နှင်းဆီပါတီ ဥက္ကဌအဖမ်းခံရပေမယ့် ပါတီတွင်း အပြောင်းလဲမရှိ

နှင်းဆီပါတီ ဥက္ကဌအဖမ်းခံရပေမယ့် ပါတီတွင်း အပြောင်းလဲမရှိ

နေပြည်တော်၊ အောက်တိုဘာ ၇-၂၀၂၀
ကိုလတ် (VOM)

တနိုင်ငံလုံးအတိုင်းအတာနဲ့ ၇၅ ရာခိုင်နှုန်းနိုင်ရမယ်လို့ ရည်မှန်းထားပြီး နေပြည်တော်မှာတော့ ဗိုလ်ချုပ်တွေနဲ့ ပြိုင်ရမှာဖြစ်တဲ့အတွက် ၆၅ ရာခိုင်နှုန်းလောက်ပဲ နိုင်မယ်လို့ နှင်းဆီပါတီ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့က ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဒီနေ့၊ ဒီရက်မှာလုပ်မယ်လို့ ရည်ရွယ်ထားလို့လုပ်တာပါ။ နိုင်ဖို့မှန်းထားတာဟာ ၇၅ ရာခိုင်နှုန်းမှန်းထားပါတယ်ခင်ဗျ၊ နေပြည်တော် မှာတော့ အုပ်ချုပ်ရေးယန္တရားနေရာဖြစ်တဲ့အတွက် နည်းနည်းလေး ဗိုလ်ချုပ်တွေနဲ့ ပြိုင်ရမှာဖြစ်တဲ့အတွက် ၆၀၊ ၆၅ ရာခိုင်နှုန်းလောက်တော့ မှန်းထားပါတယ်”လို့ နှင်းဆီပါတီရဲ့ နေပြည်တော်တိုင်းဦးစီးမှူး ဦးထွန်းလင်းကိုက ပြောပါတယ်။

နှင်းဆီပါတီ(UDP)ရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ထောင်ပြေးပြစ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၂၄နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရပေမယ့် ပြည်သူရှိနေတဲ့အတွက် UDP ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ရပ်တည်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ပါတီဥက္ကဋ္ဌ ဒီလိုဖြစ်သွားပေမယ့် ပါတီရဲ့ CEC ဦးဆောင်မှုနဲ့ သွားနေတာဖြစ်တဲ့အတွက် ပါတီအနေနဲ့ ဘာမှပြောင်းလဲမှုမရှိပါဘူး၊ အရင်အတိုင်းပါပဲ”လို့ ဦးထွန်းလင်းကိုကပြောပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာတော့ UDPပါတီဟာ နေပြည်တော်ရှိ မြို့နယ်အချို့နဲ့ လယ်ဝေးမြို့တွေမှာ လူအင်အား ၅၀၀ ကျော်နဲ့ ဆိုင်ကယ် ၊ ကားတွေအသုံးပြုပြီး ပါတီအောင်နိုင်ရေး လှည့်လည်ခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံမှာဖြစ်ပြီး ပါတီဝင်အင်အားအနေနဲ့ တနိုင်ငံလုံးမှာ ၆ သန်းလောက်ရှိတယ်လို့လည်း ပြောပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #UDPပါတီ

Zawgyi

ႏွင္းဆီပါတီ ဥကၠဌအဖမ္းခံရေပမယ့္ ပါတီတြင္း အေျပာင္းလဲမရွိ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၇-၂၀၂၀
ကိုလတ္ (VOM)

တႏိုင္ငံလုံးအတိုင္းအတာနဲ႔ ၇၅ ရာခိုင္ႏႈန္းႏိုင္ရမယ္လို႔ ရည္မွန္းထားၿပီး ေနျပည္ေတာ္မွာေတာ့ ဗိုလ္ခ်ဳပ္ေတြနဲ႔ ၿပိဳင္ရမွာျဖစ္တဲ့အတြက္ ၆၅ ရာခိုင္ႏႈန္းေလာက္ပဲ ႏိုင္မယ္လို႔ ႏွင္းဆီပါတီ တာဝန္ရွိသူက ေျပာပါတယ္။

“က်ေနာ္တို႔က ပုံမွန္လုပ္႐ိုးလုပ္စဥ္အတိုင္း ဒီေန႔၊ ဒီရက္မွာလုပ္မယ္လို႔ ရည္႐ြယ္ထားလို႔လုပ္တာပါ။ ႏိုင္ဖို႔မွန္းထားတာဟာ ၇၅ ရာခိုင္ႏႈန္းမွန္းထားပါတယ္ခင္ဗ်၊ ေနျပည္ေတာ္ မွာေတာ့ အုပ္ခ်ဳပ္ေရးယႏၲရားေနရာျဖစ္တဲ့အတြက္ နည္းနည္းေလး ဗိုလ္ခ်ဳပ္ေတြနဲ႔ ၿပိဳင္ရမွာျဖစ္တဲ့အတြက္ ၆၀၊ ၆၅ ရာခိုင္ႏႈန္းေလာက္ေတာ့ မွန္းထားပါတယ္”လို႔ ႏွင္းဆီပါတီရဲ႕ ေနျပည္ေတာ္တိုင္းဦးစီးမႉး ဦးထြန္းလင္းကိုက ေျပာပါတယ္။

ႏွင္းဆီပါတီ(UDP)ရဲ႕ ဥကၠ႒ ဦးေက်ာ္ျမင့္ကို ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ေန႔က ေထာင္ေျပးျပစ္မႈ ရာဇသတ္ႀကီးဥပေဒပုဒ္မ-၂၂၄နဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရေပမယ့္ ျပည္သူရွိေနတဲ့အတြက္ UDP ရွိတယ္ဆိုတဲ့ စိတ္ဓာတ္နဲ႔ ရပ္တည္ေနတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

“ပါတီဥကၠ႒ ဒီလိုျဖစ္သြားေပမယ့္ ပါတီရဲ႕ CEC ဦးေဆာင္မႈနဲ႔ သြားေနတာျဖစ္တဲ့အတြက္ ပါတီအေနနဲ႔ ဘာမွေျပာင္းလဲမႈမရွိပါဘူး၊ အရင္အတိုင္းပါပဲ”လို႔ ဦးထြန္းလင္းကိုကေျပာပါတယ္။

ဒီကေန႔ ေအာက္တိုဘာလ ၇ ရက္ေန႔ မနက္ပိုင္းမွာေတာ့ UDPပါတီဟာ ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္အခ်ိဳ႕နဲ႔ လယ္ေဝးၿမိဳ႕ေတြမွာ လူအင္အား ၅၀၀ ေက်ာ္နဲ႔ ဆိုင္ကယ္ ၊ ကားေတြအသုံးျပဳၿပီး ပါတီေအာင္ႏိုင္ေရး လွည့္လည္ခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။

ပါတီအေနနဲ႔ ကိုယ္စားလွယ္ေလာင္း ၁၁၀၀ ေက်ာ္ဝင္ေရာက္ယွဥ္ၿပိဳင္ေ႐ြးခ်ယ္ခံမွာျဖစ္ၿပီး ပါတီဝင္အင္အားအေနနဲ႔ တႏိုင္ငံလုံးမွာ ၆ သန္းေလာက္ရွိတယ္လို႔လည္း ေျပာပါတယ္။

#voiceofmyanmar #VOM #ေနျပည္ေတာ္ #UDPပါတီ

Related posts

Leave a Comment

VOM News

FREE
VIEW