ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ပြိုင်မယ့် ဦးဒေးဗစ်လှမြင့်ရဲ့ပါတီ ကော့မှူးမှာ ဆိုင်းဘုတ်ထောင်ခွင့်မရသေး

 

အောက်တိုဘာ ၇-၂၀၂၀

နေလင်း(VOM)

 

ဦးဒေးဗစ်လှမြင့်ဦးအောင်တဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ဟာ ရွေးကောက်ပွဲစည်းရုံးရေးအနေနဲ့ ပါတီရဲ့ကိုယ်စားလှယ်လောင်းမိတ်ဆက် ဆိုင်းဘုတ်ကို ကော့မှူးမြို့မှာ ထောင်ဖို့ စည်ပင်သာယာမှာ ခွင့်ပြုမိန့်တင်ပေမယ့် ဒီနေ့ထိ ခွင့်ပြုချက်မရသေးဖြစ်နေပါတယ်။

 

ရန်ကုန်တိုင်း ကော့မူးမြို့နယ်က ဈေးပိုင်းနဲ့ မြို့သစ်နေရာ ၂ခုမှာ ၅ပေ ၉ ပေရှိတဲ့ ကိုယ်စားလှယ်လောင်း ကြော်ငြာဆိုင်းဘုတ်ကို ထောင်ဖို့ ကော့မှုးစည်ပင်သာယာဌာနမှာ စက်တင်ဘာ ၂၄ ရက်ကတည်းက တင်ခဲ့ပေမယ့် ဒီနေ့သွားမေးတဲ့အခါ ကိုဗစ်ကြောင့်တင်ခွင့်မပေးနိုင်သေးဘူးလို့  စည်ပင်သာယာက အကြောင်းပြန်တဲ့အကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးကနေ ပြည်သူ့လွှတ်တော်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးဒေးဗစ်လှမြင့်ပြောပြတာက

 

“ ၂၄ ရက်နေ့ရက်စွဲနဲ့ကတည်းစာတင်ထားတာ စည်ပင်ဦးစီးမှူးက ဖုန်းဆက်လာကြည့်မယ်ပြောတယ် ဒီနေ့ထိ မခေါ်လို့ စည်ပင်ရုံးလိုက်သွားတော့ ကိုဗစ်ကြောင့်တင်ခွင့်မပေးဘူး ကိုဗစ်ပြီးမှတင်ပေးမယ်ပြောတယ် ကျနော်တို့ကလည်း ကိုယ့်သဘောနဲ့တင်ရင် ခွင့်မပြုရင်စည်ပင်ဥပေးနဲ့ငြိမယ် ကိုဗစ်ပြီးမှ ဆိုင်းဘုတ်တင်ရမယ်ဆိုတော့ ဘယ်တော့ကိုဗစ်ပြီးမလဲဗျာ

ကော့မှုးတင်မဟုတ်ပါဘူး မြောက်ဒဂုံ ၊ဒဂုံအရှေ့၊ အင်းစိန် ၊တွံတေးမှာ ဘာမှမဖြစ် အားလုံတင်လို့ရတယ်။ ဒီကော့မှူးတခုဘဲ စည်းရုံးရေးကာလရောက်နေပြီ သက်ဆိုင်ရာ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့စည်းရုံးရမယ့်အချိန် ၊ ကိုယ်စားလှယ်လောင်းဘယ်သူဆိုတာသိအောင် ဆိုင်းဘုတ်ထောင်ချင်တာ ခုတော့ တော်တော်လေးစိတ်ပျက်စရာ မလုပ်ရမကိုင်ရ ထိုင်နေရမယ့်အနေအထားဗျာ  “ လို့ ဆိုပါတယ်။

 

သူတို့စာတင်ကတည်းက ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုးပါမကျန် စာတင်ထားတာမို့ ဒီလိုထူးခြားဖြစ်စဉ်ကို သက်ဆိုင်ရာ အဆင့်ဆင့်ကို စာတင်အကြောင်းထပ်ကြားမယ်လို့လည်း ဦးဒေးဗစ်လှမြင့်ကပြောပါတယ်။

 

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)အနေနဲ့ တခြားမဲဆန္ဒနယ်တွေမှာ ဆိုင်းဘုတ်တင်ခွင့်ရပြီး ကော့မှူးမြို့နယ်တခုတည်း တင်မရတဲ့အပေါ် ဘာ့ကြောင့်ထင်သလဲလို့ ဗီအိုအမ်ကမေးကြည့်တော့

 

“ ဒီကိစ္စသုံးသပ်ရခက်တယ်ဗျ ဒေါ်စုနဲ့ပြိုင်ရမှာမို့ အရေးကြီးတယ် ဒါပေမယ့် လှုပ်ရှားမရ ထိုင်နေရမလိုဖြစ်နေချိန် ဆိုင်းဘုတ်တင်ခွင့်မရတာဟာ လွတ်လပ်စွာစည်းရုံးမဲဆွယ်ခွင့်မရတဲ့အခြေအနေဖြစ်နေတာတော့ လက်တွေ့ပါဘဲ”  လို့

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကော့မှူးကနေ ပြည်သူ့လွှတ်တော်နေရာက ကိုယ်စားလှယ်လောင်းနေရာက ယှဉ်ပြိုင်မယ့်  ဦးဒေးဗစ်လှမြင့်ပြောပြသွားတာပါ။

 

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)ပါတီဟာ ပြည်သူလွှတ်တော်နေရာ ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၇နေရာ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်နေရာ ၉ခု။ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ၅ခု စုစုပေါင်း ၃၃ နေရာ ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပြီးဖြစ်ပါတယ်။

 

#voiceofmyanmar #VOM # ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP) #ဒေးဗစ်လှမြင့်

Zawgy

လာမယ့္ေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ၿပိဳင္မယ့္ ဦးေဒးဗစ္လွျမင့္ရဲ႕ပါတီ ေကာ့မႉးမွာ ဆိုင္းဘုတ္ေထာင္ခြင့္မရေသး

ေအာက္တိုဘာ ၇-၂၀၂၀
ေနလင္း(VOM)

ဦးေဒးဗစ္လွျမင့္ဦးေအာင္တဲ့ ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP) ဟာ ေ႐ြးေကာက္ပြဲစည္း႐ုံးေရးအေနနဲ႔ ပါတီရဲ႕ကိုယ္စားလွယ္ေလာင္းမိတ္ဆက္ ဆိုင္းဘုတ္ကို ေကာ့မႉးၿမိဳ႕မွာ ေထာင္ဖို႔ စည္ပင္သာယာမွာ ခြင့္ျပဳမိန႔္တင္ေပမယ့္ ဒီေန႔ထိ ခြင့္ျပဳခ်က္မရေသးျဖစ္ေနပါတယ္။

ရန္ကုန္တိုင္း ေကာ့မူးၿမိဳ႕နယ္က ေဈးပိုင္းနဲ႔ ၿမိဳ႕သစ္ေနရာ ၂ခုမွာ ၅ေပ ၉ ေပရွိတဲ့ ကိုယ္စားလွယ္ေလာင္း ေၾကာ္ျငာဆိုင္းဘုတ္ကို ေထာင္ဖို႔ ေကာ့မႈးစည္ပင္သာယာဌာနမွာ စက္တင္ဘာ ၂၄ ရက္ကတည္းက တင္ခဲ့ေပမယ့္ ဒီေန႔သြားေမးတဲ့အခါ ကိုဗစ္ေၾကာင့္တင္ခြင့္မေပးႏိုင္ေသးဘူးလို႔ စည္ပင္သာယာက အေၾကာင္းျပန္တဲ့အေၾကာင္း ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP) ရဲ႕ ဥကၠ႒လည္းျဖစ္ ေကာ့မႉးကေန ျပည္သူ႔လႊတ္ေတာ္ေနရာကေန ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ဦးေဒးဗစ္လွျမင့္ေျပာျပတာက

“ ၂၄ ရက္ေန႔ရက္စြဲနဲ႔ကတည္းစာတင္ထားတာ စည္ပင္ဦးစီးမႉးက ဖုန္းဆက္လာၾကည့္မယ္ေျပာတယ္ ဒီေန႔ထိ မေခၚလို႔ စည္ပင္႐ုံးလိုက္သြားေတာ့ ကိုဗစ္ေၾကာင့္တင္ခြင့္မေပးဘူး ကိုဗစ္ၿပီးမွတင္ေပးမယ္ေျပာတယ္ က်ေနာ္တို႔ကလည္း ကိုယ့္သေဘာနဲ႔တင္ရင္ ခြင့္မျပဳရင္စည္ပင္ဥေပးနဲ႔ၿငိမယ္ ကိုဗစ္ၿပီးမွ ဆိုင္းဘုတ္တင္ရမယ္ဆိုေတာ့ ဘယ္ေတာ့ကိုဗစ္ၿပီးမလဲဗ်ာ
ေကာ့မႈးတင္မဟုတ္ပါဘူး ေျမာက္ဒဂုံ ၊ဒဂုံအေရွ႕၊ အင္းစိန္ ၊တြံေတးမွာ ဘာမွမျဖစ္ အားလုံတင္လို႔ရတယ္။ ဒီေကာ့မႉးတခုဘဲ စည္း႐ုံးေရးကာလေရာက္ေနၿပီ သက္ဆိုင္ရာ မဲဆႏၵရွင္ေတြနဲ႔ ထိေတြ႕စည္း႐ုံးရမယ့္အခ်ိန္ ၊ ကိုယ္စားလွယ္ေလာင္းဘယ္သူဆိုတာသိေအာင္ ဆိုင္းဘုတ္ေထာင္ခ်င္တာ ခုေတာ့ ေတာ္ေတာ္ေလးစိတ္ပ်က္စရာ မလုပ္ရမကိုင္ရ ထိုင္ေနရမယ့္အေနအထားဗ်ာ “ လို႔ ဆိုပါတယ္။

သူတို႔စာတင္ကတည္းက ေကာ့မႉးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႈးပါမက်န္ စာတင္ထားတာမို႔ ဒီလိုထူးျခားျဖစ္စဥ္ကို သက္ဆိုင္ရာ အဆင့္ဆင့္ကို စာတင္အေၾကာင္းထပ္ၾကားမယ္လို႔လည္း ဦးေဒးဗစ္လွျမင့္ကေျပာပါတယ္။

ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP)အေနနဲ႔ တျခားမဲဆႏၵနယ္ေတြမွာ ဆိုင္းဘုတ္တင္ခြင့္ရၿပီး ေကာ့မႉးၿမိဳ႕နယ္တခုတည္း တင္မရတဲ့အေပၚ ဘာ့ေၾကာင့္ထင္သလဲလို႔ ဗီအိုအမ္ကေမးၾကည့္ေတာ့

“ ဒီကိစၥသုံးသပ္ရခက္တယ္ဗ် ေဒၚစုနဲ႔ၿပိဳင္ရမွာမို႔ အေရးႀကီးတယ္ ဒါေပမယ့္ လႈပ္ရွားမရ ထိုင္ေနရမလိုျဖစ္ေနခ်ိန္ ဆိုင္းဘုတ္တင္ခြင့္မရတာဟာ လြတ္လပ္စြာစည္း႐ုံးမဲဆြယ္ခြင့္မရတဲ့အေျခအေနျဖစ္ေနတာေတာ့ လက္ေတြ႕ပါဘဲ” လို႔
ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP) ရဲ႕ ဥကၠ႒လည္းျဖစ္ ေကာ့မႉးကေန ျပည္သူ႔လႊတ္ေတာ္ေနရာက ကိုယ္စားလွယ္ေလာင္းေနရာက ယွဥ္ၿပိဳင္မယ့္ ဦးေဒးဗစ္လွျမင့္ေျပာျပသြားတာပါ။

ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP)ပါတီဟာ ျပည္သူလႊတ္ေတာ္ေနရာ ၁၂ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္ ၇ေနရာ၊ ျပည္နယ္နဲ႔တိုင္းေဒသႀကီးလႊတ္ေတာ္ေနရာ ၉ခု။ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးေနရာ ၅ခု စုစုေပါင္း ၃၃ ေနရာ ယွဥ္ၿပိဳင္ဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ခြင့္ျပဳၿပီးျဖစ္ပါတယ္။

#voiceofmyanmar #VOM # ညီၫြတ္ေသာတိုင္းရင္းသားလူမ်ိဳးမ်ားဒီမိုကေရစီပါတီ(UNDP) #ေဒးဗစ္လွျမင့္

 

Related posts

Leave a Comment

VOM News

FREE
VIEW