ရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ

ရန်ကုန်တိုင်းမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာအတွက် ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ရှိ

ရန်ကုန်၊အောက်တိုဘာ ၇-၂၀၂၀
အေးချမ်းသူ(VOM)

ရန်ကုန်တိုင်းမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်နဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာကို ဆန္ဒမဲပေးခွင့်ရှိသူ (၃)သိန်းကျော်ခန့်ရှိတယ်လို့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)မှ ဒေါ်နော်အုံးလှကပြောပါတယ်။

“လက်ရှိစာရင်းတွေအရတော့ ခရိုင်ကပေးထားတာရှိတယ်၊ မြေပြင်ကို ကွင်းဆင်းမကောက်နိူင်တော့ မသိဘူး”လို့ ဒေါ်နော်အုန်းလှကပြောပါတယ်။

ဒေါ်နော်အုံးလှဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ ကိုယ်စားပြုပြီး ရန်ကုန်တိုင်းမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းအဖြစ်ဝင်
ရောက်ယှဉ်ပြိုင်မယ့်သူတစ်ဦး ဖြစ်ပါတယ်။

ရန်ကုန်တိုင်းမှာပြုလုပ်မယ့် ၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ကရင်တိုင်းရင်သားရေးရာဝန်ကြီးနဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ကရင်လူမျိုး ကျား (၁၀၈၆၂၆)ဦး ၊ မ (၁၂၇၅၁၁)ဦး စုစုပေါင်း(၂၃၆၁၃၅)ဦးနဲ့ ရခိုင်လူမျိုး ကျား (၄၇၄၉၆)ဦး ၊ မ (၆၃၄၅၂)ဦး စုစုပေါင်း (၁၁၀၉၄၇)ဦးတို့ဖြစ်ပြီး စုစုပေါင်း (၃၂၇၀၈၂)ဦးရှိတယ်လို့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊မြို့နယ်ကော်မရှင်အဖွဲ့တွေ့ရဲ့ အောက်တိုဘာ ၁ရက်နေ့မှာ ဒုတိယအကြိမ်ကပ်ထားကြေညာမှု မဲစာရင်းတွေအရ သိရပါတယ်။

ကိုဗစ်ကာလာမှာ မဲဆွယ်စည်းရုံးမှုမရတဲ့အတွက် အခက်အခဲရှိနေပြီး ဆိုင်းဘုတ်ပဲထောင်နေရတဲ့အပြင် ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူတွေအနေနဲ့ ကရင်လူထုအကျိုးကိုဆောင်ရွက်ပေးနိူင်ပြီး ကရင်လူထုနစ်နာမှုတွေကိုဖြေရှင်းပေးနိူင်မယ့်သူကို မဲပေးစေလိုကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်း ဒေါ်နော်အုန်းလှက ပြောပါတယ်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာမှာ စောဂျက်ကော့ထူး(ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ စောထွန်းလှ(ညီညွတ်သောဒီမိုကရက်တစ်ပါတီ)၊ နော်လှလှစိုး(ခ)နော်စူစန်နာလှလှစိုး(အမျိုးသားဒီမီုကရေစီယအဖွဲ့ချုပ်)၊ နော်အုံးလှ(ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ)၊ မန်းသန်းဝင်းဦး(ကရင်ပြည်သူ့ပါတီ)၊ ဒေါ်သင်းသင်းခိုင်(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ)၊ နော်လင်းသီင်္ဂိထွန်း(ပြည်သူ့ရှေဆောင်ပါတီ)တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ ဒေါ်နော်အုန်းလှက ရှင်းပြပါတယ်။

ရန်ကုန်တိုင်းမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်နေရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေကို အတိအကျမသိရှိရပေမယ့်လည်း လူဦးရေ တစ်သိန်းကျော်ခန့်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်(တစ်သီးပုဂ္ဂလ)ကပြောပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးကိုယ်စားလှယ်လောင်းနေရာအတွက် မဲဆန္ဒရှင်ပြည်သူများအားအဓိကပြောချင်သည်မှာ ကိုယ့်ရဲ့ဘဝလုံခြုံမှုနဲ့ဂုဏ်သိက္ခာကိုတကယ်အာမခံချက်နဲ့ပေးနိူင်မယ့် အတိတ်ကလည်း လုပ်ဆောင်ချက်ရှိတဲ့ပဇ္စုပ္ပန်မှာလည်း တကယ်ဦးဆောင်နေတဲ့ ပုပ္ဂိုလ်မျိုးကိုရွေးချယ်ပေးစေချင်တယ်”လို့ တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့်ဦးတင်ထူးအောင်ကပြောပါတယ်။

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းနေရာတွေမှာတော့ ဦးကျော်စွာ (ညီညွတ်သော ဒီမိုကရက်တစ်ပါတီ)၊ ဒေါ်ခင်မျိုးဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးဦးမြင့်ကျော်(ရခိုင်အမျိုးသားပါတီ)၊ ဒေါ်ထုမေ(တစ်သီးပုဂ္ဂလ)၊ ဦးတင်ထူးအောင်
(တစ်သီးပုဂ္ဂလ)၊ ဒေါက်တာစံလှကျော်(တစ်သီးပုဂ္ဂလ)တို့ဝင်ရောက်ယှဉ်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ရွေးကောက်ပွဲ #ကရင်နဲ့ရခိုင် #ဆန္ဒမဲပေးခွင့်ရှိသူ

Zawgyi

ရန္ကုန္တိုင္းမွာ ကရင္နဲ႔ ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီး ကုိယ္စားလွယ္ေလာင္းေနရာအတြက္ ဆႏၵမဲေပးခြင့္႐ွိသူ (၃)သိန္းေက်ာ္႐ွိ

ရန္ကုန္၊ေအာက္တိုဘာ ၇-၂၀၂၀
ေအးခ်မ္းသူ(VOM)

ရန္ကုန္တိုင္းမွာ ၂၀၂၀အေထြေထြေရြးေကာက္ပြဲမွာ ကရင္နဲ႔ ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေလာင္းေနရာကို ဆႏၵမဲေပးခြင့္႐ွိသူ (၃)သိန္းေက်ာ္ခန္႔႐ွိတယ္လို႔ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP)မွ ေဒၚေနာ္အုံးလွကေျပာပါတယ္။

“လက္႐ွိစာရင္းေတြအရေတာ့ ခ႐ုိင္ကေပးထားတာ႐ွိတယ္၊ ေျမျပင္ကုိ ကြင္းဆင္းမေကာက္ႏူိင္ေတာ့ မသိဘူး”လို႔ ေဒၚေနာ္အုန္းလွကေျပာပါတယ္။

ေဒၚေနာ္အုံးလွဟာ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ ကုိယ္စားျပဳၿပီး ရန္ကုန္တိုင္းမွာ ကရင္တိုင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေလာင္းအျဖစ္ဝင္
ေရာက္ယွဥ္ၿပိဳင္မယ့္သူတစ္ဦး ျဖစ္ပါတယ္။

ရန္ကုန္တိုင္းမွာျပဳလုပ္မယ့္ ၂၀၂၀အေထြေထြေရြးေကာက္ပြဲမွာ ကရင္တုိင္းရင္သားေရးရာဝန္ႀကီးနဲ႔ ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီး ကုိယ္စားလွယ္ေလာင္းေနရာမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ကိုယ္စားလွယ္ေလာင္းေတြကို ဆႏၵမဲေပးပုိင္ခြင့္႐ွိသူ ကရင္လူမ်ိဳး က်ား (၁၀၈၆၂၆)ဦး ၊ မ (၁၂၇၅၁၁)ဦး စုစုေပါင္း(၂၃၆၁၃၅)ဦးနဲ႔ ရခုိင္လူမ်ိဳး က်ား (၄၇၄၉၆)ဦး ၊ မ (၆၃၄၅၂)ဦး စုစုေပါင္း (၁၁၀၉၄၇)ဦးတုိ႔ျဖစ္ၿပီး စုစုေပါင္း (၃၂၇၀၈၂)ဦး႐ွိတယ္လို႔ ရန္ကုန္တိုင္းေရြးေကာက္ပြဲေကာ္မ႐ွင္အဖြဲ႔ခြဲ၊ၿမိဳ႕နယ္ေကာ္မ႐ွင္အဖြဲ႔ေတြ႕ရဲ႔ ေအာက္တိုဘာ ၁ရက္ေန႔မွာ ဒုတိယအႀကိမ္ကပ္ထားေၾကညာမႈ မဲစာရင္းေတြအရ သိရပါတယ္။

ကုိဗစ္ကာလာမွာ မဲဆြယ္စည္း႐ုံးမႈမရတဲ့အတြက္ အခက္အခဲ႐ွိေနၿပီး ဆိုင္းဘုတ္ပဲေထာင္ေနရတဲ့အျပင္ ဆႏၵမဲေပးခြင့္႐ွိသူ ျပည္သူေတြအေနနဲ႔ ကရင္လူထုအက်ိဳးကုိေဆာင္ရြက္ေပးႏိူင္ၿပီး ကရင္လူထုနစ္နာမႈေတြကုိေျဖ႐ွင္းေပးႏူိင္မယ့္သူကုိ မဲေပးေစလုိေၾကာင္း ကရင္တုိင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေလာင္း ေဒၚေနာ္အုန္းလွက ေျပာပါတယ္။

ကရင္တိုင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေလာင္းေနရာမွာ ေစာဂ်က္ေကာ့ထူး(ျပည္ေထာင္ၾကံ့ခုိင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ)၊ ေစာထြန္းလွ(ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ)၊ ေနာ္လွလွစုိး(ခ)ေနာ္စူစန္နာလွလွစုိး(အမ်ိဳးသားဒီမီုကေရစီယအဖြဲ႔ခ်ဳပ္)၊ ေနာ္အုံးလွ(ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ)၊ မန္းသန္းဝင္းဦး(ကရင္ျပည္သူ႕ပါတီ)၊ ေဒၚသင္းသင္းခုိင္(ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ)၊ ေနာ္လင္းသီဂႋထြန္း(ျပည္သူ႕ေ႐ွေဆာင္ပါတီ)တို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမွာျဖစ္တယ္လို႔ ေဒၚေနာ္အုန္းလွက ႐ွင္းျပပါတယ္။

ရန္ကုန္တိုင္းမွာ ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေနရာ ဆႏၵမဲေပးပုိင္ခြင့္႐ွိသူဦးေရကုိ အတိအက်မသိ႐ွိရေပမယ့္လည္း လူဦးေရ တစ္သိန္းေက်ာ္ခန္႔႐ွိမယ္လို႔ ခန္႔မွန္းထားေၾကာင္း ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေလာင္း ဦးတင္ထူးေအာင္(တစ္သီးပုဂၢလ)ကေျပာပါတယ္။

ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီးကုိယ္စားလွယ္ေလာင္းေနရာအတြက္ မဲဆႏၵ႐ွင္ျပည္သူမ်ားအားအဓိကေျပာခ်င္သည္မွာ ကုိယ့္ရဲ႕ဘဝလုံျခဳံမႈနဲ့ဂုဏ္သိကၡာကုိတကယ္အာမခံခ်က္နဲ ႔ေပးႏူိင္မယ့္ အတိတ္ကလည္း လုပ္ေဆာင္ခ်က္႐ွိတဲ့ပဇၥဳပၸန္မွာလည္း တကယ္ဦးေဆာင္ေနတဲ့ ပုပၢဳိလ္မ်ိဳးကုိေရြးခ်ယ္ေပးေစခ်င္တယ္”လို႔ တစ္သီးပုဂၢလဝင္ေရာက္ယွဥ္ၿပိဳင္မည့္ဦးတင္ထူးေအာင္ကေျပာပါတယ္။

ရခုိင္တိုင္းရင္းသားေရးရာဝန္ႀကီး ကုိယ္စားလွယ္ေလာင္းေနရာေတြမွာေတာ့ ဦးေက်ာ္စြာ (ညီၫြတ္ေသာ ဒီမိုကရက္တစ္ပါတီ)၊ ေဒၚခင္မ်ိဳးဦး(အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္)၊ ဦးဦးျမင့္ေက်ာ္(ရခုိင္အမ်ိဳးသားပါတီ)၊ ေဒၚထုေမ(တစ္သီးပုဂၢလ)၊ ဦးတင္ထူးေအာင္
(တစ္သီးပုဂၢလ)၊ ေဒါက္တာစံလွေက်ာ္(တစ္သီးပုဂၢလ)တို ႔ဝင္ေရာက္ယွဥ္မွာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #VOM #ရန္ကုန္ #ေရြးေကာက္ပြဲ #ကရင္နဲ႔ရခိုင္ #ဆႏၵမဲေပးခြင့္ရွိသူ

Related posts

Leave a Comment

VOM News

FREE
VIEW