မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင်

မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင်

အောက်တိုဘာ ၇-၂၀၂၀
ကောင်းလက်ျာ(VOM)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်နေ့ကထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေ၊ကျောက်ဖြူ၊ ‌ကျောက်တော် ၊ သံတွဲနဲ့ပုဏ္ဍားကျွန်းမှာ Covid-19‌ ပိုးတွေ့သူ ၁၂ ဦးရှိခဲ့ပြီး မောင်တောမှာ ဒီနေ့ထပ်မံ ပိုးတွေ့သူ ၇ ယောက်ရှိတဲ့အတွက် နောက်ရက်လူနာဦးရေတိုးနိုင်တာမို့ မောင်တောမြို့အထက(၂ )ကို တိုးချဲ့ယာယီဆေးရုံအဖြစ်သတ် မှတ်ပြင်ဆင်သွားမယ်လို့ အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။

မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောပြတာက” လက်တလော ဘူးသီးတောင်မှာက လုံလောက်တယ်။ မောင်တောမှာဆေးရုံနဲ့
မြို့နယ်ခန်းမမှာ လူနာ ၃၀ စီထားရှိပြီးဖြစ်ပေမယ့် နောင်တိုးလာမယ့်အနေအထားတစ်ခုဆို လုံလောက်အောင် ကြိုပြင်ပါတာ” လို့ ဆိုပါတယ်။

ကိုဗစ်ဒုတိယလှိုင်းကာလဖြစ်တဲ့ ဩဂုတ်လကနေ ယနေ့ အထိ မောင်တောခရိုင်မြို့နယ်များဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကိုဗစ်ပိုးတွေ့လူနာ ၁၄၅ဦးရှိတဲ့ အနက်မောင်တောဆေးရုံကြီးနဲ့ မြို့‌တော်ခန်းမမှာ လူနာ ၆၀ ကုသနေရပြီး ဘူသီး
တောင်ဆေးရုံမှာ ၁၆ ယောက်ကုသနေရတယ်လို့ သိရပါတယ်။

လက်တလောမှာ မောင်တောမြို့နယ်အတွင်း ပိုးတွေ့လူနာ ၉၉ ဦးနဲ့ ဘူးသီးတောင်မြိုနယ်မှာ ၄၆ ဦးရှိပြီး ထပ်မံယာယီတိုးချဲ့ဆေးရုံ အဖြစ် ပြင်ဆင်မယ့် မောင်တော အထက၂ ကို လူနာ ၆၀ ဆံ့အဖြစ် ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ ခရိုင်အဆင့် ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီကနေ သိရပါတယ်။

မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တွေက ကိုဗစ်ပိုးတွေ့လူနာ ၁၄၅နဲ့ထိတွေ့မိထားသူ ၁၀၀ ကျော်ကို သက်ဆိုင်ရာ မြို့ နယ်အလိုက် စောင့်ကြည့်စခန်းအချို့မှာ ထားရှိတယ်လို့လည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

မောင်တောခရိုင်ဘူးသီးတောင်နဲ့မောင်တောမြို့နယ်မှာ ကိုဗစ်သီးသန့်ရံပုံငွေနဲ့သီခြားအလှူရှင်များတွေဆီက ထောက်ပံ့ငွေတွေနဲ့ ကာကွယ် ၊ထိန်းချုပ် ၊ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပြီးစည်ကမ်းမလိုက်နာသူတွေကို တရားစွဲဆိုဆောင်ရွက်သွားမယ်လို့မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဓာတ်ပုံ-U Soe Aung
#voiceofmyanmar #VOM #ဘူးသီးတောင်မောင်တော #ရခိုင်ကိုဗစ်

Zawgy

ေမာင္ေတာမွာ ၂ ရက္အတြင္း ကိုဗစ္ပိုးေတြ႕သူ မ်ားလာလို႔ အ-ထ-က၂ ကို ယာယီေဆး႐ုံအျဖစ္ အသုံးျပဳဖို႔ျပင္ဆင္

ေအာက္တိုဘာ ၇-၂၀၂၀
ေကာင္းလက္်ာ(VOM)

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ေအာက္တိုဘာလ ၆ ရက္ေန႔ကထုတ္ျပန္ခ်က္အရ ရခိုင္ျပည္နယ္ စစ္ေတြ၊ေက်ာက္ျဖဴ၊ ‌ေက်ာက္ေတာ္ ၊ သံတြဲနဲ႔ပု႑ားကြၽန္းမွာ Covid-19‌ ပိုးေတြ႕သူ ၁၂ ဦးရွိခဲ့ၿပီး ေမာင္ေတာမွာ ဒီေန႔ထပ္မံ ပိုးေတြ႕သူ ၇ ေယာက္ရွိတဲ့အတြက္ ေနာက္ရက္လူနာဦးေရတိုးႏိုင္တာမို႔ ေမာင္ေတာၿမိဳ႕အထက(၂ )ကို တိုးခ်ဲ႕ယာယီေဆး႐ုံအျဖစ္သတ္ မွတ္ျပင္ဆင္သြားမယ္လို႔ အုပ္ခ်ဳပ္ေရးမႉး႐ုံးကသိရပါတယ္။

ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ေျပာျပတာက” လက္တေလာ ဘူးသီးေတာင္မွာက လုံေလာက္တယ္။ ေမာင္ေတာမွာေဆး႐ုံနဲ႔
ၿမိဳ႕နယ္ခန္းမမွာ လူနာ ၃၀ စီထားရွိၿပီးျဖစ္ေပမယ့္ ေနာင္တိုးလာမယ့္အေနအထားတစ္ခုဆို လုံေလာက္ေအာင္ ႀကိဳျပင္ပါတာ” လို႔ ဆိုပါတယ္။

ကိုဗစ္ဒုတိယလႈိင္းကာလျဖစ္တဲ့ ဩဂုတ္လကေန ယေန႔ အထိ ေမာင္ေတာခ႐ိုင္ၿမိဳ႕နယ္မ်ားျဖစ္တဲ့ ဘူးသီးေတာင္နဲ႔ ေမာင္ေတာၿမိဳ႕နယ္ေတြမွာ ကိုဗစ္ပိုးေတြ႕လူနာ ၁၄၅ဦးရွိတဲ့ အနက္ေမာင္ေတာေဆး႐ုံႀကီးနဲ႔ ၿမိဳ႕‌ေတာ္ခန္းမမွာ လူနာ ၆၀ ကုသေနရၿပီး ဘူသီး
ေတာင္ေဆး႐ုံမွာ ၁၆ ေယာက္ကုသေနရတယ္လို႔ သိရပါတယ္။

လက္တေလာမွာ ေမာင္ေတာၿမိဳ႕နယ္အတြင္း ပိုးေတြ႕လူနာ ၉၉ ဦးနဲ႔ ဘူးသီးေတာင္ၿမိဳနယ္မွာ ၄၆ ဦးရွိၿပီး ထပ္မံယာယီတိုးခ်ဲ႕ေဆး႐ုံ အျဖစ္ ျပင္ဆင္မယ့္ ေမာင္ေတာ အထက၂ ကို လူနာ ၆၀ ဆံ့အျဖစ္ ျပင္ဆင္ေဆာင္႐ြက္သြားမယ္လို႔ ခ႐ိုင္အဆင့္ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးကာကြယ္ထိန္းခ်ဳပ္ကုသေရး ေကာ္မတီကေန သိရပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ႏွင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ေတြက ကိုဗစ္ပိုးေတြ႕လူနာ ၁၄၅နဲ႔ထိေတြ႕မိထားသူ ၁၀၀ ေက်ာ္ကို သက္ဆိုင္ရာ ၿမိဳ႕ နယ္အလိုက္ ေစာင့္ၾကည့္စခန္းအခ်ိဳ႕မွာ ထားရွိတယ္လို႔လည္း ေမာင္ေတာခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး႐ုံးကေန သိရပါတယ္။

ေမာင္ေတာခ႐ိုင္ဘူးသီးေတာင္နဲ႔ေမာင္ေတာၿမိဳ႕နယ္မွာ ကိုဗစ္သီးသန႔္ရံပုံေငြနဲ႔သီျခားအလႉရွင္မ်ားေတြဆီက ေထာက္ပံ့ေငြေတြနဲ႔ ကာကြယ္ ၊ထိန္းခ်ဳပ္ ၊ကုသေရးလုပ္ငန္းေတြ ေဆာင္႐ြက္ေပးေနၿပီးစည္ကမ္းမလိုက္နာသူေတြကို တရားစြဲဆိုေဆာင္႐ြက္သြားမယ္လို႔ေမာင္ေတာခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

ဓာတ္ပုံ-U Soe Aung
#voiceofmyanmar #VOM #ဘူးသီးေတာင္ေမာင္ေတာ #ရခိုင္ကိုဗစ္

 

Related posts

Leave a Comment

VOM News

FREE
VIEW