မကွေးတိုင်းတစ်ခုလုံး NLD နေရာအကုန်နိုင်

နိုဝင်ဘာ- ၉- ၂၀၂၀
ဂျန်ကိုလ်း+နေလင်း(VOM)

မကွေးတိုင်းမှာ၂၀၂၀ နိုဝင်ဘာ ၈ ရက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အကုန်နိုင်တယ်လို့ တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးတာက အတည်ပြုပေးပါတယ်။

”တစ်တိုင်းလုံးအကုန်နိုင်တယ်ဗျ ဒါပေမဲ့ ချင်းတိုင်းရင်းသားနေရာက လစ်မထွက်သေးဘူး သူကတတိုင်းလုံးကိုတိုင်းကော်မရှင်ကပေါင်းရမျာဆုံးဖြတ်မှာ မြို့နယ်အလိုက်ဆုံးဖြတ်တဲ့တိုင်းကိုယ်စားလှယ်နေရာ၅၀ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ၂၅အမျိုးသား၁၂စုစုပေါင်း၈၇နေရာလုံးနိုင်တယ် ချင်းတိုင်းသားနေရာလဲနိုင်မှာ အတိအကျမထွက်သေးပေမဲ့သတင်းထောက်ကြည့်ရသလောက်နိုင်ပါတယ်”လို့ vom ကိုပြောပါတယ်။

ရွေးကောက်ပွဲ ရလာဒ်အပြင် မကွေးတိုင်းအစိုးရအတွင်းမှာ အပြောင်းအလဲ ရှိနိုင်လားလို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကို မေးကြည့်တော့

“ရတယ်ဗျ အကုန်လုံးနိုင်တယ်၊ ပြည်သူ့လွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ တိုင်းဒေသကြီးလွှတ်တော်ရယ် အားလုံးပေါင်း ၈၇ ဦး၊ချင်းတိုင်းရင်းသားရေးရာဝန်ကြီးက ၁ ဦးဆိုတော့ အားလုံးနိုင်ပါတယ်ဗျ၊ ကျနော်သိရသလောက်ကတော့ တနင်္သာရီရော၊ ပဲခူးရော၊ မကွေး၊ မန္တလေး၊ ဧရာဝတီ အားလုံးနိုင်တယ်ပြောတယ်ဗျ။ ကျတော်ကတော့ တာဝန်ဆက်ပေးမယ်ဆိုရင်တော့ မကွေးတိုင်းလွှတ်တော်မှာ လက်ရှိအထိုင်အတိုင်းပဲ ဆက်ထားချင်တာ” လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က VOM ကိုပြောပါတယ်။

မကွေးတိုင်းမှ ာမဲဆန္ဒရှင်ပေါင်း၂ သိန်းလေးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၄၅၄၈ နဲ့ တိုင်းရင်းသားမဲရုံ ၇၄၅ ရုံ ရှိပြီး မြို့နယ်ပေါင်း၂၅ မြို့ နယ် ရှိပါတယ်။

မကွေးတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုင်းရင်းသားများပါတီနဲ့ တသီးပုဂွ္ဂလ စုစုပေါင်း ၄၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိအနိုင်ရစာရင်းတွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။

#VOM #VoiceofMyanmar #မကွေးတိုင်း #ရွေးကောက်ပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW