စစ်ဘေးနဲ့ ကပ်ဘေးကြားက ရခိုင်ရွေးကောက်ပွဲ တရားမျှတမှုရှိနိုင်မလား

စစ်တွေ၊ နိုဝင်ဘာ ၃- ၂၀၂၀

ထက်အောင်စိုင်း (VOM)

ရွေးကောက်ပွဲဟာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်တယ်ဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကတော့ မဲဆန္ဒနယ်မြေအများစုမှာ နေရာအများဆုံးအနိုင်ရတဲ့ ပါတီက အစိုးရဆိုတဲ့ နိုင်ငံတော်ရဲ့ သမ္မတအပါအဝင် ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ပြည်နယ်တိုင်း လွှတ်တော်အတွက် ယှဉ်ပြိုင်ရတဲ့ရွေးကောက်ပွဲမှာတော့ သက်ဆိုင်ရာ ပြည်နယ်တိုင်းမှာ အများစုအနိုင်ရတဲ့ပါတီကအစိုးရဖွဲ့လို့မရပါဘူး နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်သူသာ ဝန်ကြီးချုပ်လုပ်ရပါတယ်။

လာမယ့် ရက်ပိုင်းအတွင်း ကျရောက်တော့မယ့် ရွေးကောက်ပွဲမှာ ပြည်တွင်းပြည်ပ စိတ်ဝင်စားဆုံးကတော့ ရခိုင်ပြည်နယ်ပါ။ ကိုဗစ်ရောဂါဖြစ်နေသလို စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အရင်ရွေးကောက်ပွဲတွေလိုမဟုတ်တော့ပါဘူး။ ရခိုင်ပါတီအများစုနိုင်ခဲ့တဲ့
မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာဟာလည်း ရခိုင်ပြည်သူတွေအတွက် နစ်နာမှုရှိတယ်လို့ ရခိုင်နိုင်ငံရေးပါတီတွေက ဆိုကြပါတယ်။

ရခိုင်ပြည်နယ်မြောက်ဖက်ပိုင်းက မြို့နယ် (၉) မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အောက်တိုဘာလ ၁၆ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက် အပေါ်မှာလည်း ရခိုင်ပါတီတွေအပြင် အခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း အဲဒီလိုမျိုး ချန်လှပ်ထားခဲ့တဲ့အတွက် တိုင်းရင်းသားပါတီတွေ၊ ပညာရှင်တွေနဲ့ ပြည်သူတွေကပါ နိုင်ငံသားအခွင့်အရေးဆုံးရှုံးတယ်ဆိုပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ်ဝေဖန်မှု မြင့်တက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း အခုလိုမျိုး UEC ကထုတ်ပြန်ချက်မှာ မိမိတို့မှတ်ချက်မပါဝင်ကြောင်းနဲ့ ပြည်ထောင်စုက တိုက်ရိုက်ဆုံးဖြတ်တာဖြစ်ကြောင်း အောက်တိုဘာလ နောက်ဆုံးအပတ်က သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က မီဒီယာတွေကို ပြောခဲ့ပါတယ်။

စစ်ဘေးနဲ့ ကပ်ဘေးကြားကရခိုင်ပြည်နယ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရခိုင်ပြည်ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှု အားနည်းနေတာကိုလည်း မျက်ဝါးထင်ထင်တွေ့မြင် နေရပါတယ်။

ရခိုင်ပြည်နယ်ဟာ အကျပ်အတည်းအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရကာ စစ်ရေးပဋိပက္ခတွေကြောင့် (၂) သိန်းကျော်တဲ့ ရခိုင်ပြည်သူတွေ အိုးအိမ်စွန့်ခွာရမှုတွေ၊ ကိုဗစ် ၁၉ ရောဂါနဲ့ မသွားမလာရကန့်ထားမှုတွေကြောင့် ပြည်နယ်တွင်း စီးပွားရေးအကျပ်းအတည်းတွေအပြင် အင်တာနဲ့ ဖြတ်တောက်ခံထားရတာတွေ၊ အင်တာနက်ရပေမယ့် ပြည့်ဝတဲ့ အင်တာနဲ့ အရည်အသွေးမရရှိတာတွေ စတဲ့အခြေအနေတွေနဲ့ ကြုံတွေ့နေရတယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ အဲလိုအခြေအနေမှာ သက်ဆိုင်တဲ့ မိမိတို့ရဲ့ အထွေထွေခံစားချက်နဲ့ ဖြစ်ဖြစ် အဖိနှိပ်ခံထားတဲ့အခြေအနေမျိုးတွေ နောက်တစ်ခုက မိမိတို့ပြည်သူတွေရဲ့ လွတ်လပ်တဲ့ဘဝတစ်ခုကို လိုအပ်တဲ့ပြည်သူတွေရဲ့ ဆန္ဒတွေကို သက်ဆိုင်ရာ နိုင်ငံရေးစင်မြင့်အသီးသီး၊ လွှတ်တော်ကတဆင့် တင်ပြနိုင်ဖို့အခွင့်အရေး အဓိကဆုံးရှုံးမှာက ပြည်သူတွေပါ။ ကျနော်တို့ နိုင်ငံရေးပါတီတွေအနေနဲ့ အဲလောက် ထိခိုက်နစ်နာစရာမရှိဘူး။ ဒီလိုသာ ရွေးကောက်ပွဲမလုပ်ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဆုံးရှုံးမယ်ဆိုရင် ပြည်ထောင်စုဆိုတဲ့ မြန်မာနိုင်ငံမှာ ကျနော်တို့ ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ဆုံးရှုံးနစ်နာမှုဟာ အင်မတန် ကျယ်ပြန့် ကြီးမားမယ့် အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ မြို့နယ်တိုင်းမှာ အတတ်နိုင်ဆုံးရွေးကောက်ပွဲဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။” လို့ ရခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်အောင်ကျော်က ထောက်ပြပြောဆိုပါတယ်။

ပလက်ဝမြို့နယ်အတွင်း စစ်ရေးပဋိပက္ခ (၂) နှစ်နီးပါးကာလအတွင်း တိုက်ပွဲအကြိမ်ရေ (၉၀) ကျော်ဖြစ်ပွားခဲ့ကြောင်းနဲ့ အဲဒီလို ဒေသတည်ငြိမ်အေးချမ်းမှု မရှိတဲ့ မြို့နယ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း ထုတ်ပြန်ပြီး ရခိုင်က ပေါက်တောနဲ့ မောင်တောမြို့နယ်တစ်ခုလုံးအပြင် တောင်ကုတ်နဲ့ ကျောက်ဖြူမြို့နယ်တွေက ကျေးရွာအုပ်စု တွေကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း UEC ရဲ့ ထုတ်ပြန်ချက်အပေါ် ပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေကြား ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က
“ ကျမတို့ကတော့ နိုင်ငံရေးတစ်ရပ်ကို ဘယ်ပြဿနာပဲဖြစ်ဖြစ် ဖြေရှင်းကြမယ်ဆိုရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာကိုလိုလားပါတယ်။ ယှဉ်ပြိုင်ကြတယ်ဆိုရင်လည်း ဂုဏ်သိက္ခာရှိရှိ အနိုင်ရဖို့အတွက် ရိုးသားစွာ ယှဉ်ပြိုင်ဖို့ ကျမတို့ လိုလားပါတယ်။ နိုင်ရင်ပြီးရောဆိုပြီး ဂုဏ်သိက္ခာမပါတဲ့ ဗလာအနိုင်ရမှုမျိုးကို မလိုချင်ပါဘူး။ နိုင်ငံရေးဆိုတာဟာ တကယ့်ကို နိုင်ငံ့အရေးအတွက် စိတ်ကောင်းစေတနာကောင်းနဲ့ အရည်အချင်းရှိတဲ့လူတွေက မြင့်မြင့်မြတ်မြတ် လုပ်ကြတဲ့အလုပ်ပါလားဆိုပြီး ပြည်သူတွေက မြင်လာမှပဲ ကျမတို့ရဲ့ နိုင်ငံရေး လောက၊ လမ်းကြောင်း၊ နိုင်ငံရေးပန်းတိုင်ဟာ အောင်အောင်မြင်မြင် ရေရှည်ရပ်တည်နိုင်မယ်လို့ ကျမတို့ယုံကြည်တဲ့ အတွက် ပြောရတာဖြစ်ပါတယ်။” လို့ VOM နဲ့ တွေ့ဆုံးမေးမြန်းခန်းမှာ ပြောထားတာဖြစ်ပါတယ်။

ရခိုင့်ဦးဆောင်ပါတီ ဒုတိယဥက္ကဌ ဦးကျော်ဇောဦးကလည်း ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအပြင် ပါတီစုံရွေးကောက်ပွဲနဲ့ ဖြစ်ပေါ်လာတဲ့ အစိုးရနှစ်ဆက်အထိ ရှိလာခဲ့ပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီက အများစုအနိုင်ရပေမယ့် အစိုးရဖွဲ့ခွင့်မရတာတွေ၊ ပြည်သူတွေတင်မြှောက်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်အတွင်း လုပ်ပိုင်ခွင့်၊ အခွင့်အာဏာအပြည့်အဝမရရှိတာကြောင့် ရခိုင်ပြည်သူတွေအတွက် ရွေးကောက်ပွဲက ကောင်းမွန်တဲ့ အပြောင်းအလဲတိုးတက်မှုတွေ၊ ပြည်သူတွေအတွက် ကိုယ်စားမပြုနိုင်ကြောင်း စတဲ့အတွေးတွေဝင်သွားပြီး ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှု မရှိသလောက် နည်းပါးနေတာကို တွေ့မြင်ရကြောင်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရပေမယ့် စစ်ရေးပဋိပက္ခကြား သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေမရှိတာကို တွေ့ရတဲ့အပြင် ယမန်နေ့က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထာဝရငြိမ်းချမ်းရေးအတွက်ဆိုပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် အနောက်ပိုင်းတိုင်းစစ်ဌာနတည်ရှိရာ ရခိုင်ပြည်နယ်မပါဝင်ခဲ့ပါဘူး။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး “ တကယ်တမ်း ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရအောင်တည်ဆောက်ကြမယ်ဆိုရင် ရခိုင်အပါအဝင် သက်ဆိုင်ရာ တိုင်းရင်းသားဒေသ အမျိုးသားပြည်နယ်တွေကို ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝပေးပြီး ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ကို ဖန်တီးနိုင်မှသာလျှင် ငြိမ်းချမ်းရေးရမှာ ဖြစ်ပါတယ်။” လို့ ရခိုင့်ဦးဆောင်ပါတီ ဒုတိယဥက္ကဌ ဦးကျော်ဇောဦးက VOM နဲ့ တွေ့ဆုံမေးမြန်းချက်မှာ ရခိုင်ပြည်နယ်ငြိမ်းချမ်းစည်ပင်ဝပြောရေးနဲ့ ဆက်စပ်ပြီး ပြောသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး သက်ဆိုင်ရာ ပြည်နယ်အလိုက် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်တွေရဲ့ အခန်းကဏ္ဍဟာလည်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ အဓိကအခန်းမှာ ပါဝင်နေတာတွေ့ရပါတယ်။ သို့ပေမယ့် တစ်ဖက်မှာလည်း ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲ့ ရွေးကောက်ပွဲကော်မရှင်တွေဟာ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ လွတ်လပ်စွာနဲ့ စီမံဆုံးဖြတ်ပိုင်ခွင့် မရှိပဲ ဘယ်လိုအခြေအနေမျိုးမှာ ပင်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အပြီးအပြတ်ဖြစ်ကြောင်း ရွေးကောက်ပွဲ ဥပဒေမှာ ပြဌာန်းထားတဲ့အတွက် ပြည်နယ်နဲ့ တိုင်းတွေရဲ့ ကော်မရှင်တွေဟာ သိပ်အရေးမပါတာကိုတွေ့မြင်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် နိုဝင်ဘာ ၈ရက်မှာကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ် (၈) မြို့နယ်ကိုသာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပြီး တချို့မြို့နယ်တွေမှာ ကျေးရွာအုပ်စုတွေ ရွေးကောက်ပွဲမကျင်းပဖို့ ချန်လှပ်ခံထားရတာတွေကြားက မြို့နယ် (၈) မြို့နယ်ကပြည်သူတွေ မဲပေးရတော့မှာ ဖြစ်ပါတယ်။

မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ ရခိုင်ပြည်သူတွေရဲ့ ခံစားချက်တွေကို ဘယ်လောက်ထိ ကျေးနပ်မှုရှိအောင် ဖန်တီးပေးနိုင်မလဲ ၊ ရခိုင်ပြည်သူတွေရဲ့ ရပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်တွေကို ဖော်ဆောင်ပေးနိုင်မလားဆိုတဲ့စကားလုံးတွေအပြင် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်မလားဆိုတာကတော့ နောက် ၅ ရက်ဆိုရင် ငွေရောင်ပိတ်ကားပေါ်မှာ ထင်ထင်ရှားရှားမြင်ရတော့မှာဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရခိုင်ရွေးကောက်ပဲွ

စစ္ေဘးနဲ႔ ကပ္ေဘးၾကားက ရခိုင္ေ႐ြးေကာက္ပြဲ တရားမွ်တမႈရွိႏိုင္မလား

စစ္ေတြ၊ ႏိုဝင္ဘာ ၃- ၂၀၂၀

ထက္ေအာင္စိုင္း (VOM)

ေ႐ြးေကာက္ပြဲဟာ ဒီမိုကေရစီႏိုင္ငံတစ္ခုရဲ႕ အေရးႀကီးတဲ့ အခန္းက႑ကပါဝင္တယ္ဆိုေပမယ့္ ျမန္မာႏိုင္ငံရဲ႕ ေ႐ြးေကာက္ပြဲကေတာ့ မဲဆႏၵနယ္ေျမအမ်ားစုမွာ ေနရာအမ်ားဆုံးအႏိုင္ရတဲ့ ပါတီက အစိုးရဆိုတဲ့ ႏိုင္ငံေတာ္ရဲ႕ သမၼတအပါအဝင္ ျပည္နယ္နဲ႔ တိုင္း ဝန္ႀကီးခ်ဳပ္ေတြကို ေ႐ြးခ်ယ္ၾကမွာ ျဖစ္ပါတယ္။ ျပည္နယ္တိုင္း လႊတ္ေတာ္အတြက္ ယွဥ္ၿပိဳင္ရတဲ့ေ႐ြးေကာက္ပြဲမွာေတာ့ သက္ဆိုင္ရာ ျပည္နယ္တိုင္းမွာ အမ်ားစုအႏိုင္ရတဲ့ပါတီကအစိုးရဖြဲ႕လို႔မရပါဘူး ႏိုင္ငံေတာ္သမၼတက ေ႐ြးခ်ယ္ခန႔္အပ္သူသာ ဝန္ႀကီးခ်ဳပ္လုပ္ရပါတယ္။

လာမယ့္ ရက္ပိုင္းအတြင္း က်ေရာက္ေတာ့မယ့္ ေ႐ြးေကာက္ပြဲမွာ ျပည္တြင္းျပည္ပ စိတ္ဝင္စားဆုံးကေတာ့ ရခိုင္ျပည္နယ္ပါ။ ကိုဗစ္ေရာဂါျဖစ္ေနသလို စစ္မက္ျဖစ္ပြားေနတဲ့ အေျခအေနေတြေၾကာင့္ အရင္ေ႐ြးေကာက္ပြဲေတြလိုမဟုတ္ေတာ့ပါဘူး။ ရခိုင္ပါတီအမ်ားစုႏိုင္ခဲ့တဲ့
မဲဆႏၵနယ္ေျမေတြမွာ ေ႐ြးေကာက္ပြဲမက်င္းပႏိုင္တာဟာလည္း ရခိုင္ျပည္သူေတြအတြက္ နစ္နာမႈရွိတယ္လို႔ ရခိုင္ႏိုင္ငံေရးပါတီေတြက ဆိုၾကပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ဖက္ပိုင္းက ၿမိဳ႕နယ္ (၉) ၿမိဳ႕နယ္မွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မွာမဟုတ္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေအာက္တိုဘာလ ၁၆ ရက္ရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ အေပၚမွာလည္း ရခိုင္ပါတီေတြအျပင္ အျခားျပည္နယ္နဲ႔ တိုင္းေတြမွာလည္း အဲဒီလိုမ်ိဳး ခ်န္လွပ္ထားခဲ့တဲ့အတြက္ တိုင္းရင္းသားပါတီေတြ၊ ပညာရွင္ေတြနဲ႔ ျပည္သူေတြကပါ ႏိုင္ငံသားအခြင့္အေရးဆုံးရႈံးတယ္ဆိုၿပီး ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) အေပၚေဝဖန္မႈ ျမင့္တက္ခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ကလည္း အခုလိုမ်ိဳး UEC ကထုတ္ျပန္ခ်က္မွာ မိမိတို႔မွတ္ခ်က္မပါဝင္ေၾကာင္းနဲ႔ ျပည္ေထာင္စုက တိုက္႐ိုက္ဆုံးျဖတ္တာျဖစ္ေၾကာင္း ေအာက္တိုဘာလ ေနာက္ဆုံးအပတ္က သတင္းစာရွင္းလင္းပြဲအၿပီးမွာ ျပည္နယ္ေ႐ြးေကာက္ပြဲေကာ္မရွင္ အတြင္းေရးမႉး ဦးသူရိန္ထြဋ္က မီဒီယာေတြကို ေျပာခဲ့ပါတယ္။

စစ္ေဘးနဲ႔ ကပ္ေဘးၾကားကရခိုင္ျပည္နယ္မွာ က်င္းပမယ့္ ေ႐ြးေကာက္ပြဲကို ရခိုင္ျပည္ျပည္သူေတြအေနနဲ႔ စိတ္ဝင္စားမႈ အားနည္းေနတာကိုလည္း မ်က္ဝါးထင္ထင္ေတြ႕ျမင္ ေနရပါတယ္။

ရခိုင္ျပည္နယ္ဟာ အက်ပ္အတည္းအမ်ိဳးမ်ိဳးနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရကာ စစ္ေရးပဋိပကၡေတြေၾကာင့္ (၂) သိန္းေက်ာ္တဲ့ ရခိုင္ျပည္သူေတြ အိုးအိမ္စြန႔္ခြာရမႈေတြ၊ ကိုဗစ္ ၁၉ ေရာဂါနဲ႔ မသြားမလာရကန႔္ထားမႈေတြေၾကာင့္ ျပည္နယ္တြင္း စီးပြားေရးအက်ပ္းအတည္းေတြအျပင္ အင္တာနဲ႔ ျဖတ္ေတာက္ခံထားရတာေတြ၊ အင္တာနက္ရေပမယ့္ ျပည့္ဝတဲ့ အင္တာနဲ႔ အရည္အေသြးမရရွိတာေတြ စတဲ့အေျခအေနေတြနဲ႔ ႀကဳံေတြ႕ေနရတယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ထိပ္ပိုင္းေခါင္းေဆာင္ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

“ အဲလိုအေျခအေနမွာ သက္ဆိုင္တဲ့ မိမိတို႔ရဲ႕ အေထြေထြခံစားခ်က္နဲ႔ ျဖစ္ျဖစ္ အဖိႏွိပ္ခံထားတဲ့အေျခအေနမ်ိဳးေတြ ေနာက္တစ္ခုက မိမိတို႔ျပည္သူေတြရဲ႕ လြတ္လပ္တဲ့ဘဝတစ္ခုကို လိုအပ္တဲ့ျပည္သူေတြရဲ႕ ဆႏၵေတြကို သက္ဆိုင္ရာ ႏိုင္ငံေရးစင္ျမင့္အသီးသီး၊ လႊတ္ေတာ္ကတဆင့္ တင္ျပႏိုင္ဖို႔အခြင့္အေရး အဓိကဆုံးရႈံးမွာက ျပည္သူေတြပါ။ က်ေနာ္တို႔ ႏိုင္ငံေရးပါတီေတြအေနနဲ႔ အဲေလာက္ ထိခိုက္နစ္နာစရာမရွိဘူး။ ဒီလိုသာ ေ႐ြးေကာက္ပြဲမလုပ္ဘဲနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆုံးရႈံးမယ္ဆိုရင္ ျပည္ေထာင္စုဆိုတဲ့ ျမန္မာႏိုင္ငံမွာ က်ေနာ္တို႔ ရခိုင္ျပည္နယ္က ျပည္သူေတြရဲ႕ ဆုံးရႈံးနစ္နာမႈဟာ အင္မတန္ က်ယ္ျပန႔္ ႀကီးမားမယ့္ အေျခအေနျဖစ္ပါတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ကေတာ့ ၿမိဳ႕နယ္တိုင္းမွာ အတတ္ႏိုင္ဆုံးေ႐ြးေကာက္ပြဲျဖစ္ေစခ်င္တဲ့ ဆႏၵရွိပါတယ္။” လို႔ ရခိုင္အမ်ိဳးသားပါတီ(ANP) မူဝါဒေရးရာဦးေဆာင္ေကာ္မတီဝင္ ဦးထြန္ေအာင္ေက်ာ္က ေထာက္ျပေျပာဆိုပါတယ္။

ပလက္ဝၿမိဳ႕နယ္အတြင္း စစ္ေရးပဋိပကၡ (၂) ႏွစ္နီးပါးကာလအတြင္း တိုက္ပြဲအႀကိမ္ေရ (၉၀) ေက်ာ္ျဖစ္ပြားခဲ့ေၾကာင္းနဲ႔ အဲဒီလို ေဒသတည္ၿငိမ္ေအးခ်မ္းမႈ မရွိတဲ့ ၿမိဳ႕နယ္မွာ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေၾကာင္း ထုတ္ျပန္ၿပီး ရခိုင္က ေပါက္ေတာနဲ႔ ေမာင္ေတာၿမိဳ႕နယ္တစ္ခုလုံးအျပင္ ေတာင္ကုတ္နဲ႔ ေက်ာက္ျဖဴၿမိဳ႕နယ္ေတြက ေက်း႐ြာအုပ္စု ေတြကို ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေၾကာင္း UEC ရဲ႕ ထုတ္ျပန္ခ်က္အေပၚ ပညာရွင္ေတြ၊ ႏိုင္ငံေရးပါတီေတြနဲ႔ ျပည္သူေတြၾကား ေဝဖန္မႈေတြျမင့္တက္ခဲ့ပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚေအးႏုစိန္က
“ က်မတို႔ကေတာ့ ႏိုင္ငံေရးတစ္ရပ္ကို ဘယ္ျပႆနာပဲျဖစ္ျဖစ္ ေျဖရွင္းၾကမယ္ဆိုရင္ ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းတာကိုလိုလားပါတယ္။ ယွဥ္ၿပိဳင္ၾကတယ္ဆိုရင္လည္း ဂုဏ္သိကၡာရွိရွိ အႏိုင္ရဖို႔အတြက္ ႐ိုးသားစြာ ယွဥ္ၿပိဳင္ဖို႔ က်မတို႔ လိုလားပါတယ္။ ႏိုင္ရင္ၿပီးေရာဆိုၿပီး ဂုဏ္သိကၡာမပါတဲ့ ဗလာအႏိုင္ရမႈမ်ိဳးကို မလိုခ်င္ပါဘူး။ ႏိုင္ငံေရးဆိုတာဟာ တကယ့္ကို ႏိုင္ငံ့အေရးအတြက္ စိတ္ေကာင္းေစတနာေကာင္းနဲ႔ အရည္အခ်င္းရွိတဲ့လူေတြက ျမင့္ျမင့္ျမတ္ျမတ္ လုပ္ၾကတဲ့အလုပ္ပါလားဆိုၿပီး ျပည္သူေတြက ျမင္လာမွပဲ က်မတို႔ရဲ႕ ႏိုင္ငံေရး ေလာက၊ လမ္းေၾကာင္း၊ ႏိုင္ငံေရးပန္းတိုင္ဟာ ေအာင္ေအာင္ျမင္ျမင္ ေရရွည္ရပ္တည္ႏိုင္မယ္လို႔ က်မတို႔ယုံၾကည္တဲ့ အတြက္ ေျပာရတာျဖစ္ပါတယ္။” လို႔ VOM နဲ႔ ေတြ႕ဆုံးေမးျမန္းခန္းမွာ ေျပာထားတာျဖစ္ပါတယ္။

ရခိုင့္ဦးေဆာင္ပါတီ ဒုတိယဥကၠဌ ဦးေက်ာ္ေဇာဦးကလည္း ရခိုင္ျပည္နယ္အတြင္း လက္ရွိျဖစ္ပြားေနတဲ့ ပဋိပကၡေတြအျပင္ ပါတီစုံေ႐ြးေကာက္ပြဲနဲ႔ ျဖစ္ေပၚလာတဲ့ အစိုးရႏွစ္ဆက္အထိ ရွိလာခဲ့ၿပီျဖစ္ေသာ္လည္း ရခိုင္ျပည္နယ္မွာ ရခိုင္ပါတီက အမ်ားစုအႏိုင္ရေပမယ့္ အစိုးရဖြဲ႕ခြင့္မရတာေတြ၊ ျပည္သူေတြတင္ေျမႇာက္ေပးလိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပည္နယ္အတြင္း လုပ္ပိုင္ခြင့္၊ အခြင့္အာဏာအျပည့္အဝမရရွိတာေၾကာင့္ ရခိုင္ျပည္သူေတြအတြက္ ေ႐ြးေကာက္ပြဲက ေကာင္းမြန္တဲ့ အေျပာင္းအလဲတိုးတက္မႈေတြ၊ ျပည္သူေတြအတြက္ ကိုယ္စားမျပဳႏိုင္ေၾကာင္း စတဲ့အေတြးေတြဝင္သြားၿပီး ေ႐ြးေကာက္ပြဲအေပၚစိတ္ဝင္စားမႈ မရွိသေလာက္ နည္းပါးေနတာကို ေတြ႕ျမင္ရေၾကာင္း ေျပာထားပါတယ္။

ရခိုင္ျပည္နယ္ရဲ႕ လက္ရွိအေျခအေနဟာ အက်ပ္အတည္းေပါင္းစုံနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနရေပမယ့္ စစ္ေရးပဋိပကၡၾကား သက္ဆိုင္ရာအဖြဲ႕အစည္းေတြအေနနဲ႔လည္း အပစ္အခတ္ရပ္စဲေရးအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြမရွိတာကို ေတြ႕ရတဲ့အျပင္ ယမန္ေန႔က တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ ထာဝရၿငိမ္းခ်မ္းေရးအတြက္ဆိုၿပီး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ေပမယ့္ အေနာက္ပိုင္းတိုင္းစစ္ဌာနတည္ရွိရာ ရခိုင္ျပည္နယ္မပါဝင္ခဲ့ပါဘူး။

စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး “ တကယ္တမ္း ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးကို ရေအာင္တည္ေဆာက္ၾကမယ္ဆိုရင္ ရခိုင္အပါအဝင္ သက္ဆိုင္ရာ တိုင္းရင္းသားေဒသ အမ်ိဳးသားျပည္နယ္ေတြကို ကိုယ္ပိုင္ျပဌာန္းခြင့္အျပည့္အဝေပးၿပီး ဖက္ဒရယ္ျပည္ေထာင္စု စစ္စစ္ကို ဖန္တီးႏိုင္မွသာလွ်င္ ၿငိမ္းခ်မ္းေရးရမွာ ျဖစ္ပါတယ္။” လို႔ ရခိုင့္ဦးေဆာင္ပါတီ ဒုတိယဥကၠဌ ဦးေက်ာ္ေဇာဦးက VOM နဲ႔ ေတြ႕ဆုံေမးျမန္းခ်က္မွာ ရခိုင္ျပည္နယ္ၿငိမ္းခ်မ္းစည္ပင္ဝေျပာေရးနဲ႔ ဆက္စပ္ၿပီး ေျပာသြားခဲ့တာျဖစ္ပါတယ္။

ဆက္လက္ၿပီး သက္ဆိုင္ရာ ျပည္နယ္အလိုက္ ဖြဲ႕စည္းထားတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္ေတြရဲ႕ အခန္းက႑ဟာလည္း ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမွာ အဓိကအခန္းမွာ ပါဝင္ေနတာေတြ႕ရပါတယ္။ သို႔ေပမယ့္ တစ္ဖက္မွာလည္း ျပည္နယ္နဲ႔ တိုင္းေဒသႀကီးရဲ႕ ေ႐ြးေကာက္ပြဲေကာ္မရွင္ေတြဟာ ေ႐ြးေကာက္ပြဲဆိုင္ရာ ဆုံးျဖတ္ခ်က္ေတြမွာ လြတ္လပ္စြာနဲ႔ စီမံဆုံးျဖတ္ပိုင္ခြင့္ မရွိပဲ ဘယ္လိုအေျခအေနမ်ိဳးမွာ ပင္ျဖစ္ေစ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ အဆုံးအျဖတ္ဟာ အၿပီးအျပတ္ျဖစ္ေၾကာင္း ေ႐ြးေကာက္ပြဲ ဥပေဒမွာ ျပဌာန္းထားတဲ့အတြက္ ျပည္နယ္နဲ႔ တိုင္းေတြရဲ႕ ေကာ္မရွင္ေတြဟာ သိပ္အေရးမပါတာကိုေတြ႕ျမင္ရပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ႏိုဝင္ဘာ ၈ရက္မွာက်င္းပမယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ရခိုင္ျပည္နယ္အတြင္းက ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္ကိုသာ ေ႐ြးေကာက္ပြဲက်င္းပေတာ့မွာျဖစ္ၿပီး တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ ေက်း႐ြာအုပ္စုေတြ ေ႐ြးေကာက္ပြဲမက်င္းပဖို႔ ခ်န္လွပ္ခံထားရတာေတြၾကားက ၿမိဳ႕နယ္ (၈) ၿမိဳ႕နယ္ကျပည္သူေတြ မဲေပးရေတာ့မွာ ျဖစ္ပါတယ္။

မၾကာခင္ က်င္းပေတာ့မယ့္ ေ႐ြးေကာက္ပြဲဟာ ရခိုင္ျပည္သူေတြရဲ႕ ခံစားခ်က္ေတြကို ဘယ္ေလာက္ထိ ေက်းနပ္မႈရွိေအာင္ ဖန္တီးေပးႏိုင္မလဲ ၊ ရခိုင္ျပည္သူေတြရဲ႕ ရပိုင္ခြင့္၊ ကိုယ္ပိုင္ျပဌာန္းခြင့္၊ ကိုယ္ပိုင္စီမံအုပ္ခ်ဳပ္ပိုင္ခြင့္ေတြကို ေဖာ္ေဆာင္ေပးႏိုင္မလားဆိုတဲ့စကားလုံးေတြအျပင္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲျဖစ္လာႏိုင္မလားဆိုတာကေတာ့ ေနာက္ ၅ ရက္ဆိုရင္ ေငြေရာင္ပိတ္ကားေပၚမွာ ထင္ထင္ရွားရွားျမင္ရေတာ့မွာျဖစ္ပါတယ္။

#voiceofmyanmar #VOM #ရခိုင္ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW