ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရို အာဏာသိမ်းရန် ကြံစည်မှု ထောင် ၂၇ နှစ်ကျ

ဘရာဆီးလီးယား၊ စက်တင်ဘာ-၁၂-၂၀၂၅
မျိုးဆက်(VOM)
ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာရိုဟာ အာဏာသိမ်းရန် ကြံစည်မှုဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် ထောင်ဒဏ် ၂၇ နှစ်နဲ့ ၃ လ ချမှတ်လိုက်ပါတယ်။
တရားရုံးချုပ် တရားသူကြီးငါးဦးပါ အဖွဲ့တဖွဲ့က သမ္မတဟောင်းအပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် နာရီပိုင်းအကြာမှာ အခုလို စီရင်ချက်ချမှတ်လိုက်ပါတယ်။
သမ္မတဟောင်း ဘော်ဆိုနာရိုဟာ ရွေးကောက်ပွဲမှာ လက်ဝဲယိမ်းပြိုင်ဘက် လူလာဒါဆေးလ်ဗးကို ရှုံးနိမ့်ပြီးနောက် အာဏာသိမ်းရန် ပူးပေါင်းကြံစည်မှုအား ဦးဆောင်မှုဖြင့် အပြစ်ရှိကြောင်း တရားသူကြီးများက ဆုံးဖြတ်ခဲ့သည်။
တရားသူကြီး လေးယောက်က သူ့ကို အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ကျန်တယောက်ကတော့ သူ့ကို တရားသေလွှတ်ဖို့ မဲပေးခဲ့ပါတယ်။ ဘော်ဆိုနာရိုရဲ့ ရှေ့နေတွေကတော့ စီရင်ချက်ဟာ လုံး၀ အဓိပ္ပါယ်မဲ့ပြီး အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
တရားရုံးချုပ်ကလည်း ဘော်ဆိုနာရိုကို ၂၀၃၃ ခုနှစ်အထိ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားပါတယ်။ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတဲ့ ဘော်ဆိုနာရိုကတော့ နောက်ဆုံးရုံးချိန်းကို လူကိုယ်တိုင်မတက်ရောက်ခဲ့ပါဘူး။
ဒါဟာ ၂၀၂၆ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ပြီး နိုင်ငံရေး ခြေထိုးကွက်လို့ ဘော်ဆိုနာရိုက ယခင်က ဝေဖန်ထားပါတယ်။
ဘော်ဆိုနာရိုကို ပြစ်ဒဏ်ချမယ့် ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဘရာဇီးအပေါ် အခွန် ၅၀ ရာခိုင်နှုန်းကောက်ခံခဲ့ပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW