၀ိုင်းမော်မှာ NLDရဲ့ မဲရုံစောင့်ကြည့်သူက မဲပုံးဖွင့်လို့ အမှုဖွင့်ခံရ

ဝိုင်းမော်-နိုဝင်ဘာ ၂ရက်-၂၀၂၀
ရန်အောင်ထွန်း(VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရပ်ကွက် (၄) မဲရုံအမှတ် – ၆ မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီပါတီ NLD ကိုယ်စားလှယ်လောင်းက စေလွှတ်ထားတဲ့ မဲရုံစောင့်ကြည့်သူကို မဲပုံးအပေါက် ပိတ်ထားတဲ့ တိပ်ကိုခွာခဲ့လို့ အောက်တိုဘာ ၃၁ ရက်နေ့က ရွေးကောက်ပဲဥပဒေနဲ့ အမှုဖွင့် ထားပါတယ်။

သတ်မှတ်ချိန်မတိုင်ခင် နံနက် ၆ နာရီကျော်မှာ မဲရုံရောက်လာပြီးမဲပုံးကို ဖွင့်ထားတာဖြစ်လို့ စာရေးတိုင်ကြားလိုက်တာလို့ ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စား မဲရုံစောင့်ကြည့်သူ ဦးဗီဒူလေးက ပြောပါတယ်။
(အင်တာဗျူး – ၁)
အောက်တိုဘာ ၂၉ ရက်မှာ အသက် ၆၀ နဲ့ အထက် သက်ကြီးမဲဆန္ဒရှင်တွေ၊ မသန်စွမ်းမဲဆန္ဒရှင်တွေ၊ ကျန်းမာရေး မကောင်းသူတွေရဲ့ ဆန္ဒမဲတွေ ကောက်ယူခဲ့တဲ့ မဲပုံးကို မဲရုံတာ၀န်ရှိသူတွေ ပါတီအသီးသီးကိုယ်စား စောင့်ကြည့်သူတွေ သဘောတူညီချက်နဲ့ မဲပုံးက မဲလက်မှတ်ထည့်တဲ့ အပေါက်ကို တိပ်နဲ့ပိတ်တံဆိပ်ရိုက်ပြီး သိမ်းထားခဲ့ကြတာပါ။ အဲ့ဒီမဲပုံးကို အောက်တိုဘာ ၃၀ ရက် နံနက် ၇ နာရီမှာ သဘောတူထားသူ အားလုံးစုံမှ တိပ်ကို ပြန်ဖွင့်မယ်လို့ သတ်မှတ် ထားကြတာဖြစ်ပါတယ်။

အခုအမှုဖွင့် တိုင်ကြားခံထားရတဲ့ NLD ကိုယ်စားလှယ်လောင်းကိုယ်စား မဲရုံစောင့်ကြည့်သူ ဦးသိန်းဋ္ဌေးကတော့ မဲရုံမှာရှိတဲ့ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာ၀န်ရှိသူကို အသိပေးပြီး မဲလက်မှတ်ထည့်တဲ့ အပေါက်ပိတ်ထားတဲ့ တိပ်ကိုခွာပြီး ချက်ချင်း ထွက်လာခဲ့တာသာဖြစ်ပြီး မဲမသမာမှု ဖြစ်အောင် မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

(အင်တာဗျူး – ၂)

ဝိုင်းမော်မြို့ ၊ အမှတ် – ၄ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရီမြင့်ကတော့ ဦးသိန်းဋ္ဌေဟာ မဲပုံးကို သူ့ခွင့်ပြုချက်မရဘဲ ဖွင့်ခဲ့လို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ – ၅၉ (င)နဲ့ သူကပဲ တရားလိုပြုလုပ် အမှုဖွင့်ခဲ့တာလို့ ဆိုပါတယ်။

(အင်တာဗျူး – ၃)
လက်ရှိမှာ အဲ့ဒီမဲပုံးကို သက်ဆိုင်ရာပါတီစုံ တာ၀န်ရှိသူတွေရှေ့မှာ ရွေးကောက်ပွဲကော်မရှင်က တာ၀န်ရှိသူတွေက ချိတ်ပိတ်ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲမှာပါတဲ့ မဲကတော့ ၁၁၂ မဲရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဝိုင်းမော် #ရွေးကောက်ပွဲ

zawgy

၀ိုင္းေမာ္မွာ NLDရဲ႕ မဲ႐ုံေစာင့္ၾကည့္သူက မဲပုံးဖြင့္လို႔ အမႈဖြင့္ခံရ

ဝိုင္းေမာ္-ႏိုဝင္ဘာ ၂ရက္-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕၊ ရပ္ကြက္ (၄) မဲ႐ုံအမွတ္ – ၆ မွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီပါတီ NLD ကိုယ္စားလွယ္ေလာင္းက ေစလႊတ္ထားတဲ့ မဲ႐ုံေစာင့္ၾကည့္သူကို မဲပုံးအေပါက္ ပိတ္ထားတဲ့ တိပ္ကိုခြာခဲ့လို႔ ေအာက္တိုဘာ ၃၁ ရက္ေန႔က ေ႐ြးေကာက္ပဲဥပေဒနဲ႔ အမႈဖြင့္ ထားပါတယ္။

သတ္မွတ္ခ်ိန္မတိုင္ခင္ နံနက္ ၆ နာရီေက်ာ္မွာ မဲ႐ုံေရာက္လာၿပီးမဲပုံးကို ဖြင့္ထားတာျဖစ္လို႔ စာေရးတိုင္ၾကားလိုက္တာလို႔ ဝိုင္းေမာ္ၿမိဳ႕နယ္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီကိုယ္စား မဲ႐ုံေစာင့္ၾကည့္သူ ဦးဗီဒူေလးက ေျပာပါတယ္။
(အင္တာဗ်ဴး – ၁)
ေအာက္တိုဘာ ၂၉ ရက္မွာ အသက္ ၆၀ နဲ႔ အထက္ သက္ႀကီးမဲဆႏၵရွင္ေတြ၊ မသန္စြမ္းမဲဆႏၵရွင္ေတြ၊ က်န္းမာေရး မေကာင္းသူေတြရဲ႕ ဆႏၵမဲေတြ ေကာက္ယူခဲ့တဲ့ မဲပုံးကို မဲ႐ုံတာ၀န္ရွိသူေတြ ပါတီအသီးသီးကိုယ္စား ေစာင့္ၾကည့္သူေတြ သေဘာတူညီခ်က္နဲ႔ မဲပုံးက မဲလက္မွတ္ထည့္တဲ့ အေပါက္ကို တိပ္နဲ႔ပိတ္တံဆိပ္႐ိုက္ၿပီး သိမ္းထားခဲ့ၾကတာပါ။ အဲ့ဒီမဲပုံးကို ေအာက္တိုဘာ ၃၀ ရက္ နံနက္ ၇ နာရီမွာ သေဘာတူထားသူ အားလုံးစုံမွ တိပ္ကို ျပန္ဖြင့္မယ္လို႔ သတ္မွတ္ ထားၾကတာျဖစ္ပါတယ္။

အခုအမႈဖြင့္ တိုင္ၾကားခံထားရတဲ့ NLD ကိုယ္စားလွယ္ေလာင္းကိုယ္စား မဲ႐ုံေစာင့္ၾကည့္သူ ဦးသိန္းေ႒းကေတာ့ မဲ႐ုံမွာရွိတဲ့ ရပ္ေက်းေ႐ြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႕ခြဲ တာ၀န္ရွိသူကို အသိေပးၿပီး မဲလက္မွတ္ထည့္တဲ့ အေပါက္ပိတ္ထားတဲ့ တိပ္ကိုခြာၿပီး ခ်က္ခ်င္း ထြက္လာခဲ့တာသာျဖစ္ၿပီး မဲမသမာမႈ ျဖစ္ေအာင္ မလုပ္ခဲ့ဘူးလို႔ ေျပာပါတယ္။

(အင္တာဗ်ဴး – ၂)

ဝိုင္းေမာ္ၿမိဳ႕ ၊ အမွတ္ – ၄ ရပ္ကြက္ ေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ခြဲဥကၠ႒ ဦးရီျမင့္ကေတာ့ ဦးသိန္းေ႒ဟာ မဲပုံးကို သူ႔ခြင့္ျပဳခ်က္မရဘဲ ဖြင့္ခဲ့လို႔ ေ႐ြးေကာက္ပြဲဆိုင္ရာဥပေဒပုဒ္မ – ၅၉ (င)နဲ႔ သူကပဲ တရားလိုျပဳလုပ္ အမႈဖြင့္ခဲ့တာလို႔ ဆိုပါတယ္။

(အင္တာဗ်ဴး – ၃)
လက္ရွိမွာ အဲ့ဒီမဲပုံးကို သက္ဆိုင္ရာပါတီစုံ တာ၀န္ရွိသူေတြေရွ႕မွာ ေ႐ြးေကာက္ပြဲေကာ္မရွင္က တာ၀န္ရွိသူေတြက ခ်ိတ္ပိတ္ထိန္းသိမ္းထားတယ္လို႔ ဆိုပါတယ္။ အဲ့ဒီအထဲမွာပါတဲ့ မဲကေတာ့ ၁၁၂ မဲရွိတယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ဝိုင္းေမာ္ #ေ႐ြးေကာက္ပြဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW