ရန်ကုန်တိုင်းနဲ့ ရွေးကောက်ပွဲပစ်မှတ်များ

မန္တလေး- နိုဝင်ဘာ ၃-၂၀၂၀
ဆွေလင်းထွန်း(VOM)

တိုင်းနဲ့ပြည်နယ်တွေအနက် ရန်ကုန်တိုင်းဟာ ကိုဗစ်ရောဂါကူးဆက်ခံရမှု အများဆုံးဖြစ်နေတဲ့အချိန် စက်ရုံ၊ အလုပ်ရုံတွေ အများဆုံးရှိတာ၊ လူဦးရေအများဆုံးဖြစ်တာ၊ လူမျိုး၊ ဘာသာ အစုံလင်ဆုံးဖြစ်တာ စတဲ့အချက်တွေကြောင့် ရန်ကုန်နိုင်ငံရေးဟာ ရွေးကောက်ပွဲအတွက် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ရွေးကောက်ပွဲကာလမှာ ဘာသာရေး၊ လူမျိုးရေးအသုံးပြုမဲဆွယ်တာတွေ ရန်ကုန်တိုင်းမှာ အများဆုံးတွေ့ရသလို ပါတီခေါင်းဆောင်တွေနဲ့ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားတဲ့သူအချို့လည်း ရန်ကုန်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရန်ကုန်ဟာ အမျိုးသားရေးသမားတွေရဲ့ အဓိက ပစ်မှတ်တခုဖြစ်သလို၊ အမျိုးသားရေးသမားတွေ ရန်ကုန်မှာ ရွေးကောက်ပွဲဝင်ပြိုင်တာ၊ ရန်ကုန်က အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်းတွေကို လူမှုကွန်ယက်ကနေ တိုက်ခိုက်တာ၊ အမျိုးသားရေးဆရာတော်အဖြစ် နာမည်ကြီးတဲ့ ဆရာတော်ဦးဝီရသူဟာ ရွေးကောက်ပွဲကျင်းပဖို့ ၆ရက်သာ လိုတော့တဲ့အချိန်မှာ လာရောက်အဖမ်းခံတာတွေကနေ သက်သေပြနေပါတယ်။

ဦးဝီရသူဟာ ယမန်နှစ် မေလအတွင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံမှာ အစိုးရကို အကြည်ညိုပျက်စေမယ့် ဟောပြောမှုတွေ လုပ်တယ်ဆိုပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ တရားစွဲခံရပြီးကတည်းက တိမ်းရှောင်နေတာဖြစ်ပါတယ်။ ဦးဝီရသူဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်တာ၊ လူနည်းစု ဘာသာဝင်တွေအပေါ်ကို ဘာသာရေးအရ တိုက်ခိုက်တာတွေကို တောက်လျှောက်ပြုလုပ်ခဲ့တာပါ။ ဦးဝီရသူက ၎င်းအနေနဲ့ ရွေးကောက်ပွဲမဲပေးခြင်းဆိုင်ရာတွေကို လူမှုကွန်ယက်ကနေ ရုပ်သံတွေ အပိုင်းလိုက်တင်ခဲ့ပြီဖြစ်တဲ့အတွက် တာဝန်ကျေခဲ့ပြီဖြစ်ပြီး ပြည်သူတွေက အမျိုး၊ ဘာသာကို ချီးမြှောက်မယ့်ပါတီကို မဲပေးခြင်းအားဖြင့် တာဝန်ကျေဖို့ လိုတယ်လို့ အဖမ်းမခံခင် ထောက်ခံသူတွေကို ပြောကြားရာမှာ ထည့်ပြောပါတယ်။ အမျိုးသားရေးဆရာတော်တပါးဖြစ်တဲ့ ဦးပါမောက္ခက ဦးဝီရသူ ဖမ်းခံရတာဟာ သာသနာတော်ကို ထောင်ချတာဖြစ်တယ်လို့ မိန့်ပါတယ်။

ယနေ့ နိုဝင်ဘာ ၃ရက်နေ့မှာလည်း အမျိုး၊ ဘာသာကို စောင့်ရှောက်မယ့် ပါတီကို မဲပေးရေးအတွက်ဆိုပြီး အမျိုးသားရေးအင်အားစုတွေက လှည်းကူးမြို့နယ်မှာ လှုပ်ရှားမှုလုပ်ခဲ့ပါသေးတယ်။

၂၀၁၉ ခုနှစ်က တောင်ဒဂုံမြို့နယ်အတွင်း ဘာသာရေးဆူပူမှုကို ဦးဆောင်သူလို့ စွပ်စွဲကြတဲ့ ဦးကျော်မြင့်(ခေါ်)မိုက်ကယ်ကျော်မြင့်ဟာ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာရေး အဆောက်အအုံတွေကို ပိတ်သိမ်းဖို့ လှုပ်ရှားရာမှာ ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဦးကျော်မြင့် ပါဝင်တဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ(YDP) ဟာ ရန်ကုန်တိုင်းအတွင်း ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး တနိုင်ငံလုံးက မဲဆန္ဒနယ်တွေမှာ ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ရန်ကုန်တိုင်းအတွင်း အမျိုးသားရေးလှုပ်ရှားမှုတွေနဲ့ ဟောပြောပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ဒေါ်ခင်ဝိုင်းကြည်ဟာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး ရန်ကုန်တိုင်း‌ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒေါ်ခင်ဝိုင်းကြည်ဟာ ၂၀၁၀ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁) ကနေဝင်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ အဆိုပါ ပါတီကနေပဲ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကနေ ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးက ကျောင်းသားခေါင်းဆောင်ဟောင်း ဦးစည်သူမောင်ဟာလည်း ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ အစ္စလာမ်ဘာသာဝင် တဦးဖြစ်တဲ့ ဦးစည်သူမောင်ကို လူမှုကွန်ယက်ကနေ ဘာသာရေးအရ တိုက်ခိုက်တာတွေ အများအပြားကြုံခဲ့ရပြီး ၎င်းကိုယ်စားပြုတဲ့ NLD ပါတီကိုပါ တိုက်ခိုက်ကြတာပါ။ မင်းကင်းမြို့နယ်က ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းကတော့ ၎င်းရဲ့မဲဆွယ်ပွဲမှာပါ ဦးစည်သူမောင်ကို ဘာသာရေးအရ တိုက်ခိုက်ခဲ့ပြီး အဆိုပါပြောကြားမှု ဗီဒီယိုဖိုင်တွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဦးစည်သူမောင်နဲ့ ယှဉ်ပြိုင်မယ့်သူ တဦးကတော့ ၂၀၁၅ ပညာရေးသပိတ်က ကျောင်းသားခေါင်းဆောင်ဟောင်း ဒေါ်အိသဥ္စာမောင် ဖြစ်ပါတယ်။ ဒေါ်အိသဥ္စာမောင်ဟာလည်း အမျိုးသမီးတဦးဖြစ်တဲ့အတွက် ဦးစည်သူမောင်ကို ဝန်းရံသူတွေက လူမှုကွန်ယက်ကနေ တိုက်ခိုက်တာတွေ ခံရပါသေးတယ်။

ဒေါ်အိသဥ္စာမောင်က “နှမ်းတစ်စေ့တည်းနဲ့ ဆီဖြစ်မလား မေးစရာရှိတယ်။ ရေကာတာတစ်ခုကျိုးပေါက်ဖို့အတွက် အက်ကြောင်းတစ်ခုပဲလိုတယ်” လို့ နိုဝင်ဘာ ၁ရက်နေ့က ၎င်းရဲ့မဲဆန္ဒနယ်အတွင်း မဲဆွယ်ရာမှာ ပြောကြားခဲ့ပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းဦးရေဟာ ၉၅၀ ဦးရှိပြီး ရှမ်းပြည်နယ်ပြီးရင် ဒုတိယ အများဆုံးဖြစ်ပါတယ်။ ပါတီအလိုက် ဝင်ရောက်ယှဉ်ပြိုင်မှုမှာ ၄၁ ပါတီရှိပြီး တနိုင်ငံလုံးက တိုင်းနဲ့ပြည်နယ်တွေမှာ အများဆုံးဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူအမြဲပြိုင်အနိုင်ရတဲ့ ရန်ကုန်တိုင်း ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာဘဲ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးအောင်ကို နိင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄(က) နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ တရားစွဲတင်ခဲ့ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထားပါတယ်။ NLD ပါတီဟာ နိုင်ငံခြားအထောက်အပံ့တွေ ရယူခဲ့တယ်လို့ ဦးဌေးအောင်က စွပ်စွဲခဲ့ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုယ်စားလှယ်လျှောက်လွှာကို ကန့်ကွက်လွှာတင်သွင်းခဲ့ပေမယ့် ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပယ်ချခဲ့ပါတယ်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) က ဥက္ကဌ ဦးဒေးဗစ်လှမြင့်ဟာလည်း သူ့ရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်ကို သက်ဆိုင်ရာ စည်ပင်က ထောင်ခွင့်မပေးတဲ့ ကိစ္စ ကြုံခဲ့ရပါသေးတယ်။ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ NLD ပါတီဝင်ဟောင်း ဒေါ်စုစုနွေးလည်း အဆိုပါမဲဆန္ဒနယ်မှာပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒေါ်စုစုနွေးဟာ အစောပိုင်းမှာ အဆိုပါမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်းလျှောက်လွှာတင်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်မတွေ့လိုတဲ့အတွက် တိုင်းဒေသကြီး(၁) မဲဆန္ဒနယ်မှာ ပြောင်းလဲယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး မသန်စွမ်းကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဒေါ်ချောစုလှိုင်ကလည်း ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ၎င်းအနေနဲ့ မသန်စွမ်းတွေအတွက် လွှတ်တော်ပြင်ပကနေ လုပ်ဆောင်မှုတွေဟာ လုံလောက်မှုမရှိဘူးလို့ ယူဆတဲ့အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်ပြည်သူတွေအပြင် ပါတီနိုင်ငံရေးနဲ့ ပတ်သက်ခွင့်မရှိတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေကလည်း ရန်ကုန်နိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။ သို့ပေမယ့် ကပ်ရောဂါကိုဗစ်ဖြစ်နေချိန် မဲဆွယ်စည်းရုံးရာမှာ ပါတီငယ်တွေက အခက်အခဲအမျိုးမျိုးရှိနေတာတွေ ကြိုတင်မဲနဲ့ ပတ်သက်လို့ ယူအီးစီအပေါ် အမျိုးမျိုးဝေဖန်တာ မေးခွန်းထုတ်လာတဲ့ အသံတွေ ကျယ်လောင်လာပါတယ်။

တခြားတဖက်မှာတော့ ဒီလိုအသံတွေနဲ့ တပြိုင်နက် အရေးပါတဲ့ ဝန်ကြီးဌာနသုံးခု၊ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ ၁၁နေရာအနက် ၆နေရာယူထားတဲ့အပြင် လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပါဝင်ပြီးသားဖြစ်တဲ့ မြန်မာ့တပ်မတော်ကလည်း ရွေးကောက်ပွဲကို တရားမျှတစေချင်တယ်လို့ နိုဝင်ဘာ ၂ရက်က ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)အနေနဲ့ မဲဆွယ်စည်းရုံးရေးတွေမှာ နိုင်ငံရေးပါတီတွေကို ကြီးကြပ်မှုအားနည်းတာ၊ အရင်ရွေးကောက်ပွဲတွေမှာ မဖြစ်ခဲ့တဲ့ ချို့ယွင်းအားနည်းချက်တွေ ခုရွေးကောက်ပွဲကာလမှာ ပေါ်ပေါက်ခဲ့တာ စတဲ့ ရိုးသားစွာမှားယွင်းမှုနဲ့ ရည်ရွယ်ချက်ရှိတဲ့ မှားယွင်းမှုတွေအားလုံးအတွက် UEC နဲ့ ၎င်းကို ဖွဲ့စည်းပေးထားတဲ့ အစိုးရက တာဝန်ယူရမယ်လို့ ထုတ်ပြန်ခဲ့တာပါ။

တပ်မတော်ရဲ့ အဆိုပါထုတ်ပြန်ချက်အပေါ် ဗကသများအဖွဲ့ချုပ်က ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုတွေကို စိန်ခေါ်တဲ့ ကြေညာချက်ဖြစ်ကြောင်းနဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ လူမျိုးစုလက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်တာဖြစ်တယ်လို့ ၎င်းတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် ကြေညာချက်ထုတ်ပြန်ပြီး တုံ့ပြန်ပါတယ်။

အငြိမ်းစား တပ်မတော်အရာရှိတဦးအပြင် ယခင်ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်းဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဌ သူရဦးရွှေမန်းကလည်း ခုဖြစ်ပွားနေတဲ့ ကြိုတင်မဲပေးမှုတွေနဲ့ အခြားရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကြောင့် မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်ပွားနိုင်ပြီး UEC အပါအဝင် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့တွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ တရားနည်းလမ်းတကျ ပါဝင်ဆောင်ရွက်ပေးဖို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ယနေ့ နိုတင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။ တပ်မတော်နဲ့ သူရဦးရွှေမန်းတို့ရဲ့ ထုတ်ပြန်မှုတွေဟာ အမျိုးသားရေးဆရာတော် ဦးဝီရသူ ဖမ်းဆီးခံရပြီး တရက်ထဲလိုလိုမှာ ထုတ်ပြန်ခဲ့တာကို တိုက်တိုက်ဆိုင်ဆိုင်တွေ့ရပါတယ်။

အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေကြားကနေပဲ ရန်ကုန်အပါအဝင် နိုင်ငံအနှံ့မှာ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ရက်နေ့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ပြည်သူတွေနဲ့ နိုင်ငံတကာက သန့်ရှင်း၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုကာ ရွေးကောက်ပွဲကနေတဆင့် ပြည်သူလိုလားတဲ့ အစိုးရ ဖွဲ့စည်းနိုင်ဖို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ လုံးဝမူတည်နေပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်ရွေးကောက်ပွဲ

Zawgy

ရန္ကုန္တိုင္းနဲ႔ ေ႐ြးေကာက္ပြဲပစ္မွတ္မ်ား

မႏၲေလး- ႏိုဝင္ဘာ ၃-၂၀၂၀
ေဆြလင္းထြန္း(VOM)

တိုင္းနဲ႔ျပည္နယ္ေတြအနက္ ရန္ကုန္တိုင္းဟာ ကိုဗစ္ေရာဂါကူးဆက္ခံရမႈ အမ်ားဆုံးျဖစ္ေနတဲ့အခ်ိန္ စက္႐ုံ၊ အလုပ္႐ုံေတြ အမ်ားဆုံးရွိတာ၊ လူဦးေရအမ်ားဆုံးျဖစ္တာ၊ လူမ်ိဳး၊ ဘာသာ အစုံလင္ဆုံးျဖစ္တာ စတဲ့အခ်က္ေတြေၾကာင့္ ရန္ကုန္ႏိုင္ငံေရးဟာ ေ႐ြးေကာက္ပြဲအတြက္ စိတ္ဝင္စားစရာ ေကာင္းေနပါတယ္။ ေ႐ြးေကာက္ပြဲကာလမွာ ဘာသာေရး၊ လူမ်ိဳးေရးအသုံးျပဳမဲဆြယ္တာေတြ ရန္ကုန္တိုင္းမွာ အမ်ားဆုံးေတြ႕ရသလို ပါတီေခါင္းေဆာင္ေတြနဲ႔ ႏိုင္ငံေရးနယ္ပယ္မွာ ထင္ရွားတဲ့သူအခ်ိဳ႕လည္း ရန္ကုန္တိုင္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။

ရန္ကုန္ဟာ အမ်ိဳးသားေရးသမားေတြရဲ႕ အဓိက ပစ္မွတ္တခုျဖစ္သလို၊ အမ်ိဳးသားေရးသမားေတြ ရန္ကုန္မွာ ေ႐ြးေကာက္ပြဲဝင္ၿပိဳင္တာ၊ ရန္ကုန္က အစၥလာမ္ဘာသာဝင္ ကိုယ္စားလွယ္ေလာင္းေတြကို လူမႈကြန္ယက္ကေန တိုက္ခိုက္တာ၊ အမ်ိဳးသားေရးဆရာေတာ္အျဖစ္ နာမည္ႀကီးတဲ့ ဆရာေတာ္ဦးဝီရသူဟာ ေ႐ြးေကာက္ပြဲက်င္းပဖို႔ ၆ရက္သာ လိုေတာ့တဲ့အခ်ိန္မွာ လာေရာက္အဖမ္းခံတာေတြကေန သက္ေသျပေနပါတယ္။

ဦးဝီရသူဟာ ယမန္ႏွစ္ ေမလအတြင္းက ရန္ကုန္ၿမိဳ႕ မဟာဗႏၶဳလ ပန္းၿခံမွာ အစိုးရကို အၾကည္ညိဳပ်က္ေစမယ့္ ေဟာေျပာမႈေတြ လုပ္တယ္ဆိုၿပီး ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က) နဲ႔ တရားစြဲခံရၿပီးကတည္းက တိမ္းေရွာင္ေနတာျဖစ္ပါတယ္။ ဦးဝီရသူဟာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပုဂၢိဳလ္ေရးအရ တိုက္ခိုက္တာ၊ လူနည္းစု ဘာသာဝင္ေတြအေပၚကို ဘာသာေရးအရ တိုက္ခိုက္တာေတြကို ေတာက္ေလွ်ာက္ျပဳလုပ္ခဲ့တာပါ။ ဦးဝီရသူက ၎အေနနဲ႔ ေ႐ြးေကာက္ပြဲမဲေပးျခင္းဆိုင္ရာေတြကို လူမႈကြန္ယက္ကေန ႐ုပ္သံေတြ အပိုင္းလိုက္တင္ခဲ့ၿပီျဖစ္တဲ့အတြက္ တာဝန္ေက်ခဲ့ၿပီျဖစ္ၿပီး ျပည္သူေတြက အမ်ိဳး၊ ဘာသာကို ခ်ီးေျမႇာက္မယ့္ပါတီကို မဲေပးျခင္းအားျဖင့္ တာဝန္ေက်ဖို႔ လိုတယ္လို႔ အဖမ္းမခံခင္ ေထာက္ခံသူေတြကို ေျပာၾကားရာမွာ ထည့္ေျပာပါတယ္။ အမ်ိဳးသားေရးဆရာေတာ္တပါးျဖစ္တဲ့ ဦးပါေမာကၡက ဦးဝီရသူ ဖမ္းခံရတာဟာ သာသနာေတာ္ကို ေထာင္ခ်တာျဖစ္တယ္လို႔ မိန႔္ပါတယ္။

ယေန႔ ႏိုဝင္ဘာ ၃ရက္ေန႔မွာလည္း အမ်ိဳး၊ ဘာသာကို ေစာင့္ေရွာက္မယ့္ ပါတီကို မဲေပးေရးအတြက္ဆိုၿပီး အမ်ိဳးသားေရးအင္အားစုေတြက လွည္းကူးၿမိဳ႕နယ္မွာ လႈပ္ရွားမႈလုပ္ခဲ့ပါေသးတယ္။

၂၀၁၉ ခုႏွစ္က ေတာင္ဒဂုံၿမိဳ႕နယ္အတြင္း ဘာသာေရးဆူပူမႈကို ဦးေဆာင္သူလို႔ စြပ္စြဲၾကတဲ့ ဦးေက်ာ္ျမင့္(ေခၚ)မိုက္ကယ္ေက်ာ္ျမင့္ဟာ ရန္ကုန္တိုင္း ေတာင္ဒဂုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ အစၥလာမ္ဘာသာေရး အေဆာက္အအုံေတြကို ပိတ္သိမ္းဖို႔ လႈပ္ရွားရာမွာ ဦးေဆာင္ခဲ့တယ္လို႔ စြပ္စြဲခံရတဲ့ ဦးေက်ာ္ျမင့္ ပါဝင္တဲ့ အေျခခံလူတန္းစားဘဝျမင့္မားေရးပါတီ(YDP) ဟာ ရန္ကုန္တိုင္းအတြင္း ကိုယ္စားလွယ္ေလာင္း ၁၁ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး တႏိုင္ငံလုံးက မဲဆႏၵနယ္ေတြမွာ ၂၄ ဦး ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။

ရန္ကုန္တိုင္းအတြင္း အမ်ိဳးသားေရးလႈပ္ရွားမႈေတြနဲ႔ ေဟာေျပာပြဲေတြမွာ တက္တက္ႂကြႂကြပါဝင္ခဲ့တဲ့ ေဒၚခင္ဝိုင္းၾကည္ဟာလည္း ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပည္ခိုင္ၿဖိဳးပါတီကိုယ္စားျပဳၿပီး ရန္ကုန္တိုင္း‌ ေဒါပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ေနရာကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ေဒၚခင္ဝိုင္းၾကည္ဟာ ၂၀၁၀ ခုႏွစ္မွာ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ ကိုယ္စားျပဳၿပီး ရန္ကုန္တိုင္း အမ်ိဳးသားလႊတ္ေတာ္မဲဆႏၵနယ္(၁) ကေနဝင္ၿပိဳင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ အဆိုပါ ပါတီကေနပဲ မိတၳီလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကေန ဝင္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။

၂၀၀၇ ေ႐ႊဝါေရာင္ေတာ္လွန္ေရးက ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ဦးစည္သူေမာင္ဟာလည္း ရန္ကုန္တိုင္း ပန္းဘဲတန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွာ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။ အစၥလာမ္ဘာသာဝင္ တဦးျဖစ္တဲ့ ဦးစည္သူေမာင္ကို လူမႈကြန္ယက္ကေန ဘာသာေရးအရ တိုက္ခိုက္တာေတြ အမ်ားအျပားႀကဳံခဲ့ရၿပီး ၎ကိုယ္စားျပဳတဲ့ NLD ပါတီကိုပါ တိုက္ခိုက္ၾကတာပါ။ မင္းကင္းၿမိဳ႕နယ္က ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္းကေတာ့ ၎ရဲ႕မဲဆြယ္ပြဲမွာပါ ဦးစည္သူေမာင္ကို ဘာသာေရးအရ တိုက္ခိုက္ခဲ့ၿပီး အဆိုပါေျပာၾကားမႈ ဗီဒီယိုဖိုင္ေတြဟာ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔ခဲ့တာျဖစ္ပါတယ္။ ပန္းဘဲတန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မွာ ဦးစည္သူေမာင္နဲ႔ ယွဥ္ၿပိဳင္မယ့္သူ တဦးကေတာ့ ၂၀၁၅ ပညာေရးသပိတ္က ေက်ာင္းသားေခါင္းေဆာင္ေဟာင္း ေဒၚအိသၪၥာေမာင္ ျဖစ္ပါတယ္။ ေဒၚအိသၪၥာေမာင္ဟာလည္း အမ်ိဳးသမီးတဦးျဖစ္တဲ့အတြက္ ဦးစည္သူေမာင္ကို ဝန္းရံသူေတြက လူမႈကြန္ယက္ကေန တိုက္ခိုက္တာေတြ ခံရပါေသးတယ္။

ေဒၚအိသၪၥာေမာင္က “ႏွမ္းတစ္ေစ့တည္းနဲ႔ ဆီျဖစ္မလား ေမးစရာရွိတယ္။ ေရကာတာတစ္ခုက်ိဳးေပါက္ဖို႔အတြက္ အက္ေၾကာင္းတစ္ခုပဲလိုတယ္” လို႔ ႏိုဝင္ဘာ ၁ရက္ေန႔က ၎ရဲ႕မဲဆႏၵနယ္အတြင္း မဲဆြယ္ရာမွာ ေျပာၾကားခဲ့ပါတယ္။

လာမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ရန္ကုန္တိုင္းအတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ပါတီကိုယ္စားျပဳနဲ႔ တသီးပုဂၢလကိုယ္စားလွယ္ေလာင္းဦးေရဟာ ၉၅၀ ဦးရွိၿပီး ရွမ္းျပည္နယ္ၿပီးရင္ ဒုတိယ အမ်ားဆုံးျဖစ္ပါတယ္။ ပါတီအလိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္မႈမွာ ၄၁ ပါတီရွိၿပီး တႏိုင္ငံလုံးက တိုင္းနဲ႔ျပည္နယ္ေတြမွာ အမ်ားဆုံးျဖစ္ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ သူအၿမဲၿပိဳင္အႏိုင္ရတဲ့ ရန္ကုန္တိုင္း ေကာ့မႈးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္ကေန ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ အဲဒီေကာ့မႉးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွာဘဲ တသီးပုဂၢလအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဦးေဌးေအာင္ကို နိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၁၂၄(က) နဲ႔ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးမွာ တရားစြဲတင္ခဲ့ၿပီး အင္းစိန္ေထာင္မွာ ဖမ္းဆီးထားပါတယ္။ NLD ပါတီဟာ ႏိုင္ငံျခားအေထာက္အပံ့ေတြ ရယူခဲ့တယ္လို႔ ဦးေဌးေအာင္က စြပ္စြဲခဲ့ၿပီး အတိုင္ပင္ခံပုဂၢိဳလ္ရဲ႕ ကိုယ္စားလွယ္ေလွ်ာက္လႊာကို ကန႔္ကြက္လႊာတင္သြင္းခဲ့ေပမယ့္ ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲက ပယ္ခ်ခဲ့ပါတယ္။

ေကာ့မႉးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မွာပဲ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP) က ဥကၠဌ ဦးေဒးဗစ္လွျမင့္ဟာလည္း သူ႔ရဲ႕ ကိုယ္စားလွယ္ေလာင္းဆိုင္းဘုတ္ကို သက္ဆိုင္ရာ စည္ပင္က ေထာင္ခြင့္မေပးတဲ့ ကိစၥ ႀကဳံခဲ့ရပါေသးတယ္။ ျမန္မာႏိုင္ငံေတာင္သူလယ္သမားသမဂၢကို ဦးေဆာင္ဖြဲ႕စည္းခဲ့တဲ့ NLD ပါတီဝင္ေဟာင္း ေဒၚစုစုေႏြးလည္း အဆိုပါမဲဆႏၵနယ္မွာပဲ ဝင္ေရာက္ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ေဒၚစုစုေႏြးဟာ အေစာပိုင္းမွာ အဆိုပါၿမိဳ႕နယ္ရဲ႕ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွာ ကိုယ္စားလွယ္ေလာင္းေလွ်ာက္လႊာတင္ခဲ့ေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ထိပ္တိုက္မေတြ႕လိုတဲ့အတြက္ တိုင္းေဒသႀကီး(၁) မဲဆႏၵနယ္မွာ ေျပာင္းလဲယွဥ္ၿပိဳင္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး မသန္စြမ္းကိုယ္စားလွယ္ေလာင္းျဖစ္တဲ့ ေဒၚေခ်ာစုလႈိင္ကလည္း ရန္ကုန္တိုင္း ေျမာက္ဥကၠလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မွာပါ။ ၎အေနနဲ႔ မသန္စြမ္းေတြအတြက္ လႊတ္ေတာ္ျပင္ပကေန လုပ္ေဆာင္မႈေတြဟာ လုံေလာက္မႈမရွိဘူးလို႔ ယူဆတဲ့အတြက္ ေ႐ြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္တာျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေရးပါတီက ကိုယ္စားလွယ္ေလာင္းေတြနဲ႔ မဲဆႏၵရွင္ျပည္သူေတြအျပင္ ပါတီႏိုင္ငံေရးနဲ႔ ပတ္သက္ခြင့္မရွိတဲ့ ဝန္ထမ္းအဖြဲ႕အစည္းေတြကလည္း ရန္ကုန္ႏိုင္ငံေရးကို စိတ္ဝင္စားၾကပါတယ္။ သို႔ေပမယ့္ ကပ္ေရာဂါကိုဗစ္ျဖစ္ေနခ်ိန္ မဲဆြယ္စည္း႐ုံးရာမွာ ပါတီငယ္ေတြက အခက္အခဲအမ်ိဳးမ်ိဳးရွိေနတာေတြ ႀကိဳတင္မဲနဲ႔ ပတ္သက္လို႔ ယူအီးစီအေပၚ အမ်ိဳးမ်ိဳးေဝဖန္တာ ေမးခြန္းထုတ္လာတဲ့ အသံေတြ က်ယ္ေလာင္လာပါတယ္။

တျခားတဖက္မွာေတာ့ ဒီလိုအသံေတြနဲ႔ တၿပိဳင္နက္ အေရးပါတဲ့ ဝန္ႀကီးဌာနသုံးခု၊ အမ်ိဳးသားကာကြယ္ေရးနဲ႔လုံၿခဳံေရးေကာင္စီ ၁၁ေနရာအနက္ ၆ေနရာယူထားတဲ့အျပင္ လႊတ္ေတာ္မွာ ၂၅ ရာခိုင္ႏႈန္းပါဝင္ၿပီးသားျဖစ္တဲ့ ျမန္မာ့တပ္မေတာ္ကလည္း ေ႐ြးေကာက္ပြဲကို တရားမွ်တေစခ်င္တယ္လို႔ ႏိုဝင္ဘာ ၂ရက္က ထုတ္ျပန္ပါတယ္။
ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္(UEC)အေနနဲ႔ မဲဆြယ္စည္း႐ုံးေရးေတြမွာ ႏိုင္ငံေရးပါတီေတြကို ႀကီးၾကပ္မႈအားနည္းတာ၊ အရင္ေ႐ြးေကာက္ပြဲေတြမွာ မျဖစ္ခဲ့တဲ့ ခ်ိဳ႕ယြင္းအားနည္းခ်က္ေတြ ခုေ႐ြးေကာက္ပြဲကာလမွာ ေပၚေပါက္ခဲ့တာ စတဲ့ ႐ိုးသားစြာမွားယြင္းမႈနဲ႔ ရည္႐ြယ္ခ်က္ရွိတဲ့ မွားယြင္းမႈေတြအားလုံးအတြက္ UEC နဲ႔ ၎ကို ဖြဲ႕စည္းေပးထားတဲ့ အစိုးရက တာဝန္ယူရမယ္လို႔ ထုတ္ျပန္ခဲ့တာပါ။

တပ္မေတာ္ရဲ႕ အဆိုပါထုတ္ျပန္ခ်က္အေပၚ ဗကသမ်ားအဖြဲ႕ခ်ဳပ္က ျပည္သူလူထုနဲ႔ ႏိုင္ငံေရးအင္အားစုေတြကို စိန္ေခၚတဲ့ ေၾကညာခ်က္ျဖစ္ေၾကာင္းနဲ႔ အမ်ိဳးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္ျပဌာန္းခြင့္အတြက္ ႏွစ္ေပါင္းမ်ားစြာ တိုက္ပြဲဝင္လာတဲ့ လူမ်ိဳးစုလက္နက္ကိုင္ ေတာ္လွန္ေရး အင္အားစုေတြကို ေျပာင္ေျပာင္တင္းတင္း ၿခိမ္းေျခာက္တာျဖစ္တယ္လို႔ ၎တို႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကတဆင့္ ေၾကညာခ်က္ထုတ္ျပန္ၿပီး တုံ႔ျပန္ပါတယ္။

အၿငိမ္းစား တပ္မေတာ္အရာရွိတဦးအျပင္ ယခင္ျပည္သူ႔လႊတ္ေတာ္ ဥကၠဌေဟာင္းျဖစ္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠဌ သူရဦးေ႐ႊမန္းကလည္း ခုျဖစ္ပြားေနတဲ့ ႀကိဳတင္မဲေပးမႈေတြနဲ႔ အျခားေ႐ြးေကာက္ပြဲဆိုင္ရာ ကိစၥရပ္ေတြေၾကာင့္ မလိုလားအပ္တဲ့ ကိစၥေတြျဖစ္ပြားႏိုင္ၿပီး UEC အပါအဝင္ အဆင့္ဆင့္ေသာ ေကာ္မရွင္အဖြဲ႕ေတြ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းေတြအေနနဲ႔ တရားနည္းလမ္းတက် ပါဝင္ေဆာင္႐ြက္ေပးဖို႔ ၎ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာကေန ယေန႔ ႏိုတင္ဘာ ၃ ရက္မွာ ထုတ္ျပန္ေျပာၾကားပါတယ္။ တပ္မေတာ္နဲ႔ သူရဦးေ႐ႊမန္းတို႔ရဲ႕ ထုတ္ျပန္မႈေတြဟာ အမ်ိဳးသားေရးဆရာေတာ္ ဦးဝီရသူ ဖမ္းဆီးခံရၿပီး တရက္ထဲလိုလိုမွာ ထုတ္ျပန္ခဲ့တာကို တိုက္တိုက္ဆိုင္ဆိုင္ေတြ႕ရပါတယ္။

အမ်ိဳးမ်ိဳးေသာ ၿခိမ္းေျခာက္မႈေတြနဲ႔ စိန္ေခၚမႈေတြၾကားကေနပဲ ရန္ကုန္အပါအဝင္ ႏိုင္ငံအႏွံ႔မွာ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ရက္ေန႔မွာ က်င္းပေတာ့မွာ ျဖစ္ပါတယ္။ စိန္ေခၚမႈေတြကို ေက်ာ္လႊားႏိုင္ဖို႔ ျပည္သူေတြနဲ႔ ႏိုင္ငံတကာက သန႔္ရွင္း၊ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲအျဖစ္ အသိအမွတ္ျပဳကာ ေ႐ြးေကာက္ပြဲကေနတဆင့္ ျပည္သူလိုလားတဲ့ အစိုးရ ဖြဲ႕စည္းႏိုင္ဖို႔က ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေပၚမွာ လုံးဝမူတည္ေနပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW