မူဆယ်မြို့ပေါ် ဆန္ဒမဲ ပေးမှု အခြေအနေ ဒီဇင်ဘာ ၂၈၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ ဒီနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ဆန္ဒမဲ ပေးမှု အခြေအနေက မနက်ပိုင်း ၉ နာရီအထိ မဲရုံတရုံကို မဲပေးပြီးတဲ့ မဲဆန္ဒရှင် ၃၀၀ နဲ့ အထက် ရှိနေပြီဖြစ်ကြောင်း မဲရုံတာဝန်ရှိသူတွေ ဆီက သိရပါတယ်။ “ပထမဆုံး မဲပေးတာပါ။ မဲပေးတဲ့ အချိန် အခက်အခဲ မရှိပါဘူး။ မြန်ပါတယ်။ ဝင်လာတာနဲ့ မှတ်ပုံတင်နဲ့ နံပါတ်စဉ် ပြောရင် တုံကင် စာရွက်ပေးပြီး ဝင်သွားရုံပါပဲ” လို့ လူငယ် တယောက်က ပြောပါတယ်။ ဟူမွန်ရပ်ကွက် မဲရုံ ၁ မှာတော့ မနက် ၆ နာရီ မဲရုံ စဖွင့်တဲ့ အချိန်ကစ…
Read MoreCategory: Election
မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို ဒီကနေ့ နေ့ချင်းပြီး ပြုလုပ်ပေးနေ
မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို ဒီကနေ့ နေ့ချင်းပြီး ပြုလုပ်ပေးနေ ဒီဇင်ဘာ ၂၈ – ၂၀၂၅ SS (VOM) ရွေးကောက်ပွဲအတွက် မဲစာရင်းပါပြီး မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးတွေကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လ၀က) က နေ့ချင်းပြီး ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ မှတ်ပုံတင် ပျက်စီး၊ ပျောက်ဆုံးမှုတွေ ရှိခဲ့ပါက မိမိတို့ သက်ဆိုင်ရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။ “အဓိက မဲပေးဖို့ စာရင်းပါပြီး မှတ်ပုံတင် ပျက်နေတာ၊ ပျောက်ဆုံး ဖြစ်နေတာတွေကို ပိတ်ရက်ဖြစ်ပေမယ့် လ၀ကရုံးမှာ ဒီကနေ့ နေ့ချင်းပြီး လုပ်ပေးနေတယ်။ မဲစာရင်းမပါတဲ့ တခြား ပျက်စီး ပျောက်ဆုံးတွေကတော့ ပုံမှန်အတိုင်း ရုံးချိန်ပေါ့” လို့ သန်လျင် လ၀ကရုံး…
Read Moreမန္တလေးမဲရုံတွေအခြေအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထား
မန္တလေးမဲရုံတွေအခြေအနေနဲ့ မဲဆန္ဒရှင်တွေရဲ့ သဘောထား မန္တလေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice of Myanmar ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်နေ့ ကျင်းပတဲ့ ပါတီစုံဒီမိုကရေစီရွှေးကောက်ပွဲ အပိုင်း၁မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့နယ် ၊ ကျောက်ဆည်မြို့နယ် ၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ဦးမြို့နယ် အပါအဝင် ၈မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွှေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉ပါတီနဲ့ တသီးပုဂ္ဂလ ၃ဦး ရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀ကျော် ပါဝင်ယှဉ်ပြိုင်ကြပြီး တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး ရှိတယ်လို့သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး ပထမပိုင်း ၈မြို့နယ်အတွက် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးများလွှတ်တော်နေရာများတွင် ပါဝင်ယှဉ်ပြိုင်လျှက်ရှိကြပြီး ဒုတိယပိုင်း ၉မြို့နယ်အား၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့နဲ့ တတိယပိုင်း ၈မြို့နယ်အတွက် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၂၅…
Read Moreဇမ္ဗူသီရိ မြို့နယ်ထဲမှာ မဲပေးနေမှု အခြေအနေ
ဇမ္ဗူသီရိ မြို့နယ်ထဲမှာ မဲပေးနေမှု အခြေအနေ ဒီဇင်ဘာ ၂၈ ၊ ၂၀၂၅ GG (VOM) နေပြည်တော် ကောင်စီနယ်မြေ ၊ ဇမ္ဗူ သီရိမြို့နယ်ထဲက သုခတော်ဝင် မဲရုံ ၊ လက်ပံခါးလှ မဲရုံ ၊အောင်ဇမ္ဗူရပ်ကွက်မဲရုံ ၊ သက်ကယ်ကျင်း မဲရုံ အပါအဝင် မဲရုံအချို့မှာ မဲပေးနေကြတာ ဖြစ်ပါတယ်။ ဓာတ်ပုံ – ဒေါက်တာအောင်မျိုး (တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း)
Read Moreရွေးကောက်ပွဲ မစတင်မီ မြို့ လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ
ရွေးကောက်ပွဲ မစတင်မီ မြို့ လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိနေ ဒီဇင်ဘာ ၂၈ – ၂၀၂၅ SN (VOM) ရွေးကောက်ပွဲ အပိုင်း (၁) စတင်ဖို့ နာရီပိုင်းအလိုမှာ မြို့လေးမြို့ထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဲခူးတိုင်း ပြည်မြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မန္တလေးတိုင်း မန္တလေးမြို့နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ သိရပြီး တယောက် သေဆုံးကာ ၁၂ ယောက်ထက်မနည်း ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ မနက် ၁ နာရီခွဲဝန်းကျင်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက်၊ အကွက် (၁၉/ခ) ၊ ၅ လမ်း၊…
Read Moreသန်လျင်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးအမတ်တွေ မဲအသာစီးရပြီး ပြည်သူ့ပါတီနဲ့ PPP မတိမ်းမယိမ်း ရလဒ်ထွက်
သန်လျင်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးအမတ်တွေ မဲအသာစီးရပြီး ပြည်သူ့ပါတီနဲ့ PPP မတိမ်းမယိမ်း ရလဒ်ထွက် ဒီဇင်ဘာ-၂၈-၂၀၂၅ Voice of Myanamar လက်ရှိကျင်းပနေတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ သန်လျင်မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကိုယ်စားလှယ်လောင်းတွေမှာ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းတွေ မဲအသာစီးရနေတယ်လို့ မြေပြင်အချက်အလက်တွေအရ သိရပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အတွက် သန်လျင်မြို့နယ် မဲရုံတရုံမှာတော့ ကျားဖြူပါတီမှ ဦးခင်မောင်ဝင်းက ၄၉ မဲ၊ PPP ပါတီမှ ဦးနေမျိုးဝင်းမှ ၁၂၃ မဲ၊ တစည ပါတီမှ ဦးဖြိုးဝေလင်းက ခုနှစ်မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးမိုးမြင့်က ၂၆၆ မဲ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှ ဦးလွင်မင်းဟိန်းက ၃၈ မဲ၊ ပြည်သူ့ပါတီမှ ဦးအောင်ကိုဝင်းက ၉၇ မဲရရှိခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နေရာအတွက် ကျားဖြူပါတီမှ ဒေါ်ခင်မို့မို့သိန်းက ၄၈ မဲ၊ တစညပါတီမှ…
Read Moreလတ်တလော မဲရလဒ်တွေအရ မန္တလေးအောင်မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ
လတ်တလော မဲရလဒ်တွေအရ မန္တလေးအောင်မြေသာစံမှာ ပြည်ခိုင်ဖြိုးအနိုင်ရ မန္တလေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice Of Myanmar ဒီကနေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တလေး အောင်မြေသာစံမြိုနယ်ထဲက မဲရုံ ၉၅ရုံရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်နေပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်တွေက မဲရလဒ်မကြေငြာသေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေရှေ့ မဲရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ရွေးကောက်ပွဲဝင်ပါတီတွေက သိပြီးဖြစ်ပါတယ်။ မဲရုံတွေပိတ်ပြီးချိန်မှာ မဲရလဒ်တွေလိုက်ကြည့်စစ်ဆေးထားတဲ့ အောင်မြေသာစံမြို့နယ်က ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတေဇကျော်ကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာကို တင်ပြလိုက်ပါတယ်။ အောင်မြေသာစံမြို့နယ်မှာ အမျိုးသားလွှတ်တော်အတွက် ဦးဟိန်းမင်းဦး၊ ပြည်သူ့လွှတ်တော်အတွက် ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတေဇကျော်နဲ့ တိုင်းဒေသကြီးအတွက် လက်ရှိမန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်၊ ရှမ်းတိုင်းရင်းသားရေးရာအတွက် ဦးစိုင်းအောင်ကြည်တို့က ယှဥ်ပြိုင်ကြမှာဖြစ်ပြီး အချိုးကျကိုယ်စားပြုစနစ်အတွက် ဦးမျိုးမြင့်၊ဦးကျော်ဆန်းနဲ့ ဦးခင်မောင်မြင့်တို့ ယှဥ်ပြိုင်မှာဖြစ်ပါတယ်။
Read Moreကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေ
ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေ ဒီဇင်ဘာ ၂၈ – ၂ဝ၂၅ Voice of Myanmar ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့ပြီး ညနေ ၅ နာရီ မဲရုံပိတ်ချိန်မှာတော့ ပြည်သူတွေပေးခဲ့ကြတဲ့ ဆန္ဒမဲတွေကို မဲရုံတာဝန်ရှိသူတွေက ရေတွက်ကြရာမှာတော့ ရန်ကုန်အနောက်ပိုင်းခရိုင်ဖြစ်တဲ့ ကျောက်တံတားနဲ့ ကမာရွတ်မြို့နယ်တွေက မဲဆန္ဒနယ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီက ဦးဆောင်နေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ သိရသလောက်က ပြည်ခိုင်ဖြိုး ပါတီကတော့ မဲအရေအတွက်အများဆုံးလို့ သိရတယ်။ ကမာရွတ် မဲရုံ ၂ ခုမှာတော့ တစည (တိုင်းရင်းသား)စည်းလုံးညီညွတ်ရေးပါတီက မဲအတော်လေးရထားတယ်လို့ သိရတယ်။ အခုညပိုင်းအချိန်အထိ သိရသလောက်က ကျောက်တံတားထဲမှာဆိုရင် မဲရုံ ၂ ရုံပဲ ရေလို့ပြီးသေးတယ်ပြောတယ်။ ကျန်တဲ့ မဲရုံတွေရဲ့ ရလဒ်တွေကိုတော့…
Read Moreလားရှိုးမှာ မဲရုံများပိတ်သိမ်းပြီး မဲရလဒ်ရေတွက်
လားရှိုးမှာ မဲရုံများပိတ်သိမ်းပြီး မဲရလဒ်ရေတွက် လားရှိုး- ဒီဇင်ဘာ -၂၈-၂၀၂၅ NN(VOM) ၂၀၂၅ ရွေးကောက်ပွဲ အပိုင်း၁ ကျင်းပတာမှာပါဝင်တဲ့ လားရှိုးမြို့မှာ ညနေ လေးနာရီမှာ မဲရုံတွေ ပိတ်သိမ်းပြီး မဲရလဒ်တွေ စတင်ရေတွက်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုတွေမှာပေး ခဲ့တဲ့ ကြိုတင်မဲတွေနဲ့အတူ ဒီနေ့မဲပေးစက်နဲ့ ပေးခဲ့တဲ့ မဲရလဒ်တွေကိုလည်း သက် ဆိုင်ရာမဲရုံတွေမှာ တပြိုင်နက်ရေတွက်နေပါတယ်။ မဲရလဒ်တွေကိုတော့ ရွေးကောက်ပွဲ အပိုင်း သုံးပိုင်းစလုံးပြီးမှ ကြေညာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်တွေကို ရေတွက်ခဲ့တဲ့ ကြိုတင်မဲတွေနဲ့ ဒီနေ့မဲရုံအချို့က ရတဲ့ မဲရလဒ်တွေမှာတော့ ကြံခိုင်ဖွံဖြိုးရေးပါတီက အသာစီးရနေတာကို တွေ့ရ ပါတယ်။ ဒီနေ့ လားရှိုးမြို့ ပေါ်ရပ်ကွက် ၁၂ ခု ကျေးရွာအုပ်စု ၁၁စုက မဲရုံပေါင်း ၂၃ ခုမှာ မဲပေးနိုင်သူ ၁၀၉၂၄၇…
Read Moreပထမပိုင်း ရွေးကောက်ပွဲရဲ့ အားနည်းချက် အားသာချက်တွေကို တစည ပါတီထောက်ပြ
ပထမပိုင်း ရွေးကောက်ပွဲရဲ့ အားနည်းချက် အားသာချက်တွေကို တစည ပါတီထောက်ပြ မန္တလေး-ဒီဇင်ဘာ ၂၈-၂၀၂၅ Voice Of Myanmar ဒီကနေ့ကျင်းပတဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ပထမပိုင်းကျင်းပတဲ့ မန္တလေး ချမ်းအေးသာစံမြိုနယ်ထဲက မဲရုံ ၇၀ရှိတာမှာ အများဖြင့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရတာအများစုဖြစ်နေပါတယ်။ ဒုတိယအနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) က ရရှိပေမယ့် ရလဒ်က အတော်ကွာဟနေတယ်လို့ ပါတီကိုယ်စားလှယ်လောင်းတွေကပြောကြပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်တွေက မဲရလဒ်မကြေငြာသေးမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်တွေရှေ့ မဲရေတွက် အတည်ပြုလက်မှတ်ထိုးရတာမို့ ရွေးကောက်ပွဲဝင်ပါတီတွေက သိပြီးဖြစ်ပါတယ်။ မဲရုံတွေပိတ်ပြီးချိန်မှာ မဲရလဒ်တွေလိုက်ကြည့်စစ်ဆေးထားတဲ့ မန္တလေးတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)ရဲ့အတွင်းရေးမှူး တိုင်း လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဝင်းကို VOM အယ်ဒီတာချုပ် ကိုနေလင်းက တွေ့ဆုံမေးမြန်းထားတာ တင်ပြလိုက်ပါတယ်။ ရိုက်ကူးတည်းဖြတ် ရှိုင်းအောင်
Read More