ရပ်စောက်မြို့နယ်က ဝင်ပြိုင်မယ့် ဦးခွန်သန်းထူး
နိုဝင်ဘာ ၅-၂၀၂၀ ရပ်စောက်မြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အမှတ်-၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်သန်းထူးကို Voice Of Myanmar ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ကဏ္ဍကနေ VOMသတင်းထောက် နေနန်းနွယ်က ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmar #VOM #ရွေးကောက်ပွဲ #လွှတ်တော်ကိုယ်စားလှယ်လောင်း
Read More
အမေရိကန်သမ္မတရွေးကောက်ပွဲ အကြိတ်အနယ်ရှိနေချိန် အနိုင်ရပြီလို့ ဒေါ်နယ်ထရန့် အခိုင်အမာပြော
ဝါရှင်တန်၊ နိုဝင်ဘာ-၄-၂၀၂၀ မျိုးဆက် (VOM) လက်ရှိကျင်းပနေတဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲဟာ အကြိတ်အနယ်ရှိနေပြီး Electroal Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြုမဲတွေကိုရေတွက်ရာ အမေရိကန်ပြည်နယ် ၅၀ က ၄၁ ပြည်နယ်ရဲ့ မဲရလဒ်တွေမှာ ပြိုင်ဘက်သမ္မတလောင်း ဂျိုးဘိုင်ဒန်က ၂၂၄ မဲနဲ့ သမ္မတဒေါ်နယ်ထရန့်က ၂၁၃ မဲရရှိနေပါတယ်။ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ်ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ နှစ်ဦးထဲ့က မဲ၂၇၀ ရရှိသူဟာ သမ္မတဖြစ်လာမှာပါ။ မိမိအနေနဲ့ အကြီးအကျယ်အနိုင်ရပြီး အောင်ပွဲခံဖို့ အသင့်ဖြစ်နေပြီလို့ အိမ်ဖြူတော်မှာပြု လုပ်တဲ့ ထောက်ခံသူတွေနဲ့ တွေ့ဆုံပွဲမှာ ထရန့်က အခိုင်အမာဆိုပါတယ်။ ဒါပေမယ့် ဖလော်ရီဒါ၊ အိုဟိုင်းအိုး၊ ဂျော်ဂျီယာ၊ မြောက်ကယ်ရိုလိုင်းနားတို့လို ဒေါ်နယ်ထရန့်အသာရနိုင်ခြေရှိတဲ့ ပြည်နယ်မဲရလဒ်တွေ ရေတွက်ဖို့ ကျန်နေသေးပြီး ဒီပြည်နယ်တွေကနေ ၉၄ မဲလောက်ရရှိနိုင်တာကြောင့် ဒေါ်နယ်ထရန့် အနေနဲ့ ပြိုင်ဘက်သမ္မတလောင်းကို အသာစီးရယူသွားနိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။ အရီဇိုးနား၊…
Read More
Quarantine တဲ့ မဲဆန္ဒရှင်တွေ မဲလက်မှတ်နဲ့ ၆ ပေအကွာက ကြိုတင်မဲပေးရမည်
မြစ်ကြီးနား- နိုဝင်ဘာ၄-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ် ၊ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က Quarantine Center တွေမှာ အသွားအလာ ကန့်သတ်ခံထားရသူတွေကို နိုဝင်ဘာလ ၄ ရက်နေ့ကစပြီး ကြိုတင်မဲပေးခွင့် ပြုခဲ့ပြီး မဲဆန္ဒရှင်တွေဟာ မဲလက်မှတ်နဲ့ ၆ ပေအကွာကနေ မဲပေးရမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူးနဲ့ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသိန်းမြို့တို့ရဲ့ ပြောကြားချက်အရ သိရပါတယ်။ Quarantine Center က မဲပေးခွင့်ရှိသူတွေကို ကြိုတင်မဲကောက်ယူမှု အနေနဲ့ မြစ်ကြီးနားမြို့နယ်အတွင်း နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်မှာ ကောက်ယူမှာဖြစ်ပြီး ဝိုင်းမော်မြို့နယ် အတွင်းမှာတော့ ၅ ရက်နေ့ကနေ ၇ ရက်အတွင်း ကောက်ယူမယ်လို့ သိရပါတယ်။ အဲ့ဒီလိုမဲပေးတဲ့အခါမှာ ရပ်ကျေးကော်မရှင် တာဝန်ရှိသူတွေ၊ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်ရေး…
Read More
ဒေါပုံမြို့နယ်က အိမ်ငှားတွေရဲ့အခက်အခဲကို အကောင်အထည်ဖော်မယ့် ကိုသီဟဝင်း
နိုဝင်ဘာ ၄-၂၀၂၀ ရန်ကုန်တိုင်း ၊ ဒေါပုံမြို့နယ်၊ ပြည်သူ့ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်အမှတ်-၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသီဟဝင်းကို Voice Of Myanmarရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းမိတ်ဆက်ကဏ္ဍကနေ VOMသတင်းထောက် ယဉ်ပပထွန်းက ရိုက်ကူးမေးမြန်းထားတာဖြစ်ပါတယ်။ #voiceofmyanmarr #VOM #ရွေးကောက်ပွဲ #လွှတ်တော်ကိုယ်စားလှယ်လောင်း
Read More
ရန်ကုန်တိုင်းနဲ့ ရွေးကောက်ပွဲပစ်မှတ်များ
မန္တလေး- နိုဝင်ဘာ ၃-၂၀၂၀ ဆွေလင်းထွန်း(VOM) တိုင်းနဲ့ပြည်နယ်တွေအနက် ရန်ကုန်တိုင်းဟာ ကိုဗစ်ရောဂါကူးဆက်ခံရမှု အများဆုံးဖြစ်နေတဲ့အချိန် စက်ရုံ၊ အလုပ်ရုံတွေ အများဆုံးရှိတာ၊ လူဦးရေအများဆုံးဖြစ်တာ၊ လူမျိုး၊ ဘာသာ အစုံလင်ဆုံးဖြစ်တာ စတဲ့အချက်တွေကြောင့် ရန်ကုန်နိုင်ငံရေးဟာ ရွေးကောက်ပွဲအတွက် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုးရေးအသုံးပြုမဲဆွယ်တာတွေ ရန်ကုန်တိုင်းမှာ အများဆုံးတွေ့ရသလို ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့သူအချို့လည်း ရန်ကုန်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်ဟာ အမျိုးသားရေးသမားတွေရဲ့ အဓိက ပစ်မှတ်တခုဖြစ်သလို၊ အမျိုးသားရေးသမားတွေ ရန်ကုန်မှာ ရွေးကောက်ပွဲဝင်ပြိုင်တာ၊ ရန်ကုန်က အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကို လူမှုကွန်ယက်ကနေ တိုက်ခိုက်တာ၊ အမျိုးသားရေးဆရာတော်အဖြစ် နာမည်ကြီးတဲ့ ဆရာတော်ဦးဝီရသူဟာ ရွေးကောက်ပွဲကျင်းပဖို့ ၆ရက်သာ လိုတော့တဲ့အချိန်မှာ လာရောက်အဖမ်းခံတာတွေကနေ သက်သေပြနေပါတယ်။ ဦးဝီရသူဟာ ယမန်နှစ် မေလအတွင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံမှာ အစိုးရကို အကြည်ညိုပျက်စေမယ့် ဟောပြောမှုတွေ…
Read More
လှည်းကူးမြို့မှာ အမျိုးဘာသာစောင့်ရှောက်တဲ့ခေါင်းဆောင်တွေကို မဲပေးဖို့ ကမ်ပိန်းပြုလုပ်
လှည်းကူး- နိုဝင်ဘာ ၃-၂၀၂၀ အေးချမ်းသူ(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ခေါင်းဆောင်တွေကိုသာ မဲပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက လှည်းကူးမြို့မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကနေ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ “ရဟန်း၊ သံဃာကိုသတ်ရင် တစ်ပါးပဲသေပါတယ်။ ဒါပေမယ့် ဘာသာသာသာနာမပျောက်သွားပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရွေးချယ်မယ့် ခေါင်းဆောင်က ဘယ်ခေါင်းဆောင်မဆို ကျွန်မတို့အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့သူမျိုး ရွေးချယ်ဖို့ ကမ်ပိန်းလုပ်တာပါ”လို့ ဦးဆောင်ပြုလုပ်သူ ဒေါ်အေးအေးမော်က VOMကိုပြောပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တွေကို မဲပေးမှသာ အမျိုးသားရေးကို နှိပ်ကွပ်မယ့်အစိုးရနဲ့ မကြုံရမှာဖြစ်တယ်လို့ ဝန်းရံသူ ကိုဇော်ဇော်ကလည်း VOMကိုပြောပါတယ်။ အမျိုးသာဘာ သာသနာကို စောင့်ရှောက်သူကို မဲပေးကြမည် ကမ်ပိန်းကို လှည်းကူးမြို့နယ်ရှိ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား၂၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #လှည်းကူး #အမျိုးသားရေးလှုပ်ရှားသူ #ကမ်ပိန်းပြုလုပ်…
Read More
စစ်ဘေးနဲ့ ကပ်ဘေးကြားက ရခိုင်ရွေးကောက်ပွဲ တရားမျှတမှုရှိနိုင်မလား
စစ်တွေ၊ နိုဝင်ဘာ ၃- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကတော့ မဲဆန္ဒနယ်မြေအများစုမှာ နေရာအများဆုံးအနိုင်ရတဲ့ ပါတီက အစိုးရဆိုတဲ့ နိုင်ငံတော်ရဲ့ သမ္မတအပါအဝင် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ပြည်နယ်တိုင်း လွှတ်တော်အတွက် ယှဉ်ပြိုင်ရတဲ့ရွေးကောက်ပွဲမှာတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ အများစုအနိုင်ရတဲ့ပါတီကအစိုးရဖွဲ့လို့မရပါဘူး နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်သူသာ ဝန်ကြီးချုပ်လုပ်ရပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ စိတ်ဝင်စားဆုံးကတော့ ရခိုင်ပြည်နယ်ပါ။ ကိုဗစ်ရောဂါဖြစ်နေသလို စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အရင်ရွေးကောက်ပွဲတွေလိုမဟုတ်တော့ပါဘူး။ ရခိုင်ပါတီအများစုနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာဟာလည်း ရခိုင်ပြည်သူတွေအတွက် နစ်နာမှုရှိတယ်လို့ ရခိုင်နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။ ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်းက မြို့နယ် (၉) မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာလ ၁၆ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်…
Read More
ပန်းပညာရှင်မှသည် လွှတ်တော်ဆီသို့
Read More
မဲရုံမှူးရဲ့ တရားမဲ့ပြုကျင့်မှုညှိနှိုင်းနေတာကို သတင်းမယူဖို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌတား
ကျိုက်ထို ၊ နိုဝင်ဘာ ၂-၂၀၂၀ သူရိန်(VOM) မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ဝင်းကံကျေးရွာ ကော်မရှင်ရုံးမှာ အသက် ၆၀ ကျော် မဲဆန္ဒရှင်တွေဆန္ဒမဲပေးချိန် မဲရုံမှုးကတာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီးတရားမဲ့ပြုကျင့်လို့ နိုဝင်ဘာ ၁ ရက်က နှစ်ဖက်တာဝန်ရှိသူတွေညှိနှိုင်းဆွေးနွေးတာကို သတင်းရယူခြင်းမပြုဖို့မြို့နယ်ကော်မရှင်ဥက္ကဌ ကတားမြစ်ခဲ့တယ်လို့ဒေသခံသတင်းသမားတွေကပြောပါတယ်။ ဝင်းကံကျေးရွာကော်မရှင်ရုံးမှာ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီအချိန် အသက် ၆၀ ကျော်မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနေချိန်မှာ မဲရုံမှူး ဒေါ်ခင်ငြိမ်းချမ်း ( ဝင်းကံ အ.လ.က ကျောင်းအုပ် )က လျှို့ဝှက်ဆန္ဒပြုခန်းရဲ့နောက်ကွယ်မှာ ဆရာမကိုယ်တိုင် အသက် ၆၀ ကျော် မဲဆန္ဒရှင်တစ်ဦးနဲ့တွေ့ရပြီး မဲဆန္ဒရှင်ရဲ့ဆန္ဒကို မေးမြန်းခြင်းမပြုဘဲ အမေစုကိုမဲပေးချင်ရင် ဒီနေရာမှာထုလို့ပြောသံကို ကိုယ်တိုင်နားနဲ့ဆက်ဆက်ကြားခဲ့တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ဆွေက တိုင်ကြားခဲ့တာပါ။ “အဲဒီကိစ္စကို မနက်…
Read More
၀ိုင်းမော်မှာ NLDရဲ့ မဲရုံစောင့်ကြည့်သူက မဲပုံးဖွင့်လို့ အမှုဖွင့်ခံရ
ဝိုင်းမော်-နိုဝင်ဘာ ၂ရက်-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၄) မဲရုံအမှတ် – ၆ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီပါတီ NLD ကိုယ်စားလှယ်လောင်းက စေလွှတ်ထားတဲ့ မဲရုံစောင့်ကြည့်သူကို မဲပုံးအပေါက် ပိတ်ထားတဲ့ တိပ်ကိုခွာခဲ့လို့ အောက်တိုဘာ ၃၁ ရက်နေ့က ရွေးကောက်ပဲဥပဒေနဲ့ အမှုဖွင့် ထားပါတယ်။ သတ်မှတ်ချိန်မတိုင်ခင် နံနက် ၆ နာရီကျော်မှာ မဲရုံရောက်လာပြီးမဲပုံးကို ဖွင့်ထားတာဖြစ်လို့ စာရေးတိုင်ကြားလိုက်တာလို့ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မဲရုံစောင့်ကြည့်သူ ဦးဗီဒူလေးက ပြောပါတယ်။ (အင်တာဗျူး – ၁) အောက်တိုဘာ ၂၉ ရက်မှာ အသက် ၆၀ နဲ့ အထက် သက်ကြီးမဲဆန္ဒရှင်တွေ၊ မသန်စွမ်းမဲဆန္ဒရှင်တွေ၊ ကျန်းမာရေး မကောင်းသူတွေရဲ့ ဆန္ဒမဲတွေ ကောက်ယူခဲ့တဲ့ မဲပုံးကို မဲရုံတာ၀န်ရှိသူတွေ ပါတီအသီးသီးကိုယ်စား စောင့်ကြည့်သူတွေ သဘောတူညီချက်နဲ့…
Read More
VOM News
FREE
VIEW