Stay at Homeသတ်မှတ်တဲ့ မြို့နယ်တွေအတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မယ်

Stay at Homeသတ်မှတ်တဲ့ မြို့နယ်တွေအတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းပေးဖို့ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မယ်

ရန်ကုန်၊ အောက်တိုဘာ ၇၊၂၀၂၀
အေးချမ်းသူ(VOM)

COVID-19ကာလမှာ မဲဆွယ်စည်းရုံးရေးပြုလုပ်လို့မရတဲ့ Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေကို ရွေးကောက်ပွဲရွေ့ဆိုင်းပေးဖို့အတွက် တစ်ကိုယ်တော်ဆန္ဒဖော်
ထုတ်သွားမှာဖြစ်တယ်လို့ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးကပြောပါတယ်။

” မကြာခင်ကျင်းပပြုလုပ်မယ့် ၂၀၂၀ရွေးကောက်ပွဲမှာ stay home သတ်မှတ်ထားတဲ့ မြို့နယ်တွေကို ရွေးကောက်ပွဲဥပဒေပုဒ်မ-၃၉၉(င)အရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရေး
အတွက် အောက်တိုဘာ ၉ရက်နေ့မှ ၁၁ရက်နေ့အထိ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်ဖို့ စီစဉ်ရခြင်းဖြစ်တယ်”လို့ ဦးဌေးကပြောပါတယ်။

ဦးဌေးဆိုသူဟာ လာမယ့်၂၀၂၀ရွေးကောက်ပွဲမှာ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ တစ်သီးပုဂ္ဂလိလဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး တရားလွှတ်တော်ရှေနေတစ်ဦးလည်းဖြစ်ပါတယ်။

“တည်ဆဲဥပဒေ ညွန်ကြားချက်တွေနဲ့အညီ ဆန္ဒဖော်ထုတ်သွားမှာပါ။ မဲဆွယ်စည်းရုံးခွင့်မရှိရင် ဒီရွေးကောက်ပွဲက တရားမျှတမှုမရှိဘူးလေ။ သာဓကရှိပြီးသား ၂၀၀၈ဖွဲ့စည်းပုံ
ဆန္ဒခံယူပွဲမှာလည်း နာဂစ်ကာလမို့ ဧရာဝတီနဲ့ရန်ကုန်တိုင်းက မြို့နယ်အချို့ကို ရက်ရွေ့ပြီးလုပ်တာရှိတယ်”လို့ ဦးဌေးကပြောပါတယ်။

မဲဆွယ်စည်းရုံးရေးမပြုလုပ်ရတဲ့ Stay at Home မြို့နယ်တွေကို ပုဒ်မ၃၉၉(င)နဲ့အညီ ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရေး၊ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၂၀ရွေးကောက်ပွဲကျင်းပရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်ဆိုင်းပေးရေး ၊၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားများက ယုံကြည်မှု ရှိ၊မရှိ ပုဒ်မ(၉၈)ကျင့်သုံး၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး အစရှိတဲ့ ကြွေးကြော်သံနဲ့ ပိုစတာဆိုင်းဘုတ်တွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်ရဲစခန်းကို အောက်တိုဘာ ၉ရက်နေ့ကနေ အောက်တိုဘာ၁၁ရက်နေ့အထိ တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်ဖို့အတွက် စာတင်ထားတာကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မပြုလုပ်ဖို့မေတ္တာရပ်ခံထားတယ်လို့လည်း ဦးဌေးက ပြောပါတယ်။

“တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်တာပြောမယ်ဆိုရင် တစ်နိူင်ငံလုံးမှာ မဲဆွယ်စည်းရုံးရေးတွေ ထောင်နဲ့ချီလုပ်နေတာ အရေးမယူဘူးလား၊ ဥပဒေအထက်မှာပါတီရှိနေတာလားလို့ မေးခွန်းထုတ်ရတော့မယ်”လို့ ဦးဌေးကပြောပါတယ်။

အခုလိုဆန္ဒဖော်ထုတ်မှုကို လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းကြီးတစ်လျှောက် ချီတက်လမ်းလျှောက်ပြီး ကျန်စစ်သားလမ်းနဲ့ ညောင်တုန်းလမ်းထောင့်အထိ တကိုယ်တော် လမ်းလျှောက်ဆန္ဒဖော်ထုတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲရွှေ့ဖို့ #ကိုယ်စားလှယ်လောင်း #ဆန္ဒပြမယ်

Zawgyi

Stay at Homeသတ္မွတ္တဲ့ ၿမိဳ့နယ္ေတြအတြက္ ေရြးေကာက္ပြဲေရႊ႕ဆိုင္းေပးဖို႔ တစ္ကိုယ္ေတာ္ဆႏၵေဖာ္ထုတ္မယ္

ရန္ကုန္၊ ေအာက္တိုဘာ ၇၊၂၀၂၀
ေအးခ်မ္းသူ(VOM)

COVID-19ကာလမွာ မဲဆြယ္စည္း႐ုံးေရးျပဳလုပ္လို႔မရတဲ့ Stay at Home သတ္မွတ္ထားတဲ့ၿမိဳ့နယ္ေတြကို ေရြးေကာက္ပြဲေရြ႕ဆိုင္းေပးဖို႔အတြက္ တစ္ကုိယ္ေတာ္ဆႏၵေဖာ္
ထုတ္သြားမွာျဖစ္တယ္လို႔ တစ္သီးပုဂၢလဝင္ေရာက္ယွဥ္ျပိဳင္မယ့္ ဦးေဌးကေျပာပါတယ္။

” မၾကာခင္က်င္းပျပဳလုပ္မယ့္ ၂၀၂၀ေရြးေကာက္ပြဲမွာ stay home သတ္မွတ္ထားတဲ့ ၿမိဳ႕နယ္ေတြကို ေရြးေကာက္ပြဲဥပေဒပုဒ္မ-၃၉၉(င)အရ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းေပးေရး
အတြက္ ေအာက္တိုဘာ ၉ရက္ေန႔မွ ၁၁ရက္ေန႔အထိ တစ္ကိုယ္ေတာ္ဆႏၵထုတ္ေဖာ္ဖို႔ စီစဥ္ရျခင္းျဖစ္တယ္”လို႔ ဦးေဌးကေျပာပါတယ္။

ဦးေဌးဆိုသူဟာ လာမယ့္၂၀၂၀ေရြးေကာက္ပြဲမွာ လွိုင္သာယာအေရွ႕ပိုင္းၿမိဳ့နယ္မွာ တစ္သီးပုဂၢလိလဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းတစ္ဦးျဖစ္ၿပီး တရားလႊတ္ေတာ္ေ႐ွေနတစ္ဦးလည္းျဖစ္ပါတယ္။

“တည္ဆဲဥပေဒ ၫြန္ၾကားခ်က္ေတြနဲ႔အညီ ဆႏၵေဖာ္ထုတ္သြားမွာပါ။ မဲဆြယ္စည္း႐ုံးခြင့္မ႐ွိရင္ ဒီေရြးေကာက္ပြဲက တရားမ်ွတမႈမ႐ွိဘူးေလ။ သာဓက႐ွိၿပီးသား ၂၀၀၈ဖြဲ႔စည္းပုံ
ဆနၵခံယူပြဲမွာလည္း နာဂစ္ကာလမုိ႔ ဧရာဝတီနဲ႔ရန္ကုန္တိုင္းက ၿမိဳ႕နယ္အခ်ိဳ႕ကုိ ရက္ေရြ႔ၿပီးလုပ္တာ႐ွိတယ္”လို႔ ဦးေဌးကေျပာပါတယ္။

မဲဆြယ္စည္း႐ုံးေရးမျပဳလုပ္ရတဲ့ Stay at Home ၿမိဳ့နယ္ေတြကို ပုဒ္မ၃၉၉(င)နဲ႔အညီ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းေပးေရး၊ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ၂၀၂၀ေရြးေကာက္ပြဲက်င္းပေရးအတြက္ တစ္နိုင္ငံလုံးပစ္ခတ္တိုက္ခတ္မွု ရပ္ဆိုင္းေပးေရး ၊၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒကို နိုင္ငံသားမ်ားက ယုံၾကည္မွု ရွိ၊မရွိ ပုဒ္မ(၉၈)က်င့္သုံး၍ ျပည္လုံးကၽြတ္ဆႏၵခံယူပြဲက်င္းပေရး အစရွိတဲ့ ေၾကြးေၾကာ္သံနဲ႔ ပိုစတာဆိုင္းဘုတ္ေတြကို အသုံးျပဳသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

လိႈင္သာယာၿမိဳ႕နယ္ရဲစခန္းကို ေအာက္တိုဘာ ၉ရက္ေန႔ကေန ေအာက္တိုဘာ၁၁ရက္ေန႔အထိ တစ္ကုိယ္ေတာ္ဆႏၵေဖာ္ထုတ္ဖို႔အတြက္ စာတင္ထားတာကို ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက မျပဳလုပ္ဖို႔ေမတၱာရပ္ခံထားတယ္လို႔လည္း ဦးေဌးက ေျပာပါတယ္။

“တစ္ကုိယ္ေတာ္ဆႏၵေဖာ္ထုတ္တာေျပာမယ္ဆိုရင္ တစ္ႏူိင္ငံလုံးမွာ မဲဆြယ္စည္း႐ုံးေရးေတြ ေထာင္နဲ႔ခ်ီလုပ္ေနတာ အေရးမယူဘူးလား၊ ဥပေဒအထက္မွာပါတီ႐ွိေနတာလားလုိ႔ ေမးခြန္းထုတ္ရေတာ့မယ္”လို႔ ဦးေဌးကေျပာပါတယ္။

အခုလိုဆႏၵေဖာ္ထုတ္မွုကို လွိုင္သာယာၿမိဳ့နယ္၊ က်န္စစ္သားလမ္းႀကီးတစ္ေလၽွာက္ ခ်ီတက္လမ္းေလွ်ာက္ၿပီး က်န္စစ္သားလမ္းနဲ႔ ေညာင္တုန္းလမ္းေထာင့္အထိ တကိုယ္ေတာ္ လမ္းေလၽွာက္ဆႏၵေဖာ္ထုတ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ေရြးေကာက္ပြဲေရႊ႕ဖို႔ #ကိုယ္စားလွယ္ေလာင္း #ဆႏၵျပမယ္

Related posts

Leave a Comment

VOM News

FREE
VIEW