စက်တင်ဘာ ၁၂ ၊၂၀၂၅ GG (VOM) ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ်ထဲက သရက်တပင်ရွာမှာ ဒီနေ့မနက်အစောပိုင်းက လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်ခံရပြီး ၁၈ ယောက်သေဆုံးကာ ၂၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦးသိရပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁ နာရီကျော်လောက်မှာ သရက်တပင်ရွာရှိ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းပေါ်ကို လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း ထိခိုက်ဒဏ်ရာရသူတွေထဲမှာလည်း ပြင်းထန်ပြီးစိုးရိမ်ရသူတွေရှိတယ်လို့သိရပါတယ်။ ” လတ်တလော အတည်ပြုရတာက သေဆုံးက ၁၈ ယောက်ဒဏ်ရာရက ၂၀ ကျော်ပါတယ်။” လို့ ဖြစ်စဥ်သိရှိတဲ့ စာရေးဆရာဝေဟင်အောင်ကပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုမှာ လူသေဆုံးမှုများပြီးထိခိုက်ဒဏ်ရာရရှိမှုများသလို နေအိမ်အဆောက်အဦး အချို့လည်းပျက်စီးခဲ့ကြောင်း ၊ သေဆုံးသူတွေထဲမှာ ကျောင်းသားတွေများတယ်လို့ ကနဦးသိရပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးကုသမှုတွေပြုလုပ်ပေးနေပြီး လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အခြေအနေကို AA ဘက်မှထုတ်ပြန်ပေးသွားမယ့်အကြောင်း ဒေသတွင်းမီဒီယာကိုပြောဆိုထားတာတွေ့ရပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က…
Read MoreDay: September 12, 2025
ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရို အာဏာသိမ်းရန် ကြံစည်မှု ထောင် ၂၇ နှစ်ကျ
ဘရာဆီးလီးယား၊ စက်တင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုဟာ အာဏာသိမ်းရန် ကြံစည်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃ လ ချမှတ်လိုက်ပါတယ်။ တရားရုံးချုပ် တရားသူကြီးငါးဦးပါ အဖွဲ့တဖွဲ့က သမ္မတဟောင်းအပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို စီရင်ချက်ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း ဘော်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်းပြိုင်ဘက် လူလာဒါဆေးလ်ဗးကို ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းရန် ပူးပေါင်းကြံစည်မှုအား ဦးဆောင်မှုဖြင့် အပြစ်ရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။ တရားသူကြီး လေးယောက်က သူ့ကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ကျန်တယောက်ကတော့ သူ့ကို တရားသေလွှတ်ဖို့ မဲပေးခဲ့ပါတယ်။ ဘော်ဆိုနာရိုရဲ့ ရှေ့နေတွေကတော့ စီရင်ချက်ဟာ လုံး၀ အဓိပ္ပါယ်မဲ့ပြီး အယူခံဝင်သွားမယ်လို့ ပြောပါတယ်။ တရားရုံးချုပ်ကလည်း ဘော်ဆိုနာရိုကို ၂၀၃၃ ခုနှစ်အထိ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့…
Read Moreအမေရိကန်မှာ ဖမ်းဆီးခံရတဲ့ ဟွန်ဒိုင်းစက်ရုံအလုပ်သမားတွေ စင်းလုံးငှားလေယာဉ်နဲ့ ကိုရီးယားပြန်လာနေ
ဆိုးလ်၊ စက်တင်ဘာ-၁၂-၂၀၂၅ ရတီ (VOM) အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဟွန်ဒိုင်းစက်ရုံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုအတွင်း ထိန်းသိမ်းခံခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံသား ၃၀၀ ကျော်ဟာ ဒီကနေ့မှာ တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ စီးနင်းမှုမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့ ကိုရီးယားမဟုတ်သူ ၁၄ ယောက်ကို တင်ဆောင်လာတဲ့ စင်းလုံးငှားလေယာဉ် Korean Air လေယာဉ်တစင်းဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ (17:00 BST) တွင် Hartsfield-Jackson Atlanta အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတယောက်ကတော့ အမြဲတမ်းနေထိုင်ခွင့်ရဖို့ အမေရိကန်မှာ ကျန်ရစ်ခဲ့ပါတယ်။လေယာဉ်ဟာ တောင်ကိုရီးယား စံတော်ချိန် ညနေပိုင်းမှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ အိမ်ဖြူတော်ရဲ့ ညွှန်ကြားချက်ကြောင့် ထွက်ခွာမယ့်ရက်ကို တရက်ကျော် ရွှေ့ဆိုင်းခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ကြာသပတေးနေ့မှာ ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အလုပ်သမားတွေ…
Read Moreလက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခံခဲ့ရတဲ့ PPPပါတီရဲ့ မွန်ပြည်နယ်ဥက္ကဋ္ဌနဲ့ပါတီဝင် သုံးယောက်တို့ နှစ်ရက်အကြာမှာ ပြန်လွတ်လာ
စက်တင်ဘာ ၁၂ ၊ ၂၀၂၅ CC (VOM) လက်နက်ကိုင်အဖွဲ့တခုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မွန်ပြည်နယ် ဥက္ကဋ္ဌနဲ့ပါတီဝင် သုံးယောက်တို့ ဒီနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက်အစောပိုင်းမှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ပါတီဘက်ကသိရပါတယ်။ စက်တင်ဘာလ ၁၀ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီနေ့ စက်တက်ဘာလ ၁၂ ရက်နေ့မနက်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတာဖြစ်ကြောင်း ၊ လွတ်မြောက်လာတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ pppပါတီရဲ့ CEC ဖြစ်သူ ဦးစောဟန်အေးကပြောပါတယ်။ “ဒီနေ့မနက်ငါးနာရီမှာပြန်ရောက်ပါတယ်။ပြန်လွတ်လာပြီ။လေးယောက်လုံးနဲ့အဆက်အသွယ်ရပါပြီ။ ဘယ်လိုပုံစံနဲ့ပြန်လွတ်လာတယ်ဆိုတာတော့မသိသေးဘူး။ကာယကံရှင်ပြန်လွတ်လာပြီဆိုတာပဲပြောလို့ရတယ်။ကျန်တာတွေက သူတို့ဘယ်လိုလွတ်လာတယ်ဆိုတာ အတိကျမသိသေးဘူး။မနေ့ကတော့ ကျွန်တော်တို့ တပ်ကိုအကြောင်းကြားတယ်။ရဲစခန်းမှာအမှုဖွင့်တယ်။ဒါတွေလုပ်တယ်။တပ်ကအက်ရှင်ယူလို့ဖြစ်ပါလိမ့်မယ်။သူတို့ဘယ်လိုညှိနိူင်းဆောင်ရွက်ခဲ့လဲတော့မသိပါဘူး။မနက်ငါးနာရီပြန်ရောက်ပါတယ်။” လို့ ပြောပါတယ်။ ပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းရာမှာ လုံခြုံရေးအပိုင်းစိန်ခေါ်မှုတွေရှိနိုင်တယ်လို့ သူက ထပ်မံပြောပါတယ်။ ” လုံခြုံရေးကစိန်ခေါ်မှုကရှိနိုင်တယ်။နေရာဒေသအပေါ်မှာတော့မတူနိုင်ဘူး။သံဖြူဇရပ်တို့ ရေးဘက်တွေကျတော့ pdf တို့ လက်နက်ကိုင်အဖွဲ့တို့ အခြားအဖွဲ့အစည်းတို့ရှိနေတော့လေ။…
Read Moreတရုတ်လေယာဉ်တင်င်္ဘော ဖူကျန် ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်းခုတ်မောင်း
ပေကျင်း၊ စက်တင်ဘာ-၁၂-၂၀၂၅ မျိုးဆက်(VOM) တရုတ်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး လေယာဉ်တင်သင်္ဘော ဖူကျန်ဟာ မကြာသေးမီက ထိုင်ဝမ်ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်အတွင်းကို ခုတ်မောင်းခဲ့တယ်လို့ တရုတ်ရေတပ်က ထုတ်ပြန်ပါတယ်။ ဒါဟာ လေယာဉ်တင်သင်္ဘော ဖူကျန်အတွက် တာဝန်ထမ်းဆောင်းခြင်းမပြုမီ ပင်လယ်ရေကြောင်းစမ်းသပ်မှုရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ ခရီးစဉ်ဟာ သိပ္ပံဆိုင်ရာ သုတေသနနဲ့ လေ့ကျင့်ရေးမစ်ရှင်တွေ ဆောင်ရွက်ဖို့ ခရီးစဉ်ကို စက်တင်ဘာ ၁၂ ရက်က ပြုလုပ်ခဲ့ကြောင်း တရုတ်ရေတပ်က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ဖူကျန်ဟာ တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘောဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ပထမဆုံး ထုတ်ဖော်ပြသခဲ့ပြီး ပြီးခဲ့တဲ့ နှစ်မှာတော့ ပင်လယ်ပြင်မှာ စမ်းသပ်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ လေယာဉ်တင်သင်္ဘော စမ်းသပ်မှုနဲ့ လေ့ကျင့်မှုတွေဟာ တည်ဆောက်စမ်းသပ်မှု ပုံမှန်အစီအစဉ်တခုဖြစ်ပြီး ဘယ်သူ့ကို ပစ်မှတ်ထား ရည်ရွယ်ပြုလုပ်တာမဟုတ်ဘူးလို့ ဆိုပါတယ်။ တိုင်ဖွန်း ဒုံးခွင်းဒုံးစနစ်နဲ့ အခြားအဆင့်မြင့် သင်္ဘောဖျက်လက်နက်တွေနဲ့ အတူ အနီးနားရှိ…
Read Moreရန်ကုန်မှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကို နေရာအတော်များများမှာ လုပ်ဆောင်နေ
စက်တင်ဘာ ၁၂ – ၂ဝ၂၅ KKO(VOM) ရန်ကုန်မြို့က မြို့နယ်တဝှမ်းမှာ အီလက်ထရောနစ်မဲပေးစနစ်နဲ့လက်တွေ့စမ်းသပ် မဲပေးခြင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတာတွေ့ရပါတယ်။ ဒီကနေ့ စက်တင်ဘာ ၁၂ ရက်မှာဆိုရင်လည်း ရန်ကုန်မြို့၊ဒဂုံမြို့သစ်ခရိုင်၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊အမှတ် ၄၈ ရပ်ကွက်မှာမဲဆန္ဒရှင်ပြည်သူတွေကို မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)နဲ့ပတ်သက်လို့ အသိပေးခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်းတွေကို ပြုလုပ်နေတာကို တွေ့ရပါတယ်။ အလားတူ ကျန်မြို့နယ်တွေမှာလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” ရပ်ကွက်ရုံးက တအိမ်တယောက်ခေါ်တယ်။အဓိကက မဲပေးစနစ်တွေအကြောင်းကိုသရုပ်ပြခိုင်းတယ်။ စက်တွေနဲ့ မဲဘယ်လိုပေးရမလဲပေါ့။အဲဒါတွေကိုရှင်းပြတယ်။ စက်တွေမှာအသီးပုံလေးတွေရှိတယ်။ တဖက်က မီးကလေးလင်းလာတာနဲ့ ကိုယ့်ကြိုက်တဲ့အသီးပုံလေးတွေကို မဲပေးကြရတာပါ”လို့ ရန်ကုန်မြို့နေ ပြည်သူတယောက်က ပြောပြခဲ့ပါတယ်။ ဒီနေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် အမှတ် ၄၈ ရပ်ကွက်မှာပြုလုပ်ခဲ့တဲ့ လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာမှာတော့ မဲဆန္ဒရှင်ပြည်သူတထောင်ခန့် လက်တွေ့စမ်းသပ်မဲပေးခဲ့တယ်လို့လည်း သိရှိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ လာမယ့်ဒီဇင်ဘာရွေးကောက်ပွဲမှာ နိုင်ငံသားတိုင်းရဲ့မဲပေးပိုင်ခွင့်တွေ မဆုံးရှုံးအောင် ရွေးကောက်ပွဲဆိုင်ရာဥပဒေလုပ်ထုံး လုပ်နည်းတွေနဲ့အညီ ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့…
Read Moreသံဖြူဇရပ်မှာ ရွှေဆိုင်သိမ်းပြီးပြန်လာသူတွေ အိမ်ရှေ့ရောက်မှ ဓားပြတိုက်ခံရပြီး သိန်း ၄၀၀၀ နီးပါး ပါသွား
စက်တင်ဘာ ၁၂၊၂၀၂၅ CC (VOM) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ရွှေဆိုင်သိမ်းပြီး နေအိမ်ကိုပြန်လာချိန် အိမ်ရှေ့အရောက်မှာ ဓားပြတိုက်ခံရပြီး ငွေသားနဲ့ ရွှေထည်ပစ္စည်းထုတ်အပါအဝင် စုစုပေါင်း သိန်း ၄၀၀၀ နီးပါး ပါသွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်က စက်တင်ဘာ ၁၁ ရက်နေ့ ည၆ နာရီကျော်လောက်မှာ “ဝီရမာန် “ရွှေဆိုင်ပိုင်ရှင်လင်မယားက ရွှေဆိုင်သိမ်းပြီးပြန်လာချိန် နေအိမ်ရှေ့အရောက်မှာ အမည်မသိအမျိုးသားနှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ကားအတွင်းမှ ရွေထည်တွေထည့်ထားတဲ့အထုတ်နဲ့ ငွေသားကို ယူဆောင်သွားတာဖြစ်တယ်လို့သိရပါတယ်။ “ညနေ ၆နာရီကျော်ကျော်လောက်မှာဖြစ်သွားတာပါ။သေနတ်နဲ့ချိန်ပီးတချက်ပစ်ပီးမှ ရွှေထုပ်နဲ့ပိုက်ဆံကို ကားထဲကနေဆွဲထုတ်ပြီး ဆိုင်ကယ်ပေါ်တက် ၊ တချက်ထပ်ပစ်ပီးမောင်းထွက်သွားတယ်။ ” လို့ ဖြစ်စဥ်သိရှိသူတယောက်ကပြောပါတယ်။ ကနဦးသိရှိချက်အရတော့ ရွှေထည်ပစ္စည်းအမျိုးပေါင်း ၂၀ လောက် နဲ့အတူ ငွေသားအပါအဝင် သိန်း ၄၀၀၀ နီးပါးလောက် လုယက်ခံခဲ့ရတာဖြစ်ကြောင်း ၊ လက်ရှိအထိတော့ ဓားပြတိုက်သူတွေကို ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ “ညက မီးပြတ်တဲ့အချိန်ဖြစ်တာလို့သိရတယ်။…
Read Moreတောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲကို လုံခြုံရေးအစီအမံတွေနဲ့ ရှစ်ရက်ကြာ ကျင်းပမယ်
စက်တင်ဘာ ၁၂ – ၂၀၂၅ SS (VOM) ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့မှာ နှစ်စဥ် ကျင်းပနေကျဖြစ်တဲ့ တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို လုံခြုံရေးအစီအမံတွေနဲ့ အဆိုပါမြို့ရဲ့ အဝေရာမီးပုံးပျံကွင်းမှာ ရှစ်ရက်ကြာ ကျင်းပသွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရိုးရုာမီးပုံးပျံ ပညာရှင်များအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ အဆိုပါ ပွဲတော်ကို လာမယ့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေ့လွှတ် အရုပ်ပြိုင်ပွဲ အရုပ်ခြေ နှစ်ချောင်း၊ အရုပ်ခြေ လေးချောင်း အရုပ်အုပ်စုတွေအပြင် ညလွှတ်ပြိုင်ပွဲမှာ ညမီးကြီးမီးပုံးပျံ စိန်နားပန်မီးပုံးပျံတို့ကို ပြုလုပ်သွားမှာဖြစ်ကာ လက်ရှိမှာ ပွဲတော်အတွက် ဈေးပြိုင်လေလံကိုလည်း စတင် ခေါ်ယူနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ “လက်ရှိမှာ ပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြဖို့ မီးပုံးပျံတွေလည်း လုပ်နေကြပြီ။ မီးပုံးပျံအရေအတွက်နဲ့ ပွဲစဉ်ဇယားတွေကတော့ ရက်နီးမှ…
Read Moreဟိုင်းကြီးကျွန်းမြို့မှာ အသက် ၂၈အရွယ်အမျိုးသားက ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်မှုဖြစ်
စက်တင်ဘာ ၁၂- ၂၀၂၅ KKL(VOM) ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင့် ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်တဲ့အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဓမ္မပြုကျင့်သူဟာ ကြာကန်ကျေးရွာကအသက် ၂၈ နှစ် အရွယ်မိုးဒီ(ခ)အောင်ထက်ပိုင်(ခ)မင်းသိန်းကျော်ဖြစ်ပြီး စက်တင်ဘာ ၉ ရက်က အသက် ၁၁ ကျော်အရွယ် ၇ တန်းကျောင်းသူကို အဓမ္မပြုကျင့်ခံခဲ့တာလို့ သိရပါတယ်။ “အဓမ္မကျင့်တဲ့ကောင်က မိဘတွေမရှိချိန် ကလေးကို ဇီးချိုင့်ကျေးရွာဘက်က ပင်လယ်ကမ်းခြေကိုသွားမယ်။ ဦးလိုက်ပို့ပေးမယ်လို့လိမ်ခေါ်ပြီး အဓမ္မပြုကျင့်တာ။” ဖြစ်စဉ်ကိုသိရှိတဲ့သူ တယောက်က ပြောပါတယ်။ ကျူးလွန်ခံရတဲ့မိသားစုက ငပုတောမြို့နယ်၊ဟိုင်းကြီးကျွန်း မြို့ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး ကျူးလွန်သူ မိုးဒီ(ခ)အောင်ထက် ပိုင်(ခ)မင်းသိန်းကျော်က ထွက်ပြေး တိမ်းရှောင်နေတာကြောင့် စက်တင်ဘာ ၁၂ ရက်နေ့အထိ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ သိရပါတယ်။ “ကျူးလွန်တဲ့ ကောင်ကထွက်ပြေးသွားတာဟုတ်ပါတယ်။ ဒီနေ့အထိဖမ်းမိတာမရှိသေးပါဘူး။သက်ဆိုင်ရာကစစ်ဆေးဆောင်ရွက်နေပါတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။…
Read Moreအူရီဒူးကို U9 အဖြစ်အမည် ပြောင်းလဲ
စက်တင်ဘာ ၁၂ – ၂၀၂၅ SS (VOM) မြန်မာနိုင်ငံရဲ့ မိုဘိုင်းအော်ပရေတာ တခုဖြစ်တဲ့ အူရီဒူးမြန်မာနဲ့ ပတ်သက်လို့ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ပေါ်တဲ့ သတင်းတွေ ထွက်ပေါ်မှုအပြီး တနှစ်ကျော် အကြာမှာတော့ အူရီဒူးမြန်မာမှ “U9” အမည်ကို တရား၀င် ပြောင်းလဲလိုက်ပြီ ဖြစ်တယ်လို့ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီမှ သတင်း ထုတ်ပြန်လာပါတယ်။ လာမယ့် စက်တင်ဘာ ၂၀ ရက်နေ့မှ စတင်ကာ U9 အမည်သစ်ကို တရားဝင် ကူးပြောင်းမှာဖြစ်တယ်လို့ သိရပြီး လက်ရှိ ဖုန်းနံပါတ်တွေနဲ့ SIM ကတ်တွေကတော့ တစ်စုံတရာ ပြောင်းလဲမှု ရှိမှာမဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ U9 ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဒေါ်ကာရိုလိုင်း ယဉ်ယဉ်ဌေးက “အခုလို အသွင်အသစ် ပြောင်းလဲမှုဟာ ကျွန်မတို့ ကုမ္ပဏီအတွက်သာမက…
Read More