ဦးကျော်မြင့်အမှုကို နောက်တစ်ပတ်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်

မန္တလေး-နိုဝင်ဘာ ၃-၂၀၂၀
ညီသစ်(VOM)
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီကနေ့မနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းလိုက်တဲ့ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ၆ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ် ။
ဒီကနေ့ နိုဝင်ဘာ ၃ ရက်နေ့ ၆ ကြိမ်မြောက်ရုံးချိန်းမှာ ကျန်ရှိနေတဲ့သက်သေ ၄ ဦးကို
ဆက်လက်စစ်ဆေးခဲ့ပြီး လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့ ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမယ်လို့ ချမ်းအေးသာစံမြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ရက်နေ့ ရုံးချိန်းမှာတော့ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုပုဒ်မ -၂၂၄ အပြင် ၁၉၄၇ ခုနှစ်လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်)အက်ဥပဒေပုဒ်မ-၁၃ (၁) နဲ့ပါ ထပ်မံတရားစွဲဆိုခံထားရတာလည်းဖြစ်ပါတယ်။
ဦးကျော်မြင့်ဟာ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်က အိုးဘိုထောင်မှာ အကျဉ်းကျနေတုန်း အကျဉ်းထောင်ပြင်ပ ဆေးကုသခွင့်ရတဲ့အချိန်မှာ ထွက်ပြေးခဲ့တဲ့အတွက် ထောင်ပြေးမှုပုဒ်မ- ၂၂၄နဲ့ ၂၀၂၀ခုနှစ် စက်တင်ဘာ ၂၉ရက် ညပိုင်းမှာ နေပြည်တော်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)အရ နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်လိုက်တဲ့အပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ၂၇အရ ပါတီကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အောက်တိုဘာ ၁၇ရက်နေ့ ညပိုင်းက ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Zawgyiဦးေက်ာ္ျမင့္အမႈကို ေနာက္တစ္ပတ္႐ုံးခ်ိန္းမွာ အၿပီးသတ္အမိန႔္ခ်မယ္

ႏိုဝင္ဘာ ၃-၂၀၂၀
ညီသစ္(VOM)

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံးမွာ ဒီကေန႔မနက္ပိုင္းက ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကေန ႏိုင္ငံေရးပါတီအျဖစ္ ဖ်က္သိမ္းလိုက္တဲ့ ႏွင္းဆီပါတီဥကၠ႒ ဦးေက်ာ္ျမင့္ကို ၆ ႀကိမ္ေျမာက္ ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္ ။

ဒီကေန႔ ႏိုဝင္ဘာ ၃ ရက္ေန႔ ၆ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ က်န္ရွိေနတဲ့သက္ေသ ၄ ဦးကို
ဆက္လက္စစ္ေဆးခဲ့ၿပီး လာမယ့္ ႏိုဝင္ဘာ ၁၂ ရက္ေန႔ ႐ုံးခ်ိန္းမွာ အၿပီးသတ္အမိန႔္ခ်မွတ္သြားမယ္လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္တရားသူႀကီး ဦးေက်ာ္မ်ိဳးဝင္းကေျပာပါတယ္။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၃ရက္ေန႔ ႐ုံးခ်ိန္းမွာေတာ့ ဦးေက်ာ္ျမင့္ဟာ ေထာင္ေျပးမႈပုဒ္မ -၂၂၄ အျပင္ ၁၉၄၇ ခုႏွစ္လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္)အက္ဥပေဒပုဒ္မ-၁၃ (၁) နဲ႔ပါ ထပ္မံတရားစြဲဆိုခံထားရတာလည္းျဖစ္ပါတယ္။
ဦးေက်ာ္ျမင့္ဟာ ၁၉၉၉ခုႏွစ္၊ ဇန္နဝါရီ ၁၉ရက္က အိုးဘိုေထာင္မွာ အက်ဥ္းက်ေနတုန္း အက်ဥ္းေထာင္ျပင္ပ ေဆးကုသခြင့္ရတဲ့အခ်ိန္မွာ ထြက္ေျပးခဲ့တဲ့အတြက္ ေထာင္ေျပးမႈပုဒ္မ- ၂၂၄နဲ႔ ၂၀၂၀ခုႏွစ္ စက္တင္ဘာ ၂၉ရက္ ညပိုင္းမွာ ေနျပည္ေတာ္ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ(UDP)ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒ ပုဒ္မ၁၂၊ ပုဒ္မခြဲ(ခ)အရ ႏိုင္ငံေရးပါတီအျဖစ္မွတ္ပုံတင္ထားျခင္းကေန ပယ္ဖ်က္လိုက္တဲ့အျပင္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ား၊ နည္းဥပေဒ၂၇အရ ပါတီကိုလည္း ဖ်က္သိမ္းလိုက္တယ္လို႔ ေအာက္တိုဘာ ၁၇ရက္ေန႔ ညပိုင္းက ေၾကျငာခ်က္ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #VOM #မႏၲေလး #ဦးေက်ာ္ျမင့္

Related posts

Leave a Comment

VOM News

FREE
VIEW