ရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ

ရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၀ အေးချမ်းသူ(VOM) ရန်ကုန်တိုင်းမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာကို ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ခန့်ရှိတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)မှ ဒေါ်နော်အုံးလှကပြောပါတယ်။ “လက်ရှိစာရင်းတွေအရတော့ ခရိုင်ကပေးထားတာရှိတယ်၊ မြေပြင်ကို ကွင်းဆင်းမကောက်နိူင်တော့ မသိဘူး”လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။ ဒေါ်နော်အုံးလှဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းအဖြစ်ဝင် ရောက်ယှဉ်ပြိုင်မယ့်သူတစ်ဦး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမှာပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်တိုင်းရင်သားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုး ကျား (၁၀၈၆၂၆)ဦး ၊ မ (၁၂၇၅၁၁)ဦး စုစုပေါင်း(၂၃၆၁၃၅)ဦးနဲ့ ရခိုင်လူမျိုး ကျား (၄၇၄၉၆)ဦး ၊ မ (၆၃၄၅၂)ဦး စုစုပေါင်း (၁၁၀၉၄၇)ဦးတို့ဖြစ်ပြီး စုစုပေါင်း (၃၂၇၀၈၂)ဦးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊မြို့နယ်ကော်မရှင်အဖွဲ့တွေ့ရဲ့ အောက်တိုဘာ ၁ရက်နေ့မှာ ဒုတိယအကြိမ်ကပ်ထားကြေညာမှု မဲစာရင်းတွေအရ သိရပါတယ်။…

Read More

 ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး   အောက်တိုဘာ ၇-၂၀၂၀ နေလင်း(VOM)   ဦးဒေးဗစ်လှမြင့်ဦးအောင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ဟာ ရွေးကောက်ပွဲစည်းရုံးရေးအနေနဲ့ ပါတီရဲ့ကိုယ်စားလှယ်လောင်းမိတ်ဆက် ဆိုင်းဘုတ်ကို ကော့မှူးမြို့မှာ ထောင်ဖို့ စည်ပင်သာယာမှာ ခွင့်ပြုမိန့်တင်ပေမယ့် ဒီနေ့ထိ ခွင့်ပြုချက်မရသေးဖြစ်နေပါတယ်။   ရန်ကုန်တိုင်း ကော့မူးမြို့နယ်က ဈေးပိုင်းနဲ့ မြို့သစ်နေရာ ၂ခုမှာ ၅ပေ ၉ ပေရှိတဲ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်ကို ထောင်ဖို့ ကော့မှုးစည်ပင်သာယာဌာနမှာ စက်တင်ဘာ ၂၄ ရက်ကတည်းက တင်ခဲ့ပေမယ့် ဒီနေ့သွားမေးတဲ့အခါ ကိုဗစ်ကြောင့်တင်ခွင့်မပေးနိုင်သေးဘူးလို့  စည်ပင်သာယာက အကြောင်းပြန်တဲ့အကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးကနေ ပြည်သူ့လွှတ်တော်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်ပြောပြတာက   “ ၂၄ ရက်နေ့ရက်စွဲနဲ့ကတည်းစာတင်ထားတာ စည်ပင်ဦးစီးမှူးက ဖုန်းဆက်လာကြည့်မယ်ပြောတယ် ဒီနေ့ထိ မခေါ်လို့ စည်ပင်ရုံးလိုက်သွားတော့…

Read More

Stay at Homeသတ်မှတ်တဲ့ မြို့နယ်တွေအတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မယ်

Stay at Homeသတ်မှတ်တဲ့ မြို့နယ်တွေအတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မယ် ရန်ကုန်၊ အောက်တိုဘာ ၇၊၂၀၂၀ အေးချမ်းသူ(VOM) COVID-19ကာလမှာ မဲဆွယ်စည်းရုံးရေးပြုလုပ်လို့မရတဲ့ Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေကို ရွေးကောက်ပွဲရွေ့ဆိုင်းပေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒဖော် ထုတ်သွားမှာဖြစ်တယ်လို့ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးကပြောပါတယ်။ ” မကြာခင်ကျင်းပပြုလုပ်မယ့် ၂၀၂၀ရွေးကောက်ပွဲမှာ stay home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို ရွေးကောက်ပွဲဥပဒေပုဒ်မ-၃၉၉(င)အရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရေး အတွက် အောက်တိုဘာ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရခြင်းဖြစ်တယ်”လို့ ဦးဌေးကပြောပါတယ်။ ဦးဌေးဆိုသူဟာ လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ တစ်သီးပုဂ္ဂလိလဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး တရားလွှတ်တော်ရှေနေတစ်ဦးလည်းဖြစ်ပါတယ်။ “တည်ဆဲဥပဒေ ညွန်ကြားချက်တွေနဲ့အညီ ဆန္ဒဖော်ထုတ်သွားမှာပါ။ မဲဆွယ်စည်းရုံးခွင့်မရှိရင် ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးလေ။ သာဓကရှိပြီးသား ၂၀၀၈ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲမှာလည်း နာဂစ်ကာလမို့ ဧရာဝတီနဲ့ရန်ကုန်တိုင်းက မြို့နယ်အချို့ကို ရက်ရွေ့ပြီးလုပ်တာရှိတယ်”လို့ ဦးဌေးကပြောပါတယ်။ မဲဆွယ်စည်းရုံးရေးမပြုလုပ်ရတဲ့ Stay…

Read More

ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူး(မြို့ပြ) ကိုဗစ်ရောဂါနဲ့သေဆုံး

ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူး(မြို့ပြ) ကိုဗစ်ရောဂါနဲ့သေဆုံး စစ်တွေ၊ အောက်တိုဘာ ၇- ၂၀၂၀ ထက်အောင်စိုင်း (VOM) ရခိုင်ပြည်နယ်၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဟာ ဒီကနေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကိုဗစ်ရောဂါနဲ့သေဆုံးသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွယ်က အတည်ပြုပြောပါတယ်။ ” ပြည်နယ်ညွန်ကြားရေးမှူး ဆုံးသွားတာ မှန်ပါတယ်။ ညွှန်ကြားရေးမှူးက တနင်္လာနေ့က ကိုဗစ် Positive ဖြစ်ခဲ့ပါတယ်။ ဒီနေ့ သင်္ဂြိုလ်မှာပါ။ အခုတော့ သင်္ချိုင်းမှာ သင်္ဂြိုလ်ဖို့လုပ်နေပါတယ်“လို့ ဒေါ်အေးအေးနွယ်က အတည်ပြုပြောပါတယ်။ ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့ ညွှန်ကြားရေးမှူးဟာ အသက် (၄၈) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်(ICU)ဆေးကုသမှုခံယူနေတဲ့အပြင် သွေးတိုးရောဂါ၊ အဆုတ်မကောင်းတဲ့ရောဂါအခံ ရှိတယ်လို့လည်း သိရပါတယ်။ ဒိကိစ္စနဲ့ ပတ်သက်လို့ စစ်တွေဆေးရုံအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အလုပ်ရှုပ်နေတာကြောင့် ညနေမှပြန်ဆက်ဖို့ပြောပါတယ်။ မနေ့ အောက်တိုဘာလ…

Read More

မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင်

မောင်တောမှာ ၂ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ များလာလို့ အ-ထ-က၂ ကို ယာယီဆေးရုံအဖြစ် အသုံးပြုဖို့ပြင်ဆင် အောက်တိုဘာ ၇-၂၀၂၀ ကောင်းလက်ျာ(VOM) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အောက်တိုဘာလ ၆ ရက်နေ့ကထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ် စစ်တွေ၊ကျောက်ဖြူ၊ ‌ကျောက်တော် ၊ သံတွဲနဲ့ပုဏ္ဍားကျွန်းမှာ Covid-19‌ ပိုးတွေ့သူ ၁၂ ဦးရှိခဲ့ပြီး မောင်တောမှာ ဒီနေ့ထပ်မံ ပိုးတွေ့သူ ၇ ယောက်ရှိတဲ့အတွက် နောက်ရက်လူနာဦးရေတိုးနိုင်တာမို့ မောင်တောမြို့အထက(၂ )ကို တိုးချဲ့ယာယီဆေးရုံအဖြစ်သတ် မှတ်ပြင်ဆင်သွားမယ်လို့ အုပ်ချုပ်ရေးမှူးရုံးကသိရပါတယ်။ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ပြောပြတာက” လက်တလော ဘူးသီးတောင်မှာက လုံလောက်တယ်။ မောင်တောမှာဆေးရုံနဲ့ မြို့နယ်ခန်းမမှာ လူနာ ၃၀ စီထားရှိပြီးဖြစ်ပေမယ့် နောင်တိုးလာမယ့်အနေအထားတစ်ခုဆို လုံလောက်အောင် ကြိုပြင်ပါတာ” လို့ ဆိုပါတယ်။ ကိုဗစ်ဒုတိယလှိုင်းကာလဖြစ်တဲ့ ဩဂုတ်လကနေ ယနေ့ အထိ မောင်တောခရိုင်မြို့နယ်များဖြစ်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ကိုဗစ်ပိုးတွေ့လူနာ…

Read More

ကိုဗစ်-၁၉ ကာကွယ်ဆေး အခုနှစ်ကုန်မှာ ရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ကိုဗစ်-၁၉ ကာကွယ်ဆေး အခုနှစ်ကုန်မှာ ရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော ဂျီနီဗာ၊ အောက်တိုဘာ-၇-၂၀၂၀ မျိုးဆက် (VOM) အခုနှစ်ကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး အသုံးပြုဖို့ အသင့်ဖြစ်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက အောက်တိုဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကာကွယ်ဆေးရရှိမယ့်အချိန်မှာ ကာကွယ်ဆေးကို အညီအမျှဖြန့်ဝေပေးဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်အားလုံး စည်းလုံးညီညွတ်ကြဖို့နဲ့ နိုင်ငံရေးကတိကဝတ်တွေပြုကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့က တိုက်တွန်းတောင်းဆိုထားပါတယ်။ မိမိတို့အနေနဲ့ ကာကွယ်ဆေးတွေလိုအပ်လာမှာဖြစ်ပြီး အခုနှစ်ကုန်မှာ ကာကွယ်ဆေးအမျိုးအစားတစ်ခု ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာ မှတ်ချပြုပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ COVAX လို့အမည်ပေးထားတဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ဟာ ကာကွယ်ဆေး (၉)မျိုးကို လက်ရှိမှာ စမ်းသပ်နေပြီး ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ဆေးအလုံးရေ ၂ ဘီလီယံအထိ ဖြန့်ဝေဖို့ ရည်ရွယ်ထားပါတယ်။ ကပ်ရောဂါအပေါ် ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုနဲ့ပတ်သက်ပြီး အကဲဖြတ်တဲ့…

Read More

နှင်းဆီပါတီ ဥက္ကဌအဖမ်းခံရပေမယ့် ပါတီတွင်း အပြောင်းလဲမရှိ

နှင်းဆီပါတီ ဥက္ကဌအဖမ်းခံရပေမယ့် ပါတီတွင်း အပြောင်းလဲမရှိ နေပြည်တော်၊ အောက်တိုဘာ ၇-၂၀၂၀ ကိုလတ် (VOM) တနိုင်ငံလုံးအတိုင်းအတာနဲ့ ၇၅ ရာခိုင်နှုန်းနိုင်ရမယ်လို့ ရည်မှန်းထားပြီး နေပြည်တော်မှာတော့ ဗိုလ်ချုပ်တွေနဲ့ ပြိုင်ရမှာဖြစ်တဲ့အတွက် ၆၅ ရာခိုင်နှုန်းလောက်ပဲ နိုင်မယ်လို့ နှင်းဆီပါတီ တာဝန်ရှိသူက ပြောပါတယ်။ “ကျနော်တို့က ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဒီနေ့၊ ဒီရက်မှာလုပ်မယ်လို့ ရည်ရွယ်ထားလို့လုပ်တာပါ။ နိုင်ဖို့မှန်းထားတာဟာ ၇၅ ရာခိုင်နှုန်းမှန်းထားပါတယ်ခင်ဗျ၊ နေပြည်တော် မှာတော့ အုပ်ချုပ်ရေးယန္တရားနေရာဖြစ်တဲ့အတွက် နည်းနည်းလေး ဗိုလ်ချုပ်တွေနဲ့ ပြိုင်ရမှာဖြစ်တဲ့အတွက် ၆၀၊ ၆၅ ရာခိုင်နှုန်းလောက်တော့ မှန်းထားပါတယ်”လို့ နှင်းဆီပါတီရဲ့ နေပြည်တော်တိုင်းဦးစီးမှူး ဦးထွန်းလင်းကိုက ပြောပါတယ်။ နှင်းဆီပါတီ(UDP)ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ထောင်ပြေးပြစ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၄နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပေမယ့် ပြည်သူရှိနေတဲ့အတွက် UDP ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။…

Read More

ရခိုင်မှာ ခုရက်ပိုင်း တပ်မတော်နဲ့ အေအေတိုက်ပွဲပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ

ရခိုင်မှာ ခုရက်ပိုင်း တပ်မတော်နဲ့ အေအေတိုက်ပွဲပြင်းထန်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေမြင့်တက်နေ   စစ်တွေ၊ အောက်တိုဘာ ၇- ၂၀၂၀   ထက်အောင်စိုင်း (VOM)   ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့မှာ တပ်မတော်နဲ့ အေအေတို့ ယခုရက်ပိုင်း တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာကြောင့် ဒီလတပတ်အတွင်းမှာတင် အရပ်သား သေဆုံးသူ ၅ယောက် ဒဏ်ရာရသူ ၄ယောက်ရှိတယ်လို့ နှစ်ဖက်အပြန်အလှန်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေနဲ့ အရပ်ဖက်စာရင်းတွေအရသိရပါတယ်။   စက်တင်ဘာလ ၃၀ ရက်နေ့က မင်းပြားမြို့နယ်ဖက်မှာ တပ်မတော်နဲ့ အေအေတို့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။   စက်တင်ဘာလ ၃၀ ရက်နေ့က မင်းပြားမြို့နယ် မေလွမ်းရွာနဲ့ ဖားပြိုရွာကြားမှာ ထိတွေ့တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ ရာမောင်တံတားအနီးမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ (၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။   တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က…

Read More
VOM News

FREE
VIEW