နန်ဆမ်ယန်တွင်မဲဆန္ဒရှင်တချို့ မှတ်ပုံတင်နှင့်အိမ်ထောင်စုဇယားအတွက်အခက်ကြုံ နန်ဆမ်ယန်-ဩဂုတ်၁-၂၀၂၀ ရန်အောင်ထွန်း (VOM) ကချင်ပြည်နယ်မှာ ပထမဆုံး စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်အခြေချ နေထိုင်တဲ့ ဝိုင်းမော်မြို့နယ် ၊ နမ်ဆန်ယန်ကျေးရွာမှာ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်စာရင်း မဲဆန္ဒရှင် ၅၁၁ ဦး ရှိပြီး အဲ့ဒီအထဲက မဲဆန္ဒရှင် တချို့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယား ပျက်စီးပျောက်ဆုံးတာတွေရှိလို့ အခက်ကြုံနေရတယ်လို့ နန်ဆန်ယန်ဒေသခံတွေက ပြောပါတယ်။ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားတဲ့ စာရင်းလာကြည့်သူတွေထဲမှာ အိမ်ထောင်စု ဇယားပျောက်ဆုံးတာ ၊ ပျက်စီးတာ ၊ မှတ်ပုံတင် မပီပြင်တော့တာ စတဲ့ ပြဿနာရှိသူတချို့ကို တွေ့ရပါတယ်။ ကျေးရွာဥက္ကဋ္ဌ ဦးဘရန်နီကို ဒါနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်နေသလဲ တိတိကျကျ သိရဖို့ VOM က မေးပေမယ့် ဖြေကြာပေးခြင်းတော့ မရှိပါဘူး။ မဲဆန္ဒရှင်တွေဘက်ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စာလှယ်တွေ၊…
Read MoreCategory: လူထုအသံ
မေဒေးမှာ လုပ်အားခမရခဲ့တဲ့ အမှတ်တရ ရန်အောင်ထွန်း(VOM) “လုပ်အားခရှင်းပေးမယ့် အလုပ်ရှင်တရုတ်က ပြန်သွားပြီ” ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက တစ်သျှူးငှက်ပျော်လုပ်ငန်းရှင် တရုတ်သူဋ္ဌေးက လုပ်အားခတွေ အပြီးအပြတ်ရှင်းမပေးဘဲ ပြည်တော်ပြန်သွားလေပြီ။ တစ်နှစ်လုံး နေပူမရှောင် မိုးရွားမရှောင် အလုပ်လုပ်ထားရတဲ့ ချွေးနည်းစာ မရနိုင်တော့ဘူးလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မေဒေး နေ့မနက်ကို ကိုဆန်းထွေးတစ်ယောက် စတင်ရင်ဆိုင်လိုက်ရပါတယ်။ တစ်သျှူးငှက်ပျောလုပ်ငန်းမှာ ပုတ်ပြတ်(ကျင်စား)ယူလုပ်ကိုင်ခဲ့တာ မှာလေပြီလားလို့ဆိုတဲ့နောင်တက သူ့တစ်နှစ်စာ လုပ်အားခပါ ပါသွားခဲ့ရသည်အထိ အရင်းအနှီးကြီးလှပါတယ်။ “ကျွန်တော်စိုက်ခဲ့ရတာက အပင် (၁၅၀၀)ရှိတယ် ၊ တစ်တန်ကို ကျင်နှစ်ထောင်နှုန်းနဲ့တွက်ရင် မြန်မာငွေ သိန်း ၁၄၀ ကျော်တယ်“ ဆိုပြီး ဆုံးလေပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဦးဆန်းထွေး ရှင်းပြနေရှာသည်။ ဦးဆန်းထွေးနဲ့ တရုတ်လုပ်ငန်းရှင်တို့ ၂၀၁၉ မေလကတည်းက ငှက်ပျောအပင် တစ်သောင်းကျော်ကို ပေါင်းသင်၊ မြက်ရှင်းကအစ ရေလောင်း၊ ဆေးကျွေး အခိုင်ခုတ်ပြီးသည်အထိ ငှက်ပျောတစ်တန်ကို ကျင်နှစ်ထောင်…
Read Moreကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ဝေတာမပြုလုပ်ဖို့လို
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေကို ဖြန့်ဝေတာမပြုလုပ်ဖို့လို မန္တလေး မတ် ၁၃ ဖြူဖြူ (VOM) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ COVID 19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ ( Pandemic) အဖြစ် မတ်လ ၁၁ ရက်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် မတ်လ ၁၂ ရက်နေ့လည်က မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ COVID 19 စောင့်ကြည့် စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ ( SRT) နဲ့ သက်ဆိုင်ရာဌာနတွေ တွေ့ဆုံပြီး COVID 19 ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး တိုင်းအစိုးရအဖွဲ့ရုံးမှာ အစည်းအဝေးကျင်းပခဲ့ပါတယ်။ အစည်းအဝေးကနေ SRT အနေနဲ့ ရှေ့ဆက်လုပ်ကိုင်မယ့် လုပ်ငန်းစဉ်တွေ ၊ တိုင်းနဲ့ခရိုင်တွေတိုင်းမှာ SRT Team တွေတိုးမြှင့်ဖွဲ့စည်းပြီး ၂၄ နာရီ တာဝန်ချထားဖို့၊ မြို့နယ် ခရိုင်တွေတိုင်းမှာ စောင့်ကြည့်လူနာတွေအတွက် သီးသန့်ခန်းတွေလုပ်ထားပြီး…
Read Moreကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အပြင် တောင်သူတွေကို ခြေချုပ်ဥပဒေနဲ့တရားစွဲတဲ့အတွက် မကျေနပ်မှုဖြစ်ပွား
ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုပြုလုပ်တဲ့အပြင် တောင်သူတွေကို ခြေချုပ်ဥပဒေနဲ့တရားစွဲတဲ့အတွက် မကျေနပ်မှုဖြစ်ပွား ရေစကြို၊ ဖေဖော်ဝါရီ ၇-၂၀၂၀ မိုးယံ(VOM) မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးမြို့ဟောင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ မြေခဲတောင် ကျေးရွာမှာ အထက်ကညွန်ကြားချက်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်သူပိုင်မြေနေရာကို လမ်းဖောက်လုပ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လမ်းကော်မတီတွေက တောင်သူ(၃)ဦးပိုင်တဲ့ မြေနေရာကို ကျေးရွာချင်းဆက်လမ်းချဲ့ဖို့ လမ်းနယ်နမိတ် သက်မှတ်ဖို့ ငုတ်တိုင်တွေစိုက်တာကို မြေပိုင်ရှင်တောင်သူတွေက ကျေနပ်မှုမရှိတဲ့အတွက် ကျော်နင်းမှု ၊ အကျိုးပျက်ဆီးစေမှု၊ အားပေးကူညီမှု စတဲ့ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒီကျေးရွာအုပ်ချုပ်ရေးမှူးကို အမှုမဖွင့်ခင်က တောင်သူ(၃)ဦးဟာ သူတို့မြေနေရာကို ငုတ်တိုင်စိုက်ထားတဲ့အတွက် ရှင်းလင်းမှုပြုလုပ်ခဲ့ရာ ခြေချုပ်ဥပဒေပုဒ်မ- ၅၁ (စ)(ဆ)နဲ့တရားစွဲခံရပြီး ရဲစခန်းအချုပ်မှာ ရက်(၂၀)ကြာနေခဲ့ရတယ်လို့လည်း သိရပါတယ်။ ‟မြေနီကျောက်စရစ်လမ်းက ပေ၂၀ရှိရာကနေ ၃၈ပေလုပ်မယ်ဆိုပြီး၊ ဘယ်ညာတဖက်ကို၉ပေစီနဲ့ ၂ဖက်၁၈ပေချဲ့ ဖို့ ကော်မတီကလူကြီးတွေက လမ်းပေါ်ကနေ…
Read Moreစစ်ကိုင်းစက်မှုဇုန်က စွန့်ပစ်ရေဆိုးတွေကြောင့် မန်ကျည်းစဉ်အရှေ့ရပ်နေ ပြည်သူတွေ အနံဆိုးမခံနိုင်လောက်အောင်ဖြစ်
စစ်ကိုင်းစက်မှုဇုန်က စွန့်ပစ်ရေဆိုးတွေကြောင့် မန်ကျည်းစဉ်အရှေ့ရပ်နေ ပြည်သူတွေ အနံဆိုးမခံနိုင်လောက်အောင်ဖြစ် စစ်ကိုင်း ဇန်နဝါရီ ၂၇၊၂၀၂၀ မောင်တာရာ (VOM) စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံတွေက စွန့်ပစ်လိုက်သော ရေဆိုးတွေကြောင့် တောင်ငူကုန်း(မန်ကျည်းစဉ်အရှေ့ရပ်)နေ ပြည်သူတွေ အနံ့အသက်ဆိုးများ ခံစားနေရပြီး ကျန်းမာရေးထိခိုက်မှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်က စပြီး စစ်ကိုင်းစက်မှုဇုန်၊စက်ရုံတွေက စွန့်ပစ်လိုက်သော ရေဆိုးတွေရဲ့ အနံ့အသက်တွေကို ခံစားလာရပြီ သက်ဆိုင်ရာ တင်ပြသော်လည်း ထိခိုက်တဲ့ ဖြေရှင်းမှုမျိုးတွေ လာရောက်ဆောင်ရွက်ပေးခြင်းမရှိဘူးလို့ တောင်ငူကုန်း(မန်ကျည်းစဉ်အရှေ့ရပ်)နေ ရာအိမ်မှူးဦးမြင့်မိုးကပြောပါတယ်။ ”စက်မှုဇုန်က လွတ်လိုက်တဲ့ ရေဆိုးတွေကြောင့် ကျွန်တော်တို့ရပ်ကွက် ချောင်းရိုးကြီးကနေ တောက်လျောက်စီးဆင်းသွားတဲ့ ရေတွေဟာ အနံအသင်လည်း မကောင်းဘူး၊ခြင်၊ယင်ပေါလာတယ်။အဆောက်အဦးသွပ်မိုးတွေ သံချေးတက်ပျက်စီးလာတယ်။ကျန်မားရေးလည်း ထိခိုက်တယ် ”ဟု ၎င်းကပြောပါတယ်။ ဒါအပြင် စစ်ကိုင်းစက်မှုဇုန်၊စက်ရုံတွေက စွန့်ပစ်လိုက်သော ရေဆိုးတွေကြောင့် ချောင်ရိုးတစ်လျောက်ရှိ တောင်သူတွေရဲ့ စိုက်ခင်းများ စိုက်ပျိုးလို့ မရရှိတော့တဲ့…
Read Moreရှိမ်းမကားဘေးမဲ့တောက ရှေးဟောင်းပစ္စည်းတွေကို ပြတိုက်တစ်ခုထားပြီးပြသဖို့ ဒေသခံတွေလိုလား
ရွှေဘို၊ နိုဝင်ဘာ ၃-၂၀၁၉ ရန်နိုင်စိုး(VOM) စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာရှိတဲ့ ရှိမ်းမကားဘေးမဲ့တောမှာ အရင်နှစ်တွေထက် လာရောက်လည်ပတ် လေ့လာသူတွေ ပိုများပြားလာတယ်လို့ ရှိမ်းမကားကျေးရွာကနေ သိရပါတယ်။ ရှိမ်းမကားဘေးမဲ့တောမှာ ပုဂံခေတ်စပြီး ခေတ်အဆက်ဆက်တည်ထားခဲ့တဲ့ ရှေးဟောင်းစေတီတွေ၊ ရှေးဟောင်းအဆောက်ဦးတွေနဲ့ ဘုန်းကြီးကျောင်းတွေရှိနေပြီး ဧရိယာ ၃၃၄ ဧက ကျယ်ဝန်းတာဖြစ်ပါတယ်။ “ ဒီလို ရှေးဟောင်းပစ္စည်းတွေကို ဒီအတိုင်းထားတာထက် ပြတိုက်တခုသီးသန့်လုပ်ပြီးထားရင် လာပြီးလေ့လာသူတွေအနေနဲ့ ပိုအဆင်ပြေတာပေါ့။ အရင်ခေတ်က မင်းတုန်း ၊ သီပေါမင်းရေးပို့တဲ့ စာချွန်တွေလဲရှိတယ်။ ဒါတွေကို သေသေသပ်သပ်လေးဖြစ်စေချင်တာပါ ” လို့ ရှိမ်းမကားကျေးရွာက ဒေသခံ ဦးမောင်ဝင်းက ပြောပါတယ်။ ရှိမ်းမကားဘေးမဲ့တောမှာ ရှေးဟောင်းအမွေအနှစ်တွေအပြင် ရှားပါးနေတဲ့ ရွှေသမင်တွေ ကျင်လည်ကျက်စားနေကြပြီး တခြားတောတိရစ္ဆာန်ဖြစ်တဲ့ သမင်ပျောက် ၊ သမင်ဝက် ၊ ယုန် ၊ ချေ စတာတွေလဲ ကျက်စားနေတယ်လို့ ဒေသခံတွေရဲ့ပြောစကားအရ…
Read Moreကားတွေ အမည်ပြောင်း အခွန်ဆောင်ရမယ့် ကိစ္စ လူထုအသံ
ခု ကားမည်ပေါက်ပြောင်း အခွန်ဆောင်ရမှာနဲ့ ပတ်သက်ပြီး ကားပိုင်ရှင် ကိုကျော်ကြီးက ဗီအိုအမ်ကနေ အများပြည်သူသိအောင် အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။ မှန်တာပြော ဘာမှကို ပြောချင်စိတ်မရှိတာ ပြောရမယ်ဆိုရင် အားနည်းချက်တွေက အများကြီးလို့မြင်သလိုပဲ ၊ အစိုးရက သူတို့ဖြစ်ချင်တာလုပ်တာ ပြည်သူ့ကောင်းကျိုးလား သူတို့ကောင်းကျိုးလားကို မကွဲဘူး ။ ကားကို ပိုင်ရှင်အမည်ပေါက်ဖြစ်ရမယ်ဆိုတာကို အပြည့်အ၀လက်ခံတယ်။ ဖြစ်သင့်တယ်။ အမည်ပေါက်ပြောင်းရတာ ကိစ္စမရှိပေမယ့် အခွန်ထပ်ဆောင်ရတာမှာ ပြောစရာ ထောက်ပြစရာ အားနည်းချက်တွေက အများကြီး တကယ်တော့ဗျာ ဦးသိန်းစိန်လက်ထက် ကားဟောင်းအပ် ကားသစ်စသွင်းခွင့်ပြုကတည်းက ကိုယ့်ကားဟာ ကိုယ့်အမည့်ပေါက်ဖြစ်ရမယ် သက်တမ်းတိုးရင် ပိုင်ရှင်ကိုယ်တိုင်ဖြစ်ရမယ်ဆိုတဲ့ အချက်ကို ဘာအတွက်လျော့ပေးခဲ့လဲ။ အဲ့လိုလျော့ပေးခဲ့တော့ဗျာ အဲ့အချိန်က ကားဝယ်ရင် နာမည်ပေါက်ရရ မရရ ဂရုမစိုက်ခဲ့ဘူး။ ဝယ်ခဲ့တာပဲ။ နာမည်ပေါက်ရလည်း ဒီဈေးပဲ။ မရလည်းဒီဈေးပဲလေ။ နာမည်ပေါက်ရလို့ မရလို့ ဈေးကွာတာမှမဟုတ်တာ။ အဲ့လို ၁၀ နှစ်လောက်ကြီး ခွင့်ပြုခဲ့ပြီးမှ ခုမှ…
Read Moreဝက်မွေးမြူရေးခြံတွေကထွက်တဲ့ အနံ့ဆိုးတွေကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်မှု ကြုံတွေ့နေရတာကို ရှင်းလင်းပေးစေလို
မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်းက ကျေးရွာတွေမှာ ဝက်မွေးမြူရေးခြံများကထွက်တဲ့ အညစ်အကြေး၊ အနံ့ဆိုးတွေကြောင့် ဒေသခံပြည်သူများ ကျန်းမာရေးထိခိုက်မှုနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သက်ဆိုင်ရာသိစေဖို့ VOMကနေတဆင့် ဆက်သွယ်ပြောကြားလာပါတယ်။ ကျန်းမာရေးထိခိုက်မှုနဲ့ ကြုံတွေ့နေရတဲ့ ကျေးရွာတွေမှာ အသားတိုးဝက်များကို နေအိမ်အများစုက မွေးမြူထားကြပြီး သန့်ရှင်းစွာမွေးမြူခြင်းမရှိဘဲ စည်းကမ်းမဲ့ မွေးမြူနေတာတွေကြောင့် ကျေးရွာများအတွင်းကို ဝင်ရောက်လာကြတဲ့သူများမှာ အနံ့ဆိုးများကို စတင်ရှူရှိုက်နေရတယ်လို့ ဒေသခံပြည်သူများကပြောပါတယ်။ “ကျေးရွာမှာ နေထိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်တွေ ကျန်းမာရေးမကောင်းသူတွေဟာ အဲဒီအနံ့အသက်ဆိုးတွေကို ရှူရှိုက်နေရတာကြောင့် အသက်ရှူလမ်းကြောင်းတွေမှာ ဖြစ်ပွားနေတဲ့ရောဂါတွေ ခံစားနေကြရတယ်”လို့ ကံမမြို့နယ် ဇွေးမိကျေးရွာတွင်နေထိုင်သူ ကိုအောင်ကျော်သူက ဆိုပါတယ်။ အနံ့ဆိုးများထွက်နေရခြင်းမှာ ဝက်များကို စနစ်တကျမွေးမြူမှုမရှိခြင်း၊ ဝက်ခြံအညစ်အကြေးများကို သန့်ရှင်းရေးမပြုလုပ်ခြင်း၊ ထွက်လာတဲ့ အညစ်အကြေးများဟာ ပတ်ဝန်းကျင် နေအိမ်များကို စီးဆင်းပျံ့နှံ့နေခြင်း၊ လူနေအိမ်များ နဲ့ နီးကပ်စွာတည်ရှိနေခြင်း စတဲ့အကြောင်းအရာတွေကြောင့် ဒေသခံပြည်သူတွေ ခုလိုခံစားနေရတာဖြစ်ပါတယ်။ “ဝက်ခြံတွေက အိမ်နဲ့နီးနေပြီး…
Read Moreညောင်လေးပင်မြို့၌စွန့်ပစ်အမှိုက်ပုံမှအနံ့ဆိုးကြောင့်လုပ်သားပြည်သူများအခက်ကြုံ
ဗီအိုအမ်ကို ပေးပို့လာတဲ့ ဦးခင်မောင်လွင်(ညောင်လေးပင်) ရဲ့ ညောင်လေးပင်မြို့၌စွန့်ပစ်အမှိုက်ပုံမှအနံ့ဆိုးကြောင့်လုပ်သားပြည်သူများအခက်ကြုံဆိုတဲ့ အကြောင်း လူထုအသံကဏ္ဍကနေ တင်ပြပေးလိုက်ပါတယ်။ ညောင်လေးပင်ဇူလိုင်လ(၂၈)ရက် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့အထွက်ရွှေကျင်မြို့မဒေါက်မြို့များသို့သွားသောလမ်းဘေးတွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏စွန့်ပစ်အမှိုက်ပုံကြောင့်အနီးနေနေအိမ်များလမ်းသွားလမ်းလာများဘုန်တော်ကြီးကျောင်းများရှိသက်ကြီးရွယ်အိုများနှင့်ကလေးသူငယ်များမှာအနံ့ဆိုးများကြောင့်ကျန်းမာရေးထိခိုက်လျက်ရှိပြီးလမ်းမကြီးပေါ်အမှိုက်များရောက်ရှိခြင်းကြောင့်ယဉ်မတော်မဆတိုက်မှုများဖြစ်ပွားလျက်ရှိကြောင်းမျက်မြင်နေထိုင်သွားလာသူများမှပြောသည်။ အဆိုပါအမှိုက်ပုံအားယခင်ပွင့်လင်းရာသီတွင်တာဝန်ရှိသက်ဆိုင်ရာဌာနအဆင့်ဆင့်သို့အကြောင်းကြားစာများတင်ပြခဲ့ပြီးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကွင်းဆင်းစစ်ဆေးကာနေရာပြောင်းရွေ့ပေးနိုင်ရန်လမ်းညွှန်ခဲ့ကြောင်းဒေသခံများထံမှသိရသည်။ ယခုမိုးတွင်းအချိန်တွင်အဆိုပါအမှိုက်ပုံကြီးဘေးရှိချောင်းမှတဆင့်အနံ့ဆိုးပါရေများမှာမုက္ခမူကျေးရွာနောက်ဖတ်ခြမ်းမှစီးဆင်းသွားသဖြင့်ကျေးရွာနေပြည်သူများကျန်းမာရေးထိခိုက်ကြောင်းကျေးရွာနေပြည်သူတဦးမှပြောသည်။ယခုအခါညောင်လေးပင်မြို့တွင်းရှိအမှိုက်များအပြင်ပြွန်တန်ဆာမြို့ရှိစွန့်ပစ်အမှိုက်များပါညောင်လေးပင်မြို့သုဿဿန်သို့်စွန့်ပစ်ခြင်းကြောင့်မြို့နေပြည်သူများအခက်ခဲကြုံနေရကြောင်းသိရသည်။ စေတနာလူမှုကူညီရေးအသင်းဥဏ္ဍဋ္ဌဦးသန်းအေးမှဒီသုဿဿန်လည်းယခင်၂၀၀၈ခုနှစ်တွင်အခုလိုပဲစွန့်ပစ်အမှိုက်တွေပုံခဲ့တာပါအနံ့ဆိုးတွေကြောင့်ဆရာတော်တွေနဲ့တရားနာသူတွေအနံ့မခံနိုင်လို့မြို့လူထုနဲ့ပေါင်းပြီးတဖြည်းဖြည်းဖယ်ရှားခဲ့ရပါတယ်သုဿဿန်တွင်းလမ်းတွေမီးသင်္ဂြိုဟ်စက်တွေတခြားပြုပြင်ခြင်းတွေကိုငွေသိန်းတထောင်ဝန်းကျင်လောက်အကုန်ကျခံကာမြို့လူထုနဲ့ပူးပေါင်းပြီးလုပ်ခဲ့ပါတယ်အခုပြွန်တန်ဆာမြို့ကအမှိုက်တွေလာပုံပြန်တယ်ဒါကိုမြို့လူထုနဲ့ကျွန်တော်တို့အသင်းကမကျေနပ်လို့သက်ဆိုင်ရာဌာနတွေကိုတင်ပြထားပါတယ်ဟုပြောသည်။ အခုလိုစွန့်ပစ်အမှိုက်များအားယခုစွန့်ပစ်သောအများပြည်သူများနှင့်နီးစပ်ရာနေရာမှဖယ်ရှားပြီးစနစ်တကျသတ်မှတ်နေရာတခုရှာဖွေပြီးစွန့်ပစ်ရန်မြို့လူထုမှလိုလားလျက်ရှိကြောင်းသိရသည်။ ခင်မောင်လွင်(ညောင်လေးပင်) ဗီအိုအမ်ကို ပေးပို့ချင်တယ်ဆိုရင် Voice Of Myanmar ဖေ့ဘုတ်ကနေဆက်သွယ်နိုင်သလို voiceofmyanmarnews@gmail.comကိုလည်းပေးပို့နိုင်ပါတယ်။ ၀၉ ၉ ၇၁၁၅၉ ၄၂၃ ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Read Moreမန္တလေးမြို့မှာ ဧရာဝတီမြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး လှုပ်ရှားမှုပြုလုပ်
မန္တလေး၊ ဇူလိုင် ၁- ၂၀၁၉ ရဲရင့်မင်းခန့် (VOM) မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မန္တလေးတက္ကသိုလ်အနီးမှာ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း ဖျက်သိမ်းရေးအတွက် လူထုအသိပေး လက်ကမ်းစာဆောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတစ်ခု ဒီနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။ “ကျနော်တို့က မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က နိုင်ငံတော်အစိုးရကို ပြည်သူတွေသိဖို့အတွက် တစ်လအတွင်း စာချုပ်ချပြပေးဖို့ တောင်းဆိုထားတယ်။ အဲ့ဒါကို ချမပြဘူး။ အခုဆိုတစ်လ ပြည့်သွားပါပြီ။ ဒါ့ကြောင့် ဒီနေ့မှာ ပြည်သူတွေ သိစေဖို့အတွက် လူထုအသိပေး လှုပ်ရှားမှုတစ်ရပ် ပြုလုပ်တာပါ။”လို့ နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအောင်စိုးမြင့်က ပြောပါတယ်။ အဲဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးကွန်ယက်၊ ဧရာဝတီကို ချစ်မြတ်နိုးသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ စုပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။…
Read More