အမေရိကန်သမ္မတနဲ့ ဇနီးဖြစ်သူတို့ ကိုဗစ်-၁၉ ကူးစက်ခံနေရ

အမေရိကန်သမ္မတနဲ့ ဇနီးဖြစ်သူတို့ ကိုဗစ်-၁၉ ကူးစက်ခံနေရ

ဝါရှင်တန်၊ စက်တင်ဘာ-၂-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဇနီးဖြစ်သူ မယ်လာနီယာထရန့်တို့မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရပြီး လက်ရှိမှာတော့ ကွန်ရန်တင်းဝင်နေရပါတယ်။

ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး အန္တရာယ်ကြီးတဲ့အုပ်စုထဲမှာပါဝင်နေတဲ့ အသက် ၇၄ နှစ်အရွယ် သမ္မတထရန့်ကတော့ ဒါကိုအတူတကွ ရင်ဆိုင်ကျော်လွှားသွားမယ်လို့ တွစ်တာမှာရေးသားထားပါတယ်။

သမ္မတရဲ့ အနီးကပ်လက်ထောက်အမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် သမ္မတတို့ဇနီးမောင်နှံမှာပါ ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ထိပ်တန်းလက်ထောက် ဟုတ်ဟစ်ခ်ဟာ သမ္မတရဲ့ အနီးကပ်ဆုံး လက်ထောက်တစ်ဦးဖြစ်ပြီး ယခုသီတင်းပတ်အစောပိုင်းက အိုဟိုင်အိုးမှာပြုလုပ်တဲ့ သမ္မတလောင်းနှစ်ဦးရဲ့ ဒီဗိတ်တစ်ခုအတွက် သမ္မတထရန့်နဲ့အတူ လေယာဉ်စီးနှင်းခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြတဲ့ သမ္မတထရန့်ရဲ့ မိသားဝင်အချို့ဟာလည်း နှာခေါင်းစည်းတွေ ဝတ်ဆင်ခြင်းမပြုတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ သမ္မတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်နေပြီး ကုသမှုပြုနေစဉ်အတွင်း အိမ်ဖြူတော်က နေအိမ်မှာပဲ နေဖို့စီစဉ်ထားတယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဒေါ်နယ်ထရန့် #ကိုဗစ်၁၉

zawgyi

အေမရိကန္သမၼတနဲ႔ ဇနီးျဖစ္သူတို႔ ကိုဗစ္-၁၉ ကူးစက္ခံေနရ

ဝါရွင္တန္၊ စက္တင္ဘာ-၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္သမၼတ ေဒၚနယ္ထရန႔္နဲ႔ ဇနီးျဖစ္သူ မယ္လာနီယာထရန႔္တို႔မွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံေနရၿပီး လက္ရွိမွာေတာ့ ကြန္ရန္တင္းဝင္ေနရပါတယ္။

ကိုဗစ္-၁၉ ေရာဂါနဲ႔ပတ္သက္ၿပီး အႏၲရာယ္ႀကီးတဲ့အုပ္စုထဲမွာပါဝင္ေနတဲ့ အသက္ ၇၄ ႏွစ္အ႐ြယ္ သမၼတထရန႔္ကေတာ့ ဒါကိုအတူတကြ ရင္ဆိုင္ေက်ာ္လႊားသြားမယ္လို႔ တြစ္တာမွာေရးသားထားပါတယ္။

သမၼတရဲ႕ အနီးကပ္လက္ေထာက္အမ်ိဳးသမီးမွာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ေနေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးေနာက္ သမၼတတို႔ဇနီးေမာင္ႏွံမွာပါ ကူးစက္ခံလိုက္ရတာျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကူးစက္ခံခဲ့ရသူ အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသမီး ထိပ္တန္းလက္ေထာက္ ဟုတ္ဟစ္ခ္ဟာ သမၼတရဲ႕ အနီးကပ္ဆုံး လက္ေထာက္တစ္ဦးျဖစ္ၿပီး ယခုသီတင္းပတ္အေစာပိုင္းက အိုဟိုင္အိုးမွာျပဳလုပ္တဲ့ သမၼတေလာင္းႏွစ္ဦးရဲ႕ ဒီဗိတ္တစ္ခုအတြက္ သမၼတထရန႔္နဲ႔အတူ ေလယာဥ္စီးႏွင္းခဲ့ပါတယ္။

အဲဒီေဆြးေႏြးပြဲကို တက္ေရာက္ခဲ့ၾကတဲ့ သမၼတထရန႔္ရဲ႕ မိသားဝင္အခ်ိဳ႕ဟာလည္း ႏွာေခါင္းစည္းေတြ ဝတ္ဆင္ျခင္းမျပဳတာကို ေတြ႕ရွိခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သမၼတို႔ဇနီးေမာင္ႏွံႏွစ္ဦးရဲ႕ က်န္းမာေရး အေျခအေနေကာင္းမြန္ေနၿပီး ကုသမႈျပဳေနစဥ္အတြင္း အိမ္ျဖဴေတာ္က ေနအိမ္မွာပဲ ေနဖို႔စီစဥ္ထားတယ္လို႔ အိမ္ျဖဴေတာ္တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ေဒၚနယ္ထရန႔္ #ကိုဗစ္၁၉

Related posts

Leave a Comment

VOM News

FREE
VIEW