COVID-19 စစ်ဆေးရေးဂိတ်ကို တွဲကားဝင်တိုက် ယာဉ်ထိန်းရဲတစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံး

နိုဝင်ဘာ ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ရှမ်းပြည်‌နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မန္တလေး- မူဆယ်ကားလမ်းပေါ်ရှိ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင် Covid-19 စစ်ဆေးရေးဂိတ်မှာ မနေ့ နိုဝင်ဘာ၂ ရက်‌နေ့ ည ၇ နာရီခန့်က တွဲကားဝင်တိုက်မိခဲ့ရာကနေ ယာဉ်ထိန်းရဲအရာခံ တစ်ဦးနဲ့ အရပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့နောင်ချိုမြို့နယ်အုပ်ချုပ်‌ရေးမှူးရုံးကနေ သိရပါတယ်။

” ကားသမားကို အခင်းဖြစ်နေရာမှာပဲ မိပါတယ်။ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်း အရာခံတစ်ဦးနဲ့ စာရွက်စာတမ်းပြသစစ်ဆေးခံနေတဲ့ ကားသမားတစ်ဦး သေဆုံးခဲ့တာပါ”လို့ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက ပြောပါတယ်။

ခြေမြစ်ပင် Covid-19 စစ်ဆေးရေးအနီးမှာ တာဝန်ထမ်းဆောင်နေသူတွေကို နောင်ချိုကနေ မန္တလေးဘက်ကို အသက်(၂၇ နှစ်) အမျိုးသားတစ်ဦးမောင်းလာတဲ့ ၂၂ ဘီးတွဲယာဉ်က ဝင်တိုက်မိရာကနေ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းရဲအရာခံတစ်ဦးနဲ့ ကားသမားတစ်ဦး အခင်းဖြစ်နေရာမှာ‌‌ သေဆုံးခဲ့တာဖြစ်တယ်လို့ နောင်ချိုမြို့မရဲစခန်းကနေ သိရပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်လို့ အသက် ၂၇နှစ်အရွယ် အမျိုးသားကို နောင်ချိုမြို့မရဲစခန်းမှယာဉ်(ပ) ၅၀/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ(လူသေဆုံးမှု) ၃၀၄-က/၂၇၉(ယာဉ်မဆင်မခြင် မောင်းနှင်မှု)တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

#voiceomyanmar #VOM #နောင်ချို #ကိုဗစ်စစ်ဆေးရေးဂိတ် #၂၂ဘီးကားဝင်တိုက် #ရဲတစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW