ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်ပျက်စာရင်းသွင်းတော့မယ်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၁- ၂၀၂၀

ကိုထွန်း(VOM)

 

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊  ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူပါတီကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကိုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့ခြင်း မရှိတာကြောင့် အမည်ပျက်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းလာတယ်လို့ သိရပါတယ်။

 

ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းကိုဆက်သွယ်ပေမယ့် အဆက်သွယ်မရလို့ သူ့ရဲ့ ကိုယ်စားလှယ် ဦးအောင်ကြီးကိုမေးကြည့်တော့

“’ဦးစိန်ဝင်းကခရီးသွားနေပါတယ်၊ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတွေက သူ့ဆီပါသွားပါတယ်၊ ဒါကြောင့်သတ်မှတ်ရက်ကိုတင်သွင်းနိုင်ခြင်းမရှိတာပါလို့ ပြောပါတယ်။

 

၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော်ပြည်ထောင်စုနယ်မြေကနေ  နိုင်ငံရေးပါတီအသီးသီးက ပြည်သူ့လွှတ်တော်အတွက်(၅၅)နေရာ၊အမျိုးသားလွှတ်တော်အတွက် (၁၁)နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။

 

ရွေးကောက်ပွဲကော်မရှင် နည်ဥပဒေ ၇၇ အရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း(၃၀) အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပုံစံ ၂၀ နဲ့ တင်သွင်းရမှာဖြစ်ပြီး စာရင်းတင်သွင်းခြင်းမရှိတဲ့ ကိုစားလှယ်လောင်တွေကိုတော့ကိုယ်စားလှယ်လောင်း အမည်စာရင်းမှာ ထည့်သွင်းခံရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

 

ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြလာတဲ့အစီအရင်ခံစာမှာ ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းမရှိတဲ့  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ကို အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာသင့်ကြောင်း မှတ်ချက်ပြုထားတာကိုတွေ့ရပါတယ်။

နာမည်ပျက်စာရင်း ကြေငြာခံရတဲ့ ကိုယ်စားလှယ်လောင်းဟာ ၅နှစ်အတွင်းလုပ်တဲ့နောက်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှယ်ပြိုင်ခွင့်ပါ ပိတ်ပင်ခံရမှာဖြစ်ပါတယ်။

#VOM #voiceofmyanmar #နေပြည်တော် #ပြည်သူ့ပါတီ

zawgy

ေ႐ြးေကာက္ပြဲကုန္က်စရိတ္ တင္သြင္းျခင္းမရွိတဲ့ ကိုယ္စားလွယ္ေလာင္းတစ္ဦးကို အမည္ပ်က္စာရင္းသြင္းေတာ့မယ္

ေနျပည္ေတာ္၊ ဒီဇင္ဘာ- ၂၁- ၂၀၂၀
ကိုထြန္း(VOM)

ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ၊ ဇမၺဴသီရိၿမိဳ႕နယ္ကေန ျပည္သူပါတီကိုယ္စားျပဳၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ျပည္သူ႔ပါတီရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိန္ဝင္းက ေ႐ြးေကာက္ပြဲကုန္က်စရိတ္စာရင္းကို ေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္သြင္းခဲ့ျခင္း မရွိတာေၾကာင့္ အမည္ပ်က္ကိုယ္စားလွယ္အျဖစ္ စာရင္းသြင္းဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို စာရင္းတင္သြင္းလာတယ္လို႔ သိရပါတယ္။

ျပည္သူ႔ပါတီရဲ႕ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးစိန္ဝင္းကိုဆက္သြယ္ေပမယ့္ အဆက္သြယ္မရလို႔ သူ႔ရဲ႕ ကိုယ္စားလွယ္ ဦးေအာင္ႀကီးကိုေမးၾကည့္ေတာ့
“’ဦးစိန္ဝင္းကခရီးသြားေနပါတယ္၊ ေ႐ြးေကာက္ပြဲအသုံးစရိတ္စာရင္းေတြက သူ႔ဆီပါသြားပါတယ္၊ ဒါေၾကာင့္သတ္မွတ္ရက္ကိုတင္သြင္းႏိုင္ျခင္းမရွိတာပါလို႔ ေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမကေန ႏိုင္ငံေရးပါတီအသီးသီးက ျပည္သူ႔လႊတ္ေတာ္အတြက္ (၅၅)ေနရာ၊အမ်ိဳးသားလႊတ္ေတာ္အတြက္ (၁၁)ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတယ္လို႔ ေ႐ြးေကာက္ပြဲေကာ္မရွင္ကေန သိရပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္ နည္ဥပေဒ ၇၇ အရ ေ႐ြးေကာက္ပြဲအၿပီး ရက္ေပါင္း(၃၀) အတြင္းမွာ ကိုယ္စားလွယ္ေတြရဲ႕ ေ႐ြးေကာက္ပြဲကုန္က်စရိတ္ကို ပုံစံ ၂၀ နဲ႔ တင္သြင္းရမွာျဖစ္ၿပီး စာရင္းတင္သြင္းျခင္းမရွိတဲ့ ကိုစားလွယ္ေလာင္ေတြကိုေတာ့ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းမွာ ထည့္သြင္းခံရမွာျဖစ္တယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

ျပည္ေထာင္စုနယ္ေျမ ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲကေန ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို တင္ျပလာတဲ့အစီအရင္ခံစာမွာ ေ႐ြးေကာက္ပြဲကုန္က်စရိတ္တင္သြင္းျခင္းမရွိတဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိန္ဝင္း ကို အရည္အခ်င္းပ်က္ယြင္းသူအျဖစ္ ေၾကညာသင့္ေၾကာင္း မွတ္ခ်က္ျပဳထားတာကိုေတြ႕ရပါတယ္။

#VOM #voiceofmyanmar #ေနျပည္ေတာ္ #ျပည္သူ႔ပါတီ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW