မေဒေးမှာ လုပ်အားခမရခဲ့တဲ့ အမှတ်တရ

ရန်အောင်ထွန်း(VOM)

“လုပ်အားခရှင်းပေးမယ့် အလုပ်ရှင်တရုတ်က ပြန်သွားပြီ”
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းက တစ်သျှူးငှက်ပျော်လုပ်ငန်းရှင် တရုတ်သူဋ္ဌေးက လုပ်အားခတွေ အပြီးအပြတ်ရှင်းမပေးဘဲ ပြည်တော်ပြန်သွားလေပြီ။ တစ်နှစ်လုံး နေပူမရှောင် မိုးရွားမရှောင် အလုပ်လုပ်ထားရတဲ့ ချွေးနည်းစာ မရနိုင်တော့ဘူးလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မေဒေး နေ့မနက်ကို ကိုဆန်းထွေးတစ်ယောက် စတင်ရင်ဆိုင်လိုက်ရပါတယ်။ တစ်သျှူးငှက်ပျောလုပ်ငန်းမှာ ပုတ်ပြတ်(ကျင်စား)ယူလုပ်ကိုင်ခဲ့တာ မှာလေပြီလားလို့ဆိုတဲ့နောင်တက သူ့တစ်နှစ်စာ လုပ်အားခပါ ပါသွားခဲ့ရသည်အထိ အရင်းအနှီးကြီးလှပါတယ်။

“ကျွန်တော်စိုက်ခဲ့ရတာက အပင် (၁၅၀၀)ရှိတယ် ၊ တစ်တန်ကို ကျင်နှစ်ထောင်နှုန်းနဲ့တွက်ရင် မြန်မာငွေ သိန်း ၁၄၀ ကျော်တယ်“ ဆိုပြီး ဆုံးလေပြီလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဦးဆန်းထွေး ရှင်းပြနေရှာသည်။

ဦးဆန်းထွေးနဲ့ တရုတ်လုပ်ငန်းရှင်တို့ ၂၀၁၉ မေလကတည်းက ငှက်ပျောအပင် တစ်သောင်းကျော်ကို ပေါင်းသင်၊ မြက်ရှင်းကအစ ရေလောင်း၊ ဆေးကျွေး အခိုင်ခုတ်ပြီးသည်အထိ ငှက်ပျောတစ်တန်ကို ကျင်နှစ်ထောင် (၃ ကျင်ကို မြန်မာအလေးချိန် တစ်ပိဿာကျော်ဟုဆိုပါတယ်) နှုန်း အခကြေးငွေ ပေးမယ်ဆိုတဲ့ သဘောတူချက်နဲ့ အလုပ်လုပ်ခဲ့တာလို့ ပြောပါတယ်။

အလုပ်သမားတွေဘက်က အဲ့လောက်အထိမပေးဖို့နဲ့ ထိုက်သင့်တာပဲ အမှန်အတိုင်းပေးဖို့ ပြောခဲ့ပေမယ့် အလုပ်သမားတွေ နစ်နာနေလို့ အဲ့ဒီနှုန်းပေးတာဆိုပြီး တရုတ်လုပ်ငန်းရှင်က စာအုပ်မှာ လက်မှတ် ထိုးပေးခဲ့တယ်လို့လည်း ဦးဆန်းထွေး အခိုင်အမာ ပြောနေပေမယ့် ပြန်သွားတဲ့ တရုတ်လုပ်ငန်းရှင်ဘက်က ဘယ်လိုတွက်ထားတယ် ဘယ်လိုရှင်းပေးမယ်ဆိုတာ သူ့အတွက် မရေမရာဖြစ်ဆဲပါပဲ။

အဲ့ဒီကုမ္ပဏီက လုပ်ကိုင်နေတဲ့ ငှက်ပျောလုပ်ငန်း ဆိုက်ပေါင်း ၃၀ ရှိပါတယ်။ တစ်သျှူးငှက်ပျော လုပ်ငန်းကနေ သူ့လို ကျင်စားယူလုပ်နေတာ စုစုပေါင်း ၈ ဦးလောက်ရှိပါတယ်။ သူတို့က တစ်ဆင့် ပြန်ခေါ်ခိုင်းထားတဲ့ အလုပ်သမားက ၇၀ ကျော်ပါ။ သူတို့ ရှစ်ဦးပေါင်း ရမယ့်လုပ်အားခက သိန်း ၅၅၅ သိန်းကျော်ပါ (၅၅၅၉၉၄၃၀) ။ အဲ့ဒါရှင်းပေးဖို့ ဧပြီလ ၂၆ ရက်နေ့က တရုတ်လုပ်ငန်းရှင်၊ စကားပြန်နဲ့ ရပ်ရွာလူကြီးတွေ စုံညီပြီး ပြောတဲ့အခါကျတော့ သဘောတူထားတဲ့ အတိုင်း တစ်တန်ကို ကျင် နှစ်ထောင် အစား တစ်တန်းကို ကျင်တစ်ထောင်ပဲ ရှင်းမယ်ဆိုတာကြောင့် သူတို့ရမယ့် ငွေရဲ့ ထက်ဝက်ကိုသာ ရမှာပါ။

အဲ့ဒီအထဲက သူတို့ ထုတ်ယူထားတဲ့ ၂၉၇ သိန်းကျော်ကို ထုတ်ယူမယ်ဆိုပါက လုပ်အားခမရကြတဲ့အပြင် သူတို့ထပ်ပေးရမယ့် အခြေအနေပါ။ အဲ့ဒီမှာ သဘောထားကွဲလွဲမှုတွေ စတော့တာပါပဲ။ အခြေအတင် စကားတွေ ပြောကြတော့ ရပ်မိရပ်ဖမှာပါနေတဲ့ ယခင်ဥက္ကဋ္ဌဟောင်းက “မင်းတို့ ကိစ္စ တိုင်ချင်ရာတိုင် ငါ ရှင်းမပေးနိုင်ဘူး” လို့ ပြောရတဲ့အထိ ဖြစ်သွားခဲ့ပါတယ် ။

“ သူတို့ဘက်က ကီလိုနဲ့ပေးမယ်တွေ ပြောလာတယ်၊ ဒါကျ ကျွန်တော်တို့နားမလည်ဘူး အစကတည်းက ကီလိုနဲ့လုပ်မယ်လို့ သဘောတူခဲ့တာလည်း မဟုတ်ဘူး။ အဲ့ဒီလိုဆို ဘာမှလုပ်မနေနဲ့ ရှင်းနေကျအတိုင်း တစ်ပင် ၁၅၀၀ နှုန်းရှင်းပေးဖို့ ကျွန်တော်တို့တောင်းဆိုခဲ့တယ်၊ ဒါပေမယ့် လက်မခံဘူး ၊ ကျင်စားလုပ်သားတွေဘက်က ညှိခဲ့တယ်” လို့ ဦးဆန်းထွေးကပြောပါတယ်။

အလုပ်ရှင်တရုတ်က ဧပြီလ ၃၀ ရက်နေ့က ပြန်သွားပြီဖြစ်လို့ အလုပ်သမားတွေဘက်ကတော့ “ မက်လုံးပေးခိုင်းခဲ့ပြီး အခုငွေရှင်းချိန်ကျမှ ခေါက်ချိုးခွာပြီး ရှင်းတဲ့အခါကျ ကျွန်တော်တို့က ဘယ်လိုမှ လက်ခံနိုင်ဘူး၊ ကျွန်တော်တို့ရဲ့ရပိုင်ခွင့်ကို အပြည်အဝလိုချင်ပါတယ်။ “ လို့ပဲ ဦးဆန်းထွေး ပြောနိုင်ပါတော့တယ်။ သူ့ရဲ့ဆန္ဒကိုတော့ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေးကော်မတီဆီ တိုင်ကြားမှုနဲ့ပဲ ၈ ယောက်ပေါင်းပြီး အကောင်အထည်ဖော်ခဲ့ပါတယ်။

ဦးဆန်းထွေးအပါအဝင် သူ့လို ကျင်စားခမရတဲ့သူတွေ ၈ ဦးက မခံမရပ်နိုင်လို့ဆိုပြီး ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ မြို့နယ်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဆီ တိုင်ကြားမှု ပြုလုပ်ခဲ့ကြတော့တာပါပဲ။ တစ်သျှူးငှက်ပျော ပုတ်ပြတ်(ကျင်စား)အလုပ်သမားတွေနဲ့ တရုတ်လုပ်ငန်းရှင်တွေကြားမှာ အလေးချိန်နဲ့ ငွေကြေးတွက်ချက်မှု အားနည်းချက်တွေကနေဖြစ်တဲ့ ပြဿနာတွေ အတိုင်အတော များနေကြောင်း ဦးထွန်းထွန်းရဲ့ သုံးသပ်ချက်တွေကနေ သိရပါတယ်။

ကျင်စားလုပ်သားတွေက စာရင်းဇယားပိုင်းအားနည်းတာ၊ Covid-19 ကာလအတွင်း ငှက်ပျောကား အဝင်အထွက်ခက်ခဲလို့ လုပ်ငန်းရှင်တွေ အခက်တွေ့နေရတာအပြင် ငှက်ပျောသီးအပျက်အစီးတွေကြောင့် အလုပ်ရှင်ဘက်က ဆုံးရှုံးနစ်နာမှုရှိနေသေးလို့ နှစ်ဘက် ညှိနိုင်းဆွေးနွေးဆောင်ရွက်စရာတွေ ရှိနေတယ်လို့ ဦးထွန်းထွန်းက ပြောပြပါတယ်။

“ သူတို့ နှုန်းထားကွဲလွဲနေတော သူတို့က ၁၅၀၀ ဆို ၊ ဒီဘက်က ကုမ္ပဏီဈေးက ၁၁၀၀ ပဲရှိတာပေါ့။ သူတို့ အဲ့ဒါ လိုတာထက်ကို ပိုတောင်းတာရှိတယ်၊ တို့က သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းနဲ့ အများဆုံးဖြတ်ထားတဲ့ နှုန်းထားတွေရှိတယ်၊ အဲ့ဒီအတိုင်းပဲ ငါတို့က အဲ့ဒီထက်ပိုပေးလို့မရဘူး။ ပေးလိုက်ရင် ကျန်တဲ့ကုမ္ပဏီကလည်း အဲ့အတိုင်းပေးရတော့မှာ “ လို့ လတ်တလော ကျင်စားအလုပ်သမားကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းမှုကနေ သူကြုံတွေ့ရတဲ့ တစ်သျှူးငှက်ပျော လုပ်ငန်းရှင်တွေရဲ့ အခက်အခဲအကြောင်း ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောပြပါတယ်။

ဦးဆန်းထွေးနဲ့ သူ့လိုကျင်စားအလုပ်သမားတွေ ၂၉ ရက်နေ့ သွားပို့ထားတဲ့တိုင်ကြားချက်က မေလ ၁ ရက်နေ့ (မေဒေး)အထိ သူ့ဆီမရောက်သေးဘူးလို့လည်း ပြောပါတယ်။ တိုင်ကြားစာကသာ သူ့ဆီ မရောက်သေးပေမယ့် တရုတ်အလုပ်ရှင်က ပြည်တော်ပြန်သွားပြီမို့ ဦးဆန်းထွေးတို့ အလုပ်သမားတွေ အတွက်တော့ ဥတုသုံးပါးမရှောင် လုပ်ထားရသမျှ လုပ်အားခလေး ဆုံးရှုံးတော့မယ်ဆိုတဲ့ အသိက မျောက်မီးခဲ ကိုင်မိသလိုထက် ဆိုးနေပါတယ်။ သူတို့အလုပ်လုပ်ထားတဲ့ ကုမ္ပဏီစကားပြန်နဲ့ တာဝန်ခံတွေဆီမေးကြည့်တော့ စာရင်းအင်းနဲ့တကွ ကုမ္ပဏီရုံးချုပ်ကို ပေးထားခဲ့တယ်လို့ပဲ ပြောပြီး ဘယ်နှုန်းဘယ်နည်းပေးမယ်လို့ တိတိကျကျ ဦးဆန်းထွေးတို့ မသိရသေးပါဘူး။

“ပြောနေကြတာတော့ တစ်တန် ကျင်(၁၀၀၀)နှုန်းနဲ့ စာရင်းရောပေးခဲ့တယ် ပြောတာပဲ အဲ့လိုဆိုရင်ကတော့ ကုမ္ပဏီကရှင်းပေးဖို့ပဲ ကျွန်တော်တို့က ထပ်တိုင်ကြားရအုန်းမှာပဲ သူတို့တွက်ထားတဲ့အတိုင်းဆို ကျုပ်တို့က ထပ်တောင်ပေးရအုန်းမယ်လေ “ ဆိုပြီး ဦဆန်းထွေးလို ကျင်စားခ မရသေးသူတွေက ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ လဝက၀န်ကြီးကတော့ ဒီလိုကိစ္စတွေမှာ မြို့နယ်ညှိနှိုင်းဖြန်ဖြေရေး ကော်မတီကနေ ဖြေရှင်းလို့မှ မပြေလည်လျှင် ဥပဒေလမ်းကြောင်းအတိုင်း နှစ်ဖက်အသံ နားထောင်ပြီး အညီအမျှ ဖြေရှင်ပေးသွားမယ်လို့ ပြောပါတယ်။ ခက်နေတာက ကချင်ပြည်နယ်အတွင်း တစ်သျှူးငှက်ပျော လုပ်ငန်းကုမ္ပဏီ ၄၀ လောက်မှာ အစိုးရကို တရားဝင်မှတ်ပုံတင်တဲ့ကုမ္ပဏီ ၂ ခုပဲရှိပါတယ်။ အဲ့ဒီမှာလုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေကလည်း အလုပ်သမားဝန်ကြီးဌာနမှာ မှတ်ပုံတင်ပြီး လုပ်ကြတာက နည်းပါတယ်။ ပြဿနာတစ်ခုခုဖြစ်လို့ ဥပဒေလမ်းကြောင်းအတိုင်း သွားကြတဲ့အခါမှာ ကိုင်တွယ်ရခက်ခဲမှုတွေက ရှိနေပါတယ်။

“သူတို့ မြို့နယ်ညှိနှိုင်းဖြန်ဖြေကို တိုင်ပါလိမ့်မယ်၊ အဲ့ဒီမှာ ပြေလည်ကောင်းလည်း ပြေလည်သွားနိုင်မယ်၊ တကယ်လို့ မြို့နယ်ညှိနှိုင်းဖြန်ဖြေမှာ အလုပ်ရှင်ရော အလုပ်သမားရော ညှိနိုင်းလို့ မပြေလည်ဘူးဆိုလျှင် အလုပ်သမားက ကျွန်တော်တို့ဆီ တက်လာပါလိမ့်မယ် အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပေးဖို့ ရှိပါတယ်။ ခုပြောသလို လုပ်ငန်းရှင်က ရှောင်နေတာတို့ ပုန်းနေတာတို့ ပြန်သွားတာတို့ဆိုလျှင်တော့ အဲ့ဒီလုပ်ငန်းရှင်က တရုတ်ဖြစ်ရင် ဖြစ်မယ် ဗမာဖြစ်ရင်ဖြစ်မယ် ကျွန်တော်တို့မသိဘူး၊ အလုပ်သမားတွေ မေးလိုက်တာနဲ့ ကုမ္ပဏီက ဘယ်ကုမ္ပဏီပါလို့ပြောရင် ခေါ်လို့ရပါတယ်။ ခေါ်လိုက်တာနဲ့ ဒီဆိုက်က ဘယ်သူဆိုတာ ပေါ်လာမယ် ပေါ်လာရင် ညှိနိုင်းလို့ ရပါတယ်။ “ လို့ ကချင်ပြည်နယ် လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

ဦးဆန်းထွေးကတော့ ဝိုင်းမော်မြို့နယ် ညှိနှိုးဖြန်ဖြေရေးကော်မတီကမှ တစ်တန်ကို ကျင် တစ်ထောင်နှုန်းသက်မှတ်ချက်နဲ့ ဆုံးဖြတ်ချက်ပေးလာခဲ့ရင် ကချင်ပြည်နယ်အစိုးရအဖွဲ့ဆီအထိ အဆင့်ဆင့်တိုင်ကြားသွားမယ်လို့ ဆန္ဒရှိနေတယ်လို့ ပြောပါတယ်။ ပြန်သွားတဲ့ တရုတ်သူဋ္ဌေး တွက်ချက်ပေးသွားတဲ့ နှုန်းထားနဲ့ စာရင်းအတိအကျသိရဖို့ ဦးဆန်းထွေးနဲ့ အလုပ်လုပ်ထားတဲ့ တစ်သျှူးငှက်ပျော်ကုမ္ပဏီက တာဝန်ခံကိုသွားမေးတော့ မြန်မာတရုတ်နယ်စပ်ဂိတ် ကန်ပိုက်တီကို ရောက်နေလို့ မရှိဘူးလို့ ဝန်ထမ်းတစ်ချို့က ပြောပါတယ်။

Covid-19 ကာလအတွင်း တစ်သျှူးငှက်ပျောလုပ်ငန်းကနေ လုပ်ခမရလို့ တိုင်းတန်းလာတဲ့ အမှုတွဲပေါင်း(၁၀)တွဲမှာ တစ်ဖွဲ့ကို အလုပ်သမား ၅၀ လောက်ရှိပြီး စုစုပေါင်း လုပ်သား ၅၀၀ လောက်ရှိနေပါတယ်။ သူတို့ ရရှိမယ့်ငွေကြေးကလည်း သိန်း ၈၀၀ နဲ့ ၁၀၀၀ ကြားမှာရှိခဲ့ပါတယ်။ ဒါတွေကိုတော့ မြို့နယ်ညှိနှိုင်း ဖြန်ဖြေရေးက အဆင်မပြေလို့ ပြည်နယ်အဆင့် ရောက်လာတာတွေကို ဖြေရှင်းပေးလိုက်ရတာတွေ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ပြောထားချက်အရ တစ်သျှူးငှက်ပျောလုပ်ငန်းတွေမှာ အလုပ်သမား တစ်သိန်းခွဲကျော်ရှိနေပါတယ်။ အဲ့ဒီအထဲက လေးပုံပုံ တစ်ပုံလောက်က အခုကာလမှာ ပြန်သွားကြပါပြီ။ ကျန်နေသေးတဲ့ အလုပ်သမားတွေထဲမှာ ဦးဆန်းထွေးလို လုပ်အားခမရတဲ့ မေဒေးကို ကြုံနေရသူတွေ ရှိနေအုံးမှာပါ၊ အလုပ်သမားနေ့မှာ ကိုယ့်ခွန်အားနဲ့ လုပ်ထားသမျှ မှန်မှန်ကန်ကန်ရ နိုင်ကြပါစေ……

#voiceofmyanmar #VOM #မေးဒေးနေ့ #လုပ်အားခမရ

Zawgyi

ေမေဒးမွာ လုပ္အားခမရခဲ့တဲ့ အမွတ္တရ

ရန္ေအာင္ထြန္း(VOM)

“လုပ္အားခရွင္းေပးမယ့္ အလုပ္ရွင္တ႐ုတ္က ျပန္သြားၿပီ”
ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕နယ္အတြင္းက တစ္သွ်ဴးငွက္ေပ်ာ္လုပ္ငန္းရွင္ တ႐ုတ္သူေ႒းက လုပ္အားခေတြ အၿပီးအျပတ္ရွင္းမေပးဘဲ ျပည္ေတာ္ျပန္သြားေလၿပီ။ တစ္ႏွစ္လုံး ေနပူမေရွာင္ မိုး႐ြားမေရွာင္ အလုပ္လုပ္ထားရတဲ့ ေခြၽးနည္းစာ မရႏိုင္ေတာ့ဘူးလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ေမေဒး ေန႔မနက္ကို ကိုဆန္းေထြးတစ္ေယာက္ စတင္ရင္ဆိုင္လိုက္ရပါတယ္။ တစ္သွ်ဴးငွက္ေပ်ာလုပ္ငန္းမွာ ပုတ္ျပတ္(က်င္စား)ယူလုပ္ကိုင္ခဲ့တာ မွာေလၿပီလားလို႔ဆိုတဲ့ေနာင္တက သူ႔တစ္ႏွစ္စာ လုပ္အားခပါ ပါသြားခဲ့ရသည္အထိ အရင္းအႏွီးႀကီးလွပါတယ္။

“ကြၽန္ေတာ္စိုက္ခဲ့ရတာက အပင္ (၁၅၀၀)ရွိတယ္ ၊ တစ္တန္ကို က်င္ႏွစ္ေထာင္ႏႈန္းနဲ႔တြက္ရင္ ျမန္မာေငြ သိန္း ၁၄၀ ေက်ာ္တယ္“ ဆိုၿပီး ဆုံးေလၿပီလားဆိုတဲ့ စိုးရိမ္စိတ္နဲ႔ ဦးဆန္းေထြး ရွင္းျပေနရွာသည္။

ဦးဆန္းေထြးနဲ႔ တ႐ုတ္လုပ္ငန္းရွင္တို႔ ၂၀၁၉ ေမလကတည္းက ငွက္ေပ်ာအပင္ တစ္ေသာင္းေက်ာ္ကို ေပါင္းသင္၊ ျမက္ရွင္းကအစ ေရေလာင္း၊ ေဆးေကြၽး အခိုင္ခုတ္ၿပီးသည္အထိ ငွက္ေပ်ာတစ္တန္ကို က်င္ႏွစ္ေထာင္ (၃ က်င္ကို ျမန္မာအေလးခ်ိန္ တစ္ပိႆာေက်ာ္ဟုဆိုပါတယ္) ႏႈန္း အခေၾကးေငြ ေပးမယ္ဆိုတဲ့ သေဘာတူခ်က္နဲ႔ အလုပ္လုပ္ခဲ့တာလုိ႔ ေျပာပါတယ္။

အလုပ္သမားေတြဘက္က အဲ့ေလာက္အထိမေပးဖို႔နဲ႔ ထိုက္သင့္တာပဲ အမွန္အတိုင္းေပးဖို႔ ေျပာခဲ့ေပမယ့္ အလုပ္သမားေတြ နစ္နာေနလို႔ အဲ့ဒီႏႈန္းေပးတာဆိုၿပီး တ႐ုတ္လုပ္ငန္းရွင္က စာအုပ္မွာ လက္မွတ္ ထိုးေပးခဲ့တယ္လို႔လည္း ဦးဆန္းေထြး အခိုင္အမာ ေျပာေနေပမယ့္ ျပန္သြားတဲ့ တ႐ုတ္လုပ္ငန္းရွင္ဘက္က ဘယ္လိုတြက္ထားတယ္ ဘယ္လိုရွင္းေပးမယ္ဆိုတာ သူ႔အတြက္ မေရမရာျဖစ္ဆဲပါပဲ။

အဲ့ဒီကုမၸဏီက လုပ္ကိုင္ေနတဲ့ ငွက္ေပ်ာလုပ္ငန္း ဆိုက္ေပါင္း ၃၀ ရွိပါတယ္။ တစ္သွ်ဴးငွက္ေပ်ာ လုပ္ငန္းကေန သူ႔လို က်င္စားယူလုပ္ေနတာ စုစုေပါင္း ၈ ဦးေလာက္ရွိပါတယ္။ သူတို႔က တစ္ဆင့္ ျပန္ေခၚခိုင္းထားတဲ့ အလုပ္သမားက ၇၀ ေက်ာ္ပါ။ သူတို႔ ရွစ္ဦးေပါင္း ရမယ့္လုပ္အားခက သိန္း ၅၅၅ သိန္းေက်ာ္ပါ (၅၅၅၉၉၄၃၀) ။ အဲ့ဒါရွင္းေပးဖို႔ ဧၿပီလ ၂၆ ရက္ေန႔က တ႐ုတ္လုပ္ငန္းရွင္၊ စကားျပန္နဲ႔ ရပ္႐ြာလူႀကီးေတြ စုံညီၿပီး ေျပာတဲ့အခါက်ေတာ့ သေဘာတူထားတဲ့ အတိုင္း တစ္တန္ကို က်င္ ႏွစ္ေထာင္ အစား တစ္တန္းကို က်င္တစ္ေထာင္ပဲ ရွင္းမယ္ဆိုတာေၾကာင့္ သူတို႔ရမယ့္ ေငြရဲ႕ ထက္၀က္ကိုသာ ရမွာပါ။

အဲ့ဒီအထဲက သူတို႔ ထုတ္ယူထားတဲ့ ၂၉၇ သိန္းေက်ာ္ကို ထုတ္ယူမယ္ဆိုပါက လုပ္အားခမရၾကတဲ့အျပင္ သူတို႔ထပ္ေပးရမယ့္ အေျခအေနပါ။ အဲ့ဒီမွာ သေဘာထားကြဲလြဲမႈေတြ စေတာ့တာပါပဲ။ အေျခအတင္ စကားေတြ ေျပာၾကေတာ့ ရပ္မိရပ္ဖမွာပါေနတဲ့ ယခင္ဥကၠ႒ေဟာင္းက “မင္းတို႔ ကိစၥ တိုင္ခ်င္ရာတိုင္ ငါ ရွင္းမေပးႏိုင္ဘူး” လို႔ ေျပာရတဲ့အထိ ျဖစ္သြားခဲ့ပါတယ္ ။

“ သူတို႔ဘက္က ကီလိုနဲ႔ေပးမယ္ေတြ ေျပာလာတယ္၊ ဒါက် ကြၽန္ေတာ္တို႔နားမလည္ဘူး အစကတည္းက ကီလိုနဲ႔လုပ္မယ္လို႔ သေဘာတူခဲ့တာလည္း မဟုတ္ဘူး။ အဲ့ဒီလိုဆို ဘာမွလုပ္မေနနဲ႔ ရွင္းေနက်အတိုင္း တစ္ပင္ ၁၅၀၀ ႏႈန္းရွင္းေပးဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုခဲ့တယ္၊ ဒါေပမယ့္ လက္မခံဘူး ၊ က်င္စားလုပ္သားေတြဘက္က ညႇိခဲ့တယ္” လို႔ ဦးဆန္းေထြးကေျပာပါတယ္။

အလုပ္ရွင္တ႐ုတ္က ဧၿပီလ ၃၀ ရက္ေန႔က ျပန္သြားၿပီျဖစ္လို႔ အလုပ္သမားေတြဘက္ကေတာ့ “ မက္လုံးေပးခိုင္းခဲ့ၿပီး အခုေငြရွင္းခ်ိန္က်မွ ေခါက္ခ်ိဳးခြာၿပီး ရွင္းတဲ့အခါက် ကြၽန္ေတာ္တို႔က ဘယ္လိုမွ လက္ခံႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ရဲ႕ရပိုင္ခြင့္ကို အျပည္အ၀လိုခ်င္ပါတယ္။ “ လို႔ပဲ ဦးဆန္းေထြး ေျပာႏိုင္ပါေတာ့တယ္။ သူ႔ရဲ႕ဆႏၵကိုေတာ့ ၿမိဳ႕နယ္ညႇိႏႈိင္းျဖန္ေျဖေရးေကာ္မတီဆီ တိုင္ၾကားမႈနဲ႔ပဲ ၈ ေယာက္ေပါင္းၿပီး အေကာင္အထည္ေဖာ္ခဲ့ပါတယ္။

ဦးဆန္းေထြးအပါအ၀င္ သူ႔လို က်င္စားခမရတဲ့သူေတြ ၈ ဦးက မခံမရပ္ႏိုင္လို႔ဆိုၿပီး ဧၿပီလ ၂၉ ရက္ေန႔ ညေနပိုင္းမွာ ၿမိဳ႕နယ္အလုပ္သမားညႇိႏႈိင္းျဖန္ေျဖေရးေကာ္မတီ ဥကၠ႒ ျဖစ္တဲ့ ဝိုင္းေမာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးထြန္းထြန္းဆီ တိုင္ၾကားမႈ ျပဳလုပ္ခဲ့ၾကေတာ့တာပါပဲ။ တစ္သွ်ဴးငွက္ေပ်ာ ပုတ္ျပတ္(က်င္စား)အလုပ္သမားေတြနဲ႔ တ႐ုတ္လုပ္ငန္းရွင္ေတြၾကားမွာ အေလးခ်ိန္နဲ႔ ေငြေၾကးတြက္ခ်က္မႈ အားနည္းခ်က္ေတြကေနျဖစ္တဲ့ ျပႆနာေတြ အတိုင္အေတာ မ်ားေနေၾကာင္း ဦးထြန္းထြန္းရဲ႕ သုံးသပ္ခ်က္ေတြကေန သိရပါတယ္။

က်င္စားလုပ္သားေတြက စာရင္းဇယားပိုင္းအားနည္းတာ၊ Covid-19 ကာလအတြင္း ငွက္ေပ်ာကား အ၀င္အထြက္ခက္ခဲလို႔ လုပ္ငန္းရွင္ေတြ အခက္ေတြ႕ေနရတာအျပင္ ငွက္ေပ်ာသီးအပ်က္အစီးေတြေၾကာင့္ အလုပ္ရွင္ဘက္က ဆုံးရႈံးနစ္နာမႈရွိေနေသးလို႔ ႏွစ္ဘက္ ညႇိႏိုင္းေဆြးေႏြးေဆာင္႐ြက္စရာေတြ ရွိေနတယ္လို႔ ဦးထြန္းထြန္းက ေျပာျပပါတယ္။

“ သူတို႔ ႏႈန္းထားကြဲလြဲေနေတာ သူတို႔က ၁၅၀၀ ဆို ၊ ဒီဘက္က ကုမၸဏီေစ်းက ၁၁၀၀ ပဲရွိတာေပါ့။ သူတို႔ အဲ့ဒါ လိုတာထက္ကို ပိုေတာင္းတာရွိတယ္၊ တို႔က သီးႏွံစိုက္ပ်ိဳးထုတ္လုပ္သူမ်ားအသင္းနဲ႔ အမ်ားဆုံးျဖတ္ထားတဲ့ ႏႈန္းထားေတြရွိတယ္၊ အဲ့ဒီအတိုင္းပဲ ငါတို႔က အဲ့ဒီထက္ပိုေပးလို႔မရဘူး။ ေပးလိုက္ရင္ က်န္တဲ့ကုမၸဏီကလည္း အဲ့အတိုင္းေပးရေတာ့မွာ “ လို႔ လတ္တေလာ က်င္စားအလုပ္သမားကိစၥေတြကို ကိုင္တြယ္ေျဖရွင္းမႈကေန သူႀကဳံေတြ႕ရတဲ့ တစ္သွ်ဴးငွက္ေပ်ာ လုပ္ငန္းရွင္ေတြရဲ႕ အခက္အခဲအေၾကာင္း ဝိုင္းေမာ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးထြန္းထြန္းက ေျပာျပပါတယ္။

ဦးဆန္းေထြးနဲ႔ သူ႔လိုက်င္စားအလုပ္သမားေတြ ၂၉ ရက္ေန႔ သြားပို႔ထားတဲ့တိုင္ၾကားခ်က္က ေမလ ၁ ရက္ေန႔ (ေမေဒး)အထိ သူ႔ဆီမေရာက္ေသးဘူးလို႔လည္း ေျပာပါတယ္။ တိုင္ၾကားစာကသာ သူ႔ဆီ မေရာက္ေသးေပမယ့္ တ႐ုတ္အလုပ္ရွင္က ျပည္ေတာ္ျပန္သြားၿပီမို႔ ဦးဆန္းေထြးတို႔ အလုပ္သမားေတြ အတြက္ေတာ့ ဥတုသုံးပါးမေရွာင္ လုပ္ထားရသမွ် လုပ္အားခေလး ဆုံးရႈံးေတာ့မယ္ဆိုတဲ့ အသိက ေမ်ာက္မီးခဲ ကိုင္မိသလိုထက္ ဆိုးေနပါတယ္။ သူတို႔အလုပ္လုပ္ထားတဲ့ ကုမၸဏီစကားျပန္နဲ႔ တာ၀န္ခံေတြဆီေမးၾကည့့္ေတာ့ စာရင္းအင္းနဲ႔တကြ ကုမၸဏီ႐ုံးခ်ဳပ္ကို ေပးထားခဲ့တယ္လို႔ပဲ ေျပာၿပီး ဘယ္ႏႈန္းဘယ္နည္းေပးမယ္လို႔ တိတိက်က် ဦးဆန္းေထြးတို႔ မသိရေသးပါဘူး။

“ေျပာေနၾကတာေတာ့ တစ္တန္ က်င္(၁၀၀၀)ႏႈန္းနဲ႔ စာရင္းေရာေပးခဲ့တယ္ ေျပာတာပဲ အဲ့လိုဆိုရင္ကေတာ့ ကုမၸဏီကရွင္းေပးဖို႔ပဲ ကြၽန္ေတာ္တို႔က ထပ္တိုင္ၾကားရအုန္းမွာပဲ သူတို႔တြက္ထားတဲ့အတိုင္းဆို က်ဳပ္တို႔က ထပ္ေတာင္ေပးရအုန္းမယ္ေလ “ ဆိုၿပီး ဦဆန္းေထြးလို က်င္စားခ မရေသးသူေတြက ေျပာပါတယ္။

ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ လ၀က၀န္ႀကီးကေတာ့ ဒီလိုကိစၥေတြမွာ ၿမိဳ႕နယ္ညႇိႏႈိင္းျဖန္ေျဖေရး ေကာ္မတီကေန ေျဖရွင္းလို႔မွ မေျပလည္လွ်င္ ဥပေဒလမ္းေၾကာင္းအတိုင္း ႏွစ္ဖက္အသံ နားေထာင္ၿပီး အညီအမွ် ေျဖရွင္ေပးသြားမယ္လို႔ ေျပာပါတယ္။ ခက္ေနတာက ကခ်င္ျပည္နယ္အတြင္း တစ္သွ်ဴးငွက္ေပ်ာ လုပ္ငန္းကုမၸဏီ ၄၀ ေလာက္မွာ အစိုးရကို တရား၀င္မွတ္ပုံတင္တဲ့ကုမၸဏီ ၂ ခုပဲရွိပါတယ္။ အဲ့ဒီမွာလုပ္ကိုင္ေနၾကတဲ့ အလုပ္သမားေတြကလည္း အလုပ္သမား၀န္ႀကီးဌာနမွာ မွတ္ပုံတင္ၿပီး လုပ္ၾကတာက နည္းပါတယ္။ ျပႆနာတစ္ခုခုျဖစ္လို႔ ဥပေဒလမ္းေၾကာင္းအတိုင္း သြားၾကတဲ့အခါမွာ ကိုင္တြယ္ရခက္ခဲမႈေတြက ရွိေနပါတယ္။

“သူတို႔ ၿမိဳ႕နယ္ညႇိႏႈိင္းျဖန္ေျဖကို တိုင္ပါလိမ့္မယ္၊ အဲ့ဒီမွာ ေျပလည္ေကာင္းလည္း ေျပလည္သြားႏိုင္မယ္၊ တကယ္လို႔ ၿမိဳ႕နယ္ညႇိႏႈိင္းျဖန္ေျဖမွာ အလုပ္ရွင္ေရာ အလုပ္သမားေရာ ညႇိႏိုင္းလို႔ မေျပလည္ဘူးဆိုလွ်င္ အလုပ္သမားက ကြၽန္ေတာ္တို႔ဆီ တက္လာပါလိမ့္မယ္ အေကာင္းဆုံးျဖစ္ေအာင္ ေျဖရွင္းေပးဖို႔ ရွိပါတယ္။ ခုေျပာသလို လုပ္ငန္းရွင္က ေရွာင္ေနတာတို႔ ပုန္းေနတာတို႔ ျပန္သြားတာတို႔ဆိုလွ်င္ေတာ့ အဲ့ဒီလုပ္ငန္းရွင္က တ႐ုတ္ျဖစ္ရင္ ျဖစ္မယ္ ဗမာျဖစ္ရင္ျဖစ္မယ္ ကြၽန္ေတာ္တို႔မသိဘူး၊ အလုပ္သမားေတြ ေမးလိုက္တာနဲ႔ ကုမၸဏီက ဘယ္ကုမၸဏီပါလို႔ေျပာရင္ ေခၚလို႔ရပါတယ္။ ေခၚလိုက္တာနဲ႔ ဒီဆိုက္က ဘယ္သူဆိုတာ ေပၚလာမယ္ ေပၚလာရင္ ညႇိႏိုင္းလို႔ ရပါတယ္။ “ လို႔ ကခ်င္ျပည္နယ္ လ၀က ၀န္ႀကီး ဦးေဇာ္၀င္းက ေျပာပါတယ္။

ဦးဆန္းေထြးကေတာ့ ဝိုင္းေမာ္ၿမိဳ႕နယ္ ညႇိႏႈိးျဖန္ေျဖေရးေကာ္မတီကမွ တစ္တန္ကို က်င္ တစ္ေထာင္ႏႈန္းသက္မွတ္ခ်က္နဲ႔ ဆုံးျဖတ္ခ်က္ေပးလာခဲ့ရင္ ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ဆီအထိ အဆင့္ဆင့္တိုင္ၾကားသြားမယ္လို႔ ဆႏၵရွိေနတယ္လို႔ ေျပာပါတယ္။ ျပန္သြားတဲ့ တ႐ုတ္သူေ႒း တြက္ခ်က္ေပးသြားတဲ့ ႏႈန္းထားနဲ႔ စာရင္းအတိအက်သိရဖို႔ ဦးဆန္းေထြးနဲ႔ အလုပ္လုပ္ထားတဲ့ တစ္သွ်ဴးငွက္ေပ်ာ္ကုမၸဏီက တာ၀န္ခံကိုသြားေမးေတာ့ ျမန္မာတ႐ုတ္နယ္စပ္ဂိတ္ ကန္ပိုက္တီကို ေရာက္ေနလို႔ မရွိဘူးလို႔ ၀န္ထမ္းတစ္ခ်ိဳ႕က ေျပာပါတယ္။

Covid-19 ကာလအတြင္း တစ္သွ်ဴးငွက္ေပ်ာလုပ္ငန္းကေန လုပ္ခမရလို႔ တိုင္းတန္းလာတဲ့ အမႈတြဲေပါင္း(၁၀)တြဲမွာ တစ္ဖြဲ႕ကို အလုပ္သမား ၅၀ ေလာက္ရွိၿပီး စုစုေပါင္း လုပ္သား ၅၀၀ ေလာက္ရွိေနပါတယ္။ သူတို႔ ရရွိမယ့္ေငြေၾကးကလည္း သိန္း ၈၀၀ နဲ႔ ၁၀၀၀ ၾကားမွာရွိခဲ့ပါတယ္။ ဒါေတြကိုေတာ့ ၿမိဳ႕နယ္ညႇိႏႈိင္း ျဖန္ေျဖေရးက အဆင္မေျပလို႔ ျပည္နယ္အဆင့္ ေရာက္လာတာေတြကို ေျဖရွင္းေပးလိုက္ရတာေတြ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္၀န္ႀကီးခ်ဳပ္ရဲ႕ ေျပာထားခ်က္အရ တစ္သွ်ဴးငွက္ေပ်ာလုပ္ငန္းေတြမွာ အလုပ္သမား တစ္သိန္းခြဲေက်ာ္ရွိေနပါတယ္။ အဲ့ဒီအထဲက ေလးပုံပုံ တစ္ပုံေလာက္က အခုကာလမွာ ျပန္သြားၾကပါၿပီ။ က်န္ေနေသးတဲ့ အလုပ္သမားေတြထဲမွာ ဦးဆန္းေထြးလို လုပ္အားခမရတဲ့ ေမေဒးကို ႀကဳံေနရသူေတြ ရွိေနအုံးမွာပါ၊ အလုပ္သမားေန႔မွာ ကိုယ့္ခြန္အားနဲ႔ လုပ္ထားသမွ် မွန္မွန္ကန္ကန္ရ ႏိုင္ၾကပါေစ……

#voiceofmyanmar #VOM #ေမးေဒးေန႔ #လုပ္အားခမရ

Related posts

Leave a Comment

VOM News

FREE
VIEW