သီလရှင်ဆရာကြီးတစ်ပါး ကြိုဆွဲချသေဆုံး

ဒီဇင်ဘာ ၂၁-၂၀၂၀
ကိုတိုးကြီး (VOM)

တနသ်ာရီတိုင်း၊ မြိတ်မြို့၊ တက္ကသိုလ်ရပ် မြရိပ်ညိုလမ်းက လူနေအိမ်တစ်လုံးရဲ့ ရေချိုးခန်းထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက သီလရှင်ဆရာကြီးတစ်ပါး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ မြိတ်မြို့မရဲစခန်းကနေ သိရပါတယ်။

” သေဆုံးသူ သီလရှင်ဆရာကြီးက အသက် ၅၈ နှစ်ရှိပြီဖြစ်တယ်၊ အရင်က သာကေတရပ်ကွက် ဘေးမဲ့ကျောင်းမှာ သီတင်းသုံးတယ်၊ ကျန်းမာရေးမကောင်းတာကြောင့် လွန်ခဲ့တဲ့ ၄ / ၅ လလောက်ကစပြီး သူ့ရဲ့ ဆွမ်းဒကာအိမ်မှာပြောင်းပြီး သီတင်းသုံးနေခဲ့တာဖြစ်တယ်လို့ ကနဦးသိရတယ်”လို့ မြိတ်မြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

သီလရှင်ဆရာကြီး သေဆုံးတာနဲ့ ပတ်သက်ပြီး မြိတ်မြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးနိုင်ဖို့ ရုပ်အလောင်းအား မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး အအေးတိုက်သို့ ပို့ဆောင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ပို့ဆောင်စစ်ဆေးရာမှာ ဓာတ်ခွဲစစ်ဆေးချက်အရ သေဆုံးသူမှာ ကိုဗစ်-၁၉ ရောဂါ Positive ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲ့ဒါကြောင့် VOM က သတင်းအတည်ပြုချက်ရရှိဖို့ မြိတ်မြို့၊ ပြည်သူ့ဆေးရုံးကြီး အရေးပေါ်ဌာနကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Photo- မြိတ်ရဲစခန်း
#voiceofmyanmar #VOM #မြိတ် #သီလရှင်ဆရာကြီး #ကြိုးဆွဲချသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW