ကိုဗစ်-၁၉ ကာကွယ်ဆေး အခုနှစ်ကုန်မှာ ရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ကိုဗစ်-၁၉ ကာကွယ်ဆေး အခုနှစ်ကုန်မှာ ရရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲပြော

ဂျီနီဗာ၊ အောက်တိုဘာ-၇-၂၀၂၀
မျိုးဆက် (VOM)

အခုနှစ်ကုန်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး အသုံးပြုဖို့ အသင့်ဖြစ်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲက အောက်တိုဘာ ၆ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကာကွယ်ဆေးရရှိမယ့်အချိန်မှာ ကာကွယ်ဆေးကို အညီအမျှဖြန့်ဝေပေးဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်အားလုံး စည်းလုံးညီညွတ်ကြဖို့နဲ့ နိုင်ငံရေးကတိကဝတ်တွေပြုကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့က တိုက်တွန်းတောင်းဆိုထားပါတယ်။

မိမိတို့အနေနဲ့ ကာကွယ်ဆေးတွေလိုအပ်လာမှာဖြစ်ပြီး အခုနှစ်ကုန်မှာ ကာကွယ်ဆေးအမျိုးအစားတစ်ခု ရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အလုပ်အမှုဆောင်အစည်းအဝေးမှာ မှတ်ချပြုပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ COVAX လို့အမည်ပေးထားတဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ဟာ ကာကွယ်ဆေး (၉)မျိုးကို လက်ရှိမှာ စမ်းသပ်နေပြီး ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှာ ဆေးအလုံးရေ ၂ ဘီလီယံအထိ ဖြန့်ဝေဖို့ ရည်ရွယ်ထားပါတယ်။

ကပ်ရောဂါအပေါ် ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုနဲ့ပတ်သက်ပြီး အကဲဖြတ်တဲ့ ၂ရက်ကြာ ဘုတ်အဖွဲ့အစည်းအဝေးမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပိုမိုအားကောင်းလာစေဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ ဂျာမနီ၊ ဗြိတိန်၊ သြစတြေးလျအပါအဝင် အခြားနိုင်ငံတွေက တောင်းဆိုခဲ့ကြပါတယ်။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ #ကိုဗစ်ကာကွယ်ဆေး

Zawgyi

ကိုဗစ္-၁၉ ကာကြယ္ေဆး အခုနွစ္ကုန္မွာ ရရိွနုိင္တယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ အၾကီးအကဲေျပာ

ဂ်ီနီဗာ၊ ေအာက္တိုဘာ-၇-၂၀၂၀
မ်ိဳးဆက္ (VOM)

အခုနွစ္ကုန္မွာ ကိုဗစ္-၁၉ ကာကြယ္ေဆးတစ္မ်ိဳး အသံုးျပဳဖို႔ အသင္႔ျဖစ္ဖြယ္ရိွတယ္လို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ အၾကီးအကဲက ေအာက္တိုဘာ ၆ ရက္မွာ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။

ကာကြယ္ေဆးရရိွမယ္႔အခ်ိန္မွာ ကာကြယ္ေဆးကို အညီအမွ်ျဖန္႔ေ၀ေပးဖို႔အတြက္ ကမၻာ႔ေခါင္းေဆာင္အားလံုး စည္းလံုးညီညြတ္ၾကဖို႔နဲ႔ နိုင္ငံေရးကတိက၀တ္ေတြျပဳၾကဖို႔ ကမၻာ႔က်န္းမာေရးအဖြဲ႔ ညြႊန္ၾကားေရးမွဴးခ်ဳပ္ တက္ဒရို႕က တိုက္တြန္းေတာင္းဆိုထားပါတယ္။

မိမိတို႔အေနနဲ႔ ကာကြယ္ေဆးေတြလိုအပ္လာမွာျဖစ္ျပီး အခုနွစ္ကုန္မွာ ကာကြယ္ေဆးအမ်ိဳးအစားတစ္ခု ရရိွနိုင္မယ္လို႔ ေမွ်ာ္လင္႔ေၾကာင္း ကမၻာ႔က်န္းမာေရးအဖြဲ႔ အလုပ္အမႈေဆာင္အစည္းအေ၀းမွာ မွတ္ခ်ျပဳေျပာၾကားခဲ႔ျပီး အေသးစိတ္အခ်က္အလက္ေတြကိုေတာ႔ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိပါဘူး။

ကမၻာ႔က်န္းမာေရးအဖြဲ႔ရဲ႕ COVAX လို႔အမည္ေပးထားတဲ႔ ကာကြယ္ေဆးထုတ္လုပ္ေရးအဖြဲ႔ဟာ ကာကြယ္ေဆး (၉)မ်ိဳးကို လက္ရိွမွာ စမ္းသပ္ေနျပီး ၂၀၂၁ ခုနွစ္နွစ္ကုန္ပိုင္းမွာ ေဆးအလံုးေရ ၂ ဘီလီယံအထိ ျဖန္႔ေ၀ဖို႔ ရည္ရြယ္ထားပါတယ္။

ကပ္ေရာဂါအေပၚ ကမၻာလံုးဆိုင္ရာတံု႔ျပန္မႈနဲ႔ပတ္သက္ျပီး အကဲျဖတ္တဲ႔ ၂ရက္ၾကာ ဘုတ္အဖြဲ႔အစည္းအေ၀းမွာ ကမၻာ႔က်န္းမာေရးအဖြဲ႔ ပိုမိုအားေကာင္းလာေစဖို႔အတြက္ ျပဳျပင္ေျပာင္းလဲမႈေတြလုပ္ေဆာင္ဖို႔ ဂ်ာမနီ၊ ျဗိတိန္၊ ၾသစေၾတးလ်အပါအ၀င္ အျခားနုိင္ငံေတြက ေတာင္းဆိုခဲ႔ၾကပါတယ္။

Ref : CNA
Photo: Reuters
#voiceofmyanmar #VOM #ဂ်ီနီဗာ #ကိုဗစ္ကာကြယ္ေဆး

Related posts

Leave a Comment

VOM News

FREE
VIEW