ရခိုင်ကနေဧရာ၀တီကိုလာရင်၂၁ရက်စောင့်ကြည့်လူနာအဖြစ်ထားရှိမည်
Read More
မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ
မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မယ့် ဆရာဝန်နဲ့ သူနာပြုများ စစ်တွေကို ရောက်ရှိ နေပြည်တော်၊ဩဂုတ်၂၃-၂၀၂၀ ကောင်းလက်ျာ( VOM) ရခိုင်ပြည်နယ် စစ်တွေနဲ့ အခြားမြို့ နယ်အချို့မှာ ကိုရိုနှာဗိုင်းရပ်စ်‌ေရာဂါ ပိုးပြည်တွင်း ကူးစက်မှုနူန်းပြန်လည် မြင့်တက်လာခဲ့ပြီးနောက် အဲဒီဒေသတွေကို မိမိဆန္ဒအလျောက်တာဝန်ထမ်းဆောင်မယ့်ကျန်းမာရေးဝန်ထမ်းတွေဟာ ဩဂုတ်လ၂၃ နံနက် ၈ နာရီခန့်က စစ်တွေလေဆိပ်ကို ရောက်ရှိလာခဲ့တယ် လို့ စစ်တွေဆေးရုံအုပ်ကြီးဒေါက်တာ ဇော်လွင်က ပြောပါတယ်။ “စုစုပေါင်း ဆရာဝန်ကြီးတွေ အထူးကုဆရာဝန်တွေနဲ့သူနာပြု၂၄ ယောက်ပါလာပါတယ်။ မြန်မာအမျိုးသား လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့ရောက်ရှိလာတာဖြစ်ပြီး စစ်တွေမြို့ မှာ တာ ဝန်ထမ်းဆောင်မှာပါ “လို့ ဆက်ပြောပြ ပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တစ်လကြာတာဝန်ထမ်းဆောင်ကြမယ့်ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန လက်အောက် ကျန်းမာရေးဦးစီးဌာနမှဒုတိယ ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ကုသရေး ဦးစီးဌာနမှူး ၁ ဦး၊ ရောဂါဗေဒအထူးကုဆရာဝန်ကြီး ၁ ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအ ထူးကု) ၃…
Read More
ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ
ကိုဗစ်-၁၉ ကြောင့် (၁၅ )စက္ကန့်တိုင်း လူတစ်ဦးသေဆုံးနေ ဝါရှင်တန်၊ သြဂုတ်-၅-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုတို့မှာ ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူဦးရေမြင့် တက်လာတာနဲ့အတူ ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူစုစုပေါင်း ခုနှစ်သိန်းကျော်ထိရှိလာပြီဖြစ်ပါတယ်။ ရောဂါကြောင့် ၂၄ နာရီတိုင်း လူ ၅၉၀၀ နီးပါးပျှမ်းမျှသေဆုံးနေတယ်လို့ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းက အချက်အလက်တွေကို အခြေခံပြီး ရိုက်တာသတင်းဌာနရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။ အချက်အလက်တွေအရ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်နာရီကြာတိုင်း လူ ၂၄၇ ဦးသေဆုံး သို့မဟုတ် ၁၅ စက္ကန့်တိုင်း လူတစ်ဦးနှုန်း သေဆုံးနေတယ်လို့ဆိုပါတယ်။ အမေရိကန်နဲ့ လက်တင်အမေရိကတို့ဟာ ကပ်ရောဂါဖြစ်ပွားရာ ဗဟိုချက်သစ်တွေဖြစ်နေပြီး နှစ်နိုင်ငံစလုံးဟာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ရုန်းကန်နေရပါတယ်။ လူဦးရေသန်း ၆၄၀ ကျော်နေထိုင်တဲ့ လက်တင်အမေရိကမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ကနဦးနှေးကွေးခဲ့ပေမယ့် ဒေသအတွင်း ဆင်းရဲမွဲတေမှုနဲ့ မြို့တွေမျာ လူဦးရေထူထပ်စွာနေထိုင်ကြတာတွေကြောင့်…
Read More
ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ်
ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ် ရန်ကုန်၊သြဂုတ်၊၅ အေးချမ်းသူ(VOM) ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ယုန်လေးအား မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်သည်ဟုသတင်းမှာအမှားဖြစ်ကြောင်း ဇာတ်ပို့ဇာတ်ရံ ဥက္ကဌဦးဝင်မြိုင်ကပြောပါတယ်။ “အဲ့သတင်းက အမှားပါ။အဆိုတော်ယုန်လေးကိစွနှင့် ပါတ်သတ်ပြီးရုပ်ရှင်အစည်းအရုံးက ဘာမှမထုတ်ပြန်ရသေးပါဘူး”လို့ပြောပါတယ်။ ရုပ်ရှင်သရုပ်​ဆောင်အဆိုတော်ယုန်လေးနှင့်ပါတ်သတ်ပြီး မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ အစည်းအဝေးမထိုင်ရသေး၍ ထုတ်ပြန်ချက်ကိုလက်ရှိအခြေအနေတွင် ထုတ်ပြန်ကြေညာခြင်းမရှိသေးကြောင်း ဇာတ်ပို့ဇာတ်ရံဥက္ကဌဦးဝင်းမြိုင်က ပြောပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိုတော်ယုန်လေးမှ သြဂုတ်လ ၄ရက်နေ့တွင်လူ မှုကွန်ရက်စာမျက်နှာပေါ်တွင် ကိုယ်တိုင်ရိုက်ကူးတင်ဆက်ခဲ့သည့် စည်းလုံးသင့်ပြီမြန်မာပြည်MTVနှင့်ပါတ်သတ်ပြီးဝေဖန်မှုများပြင်းထန်ခဲ့ပါတယ်။ ယနေ့နံနက်တွင် ရုပ်ရှင်သရုပ်ဆောင်အဆိူတော်ယုန်လေး ကိုယ်တိုင်liveလွှင့်ကာ သူ၏ပရိတ်သတ်များအား တောင်းပန်ခဲ့ပြီးမည့်သည့်ရည်ရွယ်ချက်မှမရှိဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်သာ ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဝေဖန်မှုပြင်းထန်နေသည့် အတွက် ယင်းMTVကိုဖြုတ်ချပေးမယ်လို့ပြောဆိုခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်အဆိူတော်ယုန်လေးအပါအဝင်အဆိုတော်များဖြင့် သီဆိုရိုက်ကူးခဲ့သော စည်းလုံးသင့်ပြီမြန်မာပြည် MTVဟာဝေဖန်မှုများနှင့်အတူ ​မြန်မာနိူင်ငံရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်လိုက်ပြီ ဆိုသောသတင်းအမှားများလည်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပဲဖြစ်ပါတယ်။ #voiceofmyanmar #VOM #ယုန်လေး #ရုပ်ရှင်အစည်းအရုံး Zawgyi ရုပ်ရှင်သရုပ်ဆောင်ယုန်လေးအား ရုပ်ရှင်အစည်းအရုံးမှ ရာသက်ပန်ထုတ်ပယ်ခဲ့သည်မှာ သတင်းအမှားသာဖြစ် ရန်ကုန်၊သြဂုတ်၊၅ အေးချမ်းသူ(VOM) ရုပ်ရှင်သရုပ်ဆောင်…
Read More
အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့
အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့ ပုဂံ၊ သြဂုတ်- ၁ -၂၀၂၀ နေလင်း- ရှိုင်းအောင် (Voice of Myanmar) တချိန်ကမြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့ ယွန်းထည်ပစ္စည်းတွေဟာ တစနဲ့တစ လူစိတ်ဝင်စားမှုနည်းပြီး ရောင်းအားတွေကျလာပါတယ်။ လက်ရှိအချိန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ရောဂါဖြစ်နေချိန်မို့ ကမ္ဘာလှည့်ခရီးသွားတွေကို အားထားနေရတဲ့ ပုဂံက ယွန်းထည်ပစ္စည်းလုပ်ငန်းဟာ ဝယ်သူမျှော်ရင်း အိပ်မောကျနေရပါပြီ။ ယွန်းလောက ပြန်လည်နိုးထဖို့ ဘယ်လိုတွေ လုပ်သင့်တယ်ဆိုတာ ယွန်းလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်လာခဲ့တဲ့ BAGAN HOUSE ယွန်းလုပ်ငန်းပိုင်ရှင် ဒေါ်မော်မော်အောင်နဲ့ VOM က တွေ့ဆုံမေးမြန်းထားပါတယ်။ မေးမြန်းတင်ဆက်- နေလင်း အယ်ဒီတာချုပ် (VOM) ရိုက်ကူး-တည်းဖြတ်- ရှိုင်းအောင် (VOM) Zawgyi အိပ်မောကျနေတဲ့ ယွန်းလောက ဘယ်သူနှိုးလို့ ထနိုင်ပါ့ ပုဂံ၊ သြဂုတ်- ၁ -၂၀၂၀ (VoiceofMyanmar) နေလင်း- ရှိုင်းအောင် တချိန်ကမြန်မာ့ဂုဏ်ကိုဆောင်ခဲ့တဲ့…
Read More
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ
ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ဆေးတစ်မျိုး အမေရိကန်ကုမ္ပဏီတစ်ခု ထုတ်ဖော်ကြေညာ ဝါရှင်တန်၊ မေ-၁၉-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်ဆေးကုမ္ပဏီတစ်ခုဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ပတ်သက်ပြီး လက်တွေ့စမ်းသပ်မှုရဲ့ အစောပိုင်းရလဒ်တွေကို ထုတ်ဖော်ကြေညာလိုက်ပြီး အဲဒီဆေးဟာ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ အလားအလာရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အမေရိကန်အမျိုးသားကျန်းမာရေးဌာနနဲ့ မတ်လကတည်းက စမ်းသပ်ခဲ့ရလဒ်တွေကို Moderna ကုမ္ပဏီက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆေးဟာစမ်းသပ်ခံခဲ့တဲ့လူတွေမှာ ဗိုင်းရပ်စ်ကို တွန်းလှန်နိုင်တဲ့ ကိုယ်ခံအားစနစ်ထုတ်လုပ်ပေးတယ်လို့ ပြောပါတယ်။ ပထမအဆင့် စမ်းသပ်မှုအရ ကာကွယ်ဆေးထိုးပေးခဲ့တဲ့လူတွေမှာ ထွက်ရှိလာတဲ့ကိုယ်ခံအားစနစ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကနေ ပြန်လည်ကျန်းမာလာသူတွေမှာ တွေ့ရှိရတဲ့ ကိုယ်ခံအားစနစ်လိုမျိုး ဖြစ်တယ်လို့ Moderna ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အရွယ်အကြား စေတနာ့ဝန်ထမ်းတွေကို ကာကွယ်ဆေး ပမာဏအမျိုးမျိုးပေးပြီး စမ်းသပ်ခဲ့တာဖြစ်ကာ အဲဒီအထဲက ရှစ်ဦးမှာ ဗိုင်းရပ်စ်ကိုတုံ့ပြန်နိုင်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်ဖို့များစွာကျန်ရှိနေသေးပေမယ့် Moderna…
Read More
ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ
ကပ်တဲလ်ရွာ Lockdown ဖြည်ရေး ပြည်ထောင်စု အစိုးရ ထံ တင်ပြ ကလေး၊ ဧပြီ ၂၉၊ ၂၀၂၀ ငြိမ်းသူမင်း (VOM) ကိုဗစ်၁၉ ပြန့်နှံ့မှု ကာကွယ်ရေးအတွက် lockdown ချထားတဲ့၊ ပထမဆုံး ကိုဗစ်၁၉ လူနာ တွေ့ရှိရာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာကို Lockdown ဖြည်ရေး အတွက် ပြည်ထောင်စု အစိုးရထံ တင်ပြထားတယ်လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဌာန ဝန်ကြီး ဦးပေါင်လွန်းမင့်ထန် က ပြောပါတယ်။ ဝန်ကြီးက “ခု ပြည်ထောင်စုကို သဘောထား တင်ပြီးတော့ သူတို့ရဲ့ ခွင့်ပြုချက် အတိုင်းပဲ ဆက်လုပ်ဖို့ပေါ့နော်။ Lockdown ချ ထားတာ တစ်လကျော်လာပြီ ဆိုတော့ ဖြေသင့်ပြီလို့ သုံးသပ်တယ်။ အဲ့ဒီအပေါ်မှာ ဝန်ကြီးဌာနရဲ့ အကြံပြုချက် တောင်းထားပါတယ်။ လောလောဆယ် မှာတော့…
Read More
မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက်
မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာ Negative အဖြေထွက် ကလေး၊ ဧပြီ ၂၄-၂၀၂၀ ငြိမ်းသူမင်း(VOM) ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ မြန်မာနိုင်ငံရဲ့ COVID-19 ပထမဆုံးလူနာကို ခြောက်ကြိမ်မြောက် ဆေးစစ်မှုပြုလုပ်ခဲ့အပြီးမှာတော့ Negative အဖြေထွက်ခဲ့တယ်လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်ကပြောပါတယ်။ လူနာအမှတ်(၁) ရဲ့ ခြောက်ကြိမ်မြောက် ဆေးစစ်တဲ့ အဖြေရလဒ်ကို ဒီကနေ့မနက်မှာ သိရှိခဲ့ရတာ ဖြစ်ပြီး လူနာအမှတ်(၁)ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း ရက်ပေါင်း(၃၁) ရက်မြောက်နေ့မှာ ကူးစက်ခံထားရတဲ့ပိုး မရှိတော့ဘူးလို့ အဖြေရရှိခဲ့တာဖြစ်ပါတယ်။ “သူကတော့ အစထဲက ကျန်းမာရေးကောင်းမွန်နေတဲ့သူပါ။ အခု Negative ထွက်တော့ ဒုတိယအကြိမ် ထပ်စစ်လို့ Negative ထပ် ထွက်တယ်ဆိုရင်တော့ သူက ဆေးရုံကနေ ဆင်းလို့ရပြီလို့ ဆရာဝန်ကြီးတွေကပြောပါတယ်”လို့ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင် က ပြောပါတယ်။ တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ…
Read More
တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ
တီးတိန်က ကိုဗစ်၁၉ ပထမဆုံး လူနာ၊ ၆ ကြိမ်စစ်ပြီးသော်လည်း positive ဖြစ်နေဆဲ ဧပြီ ၂၃၊ ၂၀၂၀။ VOM ကိုရိုနာဗိုင်းစပ်ပိုး ကူးစက်ခံရမှု ပထမဆုံး လူနာဖြစ်တဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က လူနာနံပါတ် ၁ ဟာ ၆ ကြိမ်မြောက် ဆေးစစ်ပြီးတဲ့အထိ positive ပဲ ဖြစ်နေသေးတာကြောင့် ဆေးရုံဆင်းခွင့် မရသေးသလို၊ မင်္ဂလာပွဲကျင်းပခဲ့တဲ့ ကပ်တဲလ်ရွာကိုလည်း lockdown ကာလ တပတ် ထပ်တိုးထားတယ်လို့ သိရပါတယ်။ “သူ့ကို စစ်ဆေးမှုလုပ်တာ ၆ ခေါက်ရှိပြီ၊ ၆ ခေါက်လုံး positive ဖြစ်နေသေးတော့ သူ့ကို တီးတိန်ဆေးရုံမှာပဲ သီးသန့် ထားရသေးတယ်။ သူ့ကျန်းမာရေးကတော့ အကုန်ကောင်းနေတယ်။ ဘာမှ ထူးထူးထွေထွေမရှိဘူး။ positive ဖြစ်နေသေးတာတခုပဲ ရှိတယ်” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး…
Read More
COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း
#voiceofmyanmar #VOM #ဇီးကုုန္း
COVID-19 သံသယလူနာပါလာတယ်လို့သတင်းတွေထွက်ပေါ်လာလို့ ပုဂံရထားတွဲကိုယာယီပိတ်ပြီး ဆေးဖျန်း ဇီးကုန်း မတ်၂၉-၂၀၂၀ ဝေဇင်ကြည်(VOM) ပဲခူးတိုင်း သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ဘူတာရုံမှာ COVID-19ရောဂါ သံသယလူနာပါလာတယ်လို့ သတင်းတွေထွက်ပေါ်လာတဲ့အတွက် ပုဂံရထားတွဲကို ယာယီပိတ်ပြီး ဇီးကုန်းမြို့နယ် ကြက်ခြေနီအဖွဲ့ အကူအညီနဲ့ ဆေးဖျန်းခဲ့တယ်လို့ ဇီးကုန်းမြို့နယ် ရုံပိုင်လေးဆီကသိရပါတယ်။ ‟မနက်ကတော့ပုဂံရထားမှာ တရုတ်မှာအလုပ်လုပ်တယ်လို့သတင်းထွက်နေတဲ့သူတွေက နတ္တလင်းဘူတာ မှာဆင်းတာလေအဲဒီတွဲကို ကြက်ခြေနီအဖွဲ့အကူအညီနဲ့ နတ္တလင်းမှာပိုးသတ်ဆေးမရှိဘူးဆိုတာနဲ့ ဒီကနေ ဖျန်းပေးတာပါ” လို့ရုံပိုင်လေး လို့ဆိုပါတယ်။ “ အဲဒီ ခရီးသည်တွေစီးလာတဲ့တွဲကို ဘယ်သူ့မှအတက်မခံဘဲ ဇီးကုန်း ကြက်ခြေနီအဖွဲ့က ဆေးဖျန်း ပေးတာဖြစ်ပါတယ်။ သံသယရှိတဲ့ခရီးသည်တွေဟာ ကျောက်ပန်းတောင်းကစီးနင်းလာကြခြင်းဖြစ်ပြီး နတ္တလင်းမြို့နယ်ဘူတာရုံမှာ ဆင်းကြတယ်လို့ သိရပါတယ်။ ခရီးသည်တွေကိုတော့ အဲဒီတွဲကိုလောလောဆယ်အတက်မခံဘူး တခြားတွဲကို စီစဉ်ပေးလိုက်တယ်အဓိကရောဂါရှိလို့ လုပ်တာတော့မဟုတ်ပါဘူး အဓိက နိုင်ငံခြားကပြန်လာတာဆိုပြီး သတင်းထွက်နေတော့ ဒီတွဲလေးတွေကိုသံသယနဲ့ဆေးဖျန်းတဲ့သဘောပါ။ ခရီးသည်၂၅ယောက်ထဲက အသက်(၄၁)နှစ်ရှိတဲ့အမျိုးသမီးတစ်ဦးဖျားတယ်ပြောတယ် ကျနော်တို့ကလည်း ကိုယ့်မြို့ကဖြတ်သွားတာဆိုတော့ ခရီးသည်တွေလည်းတက်မှာစိုးတာနဲ့ ဒီတွဲတော့မတက်ပါနဲ့…
Read More
VOM News
FREE
VIEW