လှည်းကူးမြို့မှာ အမျိုးဘာသာစောင့်ရှောက်တဲ့ခေါင်းဆောင်တွေကို မဲပေးဖို့ ကမ်ပိန်းပြုလုပ်

လှည်းကူး- နိုဝင်ဘာ ၃-၂၀၂၀
အေးချမ်းသူ(VOM)

လာမယ့် ၂၀၂၀ရွေးကောက်ပွဲမှာ အမျိုးဘာသာ၊သာသနာကို ကာကွယ်စောင့်ရှောက်တဲ့ခေါင်းဆောင်တွေကိုသာ မဲပေးဖို့အတွက် ဒီကနေ့မနက်ပိုင်းက လှည်းကူးမြို့မှာ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကနေ ကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။

“ရဟန်း၊ သံဃာကိုသတ်ရင် တစ်ပါးပဲသေပါတယ်။ ဒါပေမယ့် ဘာသာသာသာနာမပျောက်သွားပါဘူး။ အဲ့ဒါကြောင့် ကျွန်မတို့ရွေးချယ်မယ့် ခေါင်းဆောင်က ဘယ်ခေါင်းဆောင်မဆို ကျွန်မတို့အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်တဲ့သူမျိုး ရွေးချယ်ဖို့ ကမ်ပိန်းလုပ်တာပါ”လို့ ဦးဆောင်ပြုလုပ်သူ ဒေါ်အေးအေးမော်က VOMကိုပြောပါတယ်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့ လာမယ့် ၂၀၂၀ရွေးကောက်ပွဲတွင် အမျိုးဘာသာ သာသနာကိုစောင့်ရှောက်တဲ့ ခေါင်းဆောင်တွေကို မဲပေးမှသာ အမျိုးသားရေးကို နှိပ်ကွပ်မယ့်အစိုးရနဲ့ မကြုံရမှာဖြစ်တယ်လို့ ဝန်းရံသူ ကိုဇော်ဇော်ကလည်း VOMကိုပြောပါတယ်။
အမျိုးသာဘာ သာသနာကို စောင့်ရှောက်သူကို မဲပေးကြမည် ကမ်ပိန်းကို လှည်းကူးမြို့နယ်ရှိ ဗိုလ်ချုပ်ပန်းခြံရှေ့မှာ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ အင်အား၂၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #VOM #လှည်းကူး #အမျိုးသားရေးလှုပ်ရှားသူ #ကမ်ပိန်းပြုလုပ်

Zawgy

လွည္းကူးၿမိဳ႕မွာ အမ်ိဳးဘာသာေစာင့္ေရွာက္တဲ့ေခါင္းေဆာင္ေတြကို မဲေပးဖို႔ ကမ္ပိန္းျပဳလုပ္

လွည္းကူး- ႏိုဝင္ဘာ ၄-၂၀၂၀
ေအးခ်မ္းသူ(VOM)

လာမယ့္ ၂၀၂၀ေ႐ြးေကာက္ပြဲမွာ အမ်ိဳးဘာသာ၊သာသနာကို ကာကြယ္ေစာင့္ေရွာက္တဲ့ေခါင္းေဆာင္ေတြကိုသာ မဲေပးဖို႔အတြက္ ဒီကေန႔မနက္ပိုင္းက လွည္းကူးၿမိဳ႕မွာ အမ်ိဳးဘာသာသာသနာေစာင့္ေရွာက္ေရးအဖြဲ႕ကေန ကမ္ပိန္းျပဳလုပ္ခဲ့ၾကပါတယ္။

“ရဟန္း၊ သံဃာကိုသတ္ရင္ တစ္ပါးပဲေသပါတယ္။ ဒါေပမယ့္ ဘာသာသာသာနာမေပ်ာက္သြားပါဘူး။ အဲ့ဒါေၾကာင့္ ကြၽန္မတို႔ေ႐ြးခ်ယ္မယ့္ ေခါင္းေဆာင္က ဘယ္ေခါင္းေဆာင္မဆို ကြၽန္မတို႔အမ်ိဳးဘာသာ သာသနာကို ကာကြယ္ေစာင့္ေရွာက္တဲ့သူမ်ိဳး ေ႐ြးခ်ယ္ဖို႔ ကမ္ပိန္းလုပ္တာပါ”လို႔ ဦးေဆာင္ျပဳလုပ္သူ ေဒၚေအးေအးေမာ္က VOMကိုေျပာပါတယ္။

ဗုဒၶဘာသာျမန္မာလူမ်ိဳးမ်ားအေနနဲ႔ လာမယ့္ ၂၀၂၀ေ႐ြးေကာက္ပြဲတြင္ အမ်ိဳးဘာသာ သာသနာကိုေစာင့္ေရွာက္တဲ့ ေခါင္းေဆာင္ေတြကို မဲေပးမွသာ အမ်ိဳးသားေရးကို ႏွိပ္ကြပ္မယ့္အစိုးရနဲ႔ မႀကဳံရမွာျဖစ္တယ္လို႔ ဝန္းရံသူ ကိုေဇာ္ေဇာ္ကလည္း VOMကိုေျပာပါတယ္။
အမ်ိဳးသာဘာ သာသနာကို ေစာင့္ေရွာက္သူကို မဲေပးၾကမည္ ကမ္ပိန္းကို လွည္းကူးၿမိဳ႕နယ္ရွိ ဗိုလ္ခ်ဳပ္ပန္းၿခံေရွ႕မွာ အမ်ိဳးသားေရး တက္ႂကြလႈပ္ရွားသူ အင္အား၂၀ ဝန္းက်င္နဲ႔ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #လွည္းကူး #အမ်ိဳးသားေရးလႈပ္ရွားသူ #ကမ္ပိန္းျပဳလုပ္

 

Related posts

Leave a Comment

VOM News

FREE
VIEW