ရန်ကုန်မှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကို ​နေရာအ​တော်များများမှာ လုပ်ဆောင်​နေ

စက်တင်ဘာ ၁၂ – ၂ဝ၂၅
KKO(VOM)
ရန်ကုန်မြို့က မြို့နယ်တဝှမ်းမှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့လက်တွေ့စမ်းသပ် မဲပေးခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာ​တွေ့ရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၁၂ ရက်မှာဆိုရင်လည်း ရန်ကုန်မြို့၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊အမှတ် ၄၈ ရပ်ကွက်မှာမဲဆန္ဒရှင်ပြည်သူတွေကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)နဲ့ပတ်သက်လို့ အသိပေးခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကို ပြုလုပ်နေတာကို တွေ့ရပါတယ်။ အလားတူ ကျန်မြို့နယ်​တွေမှာလည်း လုပ်​ဆောင်​နေတယ်လို့ သိရပါတယ်။
” ရပ်ကွက်ရုံးက တအိမ်တယောက်ခေါ်တယ်။အဓိကက မဲပေးစနစ်တွေအကြောင်းကိုသရုပ်ပြခိုင်းတယ်။ စက်တွေနဲ့ မဲဘယ်လိုပေးရမလဲပေါ့။အဲဒါတွေကိုရှင်းပြတယ်။ စက်တွေမှာအသီးပုံလေးတွေရှိတယ်။ တဖက်က မီးကလေးလင်းလာတာနဲ့ ကိုယ့်ကြိုက်တဲ့အသီးပုံလေးတွေကို မဲပေးကြရတာပါ”လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပြခဲ့ပါတယ်။
ဒီနေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၄၈ ရပ်ကွက်မှာပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာမှာတော့ မဲဆန္ဒရှင်ပြည်သူတထောင်ခန့် လက်တွေ့စမ်းသပ်မဲပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းရဲ့မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးအောင် ရွေးကောက်ပွဲဆိုင်ရာဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ မနေ့စက်တင်ဘာ ၁၁ရက်ကနေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်။
“ကျွန်တော်တို့ရဲ့မဲပေးတဲ့စနစ်ကိုအများပြည်သူကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့လိုပါတယ်။ ဒါမှလည်းပြည်သူတွေက မဲပေးကြမှာပါ။ အခုဆို
ရွေးကောက်ပွဲကော်မရှင်ကရော အာဏာပိုင်ကရောမြို့နယ်၊ ရပ်ကွက်တွေအားလုံးမှာ မဲပေးစနစ်တွေနဲ့ပတ်သက်ပြီးတော့ သရုပ်ပြရှင်းပြတာတွေကိုပြုလုပ်နေပါတယ်။ နိုင်ငံသားတိုင်းရဲ့မဲပေးပိုင်ခွင့်တွေမဆုံးရှုံးအောင် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်”လို့ ရွေး/ကော် UEC က တာဝန်ရှိသူ ဦးအောင်လွင်ဦး က ပြောပါတယ်။
အီလက်ထရောနစ်မဲပေးစနစ်တွေဟာ တိကျတဲ့မဲ ပေးစနစ်ဖြစ်ပြီး ပယ်မဲမရှိနိုင်သလို အီလက်ထရောနစ် မဲပေးစက်တလုံးရဲ့ကာလတန်ကြေးကကျပ်သိန်း ၃ဝ ဝန်းကျင်အထိ တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။
Photo – VOM

Related posts

Leave a Comment

VOM News

FREE
VIEW