ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ကြိုးစားသူကို ဖမ်းဆီးရမိ

နိုဝင်ဘာ ၃-၂၀၂၀
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဥတိုကျေးရွာမှာ မနေ့ နိုဝင်ဘာလ၂ ရက်နေ့ နေ့လယ်ပိုင်းက ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့တယ်လို့ အုတ်ဖိုမြို့မရဲစခန်းကနေ သိရပါတယ်။

” ကျုးလွန်ရန်ကြံစည်တယ်လို့ဆိုတဲ့အမျိုးသားက ဥတိုနားက ရွာကပါ။ အမျိုးသမီးက အော်ဟစ်တဲ့အခါ အနီးမှာရှိတဲ့ ဂေါပကအဖွဲ့တွေက။ ဝိုင်းဖမ်းဆီးပေးနိုင်ခဲ့တာပါ”လို့ အုတ်ဖိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းရွာသစ်မှာနေထိုင်တဲ့ အသက် ၁၉ နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးဟာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီး အုတ်ဖိုမြို့ကို အောက်တိုဘာ၂၉ရက်နေ့က ပြန်လည်ရောက်ရှိခဲ့တာကြောင့် ဥတိုကျေးရွာ၊ လောကစည်းစိမ်ဘုရားဝန်း ဓမ္မာရုံအနောက်နားမှာ သီးခြားတဲထိုးကာ ကွာရန်တင်ဟဝင်နေခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာ အမျိုးသမီး အိပ်ပျော်နေချိန် ချစ်ကိုကို(၂၅ နှစ်)က လာရောက်ပွေ့ဖက်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တာဖြစ်တယ်လို့ အုတ်ဖိုမြို့မရဲစခန်းကနေ သိရပါတယ်။

အဓမ္မပြုကျင့်ဖို့ကြိုးစားခဲ့သူကို အုတ်ဖိုမြို့မရဲစခန်းမှ (ပ)၂၇၇/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (မုဒိမ်းမှု)၃၇၆/၅၁၁တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo -အုတ်ဖိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းပြန်ကြားရေးအဖွဲ့
#voiceofmyanmar #VOM #အုတ်ဖို #ကွာရန်တင်းဝင်နေတဲ့ #အမျိုးသမီးတစ်ဦးကို #အဓမ္မပြုကျင့်ဖို့ကြိုးစား

Related posts

Leave a Comment

VOM News

FREE
VIEW