မြန်မာအလုပ်သမား အများစုရှိတဲ့ မဟာချိုင် ပုစွန်ဈေးနဲ့အနီးတစ်ဝိုက်နေရာတွေကို ‌လော့ခ်ဒေါင်းချ

ဒီဇင်ဘာ ၂၁-၂၀၂၀
ကောင်းလက်ျာ(VOM)

ထိုင်းနိုင်ငံမှာ Covid-19 ကူးစက်မြန်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာတဲ့အပြင် ကူးစက်သူအများစုဟာ မြန်မာ‌ရွေ့‌ပြောင်းအလုပ်သမား‌တွေ ဖြစ်နေတာကြောင့် ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ ပုစွန်ဈေးနဲ့အနီးတစ်ဝိုက် အဆောင်တွေကို ထိုင်းအစိုးရက ဒီဇင်ဘာ
၂၀ ရက်နေ့ကပဲ Lock Downသတ်မှတ်လိုက်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားကာကွယ်ရေးကွန်ရက်(MWRN)က ဦးသန်းဇော်ထိုက်က ပြောပါတယ်။

” ဒီကနေ့လည်း ထိုင်းမှာ သုံးရာကျော် လေးရာနီးပါးတိုးတယ်။ မဟာချိုင်တစ်ခုထဲမှာ ၂ရက်ပေါင်း လူတစ်ထောင်ကျော် ပိုးတွေ့ထားပြီး မြန်မာလုပ်သားများတဲ့ ပုစွန်ဈေးနဲ့ အနီးကအဆောင်တွေကို Lock Down သတ်မှတ်လိုက်တာပါ”လို့ ဦးသန်းဇော်ထိုက်ကပြောပါတယ်။

ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်၊ ပုစွန်ဈေးနဲ့ စက်ရုံအလုပ်ရုံ လုပ်သားတွေကို ဒီဇင်ဘာ ၁၉ ရက်ကနေ ဒီဇင်ဘာ၂၀ ရက်နေ့ထိ နှစ်ရက်တာ စစ်ဆေးချက်တွေအရ Covid-19 ပို‌းတွေ့လူနာ ၁၀၀၀ ကျော်ရှိ‌နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက်‌ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)ကနေ စုံစမ်းသိရပါတယ်။

လက်တစ်လောမှာ Lock Down သတ်မှတ်ခံထားရတဲ့ မဟာချိုင်ရပ်၊ ပုစွန်ဈေးနဲ့အနီးတစ်ဝိုက် အဆောင်တွေကို ထိုင်းအစိုးရအဖွဲ့က သောက်ရေသန့်နဲ့ စားသောက်ကုန်အချို့ ထောက်ပံ့ပေးနေပေမယ့် ပြင်ပသွားလာခွင့်ကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ဆောင်ရွက်နေတယ်လို့ ပုဇွန်‌းဈေးအနီးမှာနေထိုင်တဲ့ မြန်မာရွေ့ပြောင်းအလုပ်သမ‌ားတွေကနေ သိရပါတယ်။

” အလုပ်ရုံတာဝန်ရှိသူတွေက ကျွန်မတို့ကို အလုပ်ဆင်းစရာမလိုဘူး။ဒါပေမယ့် လုပ်ခလစာပေးမယ်လို့ အာမခံထားပါတယ်။ မနေ့ကလည်း ကြက်ဥကတ်တွေပေးတယ်”လို့ ထိုင်းနိုင်ငံ၊ မဟာချိုင်ရပ်၊ လုံစီ ငါးသေတ္တာစက်ရုံအလုပ်သမား မသူဇာအေးက ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော် နေထိုင်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ ပုဇွန်ဈေးနဲ့စက်ရုံ‌တွေကလုပ်သားတွေကို ထိုင်းအစိုးရက ကိုဗစ်ပိုး ရှိ၊မရှိ အခမဲ့စစ်ဆေးပေးနေတဲ့အပြင် ခရိုင်အတွင်းရှိ မြို့ပေါင်း ၃ မြို့က လူတွေအနေနဲ့လည်း ပြင်ပမြို့/ရွာတွေကို ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားတယ်လို့ ဒေသခံ မြန်မာလုပ်သားတွေပြောပြချက်အရ သိရပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအများဆုံးရှိနေတဲ့ ဆမွတ်ဆာခွန်ခရိုင်မှာ ဆာမွန်ဆာခွန်၊ ဘန်ခရော့၊ ကထူးဘင် စတဲ့ မြိုနယ်သုံးခုရှိ‌နေပြီး ဒီဇင်ဘာ ၁၉ ရက်နေ့က Covid-19ပိုးတွေ့လူနာ ၅၄၈ ယောက်၊ဒီဇင်ဘာ၂၀ ရက်နေ့က ၅၄၇ ဦးရှိပြီး ထိုင်းနိုင်ငံတစ်ခုလုံးအနေနဲ့ ဒီကနေအချိန်ထိ ကိုဗစ်ရောဂါပိုးတွေ့သူ ၅၀၀၀ နီးပါးရှိ‌နေတယ်လို့ ထိုင်းအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အချို့မှာ ဖော်ပြထားပါတယ်။

Photo – TZA
#voiceofmyanmar #VOM #မဟာချိုင် #ပုစွန်ဈေး #လော့ခ်ဒေါင်းချ

Related posts

Leave a Comment

VOM News

FREE
VIEW