ရန်ကုန်တိုင်းနဲ့ ရွေးကောက်ပွဲပစ်မှတ်များ

မန္တလေး- နိုဝင်ဘာ ၃-၂၀၂၀ ဆွေလင်းထွန်း(VOM) တိုင်းနဲ့ပြည်နယ်တွေအနက် ရန်ကုန်တိုင်းဟာ ကိုဗစ်ရောဂါကူးဆက်ခံရမှု အများဆုံးဖြစ်နေတဲ့အချိန် စက်ရုံ၊ အလုပ်ရုံတွေ အများဆုံးရှိတာ၊ လူဦးရေအများဆုံးဖြစ်တာ၊ လူမျိုး၊ ဘာသာ အစုံလင်ဆုံးဖြစ်တာ စတဲ့အချက်တွေကြောင့် ရန်ကုန်နိုင်ငံရေးဟာ ရွေးကောက်ပွဲအတွက် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုးရေးအသုံးပြုမဲဆွယ်တာတွေ ရန်ကုန်တိုင်းမှာ အများဆုံးတွေ့ရသလို ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့သူအချို့လည်း ရန်ကုန်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ရန်ကုန်ဟာ အမျိုးသားရေးသမားတွေရဲ့ အဓိက ပစ်မှတ်တခုဖြစ်သလို၊ အမျိုးသားရေးသမားတွေ ရန်ကုန်မှာ ရွေးကောက်ပွဲဝင်ပြိုင်တာ၊ ရန်ကုန်က အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကို လူမှုကွန်ယက်ကနေ တိုက်ခိုက်တာ၊ အမျိုးသားရေးဆရာတော်အဖြစ် နာမည်ကြီးတဲ့ ဆရာတော်ဦးဝီရသူဟာ ရွေးကောက်ပွဲကျင်းပဖို့ ၆ရက်သာ လိုတော့တဲ့အချိန်မှာ လာရောက်အဖမ်းခံတာတွေကနေ သက်သေပြနေပါတယ်။ ဦးဝီရသူဟာ ယမန်နှစ် မေလအတွင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံမှာ အစိုးရကို အကြည်ညိုပျက်စေမယ့် ဟောပြောမှုတွေ…

Read More

အာဖဂန်နစ္စတန်ရှိ ကဘူးတက္ကသိုလ်ကို အိုင်အက်စ်အဖွဲ့ဝင်စီး၊ လူ ၂၂ ဦးသေဆုံး

ကဘူး၊ နိုဝင်ဘာ-၃-၂၀၂၀ မျိုးဆက် (VOM) အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးတက္ကသိုလ်ကို သေနတ်သမားတွေက မနေ့ နိုဝင်ဘာ ၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နာရီအတန်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် လူ ၂၂ ဦးသေဆုံးသွားပါတယ်။ အဲ့ဒီစီးနင်းတိုက်ခိုက်မှုမှာ သေနတ်သမားသုံးဦးသေဆုံးသွားပြီးနောက် ပြီးဆုံးသွားတယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဒေသတွင်းအိုင်အက်စ်အဖွဲ့က ကြေညာချက်မှာ အခိုင်အမာဆိုပါတယ်။ အီရန်စာအုပ်ပြပွဲတစ်ခုအတွက် အစိုးရအရာရှိတွေ ရောက်မယ်လို့မှန်းထားကြတဲ့အချိန်မတိုင်မီလေးမှာဘဲ တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။ သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၂၂ ဦးလည်းဒဏ်ရာရရှိသွားပါတယ်။ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တိုက်ခိုက်မှုစတင်ပြီးနောက်များမကြာမီမှာဘဲ တာလီဘန်အဖွဲ့က ငြင်းဆိုခဲ့ပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဖောက်ပြန်တဲ့အာဖဂန်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ တရားသူကြီးတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ဘွဲ့နှင်းသဘင်ကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ နာရီအနည်းငယ်အကြာမှာ အိုင်အက်စ်အဖွဲ့က လူမှုကွန်ရက်ကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…

Read More

ပြည်မြို့နယ်ထဲက ကျေးရွာတချို့ကို ဒီကနေ့မှာပဲ ကြိုတင်မဲ စတင်ကောက်ယူ

နိုဝင်ဘာ ၃-၂၀၂၀ သိင်္ဂီထွန်း (VOM ) အသက် ၆၀နဲ့အထက် ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး ကြိုတင်ဆန္ဒမဲတွေ ပေးနေရပေမယ့် ပြည်ခရိုင်၊ ပြည်မြို့နယ်ထဲက ကျေးရွာတစ်ချို့မှာတော့ ဒီကနေန့နိုဝင်ဘာ ၃ ရက်နေ့မှာမှ ကြိုတင်မဲတွေ ကောက်ယူမှု ပြုလုပ်နေကြပါတယ်။ ကျေးရွာတွေမှာရှိတဲ့ ကြိုတင်မဲပေးကြမယ့် အသက် ၆၀နဲ့အထက် သက်ကြီးရွယ်အို အရေအတွက် အနည်းအများပေါ်မူတည်ပြီး လုပ်ဆောင်နေတာဖြစ်တဲ့အတွက် လူဦးရေနည်းတဲ့ရွာတွေကိုတော့ အခုရက်ပိုင်းမှ စတင်လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ “ဒီကို ဒီနေ့ချိန်းထားလို့ မဲလာကောက်တာပေါ့။ ကျန်တဲ့ရွာတွေမှာလည်း ကြိုတင်မဲတွေကောက်နေဆဲဖြစ်တယ်။ မဲပေးတဲ့အခါ မလုပ်တတ်တဲ့ အဖိုးအဖွားတွေကို ကော်မရှင်ကနေ တာဝန်ယူပြီးတော့လုပ်ပေးတယ်။ စောင့်ကြည့်တွေကိုတော့ မလုပ်ခိုင်းဘူး။ အခုကြိုတင်မဲပေးထားမယ့် မဲပုံးတွေကို ရပ်ကွက်ဥက္ကဋ္ဌအိမ်မှာ ထိန်းသိမ်းထားမှာဖြစ်ပါတယ်။လက်ရှိ ကြိုတင်မဲမှာ ၃ ပေအကွာနဲ့ စီစဉ်ထားတယ်”လို့ တွင်းဗြည်းကျေးရွာအုပ်စုက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းနိုင်ကပြောပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် ကြိုတင်မဲပေးကြမယ့် မဲရုံဝင်ပေါက်မှာ…

Read More

လှည်းကူးမြို့မှာ အမျိုးဘာသာစောင့်ရှောက်တဲ့ခေါင်းဆောင်တွေကို မဲပေးဖို့ ကမ်ပိန်းပြုလုပ်

လှည်းကူး- နိုဝင်ဘာ ၃-၂၀၂၀ အေးချမ်းသူ(VOM) လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ခေါင်းဆောင်တွေကိုသာ မဲပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက လှည်းကူးမြို့မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကနေ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ “ရဟန်း၊ သံဃာကိုသတ်ရင် တစ်ပါးပဲသေပါတယ်။ ဒါပေမယ့် ဘာသာသာသာနာမပျောက်သွားပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရွေးချယ်မယ့် ခေါင်းဆောင်က ဘယ်ခေါင်းဆောင်မဆို ကျွန်မတို့အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့သူမျိုး ရွေးချယ်ဖို့ ကမ်ပိန်းလုပ်တာပါ”လို့ ဦးဆောင်ပြုလုပ်သူ ဒေါ်အေးအေးမော်က VOMကိုပြောပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တွေကို မဲပေးမှသာ အမျိုးသားရေးကို နှိပ်ကွပ်မယ့်အစိုးရနဲ့ မကြုံရမှာဖြစ်တယ်လို့ ဝန်းရံသူ ကိုဇော်ဇော်ကလည်း VOMကိုပြောပါတယ်။ အမျိုးသာဘာ သာသနာကို စောင့်ရှောက်သူကို မဲပေးကြမည် ကမ်ပိန်းကို လှည်းကူးမြို့နယ်ရှိ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား၂၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ #voiceofmyanmar #VOM #လှည်းကူး #အမျိုးသားရေးလှုပ်ရှားသူ #ကမ်ပိန်းပြုလုပ်…

Read More

ဦးကျော်မြင့်အမှုကို နောက်တစ်ပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်

မန္တလေး-နိုဝင်ဘာ ၃-၂၀၂၀ ညီသစ်(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။ ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ ၆ ကြိမ်မြောက်ရုံးချိန်းမှာ ကျန်ရှိနေတဲ့သက်သေ ၄ ဦးကို ဆက်လက်စစ်ဆေးခဲ့ပြီး လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်နေ့ ရုံးချိန်းမှာတော့ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုပုဒ်မ -၂၂၄ အပြင် ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။ ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄နဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ…

Read More

မန္တလေးက နေရာ ၅ ခုမှာ စတစ်ကာကမ်ပိန်းလုပ်ခဲ့တဲ့ အမျိုးသားရေးသမားတွေကို တရားစွဲဆိုမယ်လို့ သိရ

နိုဝင်ဘာ ၃-၂၀၂၀ Voice Of Myanmar မန္တလေးမြိုမှာ ဒီကနေ့မနက်ပိုင်း လူစည်းကားရာမီးပွိုင့် ၅ နေရာမှာ အမျိုးသားရေးသမားတွေစုပေါင်းပြီး ‘အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်’စာတန်းပါတဲ့ စတစ်ကာကမ်ပိန်း ဦးဆောင်သူတွေကို ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ တစ်ခုခုနဲ့ တရားစွဲဆိုအရေးယူဖို့ရှိနေတယ်လို့ ခိုင်လုံတဲ့ ရဲတပ်ဖွဲ့အသိုင်းကနေ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ခေါ်ဆောင်ခြင်းကို ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ” ကျွန်တော်တို့က ဥပဒေနဲ့အညီလုပ်တာ၊ သူတို့စွဲရင် ၅၈(ဂ)ပေါ့ဗျာ၊ ရွေးကောက်ပွဲကို နှောင့်ယှက်တာ၊ မဲမပေးဖို့လုပ်တာ၊ ဘာသာရေးကိုအသုံးချတာ ၊ အဲ့ဒါ ပါတီတွေကို ပြောတဲ့ပုဒ်မ ၊ ကျွန်တော်တို့က မဲပေးဖို့အတွက် လှုံ့ဆော်တာ ဒါက နိုင်ငံသားတိုင်းတစ်ယောက်ရဲ့တာဝန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခန်း-၁၈မှာပါပြီးသားပါ၊ ကျွန်တော်တို့က သဘာဝဘေးအန္တရယ်နဲ့အညီလုပ်တာ၊ NO VOTEကိုလုပ်တာမဟုတ်ဘူး မဲပေးဖို့လုပ်တာ၊ အမျိုးဘာသာ သာသနာစိတ်ကို လူတွေဝင်သွားပြီး မဲပေးကြအောင်လှုံဆော်တာပါ”လို့ VOMကိုပြောပါတယ်။…

Read More

ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ကြိုးစားသူကို ဖမ်းဆီးရမိ

နိုဝင်ဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဥတိုကျေးရွာမှာ မနေ့ နိုဝင်ဘာလ၂ ရက်နေ့ နေ့လယ်ပိုင်းက ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့တယ်လို့ အုတ်ဖိုမြို့မရဲစခန်းကနေ သိရပါတယ်။ ” ကျုးလွန်ရန်ကြံစည်တယ်လို့ဆိုတဲ့အမျိုးသားက ဥတိုနားက ရွာကပါ။ အမျိုးသမီးက အော်ဟစ်တဲ့အခါ အနီးမှာရှိတဲ့ ဂေါပကအဖွဲ့တွေက။ ဝိုင်းဖမ်းဆီးပေးနိုင်ခဲ့တာပါ”လို့ အုတ်ဖိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းရွာသစ်မှာနေထိုင်တဲ့ အသက် ၁၉ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး အုတ်ဖိုမြို့ကို အောက်တိုဘာ၂၉ရက်နေ့က ပြန်လည်ရောက်ရှိခဲ့တာကြောင့် ဥတိုကျေးရွာ၊ လောကစည်းစိမ်ဘုရားဝန်း ဓမ္မာရုံအနောက်နားမှာ သီးခြားတဲထိုးကာ ကွာရန်တင်ဟဝင်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ အမျိုးသမီး အိပ်ပျော်နေချိန် ချစ်ကိုကို(၂၅ နှစ်)က လာရောက်ပွေ့ဖက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာဖြစ်တယ်လို့ အုတ်ဖိုမြို့မရဲစခန်းကနေ သိရပါတယ်။ အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့သူကို အုတ်ဖိုမြို့မရဲစခန်းမှ (ပ)၂၇၇/၂၀၂၀၊…

Read More

ပြည်ထောင်စုနေ့စဉ် သတင်းထောက် အမျိုးသမီးတစ်ဦး ကြိုတင်ဆန္ဒမဲပေးတာကို နှောက်ယှက်တယ်ဆိုပြီး အမှုဖွင့်ခံရ

နိုဝင်ဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ပဲခူးမြို့နယ်အခြေစိုက် ပြည်ထောင်စုနေ့စဉ်သတင်းစာမှ သတင်းထောက်အမျိုးသမီးတစ်ဦးကို ကြိုတင်မဲဆန္ဒပေးနေသူနဲ့ ရပ်ကျေးကော်မရှင်အဖွဲ့ကို အနှောက်ယှက်ပေးတယ်လို့ဆိုပြီး ဇောင်းတူနယ်မြေရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ ဇောင်းတူကျေးရွာ ရပ်ကျေးကော်မရှင်ရုံးခွဲကနေ သိရပါတယ်။ ” အောက်တိုဘာ၂၉ ရက်နေ့က လက်ပံရွာက မဲဆန္ဒရှင်တစ်ဦး မဲပေးရာမှာ မိသားစုဝင်မရှိလို့ မဲလိုက်ကောက်တဲ့ တာဝန်ရှိသူ ကူညီတာကို ဒီလိုလုပ်လို့မဘူးဆိုပြီး ဝင်တားတယ်။ ဗီဒီယိုရိုက်တဲ့အပြင် နောက်ကတစ်ကောက်ကောက်လိုက်ပြီး နှောင့်ယှက်လို့ အမှုဖွင့်လိုက်တာပါ”လို့ ဇောင်းတူကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်ကပြောပါတယ်။ ပဲခူးမြို့၊ ဇောင်းတူကျေးရွာအုပ်စု၊ လက်ပံကျေးရွာကို ကျေးရွာရွေးကောက်ပွ‌ဲကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေနဲ့ မဲရုံမှူးတွေ ရောက်ရှိနေချိန် အသက်၆၀ နဲ့အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမျိုးသမီးကြီးတစ်ဦးဟာ မိသားစုမရှိတာကြောင့် ရပ်ကျေးအဆင့် မဲရုံတာဝန်ရှိသူ ဆရာမတစ်ဦးက မဲလက်မှတ်ပေါ်ကို UEC တံဆိပ်တုံးထုပေးဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုပြင်ဆင်နေတဲ့နေရာကို ရောက်ရှိနေတဲ့ ပြည်ထောင်စုနေ့စဉ် သတင်းထောက် အမျိုးသမီးဟာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး တားမြစ်ခြင်း၊ ဆန္ဒမဲပေးသူတွေကို…

Read More

COVID-19 စစ်ဆေးရေးဂိတ်ကို တွဲကားဝင်တိုက် ယာဉ်ထိန်းရဲတစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံး

နိုဝင်ဘာ ၃-၂၀၂၀ ကောင်းလက်ျာ(VOM) ရှမ်းပြည်‌နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မန္တလေး- မူဆယ်ကားလမ်းပေါ်ရှိ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင် Covid-19 စစ်ဆေးရေးဂိတ်မှာ မနေ့ နိုဝင်ဘာ၂ ရက်‌နေ့ ည ၇ နာရီခန့်က တွဲကားဝင်တိုက်မိခဲ့ရာကနေ ယာဉ်ထိန်းရဲအရာခံ တစ်ဦးနဲ့ အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့နောင်ချိုမြို့နယ်အုပ်ချုပ်‌ရေးမှူးရုံးကနေ သိရပါတယ်။ ” ကားသမားကို အခင်းဖြစ်နေရာမှာပဲ မိပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်း အရာခံတစ်ဦးနဲ့ စာရွက်စာတမ်းပြသစစ်ဆေးခံနေတဲ့ ကားသမားတစ်ဦး သေဆုံးခဲ့တာပါ”လို့ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ပြောပါတယ်။ ခြေမြစ်ပင် Covid-19 စစ်ဆေးရေးအနီးမှာ တာဝန်ထမ်းဆောင်နေသူတွေကို နောင်ချိုကနေ မန္တလေးဘက်ကို အသက်(၂၇ နှစ်) အမျိုးသားတစ်ဦးမောင်းလာတဲ့ ၂၂ ဘီးတွဲယာဉ်က ဝင်တိုက်မိရာကနေ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲအရာခံတစ်ဦးနဲ့ ကားသမားတစ်ဦး အခင်းဖြစ်နေရာမှာ‌‌ သေဆုံးခဲ့တာဖြစ်တယ်လို့ နောင်ချိုမြို့မရဲစခန်းကနေ သိရပါတယ်။ ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ အသက် ၂၇နှစ်အရွယ်…

Read More

စတစ်ကာကန်ပိန်းပြုလုပ်လို့ ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားတဲ့ အမျိုးသားရေးသမား ၂ ဦး ပြန်လည်လွတ်မြောက်

 နိုဝင်ဘာ  ၃-၂၀၂၀ ရှိုင်းအောင်- ညီသစ် (VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၃လမ်း နဲ့ ၂၆လမ်းထောင့်မီးပွိုင့်မှာ မန္တလေးမြို့ရှိ အမျိုးသားရေးသမားများစုပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ‘အမျိုးဘာသာ သာသနာ စောင့်ရှောက်သူကို မဲပေးကြမည်’စာတန်းပါတဲ့ စတစ်ကာတွေကို လမ်းသွားလမ်းလာတွေဝေတဲ့ စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့တဲ့အတွက် ခေါင်းဆောင် ၂ ဦးကို အမှတ် ၅ စခန်းက ခေါ်ဆောင်သွားပြီး မနက် ၁၁ နာရီခွဲမှာ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။ “လောလောဆယ်တော့ ကိုယ်ရေး အချက် အလက်စစ်ဆေးပြီး ပြန်လွှတ်လိုက်တာ နောက်မှ ဖမ်းမယ်၊ မဖမ်းကတော့ မသေချာသေးဘူး” လို့ စတစ်ကာကမ်ပိန်းပြုလုပ်လို့ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဦးနိုင်က ပြောပါတယ်။ အဲ့ဒီနေရာတွေမှာ ပြုလုပ်နေတဲ့ အမျိုးသားရေးသမားတွေကို သက်ဆိုင်ရာနယ်မြေရဲစခန်းက ခေါ်ဆောင်ထိန်းသိမ်းမှုပြုလုပ်ခဲ့ပြီး လက်ရှိအချိန် မည်သည့်ရဲစခန်းကို ခေါ်ဆောင်သွားတယ်ဆိုတာကို အတိအကျမသိရသေးပါဘူး။ အဲ့ဒီကမ်ပိန်းကို အမျိုးသားရေးသမားများက မန္တလေးမြို့ရှိ လူစည်ကားရာနေရာတွေဖြစ်တဲ့ ၇၃လမ်းနဲ့ ၂၆လမ်းထောင့်၊…

Read More
VOM News

FREE
VIEW