အာဖဂန်နစ္စတန်ရှိ ကဘူးတက္ကသိုလ်ကို အိုင်အက်စ်အဖွဲ့ဝင်စီး၊ လူ ၂၂ ဦးသေဆုံး

ကဘူး၊ နိုဝင်ဘာ-၃-၂၀၂၀
မျိုးဆက် (VOM)

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးတက္ကသိုလ်ကို သေနတ်သမားတွေက မနေ့ နိုဝင်ဘာ ၂ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နာရီအတန်ကြာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် လူ ၂၂ ဦးသေဆုံးသွားပါတယ်။

အဲ့ဒီစီးနင်းတိုက်ခိုက်မှုမှာ သေနတ်သမားသုံးဦးသေဆုံးသွားပြီးနောက် ပြီးဆုံးသွားတယ်လို့ အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့တယ်လို့ ဒေသတွင်းအိုင်အက်စ်အဖွဲ့က ကြေညာချက်မှာ အခိုင်အမာဆိုပါတယ်။

အီရန်စာအုပ်ပြပွဲတစ်ခုအတွက် အစိုးရအရာရှိတွေ ရောက်မယ်လို့မှန်းထားကြတဲ့အချိန်မတိုင်မီလေးမှာဘဲ တိုက်ခိုက်မှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

သေနတ်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၂၂ ဦးလည်းဒဏ်ရာရရှိသွားပါတယ်။ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ တိုက်ခိုက်မှုစတင်ပြီးနောက်များမကြာမီမှာဘဲ တာလီဘန်အဖွဲ့က ငြင်းဆိုခဲ့ပြီး ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဖောက်ပြန်တဲ့အာဖဂန်အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ တရားသူကြီးတွေနဲ့ ထောက်လှမ်းရေးတွေရဲ့ဘွဲ့နှင်းသဘင်ကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ နာရီအနည်းငယ်အကြာမှာ အိုင်အက်စ်အဖွဲ့က လူမှုကွန်ရက်ကတစ်ဆင့် ကြေညာချက်ထုတ်ပြန်ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကဘူး #အိုင်အက်စ်ဝင်စီး

Related posts

Leave a Comment

VOM News

FREE
VIEW