ကပ်ဘေးကာလရဲ့ ခြောက်သွေ့တဲ့ ခရစ္စမတ်

ဒီဇင်ဘာ ၂၁-၂၀၂၀ ယဉ်ပပထွန်း၊ ကောင်းလကျ်ာ၊ ညီသစ်၊ ရန်အောင်ထွန်း ကိုဗစ် ၁၉ ရောဂါကပ်ဘေးရဲ့ ဒုတိယလှိုင်းကို ဖြတ်သန်းနေရတဲ့ ကာလအတောအတွင်း သေဆုံးသူ ၂၄၀၀ ကျော်နဲ့ အတည်ပြုလူနာ ၁၁၀၀၀၀ ကျော် ရှိလာခဲ့ပြီး၊ ရောဂါပိုးတွေ့လူနာတွေ များပြားထူထပ်တဲ့ ဒေသတွေကို stay home နယ်မြေများအဖြစ် သက်ဆိုင်ရာက သတ်မှတ်ထားသလို၊ တဖက်မှာလည်း ဖြေလျှော့မှုတွေ လုပ်လာပါတယ်။ ဖြေလျှော့မှုတွေထဲမှာ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလအတွင်း ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘုရားကျောင်းတွေမှာ လူ ၃၀ အထိ စုဝေး ဝတ်ပြုခွင့်ပေးထားပြီး၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် မကြာခင်ရက်ပိုင်းအတွင်း ကျရောက်မယ့် ခရစ္စမတ်ပွဲတော်ကို လုံးဝ မကျင်းပတော့မယ့် ခရစ်ယာန် ဘုရားကျောင်းတွေ ရှိသလို အများစုက အွန်လိုင်းနဲ့…

Read More

သီလရှင်ဆရာကြီးတစ်ပါး ကြိုဆွဲချသေဆုံး

ဒီဇင်ဘာ ၂၁-၂၀၂၀ ကိုတိုးကြီး (VOM) တနသ်ာရီတိုင်း၊ မြိတ်မြို့၊ တက္ကသိုလ်ရပ် မြရိပ်ညိုလမ်းက လူနေအိမ်တစ်လုံးရဲ့ ရေချိုးခန်းထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက သီလရှင်ဆရာကြီးတစ်ပါး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းကနေ သိရပါတယ်။ ” သေဆုံးသူ သီလရှင်ဆရာကြီးက အသက် ၅၈ နှစ်ရှိပြီဖြစ်တယ်၊ အရင်က သာကေတရပ်ကွက် ဘေးမဲ့ကျောင်းမှာ သီတင်းသုံးတယ်၊ ကျန်းမာရေးမကောင်းတာကြောင့် လွန်ခဲ့တဲ့ ၄ / ၅ လလောက်ကစပြီး သူ့ရဲ့ ဆွမ်းဒကာအိမ်မှာပြောင်းပြီး သီတင်းသုံးနေခဲ့တာဖြစ်တယ်လို့ ကနဦးသိရတယ်”လို့ မြိတ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ သီလရှင်ဆရာကြီး သေဆုံးတာနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနိုင်ဖို့ ရုပ်အလောင်းအား မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အအေးတိုက်သို့ ပို့ဆောင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလို ပို့ဆောင်စစ်ဆေးရာမှာ ဓာတ်ခွဲစစ်ဆေးချက်အရ သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါ Positive ဖြစ်နေတယ်လို့…

Read More

လူသေဆုံးတဲ့ ယာဉ်တိုက်မှုကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့ယာဉ်မောင်းကို လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့ရှိမှုနဲ့ အမှုဖွင့်

ဒီဇင်ဘာ ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ ဒီဇင်ဘာ၂၀ ရက် ညနေပိုင်းက လူတစ်ဦးသေဆုံး ခဲ့ရတဲ့ ယာဉ်မတော်တဆမှုဖြစ်စဉ်က ပရဟိတလူနာတင်ယာဉ်မောင်းနင်သူကို လိုင်စင်မဲ့မော်တော်ယာဉ် လက်ဝယ်တွေ့မှုနဲ့ အမှုဖွင့်ထားတယ်လို့ သထုံမြို့မရဲစခန်းမှစုံသိရှိရပါတယ်။ ” လူမှုကယ်ဆယ်ရေးယာဉ်က ကျန်းမာရေးဝန်ထမ်းတွေတင်လာပြီးမောင်းလာတာပါ။ ဆိုင်ကယ်က ရုတ်တရက်ထွက်လာချိန် တိုက်မိတာဖြစ်ပါတယ်၊ ဆိုင်ကယ်သမားက ဆေးရုံမှာ ဆုံးသွားပါတယ်။ ဆိုင်ကယ်သမား မှားတာဖြစ်လို့သေဆုံးသူကို လူသေမှုနဲ့အမှုဖွင့်သလို ပရဟိတယာဉ်မောင်းနင်သူကို လိုင်စင်မဲ့ယာဉ်လက်ဝယ်တွေ့မှုနဲ့ အရေးယူရပါတယ်”လို့ သထုံမြိုမရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လူနာတင်ယာဉ်ဟာ ကျိုက်ထိုမြို့ဘက်ကနေ ဘားအံဘက်ကို မောင်းလာချိန် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင် ၁၄၇/၅ နားအရောက်မှာ အသက်(၇၃ နှစ်)အရွယ် အမျိုးသားကြီး မောင်းနှင်လာတဲ့ ဆိုင်ကယ်က လမ်းယာဘက်ခြမ်းကနေ ချိုးကွေ့လိုက်ချိန် တိုက်မိခဲ့တာဖြစ်တယ်လို့ သထုံမြို့မရဲစခန်းကနေ သိရပါတယ်။ အဲ့ဒီလူနာတင်ယာဉ်ဟာ ရန်ကုန်မှာ ယာယီတာဝန်ထမ်းဆောင်ပြီး ပြန် လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို…

Read More

ကောလာဟလနဲ့ သတင်းတုသတင်းမှား ဖြစ်တည်မှု၊ရင်းမြစ်နဲ့လားရာ

ဆွေလင်းထွန်း(VOM)     ၂၀၂၀ ရွေးကောက်ပွဲကျင်းပပြီးစီးလို့ ရွေးကောက်ပွဲအနိုင်ရပါတီက အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတဲ့ ကာလမှာပဲ လူမှုကွန်ယက်ပေါ်မှာ ကောလာဟလ၊ သတင်းတု၊ သတင်းမှားတွေကို လူတစုက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြပါတယ်။   အများဆုံးတွေ့ရတဲ့ သတင်းတု၊ သတင်းမှားတွေကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းမှားတွေပဲဖြစ်ပါတယ်။ သတင်းမှားတွေကို လူမှုကွန်ယက်ပေါ်မှာ အကောင့်တုတွေနဲ့ ဖြန့်ဝေကြတာဖြစ်ပါတယ်။ သတင်းမှားတွေထဲမှာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နဲ့ မဲရုံဝန်ထမ်းတွေ၊ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီတွေကို ဦးတည်တိုက်ခိုက်တဲ့ သတင်းမှားတွေက အများဆုံးဖြစ်တာ တွေ့ရပါတယ်။   ရွေးကောက်ပွဲတာဝန်ရှိသူတွေအပေါ် တိုက်ခိုက်တဲ့ သတင်းမှားတွေ   UEC အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူဦးရေ ၃၇သန်းကျော်ရှိတယ်လို့ နိုဝင်ဘာ ၉ရက်နဲ့ ၁၀ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ အဆိုပါ UEC ရဲ့ ထုတ်ပြန်ချက်ကို အခြေခံပြီး…

Read More

မြန်မာအလုပ်သမား အများစုရှိတဲ့ မဟာချိုင် ပုစွန်ဈေးနဲ့အနီးတစ်ဝိုက်နေရာတွေကို ‌လော့ခ်ဒေါင်းချ

ဒီဇင်ဘာ ၂၁-၂၀၂၀ ကောင်းလက်ျာ(VOM) ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မြန်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့အပြင် ကူးစက်သူအများစုဟာ မြန်မာ‌ရွေ့‌ပြောင်းအလုပ်သမား‌တွေ ဖြစ်နေတာကြောင့် ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ ပုစွန်ဈေးနဲ့အနီးတစ်ဝိုက် အဆောင်တွေကို ထိုင်းအစိုးရက ဒီဇင်ဘာ ၂၀ ရက်နေ့ကပဲ Lock Downသတ်မှတ်လိုက်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးကွန်ရက်(MWRN)က ဦးသန်းဇော်ထိုက်က ပြောပါတယ်။ ” ဒီကနေ့လည်း ထိုင်းမှာ သုံးရာကျော် လေးရာနီးပါးတိုးတယ်။ မဟာချိုင်တစ်ခုထဲမှာ ၂ရက်ပေါင်း လူတစ်ထောင်ကျော် ပိုးတွေ့ထားပြီး မြန်မာလုပ်သားများတဲ့ ပုစွန်ဈေးနဲ့ အနီးကအဆောင်တွေကို Lock Down သတ်မှတ်လိုက်တာပါ”လို့ ဦးသန်းဇော်ထိုက်ကပြောပါတယ်။ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်၊ ပုစွန်ဈေးနဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေကို ဒီဇင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ၂၀ ရက်နေ့ထိ နှစ်ရက်တာ စစ်ဆေးချက်တွေအရ Covid-19 ပို‌းတွေ့လူနာ ၁၀၀၀ ကျော်ရှိ‌နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်‌ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)ကနေ စုံစမ်းသိရပါတယ်။ လက်တစ်လောမှာ Lock…

Read More

ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းခြင်းမရှိတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို အမည်ပျက်စာရင်းသွင်းတော့မယ်

နေပြည်တော်၊ ဒီဇင်ဘာ- ၂၁- ၂၀၂၀ ကိုထွန်း(VOM)   နေပြည်တော် ပြည်ထောင်စုနယ်မြေ၊  ဇမ္ဗူသီရိမြို့နယ်ကနေ ပြည်သူပါတီကိုယ်စားပြုပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကိုရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့ခြင်း မရှိတာကြောင့် အမည်ပျက်ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာရင်းတင်သွင်းလာတယ်လို့ သိရပါတယ်။   ပြည်သူ့ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းကိုဆက်သွယ်ပေမယ့် အဆက်သွယ်မရလို့ သူ့ရဲ့ ကိုယ်စားလှယ် ဦးအောင်ကြီးကိုမေးကြည့်တော့ “’ဦးစိန်ဝင်းကခရီးသွားနေပါတယ်၊ ရွေးကောက်ပွဲအသုံးစရိတ်စာရင်းတွေက သူ့ဆီပါသွားပါတယ်၊ ဒါကြောင့်သတ်မှတ်ရက်ကိုတင်သွင်းနိုင်ခြင်းမရှိတာပါလို့ ပြောပါတယ်။   ၂၀၂၀ ရွေးကောက်ပွဲမှာ နေပြည်တော်ပြည်ထောင်စုနယ်မြေကနေ  နိုင်ငံရေးပါတီအသီးသီးက ပြည်သူ့လွှတ်တော်အတွက်(၅၅)နေရာ၊အမျိုးသားလွှတ်တော်အတွက် (၁၁)နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကနေသိရပါတယ်။   ရွေးကောက်ပွဲကော်မရှင် နည်ဥပဒေ ၇၇ အရ ရွေးကောက်ပွဲအပြီး ရက်ပေါင်း(၃၀) အတွင်းမှာ ကိုယ်စားလှယ်တွေရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ကို ပုံစံ ၂၀ နဲ့ တင်သွင်းရမှာဖြစ်ပြီး စာရင်းတင်သွင်းခြင်းမရှိတဲ့…

Read More

ဂျပန်နိုင်ငံက တရုတ်ကိုတန်ပြန်ဖို့ စစ်အသုံးစရိတ် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံထိ စံချိန်တင်သုံးမယ်

တိုကျို၊ ဒီဇင်ဘာ-၂၁-၂၀၂၀ မျိုးဆက် (VOM) ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါရဲ့ဂျပန်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာတဲ့ စစ်ရေးအင်အားကို တန်ပြန်ဖို့အတွက် ကိုယ်ပျောက်တိုက်လေယာဉ်နဲ့ သင်္ဘောဖျက် တာဝေးပစ်ဒုံးပျံတွေထုတ်လုပ်ရေး ရန်ပုံငွေအပါအဝင် စစ်ရေးအသုံးစရိတ် ကိုးနှစ်ဆက်တိုက်တိုးမြင့်မှုကို ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ဧပြီလမှစတင်မယ့် ဘဏ္ဍာရေးနှစ်အတွက် ဒေါ်လာ ၅၁ ဒသမ ၇ ဘီလီယံထိ ကာကွယ်ရေးအသုံးစရိတ်စံချိန်တင်ရရှိမှာဖြစ်ပြီး အခုနှစ်ထက် ၁ ဒသမ ၁ ရာခိုင်နှုန်း ပိုမိုများပြားပါတယ်။ ဝန်ကြီးချုပ် ဆူဂါဟာ အိမ်နီးချင်းတရုတ်နိုင်ငံအပါအဝင် အလားအလာရှိတဲ့ ရန်သူတွေကိုကာကွယ်ဖို့ ပိုမိုကောင်းမွန်တဲ့ စွမ်းရည်ရှိတဲ့ တိုက်လေယာဉ်၊ ဒုံးပျံနှင့်လေယာဉ်တင်သင်္ဘောသစ်တွေ တည်ဆောက်ဖို့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ အငြင်းပွားဖွယ်စစ်ရေးတိုးချဲ့မှုကို ဆက်လက်အကောင် အထည်ဖော်နေပါတယ်။ တရုတ်နိုင်ငံကလည်း သူ့ရဲ့ စစ်ရေးအသုံးစရိတ်ကို အခုနှစ်မှာ ၆ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ စီစဉ်နေပြီး…

Read More

ရေလက်ကြားမှာ တရုတ်လေယာဉ်တင်သင်္ဘောအုပ်စုဖြတ်သန်းမှုကြောင့် ထိုင်ဝမ်စစ်ဘက်တပ်ဖြန့်

ပေကျင်း ၊ ဒီဇင်ဘာ-၂၁-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ်လေယာဉ်တင်သင်္ဘော ရှန်ဒေါင်းဦးဆောင်တဲ့ လေယာဉ်တင်သင်္ဘောအုပ်စုဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ပုံမှန်လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းခဲ့တယ်လို့ တရုတ်ရေတပ်က ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့အဲ့ဒီစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်ဖို့အတွက် ထိုင်ဝမ်ကလည်း သူရဲ့ တပ်တွေကို ဖြန့်ကြက်ချထားခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်းအနီးကို တရုတ်လေယာဉ်တင်သင်္ဘောတွေ ဖြတ်သန်းခုတ်မောင်းတာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ အခုတစ်ကြိမ်ကတော့ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားတဲ့ တရုတ်နိုင်ငံနဲ့ ထိုင်ဝမ်တို့အကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ လေယာဉ်တင်သင်္ဘောသစ် ရှန်ဒေါင်းဦးဆောင်တဲ့ သင်္ဘောအုပ်စုရဲ့ စစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရှန်ဒေါင်းလေယာဉ်တင်သင်္ဘောအုပ်စုဟာ ထိုင်ဝမ်ရေလက်ကြားကို အမေရိကန်စစ်သင်္ဘောတစ်စီး ဖြတ်သန်းခုတ်မောင်းပြီးနောက် တစ်ရက်အကြာမှာ အဲဒီရေပြင်ကို ဖြတ်သန်းခဲ့ခုတ်မောင်းခဲ့တာဖြစ်ပါတယ်။ တရုတ်စစ်သင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည်ဖို့နဲ့ စစ်ရေးအသင့်အနေအထား ဖြစ်စေဖို့ စစ်သင်္ဘောခြောက်စီးနဲ့ တိုက်လေယာဉ်ရှစ်စင်းကို စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref :…

Read More

မြေပုံမြို့နယ် စစ်ဘေးရှောင်စခန်းအချို့မှာ ရိက္ခာပြတ်နေ

ဒီဇင်ဘာ၂၁-၂၀၂၀ ထက်အောင်စိုင်း(VOM) မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းက ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းမှာ ရိက္ခာပြတ်တောက်မှု ဖြစ်ပွားနေတယ်လို့ စခန်းတာဝန်ခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ မြေပုံမြို့နယ်၊ အင်ကြင်းကျေးရွာကနေ စညှင်းစစ်ဘေးရှောင်စခန်းကို မိသားစုနဲ့အတူထွက်ပြေးလာတဲ့ ဒေါ်ကြည်ကြည်ဝင်းက” စားဝတ်နေရေးကတော့ သိပ်အဆင်မပြေပါဘူး။ အဝတ်အစားတွေကလည်း လှူလာမှ ရပါတယ်။ စားဝတ်နေရေးကတော့ အခက်အခဲဖြစ်နေပါတယ်။ အခုလည်း ရိက္ခာပြတ်နေတယ်”လို့ ပြောပါတယ်။ မြေပုံမြို့နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးပြီး စစ်ဘေးရှောင်စခန်းတွေမှာ လာရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းမှာ စားဝတ်နေရေးအခက်အခဲတွေကြောင့် အဆင်မပြေမှုတွေရှိတဲ့အပြင် သူတို့အိမ်မှာ နေထိုင်ရတာလောက်အဆင်ပြေမှုမရှိကြောင်းကိုလည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ စညှင်းစစ်ဘေးရှောင်စခန်းက ဦးထွန်းစိန်ပြောတာက” စားဝတ်နေရေးအခြေအနေကတော့ နေစရာအဆင်မပြေပါဘူး။ စားဝတ်နေရေးက အခက်အခဲ၊ ရိက္ခာတွေကလည်း လုံလုံလောက်လောက်မရောက်နိုင်လို့ အဆင်မပြေပါဘူး”လို့ အခက်အခဲကို ပြောပြပါတယ်။ မြေပုံမြို့နယ် ကိုင်းကြီးစစ်ဘေးရှောင်စခန်းက စခန်းတာဝန်ခံ ကိုရွှေစိုးကလည်း ကိုင်းကြီးနဲ့ စညှင်းစစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာပြတ်တောက်မှု အခက်အခဲနဲ့…

Read More

မြစ်ကြီးနားမှာ ခရစ္စမတ်ပွဲတော်ကို ကိုဗစ်ကြောင့် ကျန်းမာရေးစံသတ်မှတ်ချက်နဲ့ အညီပြုလုပ်နေရ

ဒီဇင်ဘာ ၂၁-၂၀၂၀ ရန်အောင်ထွန်း(VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို COVID_19ရောဂါကြောင့် ကျန်းမာရေးစံသတ်မှတ်ချက်နဲ့အညီ လူ ၃၀ ထက်မကျော်အောင် ဝတ်ပြုဆုတောင်းပွဲတွေ ထိန်းသိမ်းပြုလုပ်နေတယ်လို့ မြစ်ကြီးနားမြို့ နှစ်ခြင်းခရစ္စယာန်အသင်းတော်က သိက္ခာတော်ရဆရာတော်နဲ့ ဗဟိုကတ်သလစ်သာသနာ့ အကျိုးဆောင်အဖွဲ့၊ စိန်ကိုလန်ဘန်ကသီဒြယ် ဘုရာကျောင်းက ကျောင်းထိုင်ဘုန်းတော်ကြီးတို့က ပြောပါတယ်။ ခရစ္စမတ်ပွဲတော်နဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျန်းမာရေးစံသတ်မှတ်ချက်နဲ့အညီ ကျင်းပဖို့ သာသာနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကနေ ဒီဇင်ဘာ ၁၇ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။ ခရစ္စယာန်အသင်းတော်တွေကတော့ ကိုဗစ်ကာလအတွင်း နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး သာသနာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါ ဘုရားကျောင်းတွေမှာ လူ ၃၀ ထက်မပိုဖို့ ၊ ဝင်တဲ့အခါ လက်ဆေးခြင်း ၊ ဝတ်ပြုဆုတောင်းမှုပြုလုပ်တဲ့သူ တစ်ဖွဲ့ပြီးသွားတိုင်း ပိုးသတ်ဆေးဖျန်းထားတဲ့ အဝတ်နဲ့ ထိုင်ခုံတွေကို သန့်ရှင်းရေးလုပ်ခြင်း၊ Mask တပ်တာ၊ အပူချိန်တိုင်းတာတာနဲ့ လူတစ်ဦးနဲ့တစ်ဦး…

Read More
VOM News

FREE
VIEW