတော့ ကျနော်တို့နဲ့ တခြားပေါ့ ခု မဲရလာဒ်စာရင်းတွေအရ အနည်းအကျဉ်းပဲ ကော်မရှင်ကိုတက်ဖို့ကျန်တာပါ၊ အကုန်နိုင်တယ်လို့ပြောနိုင်ပါပြီ “ လို့ ဆိုပါတယ်။ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇေယျာသီရိမှာတော့ ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက အနိုင်ရထားတယ်လို့ သိရပါတယ်။ စစ်တပ်အများစုရှိတဲ့ ပြင်ဦးလွင်မြို့နယ်မှာတော့ အများရင်ခုန်စရာကောင်းပြီး စိုးရိမ်စိတ်ရှိနေကြပေမယ့် ရလာဒ်ကတော့ အန်အယ်လ်ဒီပါတီကပဲ တခရိုင်လုံးမှာ အနိုင်ရခဲ့ပါတယ်။ ပြင်ဦးလွင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာက အန်အယ်လ်ဒီပါတီကိုယ်စားယှဉ်ပြိုင်တဲ့ ဒေါက်တာအောင်ခင်ပြောပြတာက…

Read More

NLD အစိုးရဖွဲ့နိုင်တဲ့အင်အားနီးစပ်နေ

ရန်ကုန် ၊ နိုဝင်ဘာ ၉-၂၀၂၀ သူရိန်(VOM) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ကနဦးသိရှိထားရတဲ့ ရွေးကောက်ပွဲရလာဒ်အရ အစိုးရဖွဲ့နိုင်တဲ့ အနေအထားကိုရောက်ရှိနေပြီဖြစ်ကြောင်း ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ယနေ့မနက် ၇ နာရီခွဲခန့်က VOM ကို အတည်ပြုပြောပါတယ်။ “ကျွန်တော်တို့မျှော်မှန်းတာထက်တော့ အနီးစပ်ဆုံးဖြစ်တယ်လို့ ပြောရမှာပေါ့ဗျာ။ တချို့နေရာလေးတွေမှာတော့ ရှုံးနိမ့်ခဲ့တာရှိပါတယ်။ ဒါပေမယ့်အောင်မြင်တဲ့နေရာတွေမှာလည်းအပြတ်အသတ် နိုင်ခဲ့ပါတယ်။ကြိုတင်မဲကိစ္စကတော့ဆန်းစစ်နေတုန်းပါ။ လောလောဆယ်မပြောနိုင်သေးပါဘူး။ ကိုယ်ရှုံးလို့ကန့်ကွက်တယ် ဆိုတာထက်ချွတ်ချော်မှုတွေထင်ရှားမှသာကန့်ကွက်မှာပါ။ လုံလောက်တဲ့အင်အားရမယ်လို့မျှော်လင့်ပါတယ်။ စာရင်းတွေပေါင်းကြည့်နေပါတယ်။ စာရင်းကတက်တာနှေးနေသေးလို့ပါ” ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ လက်ရှိအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းဒေသကြီးတွေမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိနေပြီး တချို့ပြည်နယ်တွေမှာ ဒေသသခံတိုင်းရင်းသားပါတီတွေက အနိုင်ရရှိတာတွေတွေ့နေရပါတယ်။ ကနဦးဖုန်းသတင်းတွေအရ အစိုးရဖွဲ့နိုင်လောက်ပြီလို့ ဒေါက်တာမျိုးညွန့်ကမှတ်ချက်ပြုပေမယ့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှာ အနိုင်ရသူ လက်မှတ်ထိုးပြီးတဲ့ ပမာဏတော့ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိအခြေအနေအရ ရွေးကောက်ပွဲကျင်းပတဲ့ အမျိုးသားလွှတ်တော် ၁၆၁ နေရာ ပြည်သူ့လွှတ်တော် ၃၁၅ နေရာကျင်းပတာမို့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင်…

Read More

ရွေးကောက်ပွဲ လေ့လာသူတချို့ မဲရုံစောင့်ကြည့်ခွင့်မရ

မန္တလေး- နိုဝင်ဘာ ၈-၂၀၂၀ ဆွေလင်းထွန်း(VOM) ကနောင်အင်စတီကျုရဲ့ ဒီနေ့ မနက် ၉ နာရီအထိ ရရှိထားတဲ့ အချက်အလက်တွေအရ ၎င်းတို့ စေလွှတ်ထားတဲ့ စောင့်ကြည့်လေ့လာသူ ၁၂၉ ဦးအနက် ၁ ဦးဟာ မဲရုံတွင်း ဝင်ရောက်စောင့်ကြည့်လေ့လာခွင့် မရခဲ့ဘူးလို့ သိရပါတယ်။ စောင့်ကြည့်လေ့လာနေတဲ့ မဲရုံတွေအနက် မဲရုံ ၂ ရုံမှာ လေ့လာစောင့်ကြည့်သူတွေကို ဝင်ခွင့်မပေးတာ၊ စောင့်ကြည့်လေ့လာသူတွေကို မဲရုံတာဝန်ရှိသူတွေက နှုတ်နဲ့ ဖိအားပေးတာစတဲ့ အဖြစ်အပျက်တွေကြုံခဲ့ရတယ်လို့ ကနောင်အင်စတီကျုရဲ့ အမှုဆောင်ဒါရိုက်တာ ဦးသန်းမြတ်စိုး က ပြောပါတယ်။ ဦးသန်းမြတ်စိုးက “မဲရုံတွေအနက် ၁၀ ယောက်က မဲရုံတာဝန်ရှိသူတွေက ဖုန်းတွေကို ယူခွင့်မပေးတဲ့အတွက် အပြင်မှာထားခဲ့ရတယ်။ ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်က မဲရုံတခုမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခွင့်မပြုတဲ့အတွက် စောင့်ကြည့်လေ့လာခွင့်မရခဲ့ဘူး” လို့ VOM ကို ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး မိတ္ထိလာခရိုင်…

Read More

ရန်ကုန်တိုင်းဒေသကြီးမှာ နေရာတချို့မှာမဲပေးခွင့်ဆုံးတာတွေနဲ့ မဲလက်မှတ်မပါတဲ့ ပြဿနာတချို့ရှိနေ

ရန်ကုန် နိုဝင်ဘာ၈ . ၂၀၂၀ ယဉ်ပပထွန်း ( VOM ) ၂၀၂၀ အထွေထွရွေးကောက်ပွဲ နေ့ဖြစ်တဲ့ ဒီနေ့မှာ ဆိုရင်တော့ ရန်ကုန်တိုင်းဒေသကြီး မှာရှိနေတဲ့ မဲရုံတွေမှာဆိုရင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် မဲပေး ချင်ကြ သော်လည်းပဲ မဲပေးခွင့် မရခဲ့မှုတွေက နေရာအနှံအပြားဖြစ်ပွားနေခဲ့ပါတယ် ။ “ မဲစာရင်း ပထမအကြိမ်သွားးစစ်တုံးက မွေးစာရင်းမှားနေပြီး တိုင်းရင်းသား မဲစာရင်း မှာလဲ မပါဘူး။ အဲ့ဒါနဲ့ မှတ်ပုံတင်မူရင်း မိတ္တူသန်းခေါင်းစာရင်းယူပြီးတော့ ဒုတိအကြိမ် သွားပြင်ပါတယ်။ တိုင်းရင်းသားမဲစာရင်းကိုပါ သေချာပြင်ခဲ့ပါတယ် ။ ဒီနေ့ကျမှ တိုင်းရင်းသားမဲစာရင်းမှာ မပါဘူးတဲ့ ။ မှတ်ပုံတင်ပြတာလဲ မရဘူး ။ ရွှေပြည်သာမှာ့တော့ မှတ်ပုံတင်ပြရင် ပေးရတယ် ပြောလို့ မဲရုံကို ပြောပြ တာလဲ မရတော့ မဲပေးခွင့်မရခဲ့ပါဘူး ။ အဲ့ဒါနဲ့ ရပ်ကွက်ရုံးကို…

Read More

ရန်ကုန်တိုင်းက ရခိုင်နဲ့ကရင် တိုင်းရင်းသားရေးရာဝန်ကြီးနေရာ စိတ်ဝင်စားစရာ

နိုဝင်ဘာ-၆-၂၀၂၀ ဆွေလင်းထွန်း(VOM)   ရန်ကုန်တိုင်းအတွင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၁၁ ဦးမှာ နာမည်ကြီးနိုင်ငံရေးသမားတွေပါတာမို့  အကြိတ်အနယ်ယှဉ်ပြိုင်ကြရမယ့်နေရာဖြစ်ပါတယ်။   ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅ ဦးအနက် ဒေါ်ထုမေဟာ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ယခင်ကရခိုင်ဒီမိုကရေစီအဖွဲချုပ်ပါတီဝင်တဦးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ရခိုင်အမျိုးသားပါတီ နှစ်ခြမ်းကွဲခဲ့ပြီးနောက်ပိုင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဝင်ရောက်ဖို့ လုပ်ခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီက ထွက်ခွင့်မပေးခဲ့တဲ့အတွက် ခုရွေးကောက်ပွဲမှာတော့ တသီးပုဂ္ဂလအနေနဲ့ပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ရန်ကုန်ရောက်ရခိုင်လူငယ်တွေ တည်ထောင်ထားတဲ့ Scholor Institute မှာ အင်္ဂလိပ်စာ ဆရာမတဦးအဖြစ် ပညာဒါနသင်ကြားပေးနေတဲ့အပြင် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစောင့်ကြည့်ရေးလှုပ်ရှားမှု(Shwe Gas Movement) မှာ ညှိနှိုင်းရေးမှုးတဦးအနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမဲပေးခွင့်ရှိတဲ့ ရခိုင်တိုင်းရင်းသား ၇၃၀၀၀…

Read More

ဟိုပုံးမြို့နယ်မှာ တိုင်းရင်းသားပေါင်းစုံတို့ရဲ့ အနုပညာသင်တန်း‌ကျောင်းတစ်ခု ဖွင့်ချင်တယ်ဆိုတဲ့ ဦးခွန်မောင်ကံ

နိုဝင်ဘာ ၆-၂၀၂၀ ဟိုပုံးမြို့နယ်မှာ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(UPNO)ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးခွန်မောင်ကံ ကို Voice Of Myanmar ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ကဏ္ဍကနေ VOMသတင်းထောက် နေနန်းနွယ်က ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲ #ကိုယ်စားလှယ်လောင်းမိတ်ဆက်

Read More

ကျိုက်ထိုမြို့နယ်မှာ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့်တစ်သီးပုဂ္ဂလ ဦးခွန်လှဦး

နို၀င်ဘာ ၆-၂၀၂၀ ကျိုက်ထိုမြို့နယ်မှာ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက်ဝင်ရောက်ယှဉ်ပြိုင်မည့်တစ်သီးပုဂ္ဂလ ဦးခွန်လှဦးကို Voice Of Myanmar ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ကဏ္ဍကနေ VOMသတင်းထောက် သူရိန်က ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ ၁။ တိုင်းရင်းသားနေရာ ဝင်ပြိုင်ရတဲ့ အဓိကရည်ရွယ်ချက်။ ၂ ။ လက်ရှိ ပအိုစ့် တိုင်းရင်းသားတွေ အခြေအနေ။ ၃။ အနိုင်ရရှိဖို့အတွက် ဘယ်လောက်မျှော်မှန်းထားလဲ။ ၄။ အနိုင်ရရှိခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေလိုအပ်ချက်ကို ဘယ်လောက်ထိ ဖြည်းစည်းနိုင်ဖို့မျှော်မှန်းထားလဲ။ ၅။ ဒီကာလမှာ တသီးပုဂ္ဂလိက တစ်ဦးအနေနဲ့ မဲဆွယ်တဲ့ နေရာမှာ ဘာတွေအခက်အခဲရှိနေလဲ။ ၆။ လက်ရှိ ကျန်တဲ့ရက်မှာ ဘယ်လိုနည်းလမ်းနဲ့ မဲဆွယ်ဖို့ ပြင်ဆင်ထားလဲ။ ၇။ လက်ရှိမှာ‌ တိုင်းရင်းသားတွေအတွက် ဘာတွေလုပ်ဆောင်ပေးနေလဲ။ စတာတွေကို မေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲ #ကိုယ်စားလှယ်လောင်းမိတ်ဆက်

Read More

ရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို

ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀ နေလင်းဖြူ(VOM) တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ မကွေးတိုင်း ရေစကြိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော်နေရာကဝင်ရောက်ယှဉ်ပြိုင်မယ့်အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်ကို VOM သတင်းထောက် ကိုနေလင်းဖြူက တွေ့ဆုံမေးမြန်းထားတာပါ။ ပထမဆုံးအနေနဲ့ ဘာသာသနာအကြောင်းပြုမဲဆွယ်တဲ့ ကိစ္စတွေကို အရေးယူမယ်လို့ သက်ဆိုင်ရာက ပြောထားတဲ့အပေါ် ဦးစိုးမောင်ရဲ့ သဘောထားမေးကြည့်တော့ #voiceofmyanmar #VOM #ဦးစိုးမောင် #အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ zawgy ရွေးချယ်မှုမှန်ရင်စံစားရမယ် မှားရင်တော့ ခံစားသွားရမှာမို့ အရင်လုပ်ရပ်တွေကိုကြည့်ဖို့လို ရေစကြို-နိုဝင်ဘာ- ၅-၂၀၂၀ နေလင်းဖြူ(VOM) တပ်မတော်အစိုးရလက်ထက်မှာ စစ်ဥပဒေချုပ်၊ ပြည်ခိုင်ဖြိုးအစိုးရလက်ထက်မှာ သမ္မတရုံးဝန်ကြီးလုပ်ခဲ့တဲ့ ခု အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးစိုးမောင်က အရင်သူတို့လုပ်ခဲ့တဲ့ကာလက ကောင်းတာမကောင်းတာကိုသုံးသပ်ပြီး လူရွေးမှန်ဖို့လိုတယ်လို့ VOM နဲ့တွေ့ဆုံမေးမြန်းခန်းမှာဖြေခဲ့ပါတယ်။ သူ့ရဲ့ဇာတိ…

Read More

ကိုယ့်ကံကြမ္မာကို ဖန်တီနိုင်ချင်တဲ့ တိုင်းရင်းသားဒေသပါတီတွေ

နိုဝင်ဘာ ၅-၂၀၂၀ ဆွေလင်းထွန်း(VOM) ဘယ်တိုင်းရင်းသားပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာမရှိဘူးလို့ လက်ရှိ အာဏာရ NLD ပါတီရဲ့ ပြောကြားမှုတွေနဲ့အတူသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုတွေကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားပါတီတွေအနေနဲ့လည်း ကိုယ့်ဒေသကိုကိုယ်တိုင်အုပ်ချုပ်ပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရရေးအတွက် ကြိုးပမ်းလာကြပါတယ်။ မြန်မာနိုင်ငံရဲ့ တောင်ဘက်အကျဆုံးဖြစ်တဲ့  မွန်၊ ကရင်နဲ့ တနင်္သာရီတို့မှာလည်း သက်ဆိုင်ရာလူမျိုးစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ပါတီတွေအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်မှုတွေလုပ်ထားကြပြီး အနိုင်ရဖို့လည်း မျှော်လင့်နေကြပါတယ်။ မွန်ပါတီတွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ၂၀၁၇ ရွေးကောက်ပွဲကလိုမျိုး မဲထပ်မကွဲစေဖို့အတွက် ပါတီနှစ်ခုကို ပေါင်းစည်းခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ်မှာ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ကို ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ မွန်ညီညွတ်ရေးပါတီအနေနဲ့ မွန်ပြည်နယ်မှာ ကိုယ်စားလှယ်လောင်း ၃၅ ဦးဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တနိုင်ငံလုံးအနေနဲ့ စုစုပေါင်း ၆၅ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအတွက်…

Read More
VOM News

FREE
VIEW