ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူး(မြို့ပြ) ကိုဗစ်ရောဂါနဲ့သေဆုံး

ရခိုင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ညွှန်ကြားရေးမှူး(မြို့ပြ) ကိုဗစ်ရောဂါနဲ့သေဆုံး

စစ်တွေ၊ အောက်တိုဘာ ၇- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်၊ ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဟာ ဒီကနေ့ မနက်ပိုင်းက စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကိုဗစ်ရောဂါနဲ့သေဆုံးသွားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွယ်က အတည်ပြုပြောပါတယ်။

” ပြည်နယ်ညွန်ကြားရေးမှူး ဆုံးသွားတာ မှန်ပါတယ်။ ညွှန်ကြားရေးမှူးက တနင်္လာနေ့က ကိုဗစ် Positive ဖြစ်ခဲ့ပါတယ်။ ဒီနေ့ သင်္ဂြိုလ်မှာပါ။ အခုတော့ သင်္ချိုင်းမှာ သင်္ဂြိုလ်ဖို့လုပ်နေပါတယ်“လို့ ဒေါ်အေးအေးနွယ်က အတည်ပြုပြောပါတယ်။

ကိုဗစ်ရောဂါနဲ့သေဆုံးတဲ့ ညွှန်ကြားရေးမှူးဟာ အသက် (၄၈) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ အထူးကြပ်မတ်ကုသဆောင်(ICU)ဆေးကုသမှုခံယူနေတဲ့အပြင် သွေးတိုးရောဂါ၊ အဆုတ်မကောင်းတဲ့ရောဂါအခံ ရှိတယ်လို့လည်း သိရပါတယ်။

ဒိကိစ္စနဲ့ ပတ်သက်လို့ စစ်တွေဆေးရုံအုပ်ကြီး ညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်ကို ဆက်သွယ်မေးမြန်းရာမှာတော့ အလုပ်ရှုပ်နေတာကြောင့် ညနေမှပြန်ဆက်ဖို့ပြောပါတယ်။

မနေ့ အောက်တိုဘာလ ၆ ရက်နေ့ ညနေပိုင်း ၆ နာရီအချိန်အထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ (၁၇၇၁) ဦး၊ သေဆုံးသူ (၇)ဦးရှိပြီး ရောဂါပိုးကင်းစင်တဲ့အတွက် ဆေးရုံကနေဆင်းခွင့်ရသူ (၁၃၉၆)ဦးအထိရှိတယ်လို့ ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကြောင့် စစ်တွေမြို့နယ်မှာ သေဆုံးသူ (၅) ဦး၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်မှာ ၁ဦးနဲ့ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်မှာ ၁ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနေနဲ့ မနေ့အောက်တိုဘာ ၆ရက်နေ့ ည၈နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၂၀၀၃၃)ဦး၊ သေဆုံးသူ (၄၇၁) ဦးရှိပြီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #ကိုဗစ် #ညွန်ကြားရေးမှူးသေဆုံး

Zawgyi

ရခိုင္ျပည္နယ္ ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာနက ၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ) ကိုဗစ္ေရာဂါနဲ႔ေသဆံုး

စစ္ေတြ၊ ေအာက္တိုဘာ ၇- ၂၀၂၀
ထက္ေအာင္စိုင္း (VOM)

ရခိုင္ျပည္နယ္၊ ျပည္နယ္ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး(ၿမိဳ႕ျပ)ဟာ ဒီကေန႔ မနက္ပိုင္းက စစ္ေတြေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရင္း ကိုဗစ္ေရာဂါနဲ႔ေသဆံုးသြားတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ေက်းလက္လမ္းဖြံ႕ၿဖိဳးေရးဦးစီးဌာန လက္ေထာက္ၫႊန္ၾကားေရးမႉး ေဒၚေအးေအးႏြယ္က အတည္ျပဳေျပာပါတယ္။

” ျပည္နယ္ၫြန္ၾကားေရးမွဴး ဆုံးသြားတာ မွန္ပါတယ္။ ၫႊန္ၾကားေရးမႉးက တနလၤာေန႔က ကိုဗစ္ Positive ျဖစ္ခဲ့ပါတယ္။ ဒီေန႔ သၿဂႋဳလ္မွာပါ။ အခုေတာ့ သခ်ႋဳင္းမွာ သၿဂႋဳလ္ဖို႔လုပ္ေနပါတယ္“လို႔ ေဒၚေအးေအးႏြယ္က အတည္ျပဳေျပာပါတယ္။

ကိုဗစ္ေရာဂါနဲ႔ေသဆံုးတဲ့ ၫႊန္ၾကားေရးမႉးဟာ အသက္ (၄၈) ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး စစ္ေတြၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီး ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္(ICU)ေဆးကုသမႈခံယူေနတဲ့အျပင္ ေသြးတိုးေရာဂါ၊ အဆုတ္မေကာင္းတဲ့ေရာဂါအခံ ရွိတယ္လို႔လည္း သိရပါတယ္။

ဒိကိစၥနဲ႔ ပတ္သက္လို႔ စစ္ေတြေဆး႐ုံအုပ္ႀကီး ၫႊန္ၾကားေရးမႉး ေဒါက္တာေဇာ္လြင္ကို ဆက္သြယ္ေမးျမန္းရာမွာေတာ့ အလုပ္႐ွဳပ္ေနတာေၾကာင့္ ညေနမွျပန္ဆက္ဖို႔ေျပာပါတယ္။

မေန႔ ေအာက္တိုဘာလ ၆ ရက္ေန႔ ညေနပိုင္း ၆ နာရီအခ်ိန္အထိ ရခိုင္ျပည္နယ္အတြင္း ကိုဗစ္-၁၉ အတည္ျပဳပိုးေတြ႕လူနာ (၁၇၇၁) ဦး၊ ေသဆုံးသူ (၇)ဦးရွိၿပီး ေရာဂါပိုးကင္းစင္တဲ့အတြက္ ေဆး႐ုံကေနဆင္းခြင့္ရသူ (၁၃၉၆)ဦးအထိရွိတယ္လို႔ ရခိုင္ျပည္နယ္ ကိုဗစ္-၁၉ ေရာဂါေစာင့္ၾကည့္ေရးေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာျဖစ္ပါတယ္။

ရခိုင္ျပည္နယ္အတြင္း ကိုဗစ္ေရာဂါေၾကာင့္ စစ္ေတြၿမိဳ႕နယ္မွာ ေသဆုံးသူ (၅) ဦး၊ ေျမာက္ဦးခ႐ိုင္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ ၁ဦးနဲ႔ စစ္ေတြခ႐ိုင္၊ ေပါက္ေတာၿမိဳ႕နယ္မွာ ၁ဦးတို႔ျဖစ္တယ္လို႔ သိရပါတယ္။

တႏိ္ုင္ငံလံုးအတိုင္းအတာေနနဲ႔ မေန႔ေအာက္တိုဘာ ၆ရက္ေန႔ ည၈နာရီအခ်ိန္ထိ ကိုဗစ္-၁၉ ေရာဂါအတည္ျပဳလူနာ(၂၀၀၃၃)ဦး၊ ေသဆုံးသူ (၄၇၁) ဦးရွိၿပီးျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႔ ထုတ္ျပန္ခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #စစ္ေတြ #ကိုဗစ္ #ၫြန္ၾကားေရးမွဴးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW