မဲရုံမှူးရဲ့ တရားမဲ့ပြုကျင့်မှုညှိနှိုင်းနေတာကို သတင်းမယူဖို့ မြို့နယ်ကော်မရှင် ဥက္ကဋ္ဌတား

ကျိုက်ထို ၊ နိုဝင်ဘာ ၂-၂၀၂၀
သူရိန်(VOM)

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ဝင်းကံကျေးရွာ ကော်မရှင်ရုံးမှာ အသက် ၆၀ ကျော် မဲဆန္ဒရှင်တွေဆန္ဒမဲပေးချိန် မဲရုံမှုးကတာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီးတရားမဲ့ပြုကျင့်လို့ နိုဝင်ဘာ ၁ ရက်က နှစ်ဖက်တာဝန်ရှိသူတွေညှိနှိုင်းဆွေးနွေးတာကို သတင်းရယူခြင်းမပြုဖို့မြို့နယ်ကော်မရှင်ဥက္ကဌ ကတားမြစ်ခဲ့တယ်လို့ဒေသခံသတင်းသမားတွေကပြောပါတယ်။

ဝင်းကံကျေးရွာကော်မရှင်ရုံးမှာ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီအချိန် အသက် ၆၀ ကျော်မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲ ကြိုတင်ဆန္ဒမဲပေးနေချိန်မှာ မဲရုံမှူး ဒေါ်ခင်ငြိမ်းချမ်း ( ဝင်းကံ အ.လ.က ကျောင်းအုပ် )က လျှို့ဝှက်ဆန္ဒပြုခန်းရဲ့နောက်ကွယ်မှာ ဆရာမကိုယ်တိုင် အသက် ၆၀ ကျော် မဲဆန္ဒရှင်တစ်ဦးနဲ့တွေ့ရပြီး မဲဆန္ဒရှင်ရဲ့ဆန္ဒကို မေးမြန်းခြင်းမပြုဘဲ အမေစုကိုမဲပေးချင်ရင် ဒီနေရာမှာထုလို့ပြောသံကို ကိုယ်တိုင်နားနဲ့ဆက်ဆက်ကြားခဲ့တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ဆွေက တိုင်ကြားခဲ့တာပါ။
“အဲဒီကိစ္စကို မနက် ၁၀ နာရီက လုပ်တယ်။ ကျွန်တော်တို့သတင်းယူဖို့သွားတော့ မြို့နယ်ဥက္ကဋ္ဌ သတင်းလည်းမယူပါနဲ့ ။ မှတ်တမ်းတင်ဓာတ်ပုံလည်း မရိုက်ပါနဲ့လို့ပြောတယ်။ မြို့နယ်ဥက္ကဋ္ဌက နောက်မှသူပြန်ပြောပေးပါ့မယ် ဆိုပြီး အခုထိမပြောဘူး။ ဒါကရွေးကောက်ပွဲမှာ သတင်းရယူပိုင်ခွင့်ကို မြို့နယ်ဥက္ကဌ တယောက်ကတားမြစ်တယ်ဆိုတာမဖြစ်သင့်ဘူး” လို့ဒေသခံသတင်းသမားကပြောပါတယ်။

ကျိုက်ထိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦး အောင်ငွေကို ဆက််သွယ်မေးကြည့်တော့
” သတင်းယူခွင့်မပြုတာမဟုတ်ပါဘူး ။ ယူလို့ရတယ်ပြီးမှမေးပါလို့ ပြောတာပါ။ အခုကအစည်းအဝေးလုပ်နေလို့ မယူပါနဲ့ပြောတာ။ ပထမအကြိမ်လာတုန်းကတော့အဲလိုပြောလိုက်တယ် ။ ဒုတိယအကြိမ်လာတော့ ကျွန်တော်နဲ့မတွေ့လိုက်ဘူး။ ကျွန်တော်တို့က အထက်ကိုတင်ပြရအုံးမယ်။မတင်ပြခင်သတင်းပြန့်သွားရင်သူတို့ လည်းမသိရပါလားဆိုရင်ကျွန်တော်တို့လည်းမကောင်းလို့ပါ။ အဲဒါကြောင့်ရုံးကိုတင်ပြီးမှ လိုအပ်တဲ့အချက်အလက်ကိုမေးပါ ဖြေပေးပါ့မယ်လို့ပြောတာပါ။ အခုမှစာတင်ဖို့ပြင်ဆင်နေတုန်းပါ”လို့ မနေ့ည ၇ နာရီလောက်က ဖြေပါတယ်။

တိုင်ကြားတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေကတော့
” ကော်မရှင်ကကော ၊ ပါတီကကော ကိုယ့်မြို့နယ်မှာ အကျယ်ကျယ် မဖြစ်အောင်ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ ဒီဆွေးနွေးခဲ့တဲ့အပေါ်မှာလည်းကျေနပ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ အဖက်ဖက်ကသန့်ရှင်းဖို့ရယ် ၊ ယုံကြည်ဖို့ရယ်အတွက်အောင်မြင်တယ်လို့ဘဲပြောချင်ပါတယ်။ သက်ဆိုင်ရာဆရာဆရာမတွေကပြည်သူကို ကူညီတဲ့ပြည်သူ့ဝန်ထမ်းကောင်း ၊ပြည်သူ့ကော်မရှင်ကောင်းတွေ ဖြစ်မယ်လို့ခံယူပါတယ်” လို့ ပြောပါတယ်။

မဲဆန္ဒရှင်ရဲ့ဆန္ဒကို မေးမြန်းခြင်းမပြုဘဲ အမေစုကိုမဲပေးချင်ရင် ဒီနေရာမှာထုလို့ပြောတဲ့မဲရုံမှူးကို အခြားမဲရုံကိုပြောင်းရွေ့ တာဝန်ပေးအပ်လိုက်တယ်လို့ နောက်ဆုံးဆုံးဖြတ်ချက်တော့သိရပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတင်းရယူခွင့်မှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပါအဝင်ကော်မရှင်ခွဲတွေက သတင်းထုတ်ပြန်မှု ၊ အချက်အလက်ဖြန့်ဝေမှုတွေမှာ အားနည်းတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေက ပြောသလို သတင်းမီဒီယာတွေကလည်း အားရကျေနပ်မှုမရှိတာကို တွေ့နေရပါတယ်။

#voiceofmyanmar #VOM #ကျိုက်ထိုမြို့ #ဝင်းကံ #ရွေးကောက်ပွဲ

zawgy

မဲ႐ုံမႉးရဲ႕ တရားမဲ့ျပဳက်င့္မႈညႇိႏႈိင္းေနတာကို သတင္းမယူဖို႔ ၿမိဳ႕နယ္ေကာ္မရွင္ ဥကၠ႒တား

က်ိဳက္ထို ၊ ႏိုဝင္ဘာ ၂-၂၀၂၀
သူရိန္(VOM)

မြန္ျပည္နယ္ ၊ က်ိဳက္ထိုၿမိဳ႕နယ္ ၊ ဝင္းကံေက်း႐ြာ ေကာ္မရွင္႐ုံးမွာ အသက္ ၆၀ ေက်ာ္ မဲဆႏၵရွင္ေတြဆႏၵမဲေပးခ်ိန္ မဲ႐ုံမႈးကတာဝန္နဲ႔ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားျပဳၿပီးတရားမဲ့ျပဳက်င့္လို႔ ႏိုဝင္ဘာ ၁ ရက္က ႏွစ္ဖက္တာဝန္ရွိသူေတြညႇိႏႈိင္းေဆြးေႏြးတာကို သတင္းရယူျခင္းမျပဳဖို႔ၿမိဳ႕နယ္ေကာ္မရွင္ဥကၠဌ ကတားျမစ္ခဲ့တယ္လို႔ေဒသခံသတင္းသမားေတြကေျပာပါတယ္။

ဝင္းကံေက်း႐ြာေကာ္မရွင္႐ုံးမွာ ေအာက္တိုဘာ ၂၉ ရက္ ညေန ၃ နာရီအခ်ိန္ အသက္ ၆၀ ေက်ာ္မဲဆႏၵရွင္ေတြ ေ႐ြးေကာက္ပြဲ ႀကိဳတင္ဆႏၵမဲေပးေနခ်ိန္မွာ မဲ႐ုံမႉး ေဒၚခင္ၿငိမ္းခ်မ္း ( ဝင္းကံ အ.လ.က ေက်ာင္းအုပ္ )က လွ်ိဳ႕ဝွက္ဆႏၵျပဳခန္းရဲ႕ေနာက္ကြယ္မွာ ဆရာမကိုယ္တိုင္ အသက္ ၆၀ ေက်ာ္ မဲဆႏၵရွင္တစ္ဦးနဲ႔ေတြ႕ရၿပီး မဲဆႏၵရွင္ရဲ႕ဆႏၵကို ေမးျမန္းျခင္းမျပဳဘဲ အေမစုကိုမဲေပးခ်င္ရင္ ဒီေနရာမွာထုလို႔ေျပာသံကို ကိုယ္တိုင္နားနဲ႔ဆက္ဆက္ၾကားခဲ့တယ္လို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရး ပါတီက ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးျမင့္ေဆြက တိုင္ၾကားခဲ့တာပါ။
“အဲဒီကိစၥကို မနက္ ၁၀ နာရီက လုပ္တယ္။ ကြၽန္ေတာ္တို႔သတင္းယူဖို႔သြားေတာ့ ၿမိဳ႕နယ္ဥကၠ႒ သတင္းလည္းမယူပါနဲ႔ ။ မွတ္တမ္းတင္ဓာတ္ပုံလည္း မ႐ိုက္ပါနဲ႔လို႔ေျပာတယ္။ ၿမိဳ႕နယ္ဥကၠ႒က ေနာက္မွသူျပန္ေျပာေပးပါ့မယ္ ဆိုၿပီး အခုထိမေျပာဘူး။ ဒါကေ႐ြးေကာက္ပြဲမွာ သတင္းရယူပိုင္ခြင့္ကို ၿမိဳ႕နယ္ဥကၠဌ တေယာက္ကတားျမစ္တယ္ဆိုတာမျဖစ္သင့္ဘူး” လို႔ေဒသခံသတင္းသမားကေျပာပါတယ္။

က်ိဳက္ထိုၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ ဦး ေအာင္ေငြကို ဆက္္သြယ္ေမးၾကည့္ေတာ့
” သတင္းယူခြင့္မျပဳတာမဟုတ္ပါဘူး ။ ယူလို႔ရတယ္ၿပီးမွေမးပါလို႔ ေျပာတာပါ။ အခုကအစည္းအေဝးလုပ္ေနလို႔ မယူပါနဲ႔ေျပာတာ။ ပထမအႀကိမ္လာတုန္းကေတာ့အဲလိုေျပာလိုက္တယ္ ။ ဒုတိယအႀကိမ္လာေတာ့ ကြၽန္ေတာ္နဲ႔မေတြ႕လိုက္ဘူး။ ကြၽန္ေတာ္တို႔က အထက္ကိုတင္ျပရအုံးမယ္။မတင္ျပခင္သတင္းျပန႔္သြားရင္သူတို႔ လည္းမသိရပါလားဆိုရင္ကြၽန္ေတာ္တို႔လည္းမေကာင္းလို႔ပါ။ အဲဒါေၾကာင့္႐ုံးကိုတင္ၿပီးမွ လိုအပ္တဲ့အခ်က္အလက္ကိုေမးပါ ေျဖေပးပါ့မယ္လို႔ေျပာတာပါ။ အခုမွစာတင္ဖို႔ျပင္ဆင္ေနတုန္းပါ”လို႔ မေန႔ည ၇ နာရီေလာက္က ေျဖပါတယ္။

တိုင္ၾကားတဲ့ ျပည္ခိုင္ၿဖိဳးပါတီ ကိုယ္စားလွယ္ေလာင္း ဦးျမင့္ေဆြကေတာ့
” ေကာ္မရွင္ကေကာ ၊ ပါတီကေကာ ကိုယ့္ၿမိဳ႕နယ္မွာ အက်ယ္က်ယ္ မျဖစ္ေအာင္ညႇိႏႈိင္းေဆာင္႐ြက္ခဲ့ပါတယ္။ ဒီေဆြးေႏြးခဲ့တဲ့အေပၚမွာလည္းေက်နပ္ပါတယ္။ ဒီေ႐ြးေကာက္ပြဲမွာ အဖက္ဖက္ကသန႔္ရွင္းဖို႔ရယ္ ၊ ယုံၾကည္ဖို႔ရယ္အတြက္ေအာင္ျမင္တယ္လို႔ဘဲေျပာခ်င္ပါတယ္။ သက္ဆိုင္ရာဆရာဆရာမေတြကျပည္သူကို ကူညီတဲ့ျပည္သူ႔ဝန္ထမ္းေကာင္း ၊ျပည္သူ႔ေကာ္မရွင္ေကာင္းေတြ ျဖစ္မယ္လို႔ခံယူပါတယ္” လို႔ ေျပာပါတယ္။

မဲဆႏၵရွင္ရဲ႕ဆႏၵကို ေမးျမန္းျခင္းမျပဳဘဲ အေမစုကိုမဲေပးခ်င္ရင္ ဒီေနရာမွာထုလို႔ေျပာတဲ့မဲ႐ုံမႉးကို အျခားမဲ႐ုံကိုေျပာင္းေ႐ြ႕ တာဝန္ေပးအပ္လိုက္တယ္လို႔ ေနာက္ဆုံးဆုံးျဖတ္ခ်က္ေတာ့သိရပါတယ္။

ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္လို႔ သတင္းရယူခြင့္မွာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္အပါအဝင္ေကာ္မရွင္ခြဲေတြက သတင္းထုတ္ျပန္မႈ ၊ အခ်က္အလက္ျဖန႔္ေဝမႈေတြမွာ အားနည္းတယ္လို႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေရးအဖြဲ႕ေတြက ေျပာသလို သတင္းမီဒီယာေတြကလည္း အားရေက်နပ္မႈမရွိတာကို ေတြ႕ေနရပါတယ္။

#voiceofmyanmar #VOM #က်ိဳက္ထိုၿမိဳ႕ #ဝင္းကံ

 

Related posts

Leave a Comment

VOM News

FREE
VIEW